သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတ Trump ရဲ့ ပထမဆုံး နိုင်ငံတော်အခြေပြမိန့်ခွန်း ညီညွတ်ရေးတိုက်တွန်း


Navijači fudbalske reprezentacije Škotske okupljaju se na Trgu Lester u Londonu uoči meča između Engleske i Škotske na šampionatu Evro 2021. 18. juni, 2021. ( Foto: Henri Nikols / Rojters )
Navijači fudbalske reprezentacije Škotske okupljaju se na Trgu Lester u Londonu uoči meča između Engleske i Škotske na šampionatu Evro 2021. 18. juni, 2021. ( Foto: Henri Nikols / Rojters )

အမေရိကန်သမ္မတ Donald Trump က ပထမဆုံးအကြိမ် နိုင်ငံတော် အခြေပြမိန့်ခွန်းပြောကြားရာမှာ ညီညွတ်ဖို့ တိုက်တွန်းခဲ့သလို၊ နိုင်ငံခြား မူဝါဒရေး၊ စီးပွားရေးမှာ အောင်မြင်မှုတွေ ရခဲ့ကြောင်းလည်း ပြောကြားသွားပါတယ်။

မဲဆန္ဒရှင် လူထုအတွက် တာဝန်ထမ်းဆောင်နိုင်အောင် သဘောထား ကွဲပြားမှုတွေကို ဘေးဖယ်ထားပြီး၊ ဘုံသဘောတူညီချက်တွေရအောင် ကြိုးပမ်းကြဖို့နဲ့ ညီညွတ်ကြဖို့ လိုအပ်ကြောင်း သမ္မတ Trump ကပြောကြားခဲ့တာပါ။ မိနစ် ၈၀ ကြာမိန့်ခွန်းမှာတော့ အမေရိကန် လူဝင်မှုကြီးကြပ်ရေးစနစ်ကို ပြုပြင်ပြောင်းလဲရေးနဲ့ အခြေခံ အဆောက်အအုံတွေ တိုးတက်အောင် ဆောင်ရွက်ရေး အဆိုပြုချက်တွေကို ဥပဒေပြုအမတ်တွေ အတည်ပြုပေးဖို့လည်း တိုက်တွန်းခဲ့ပါတယ်။

နိုင်ငံခြား မူဝါဒရေးရာတွေနဲ့ ပတ်သက်လို့ ပြောဆိုရာမှာတော့ အီရန်နဲ့ နိုင်ငံတကာ နျူကလီးယား သဘောတူညီချက်မှာ အခြေခံကျကျ အားနည်းချက်တွေ ရှိနေတာကို ဖြေရှင်းဖို့နဲ့ မြောက်ကိုရီးယား အရေးမှာတော့ အမေရိကန်ရဲ့ ရပ်တည်ချက်ကို ပြတ်ပြတ်သားသား ပြသဖို့ ပြောဆိုခဲ့တာပါ။

အတိတ်ကသင်ခန်းစာတွေအရ ပျော့ပြောင်းတဲ့ ဆက်ဆံရေးနဲ့ အခွင့်အရေးပေးတာတွေဟာ သဘောထား တင်းမာပြီး ရန်လိုမှုတွေကိုသာ ဖိတ်ခေါ်ရာရောက်ကြောင်းနဲ့ အန္တရာယ်ရှိတဲ့ အခြေအနေကို ရောက်အောင် တွန်းဖို့ခဲ့တဲ့ အရင်အစိုးရတွေရဲ့ အမှားမျိုးတွေကို ရှောင်ရှားသွားမှာဖြစ်ကြောင်းလည်း ပြောဆိုခဲ့ပါတယ်။ ဝေဖန်သူတွေကို သမ္မတ Trump က တိုက်ရိုက်တုံ့ပြန် ပြောဆိုလေ့ ရှိတတ်ပေမဲ့ လွှတ်တော် ၂ ရပ်ပေါင်းရှေ့မှောက်မ မနေ့ညက ပြောကြားခဲ့တဲ့ မိန့်ခွန်းမှာတော့ ပုဂ္ဂိုလ်ရေးတိုက်ခိုက် ပြောဆိုတာမျိုး မတွေ့ခဲ့ရပါဘူး။ ဒါပေမဲ့လည်း အတိုက်အခံ ဒီမိုကရက်တွေကတော့ သမ္မတရဲ့ ပြောဆိုချက် တော်တော်များများကို ဘဝင်ကျတဲ့ အရိပ်အယောင်မျိုးလည်း မတွေ့ခဲ့ရပါဘူး။

အထူးသဖြင့် လူဝင်မှုကြီးကြပ်ရေးစနစ်မှာ လူတဦးချင်းရဲ့ အရည်အချင်းအပေါ် မူတည်ပြီးသာ လက်ခံဖို့ ရည်ရွယ်တဲ့ ပြုပြင်ပြောင်းလဲရေးလုပ်မယ့် အစီအစဉ်ကို ပြောဆိုရာမှာတော့ ဒီမိုကရက်တွေရဲ့ ရှုတ်ချသရော်သံတွေ ထွက်ပေါ်ခဲ့တာပါ။ သမ္မတ Trump ကတော့ ခေတ်မမှီတော့တဲ့ လူဝင်မှုကြီးကြပ်ရေးစနစ်ကို ၂၁ ရာစုခေတ်နဲ့အညီ ပြုပြင်ဖို့ လိုအပ်နေကြောင်းနဲ့ ပြုပြင်ရာမှာလည်း ဘေးကင်းလုံခြုံပြီး၊ ခေတ်နဲ့ ဥပဒေနဲ့ညီတဲ့ စနစ်ဖြစ်ဖို့ လိုအပ်ကြောင်း ပြောဆိုခဲ့ပါတယ်။

စီးပွားရေးနဲ့ ပတ်သက်လို့ ပြောဆိုရာမှာတော့ သမ္မတရွေးကောက်ပွဲ ကာလကစလို့ ကုန်ထုတ်လုပ်ငန်းမှာ အလုပ်နေရာသစ် ၂ သိန်း အပါအဝင်၊ စုစုပေါင်း အလုပ်အကိုင်ပေါင်း ၂ သန်း ၄ သိန်း ဖန်တီးပေးနိုင်ခဲ့ပြီး၊ တိုးတက်မှုတွေ ရခဲ့ကြောင်း ပြောဆိုခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG