သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတ အခြေပြမိန့်ခွန်း အထူးဧည့်သည်တွေ ဖိတ်ကြား


အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ ကာလရှည်ကြာကတည်းက ကျင့်သုံးလာတဲ့ သမ္မတ ထုံးတမ်းအစဉ်အလာအတိုင်း သူ့ရဲ့ နိုင်ငံတော်အခြေပြ မိန့်ခွန်းကို ဒေသစံတော်ချိန် အင်္ဂါနေ့ညမှာ ပြောကြားမှာဖြစ်ပြီး သူ့အတွက် အရေးအကြီးဆုံး ဖြစ်တဲ့ မူဝါဒကို ပြသဖို့အတွက် ဧည့်သည်တော်တွေကိုလည်းဖိတ်ကြားထားပါတယ်။

ထရမ့်ရဲ့ သမ္မတ သက်တမ်းကာလ တနှစ်ကုန်ဆုံးပြီး ပြောကြားမယ့် ပထမဆုံး နိုင်ငံတော်အခြေပြ မိန့်ခွန်းကို သမ္မတကတော် Melania Trump နဲ့အတူ တတန်းထဲထိုင်ပြီး နားထောင်မဲ့ ဧည့်သည်တော် ၁၅ ယောက်ရှိပါတယ်။

သူတို့ရဲ့ ဧည့်သည်တော်တွေထဲမှာ သမ္မတ Trump ရဲ့ အခွန်ဖြတ်တောက်မှုစနစ်ကြောင့် ရလာတဲ့အပိုငွေတွေကို သမီးနှစ်ဦးရဲ့ ပညာရေးအတွက်ပါ စုဆောင်းပေးနိုင်ခဲ့တဲ့ ဂဟေဆော်သူ Corrie Adams လည်းပါဝင်ပါတယ်။

သူ့ရဲ့အမှုထမ်းတွေလည်း တက်ရောက်ကြမှာဖြစ်ပြီး၊ ကုန်ပစ္စည်းထုတ်လုပ်ရေး ကုမ္ပဏီတည်ထောင်သူ Steve Staub နဲ Sandy Keplinger မောင်နှမ လည်း တက်ရောက်မှာ ဖြစ်ပါတယ်။ သူတို့ဟာဆိုရင်လည်း သမ္မတ ထရမ့်ရဲ့ အခွန်စနစ် ပြောင်းလဲ ပစ်လိုက်မှုကြောင့် စီးပွားရေးတိုးတက်လာပြီး သူတို့ရဲ့ဝန်ထမ်းတွေကို အားလပ်ရက် ခံစားခွင့်ငွေတွေ ပိုပြီး ပေးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

MS- 13 ဂိုဏ်း အဖွဲ့ဝင်တွေရဲ့ ရက်စက်စွာ သတ်ဖြတ်တာခံခဲ့ရတဲ့ မိန်းကလေးငယ် ၂ ဦး ဖြစ်တဲ့ Nisa နဲ့ Kayla တို့ရဲ့ မိဘတွေ လည်းပါဝင်ပါတယ်။ သူတို့ကိုတော့ ကြောက်မက်ဖွယ် ရာဇဝတ်မှုတွေ ကျူးလွန်တဲ့ တရားမဝင် ဝင်ရောက်နေထိုင်သူတွေကို နိုင်ငံကနေ မောင်းထုတ်ဖို့ ထရမ့်ရဲ့ ကြိုးပမ်းမှုကို မီးမောင်းထိုးပြသဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။

သမ္မတ အခြေပြမိန့်ခွန်း အထူးဧည့်သည်တွေ ဖိတ်ကြား
please wait

No media source currently available

0:00 0:01:16 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG