သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတ Trump နိုင်ငံတော် အခြေပြမိန့်ခွန်း စီးပွားရေးနဲ့ လူဝင်မှု အလေးထားပြောကြားဖ့ိုရှိ


အမေရိကန် သမ္မတ Donald Trump အနေနဲ့ ဒီကနေ့ အင်္ဂါနေ့ည နိုင်ငံတော် အခြေပြမိန့်ခွန်း ပြောကြားရာမှာတော့ စီးပွားရေး ခိုင်မာ အားကောင်းမှုကို အလေးထား ပြောကြားပြီး လူဝင်မှု ကြီးကြပ်ရေး အပေါ် ပါတီကြီး နှစ်ရပ်လုံးက အရေးယူဆောင်ရွက်ဖို့ တိုက်တွန်းမယ်လို့ ခန့်မှန်းထားကြပါတယ်။

အစိုးရလုပ်ငန်းတွေ တစိတ်တပိုင်း ရပ်ဆိုင်းခဲ့ရတဲ့ အထိ ဖြစ်စေခဲ့တဲ့ အမေရိကန် ပြည်ထောင်စုကို ကလေးဘဝမှာ တရားမဝင် ရောက်ရှိလာကြသူတွေ အရေး မူဝါဒနဲ့ အစိုးရ အသုံးစာရိတ် အပေါ် အချေအတင်ဖြစ်ခဲ့ပြီး သတင်းတပတ်နီးပါး အကြာ၊ သမ္မတ သက်တမ်း တနှစ်ပြည့် လွှတ်တော် နှစ်ရပ်လုံးရှေ့မှောက်မှာ သမ္မတ မိန့်ခွန်းပြောမှာ ဖြစ်ပါတယ်။ သမ္မတ Trump အနေနဲ့တော့ အလုပ်အကိုင်၊ စီးပွားရေး၊ အခွန်ကောက်ခံမှု ပြုပြင်ပြောင်းလဲရေး တို့ကို ဆွေးနွေးမှာ ဖြစ်သလို ဒေါ်လာ ထရီလီယံ တန်ဖိုးရှိတဲ့ သူ့ရဲ့ အခြေခံ အဆောက်အဦ စီမံကိန်းကို လွှတ်တော်အမတ်တွေဘက်က အတည်ပြုပေးဖို့လည်း တိုက်တွန်းမယ်လို့ သမ္မတ အိမ်ဖြူတော်က ပြောဆိုထားပါတယ်။

မျှတတဲ့ ကုန်သွယ်ရေး မူဝါဒ လိုအပ်ချက်တွေ၊ မြောက်ကိုရီးယားရဲ့ နျူးကလီးယားနဲ့ ဒုံးကျည် စမ်းသပ်မှုတွေ အပါအဝင် အမျိုးသား လုံခြုံရေး ကိစ္စရပ်တွေလည်း ပြောဆိုလိမ့်မယ်လို့ ခန့်မှန်းထားကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG