သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Davos စီးပွားရေးညီလာခံ တက်မည့် Trump ကိုဆန္ဒပြ


 Davos မြို့မှာကျင်းပနေတဲ့ ကမ္ဘာ့စီးပွားရေးညီလာခံ တက်ရောက်လာသူများ (ဇန်နဝါရီလ ၂၄၊ ၂၀၁၈)
Davos မြို့မှာကျင်းပနေတဲ့ ကမ္ဘာ့စီးပွားရေးညီလာခံ တက်ရောက်လာသူများ (ဇန်နဝါရီလ ၂၄၊ ၂၀၁၈)

Davos မြို့မှာကျင်းပမယ့် ကမ္ဘာ့စီးပွားရေးညီလာခံကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် တက်ရောက်လာမှာ ဖြစ်တဲ့အတွက် ဆွစ်ဇာလန်မြို့အများအပြားမှာ ကန့်ကွက် ဆန္ဒပြနေကြပါတယ်။ သမ္မတ ထရမ့်ဟာ ဆွစ်ဇာလန်ကို ကြာသာပတေးနေ့ရောက်ရှိပြီး ကမ္ဘာ့စီးပွားရေး နိုင်ငံရေးခေါင်းဆောင်တွေကို သူ့ရဲ့ အမေရိကန်ဘက်က စကားကိုပြောကြားဖို့ရှိပါတယ်။

ဆွစ်ဇာလန် ကို မရောက်လာခင်မှာပဲ သူ့ရဲ့စီးပွားရေး အကြံပေးတွေက ကမ္ဘာပေါ်မှာ အမေရိကန်ရဲ့ ယှဉ်ပြိုင်နိုင်စွမ်းကိုတိုးမြှင့်ရေး မဟာဗျူဟာကို သုံးသပ်နေကြပါတယ်။

သူနဲ့အတူ လိုက်ပါမယ့် ဘဏ္ဍာရေးဝန်ကြီး Steve Mnuchin ကတော့ ဒေါ်လာတန်ဖိုးကို သုံးနှစ်အတွင်း အနိမ့်ဆုံးလျှော့ချဖို့ ထောက်ခံတင်ပြထားပါတယ်။ ဒေါ်လာဈေးကျရင် ကုန်သွယ်ရေး အခွင့်အလန်းတွေ ပိုကောင်းလာနိုင်တယ်လို့ဆိုပါတယ်။

သမ္မတထရမ့်က နေရောင်ချည်စွမ်းအင်သုံး ဆိုလာပြားလို ပစ္စည်းတချို့အပေါ် သွင်းကုန်ခွန်တိုးမြှင့်ကောက်ခံခဲ့ပေမယ့် ဒါတွေဟာ ကမ္ဘာနဲ့ထိတွေ့ဆက်ဆံရေး ဝါဒနဲ့ ပဋိပက္ခမဖြစ်နိုင်ဘူးလို့ဆိုပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG