သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တာလီဘန်တွေ နဲ့ ဆွေးနွေးဖို့ Trump ငြင်းဆို


သမ္မတ Trump နဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီ အဖွဲ့ဝင်တွေနဲ့ အလုပ်ကိစ္စဆွေးနွေး တဲ့ နေ့လည်စာ စားပွဲ

အာဖဂန်နစ္စတန် မှာ လူအများအပြား သေဆုံးခဲ့ရတဲ့ တိုက်ခိုက်မှုတွေ တောက်လျောက် ပြုလုပ်ခဲ့တဲ့ အာဖဂန်တာလီဘန်တွေနဲ့ မဆွေးနွေးလိုဘူးလို့ သမ္မတ Trump ကပြောကြားလိုက်ပါတယ်။ ဝါရှင်တန်ဒီစီမြို့တော်ကို အလည်အပတ်ရောက်ရှိနေတဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီ အဖွဲ့ဝင်တွေနဲ့ အလုပ်ကိစ္စဆွေးနွေး တဲ့ နေ့လည်စာ စားပွဲမှာ သမ္မတ Trump ကပြောကြားလိုက်တာဖြစ်ပါတယ်။

လုံခြုံရေးကောင်စီ အဖွဲ့ဝင်တွေဟာ အခုခရီးစဉ်အတွင်း အီရန် ဒုံးကျည် အစိတ်အပိုင်းတွေလို့ ဆိုတဲ့ ပစ္စည်းတွေကို လည်း ဆန်းစစ်ကြမယ်လို့ ယူဆရပါတယ်။

ဒီဇင်ဘာလ တုန်းက ဝါရှင်တန်က စစ်စခန်းတခုမှာ ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ်ကြီး Nikki Haley က သတင်းစာရှင်းလင်းပွဲအတွင်း ဖွင့်လှစ်ပြသခဲ့တဲ့ တာတိုပစ် ဒုံးကျည်အပိုင်းအစတွေကို ကြည့်ရှုကြမှာဖြစ်ပါတယ်။

ဒီစစ်ပစ္စည်းတွေက ဟူသီသူပုန်တွေကို အီရန်က တရားမဝင် လက်နက်ထောက်ပံ့နေတယ်ဆိုတာ ငြင်း မရအောင် သက်သေပြနေတယ်လို့ သံအမတ်ကြီး Haley က ပြောခဲ့ပါတယ်။

ယီမင်သူပုန်တွေအပေါ် လက်နက်မထောက်ပံ့ဖို့ နိုင်ငံတကာ ပိတ်ပင်ကန့်သတ်ထားတာကို ချိုးဖောက်တဲ့အတွက် အီရန်နိုင်ငံ အပေါ် ကုလသမဂ္ဂက အရေးယူဖို့ လိုတယ်လို့ အမေရိကန်က ပြောထားပါတယ်။

တာလီဘန်တွေ နဲ့ ဆွေးနွေးဖို့ Trump ငြင်းဆို
please wait

No media source currently available

0:00 0:00:56 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG