သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Trump နိုင်ငံတော်အခြေပြမိန့်ခွန်း ပြောကြားမှု ရွှေ့ဆိုင်းဖို့ Pelosi တိုက်တွန်း


အမေရိကန် အစိုးရ လုပ်ငန်း တစိတ်တပိုင်း ပိတ်ပင်ထားတဲ့ ကိစ္စကို ဒီသတင်းပတ်ကုန်မှာ အဆုံးမသတ်နိုင်ဘူးဆိုရင် ဒီလနှောင်းပိုင်းမှာ ပြောဖို့ ရှိတဲ့ သမ္မတ Donald Trump ရဲ့နိုင်ငံတော် အခြေပြမိန့်ခွန်းကို ရွှေ့ဆိုင်းဖို့ ဒါမှမဟုတ် စာနဲ့ဘဲ ရေးတင်ပြဖို့ အောက်လွှတ်တော် ဥက္ကဌ နန်စီပလိုစီ က ဗုဒ္ဓဟူးနေ့က အကြံပြုလိုက်ပါတယ်။

ဒီမိုကရက်တွေ ထိန်းချုပ်ထားတဲ့ အောက်လွှတ်တော် အကြီးအကဲ နန်စီပလိုစီက ဇန်နဝါရီလ ၂၉ရက်နေ့ ကျရင် ကွန်ဂရက် လွှတ်တော်မှာ သမ္မတ မိန့်ခွန်း ပြောကြားမယ့် အရေးပါတဲ့ နှစ်စဉ် ကျင်းပမြဲ အခမ်းအနား အတွက် လုံခြုံရေး ချထားရတဲ့ ကိစ္စကို ထောက်ပြပြီး အခုလို အကြံပြုလိုက်တာပါ။ သမ္မတ Trump နဲ့ သူ့မိသားစု လုံခြုံရေးကို တာဝန်ယူထားရတဲ့ အထူးထောက်လှမ်းရေးနဲ့ အမိမြေ လုံခြုံရေး ဌာနတို့ဟာ အစိုးရ လုပ်ငန်း ရပ်ဆိုင်းထားမှုကြောင့် ရန်ပုံငွေမရှိ ဖြစ်နေကြတယ်လို့ Trump ဆီ ရေးတဲ့ စာထဲမှာ နန်စီပလိုစီက ဖော်ပြထားပါတယ်။

ဒါပေမယ့် အမိမြေလုံခြုံရေး ဝန်ကြီး Kirstjen Nielsen ကတော့ သမ္မတရဲ့မိန့်ခွန်းကို ထောက်ခံဖို့နဲ့ လုံခြုံရေးကို အပြည့်အ၀ ပြင်ဆင်ထားတယ်လို့ ဆိုပါတယ်။ အမေရိကန် သမိုင်းမှာ အတာရှည်ဆုံး ဖြစ်တဲ့ ဒီ အစိုးရ လုပ်ငန်း ရပ်ဆိုင်းမှုကို ဆုံးခန်းတိုင်မယ့် အရိပ်အယောင် အခုအချိန်ထိ မတွေ့ရသေးပါဘူး။ လွှတ်တော် နှစ်ရပ်လုံး နောက်တပတ်မှာ ရပ်နားဖို့ ရှိပေမယ့် အစိုးရ လုပ်ငန်း ရပ်နားမှု ရှိနေသေးရင်တော့ လွှတ်တော်တွေ ရပ်နားမှာ မဟုတ်ဘူးလို့ ခေါင်းဆောင်တွေက ပြောကြားကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG