သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘာ့စီးပွားရေး ဆွေးနွေးပွဲတက်ဖို့ ကန်သမ္မတ Davos ကို ရောက်ရှိ


ကမ္ဘာ့စီးပွားရေး ဆွေးနွေးပွဲတက်ဖို့ ကန်သမ္မတ Davos ကို ရောက်ရှိ ( ဇန်နဝါရီ ၂၅-၂၀၁၈)
ကမ္ဘာ့စီးပွားရေး ဆွေးနွေးပွဲတက်ဖို့ ကန်သမ္မတ Davos ကို ရောက်ရှိ ( ဇန်နဝါရီ ၂၅-၂၀၁၈)

ကမ္ဘာ့ စီးပွားရေး ဖိုရမ်ကို တက်ရောက်ဖို့ အမေရိကန် သမ္မတ Doanld Trump ဒီကနေ့ ကြာသပတေးနေ့မှာ ဆွစ်ဇာလန် နိုင်ငံ တောင်ပေါ် အပန်းဖြေမြို့ Davos ကို ရောက်ရှိမှာ ဖြစ်ပါတယ်။ ၂၀၀၀ ပြည့်နှစ်က အမေရိကန် သမ္မတ Bill Clinton တက်ရောက်ခဲ့ပြီး နောက်ပိုင်း တာဝန်ထမ်းဆောင်ဆဲ အမေရိကန် သမ္မတ တဦး အနေနဲ့ ပထမဆုံး တက်ရောက်တာလည်း ဖြစ်ပါတယ်။ ကိုယ်စားလှယ် အများအပြားကတော့ ကမ္ဘာ့စီးပွားရေး အပေါ် ကွဲပြားတဲ့ ရှုမြင်ချက်တွေကို ဆွေးနွေး ငြင်းခုံဖို့ အားခဲ ထားကြတယ်လို့ သုံးသပ်သူတို့က ပြောပတယ်။

အမေရိကန် သမ္မတ Trump အနေနဲ့ကတော့ သူ့ရဲ့ အမေရိကန်သာ ပထမဆိုတဲ့ အစီအစဉ် အပေါ် တွန်းအားပေး ဆောင်ရွက်မယ်လို့ ခန့်မှန်းထားကြပါတယ်။ အမေရိကန် အကျိုးစီးပွားကို ထိပ်တန်းထားမယ့် အစီအစဉ် အရ အမေရိကန် ပြည်ထောင်စုရဲ့ တင်သွင်းကုန် တချို့ အပေါ် အခွန်စည်းကြပ်ပြီး ကမ္ဘာ့ကုန်သွယ်ရေး သဘောတူညီချက်တွေကိုပါ ပြန်လည် ပြင်ဆင်ဖို့ တောင်းဆိုထားတာကို တွေ့ခဲ့ရပြီး ဖြစ်ပါတယ်။

ဥရောပ၊ တရုတ်နဲ့ ဂျပန်တို့လို ကမ္ဘာ့ အင်အားကြီး နိုင်ငံတွေကတော့ ကမ္ဘာတဝန်း လွတ်လပ်စွာ ကုန်သွယ်ရေး ကတိကဝတ်ကို အားသစ်လောင်းဖို့ တိုက်တွန်းနေတာပါ။ စီးပွားရေး ဖိုရမ်ကို စီစဉ်သူတွေကတော့ အခု ညီလာခံကနေ ဆန့်ကျင်ကွဲလွဲနေတဲ့ ရှုမြင်ချက်တွေကို ပေါင်းစည်းနိုင်ရေး အထောက်အပံ့ ဖြစ်စေမယ်လို့ မျှော်လင့်ကြပါတယ်။

ကမ္ဘာ့စီးပွားရေး ဖိုရမ်ရဲ့ ဥက္ကဌ Borge Brende ကတော့ အမေရိကန် သမ္မတ အနေနဲ့ မျှတတဲ့ ကမ္ဘာလုံးဆိုင်ရာ ဖြစ်စဉ် အပေါ် ပိုပြီး ဆွေးနွေးနိုင်ဖို့ လမ်းဖွင့်ပေးလိ့မ်မယ်လို့ ရှုမြင်ကြောင်းနဲ့ စေ့စပ်ဆွေးနွေးမှုကို အခိုင်အမာ ယုံကြည်ကြောင်း ပြောဆိုခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG