သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ယီမင္ အယ္လ္ကိုင္းဒါးေခါင္းေဆာင္ အေမရိကန္သုတ္သင္


(Zawgyi/Unicode)

Yemen ႏိုင္ငံမွာ အေဝးထိန္း Drone ယာဥ္ေတြနဲ႔တိုက္ခိုက္မႈအတြင္း al-Qaida ေခါင္းေဆာင္တေယာက္ေသဆံုးသြားတယ္ဆိုတာကို အေမရိကန္သမၼတ Donald Trump ကၾကာသပေတးေန႔က အတည္ျပဳခဲ့ပါတယ္။ အေမရိကန္ရဲ႕ အၾကမ္းဖက္မႈတန္ျပန္ စစ္ဆင္ေရးအတြင္း အာေရဗ်ကၽြန္းဆြယ္ေဒသ al-Qaida အဖဲြ႔ကို တည္ေထာင္ခဲ့သူ ေခါင္းေဆာင္ Qasim al-Rimi ကို သုတ္သင္ႏိုင္ခဲ့တယ္လို႔ သမၼတ Trump ကေျပာပါတယ္။

သူဟာ al-Qaida အဖဲြ႔ေခါင္းေဆာင္ Ayman al-Zawahiri ရဲ႕လက္ေထာက္လည္းျဖစ္ပါတယ္။ al-Rimi ဟာ Yemen ႏိုင္ငံက အရပ္သားေတြအေပၚ အၾကမ္းဖက္ တိုက္ခဲ့မႈေတြလုပ္ခဲ့သလို၊ အေမရိကန္နဲ႔ တျခားတပ္ဖဲြ႔ဝင္ေတြအေပၚ တိုက္ခိုက္မ်ဳိးစံုလုပ္ဖုိ႔ ႀကိဳးစားခဲ့သူျဖစ္တယ္လို႔ သမၼတ Trump ရဲ႕ထုတ္ျပန္ခ်က္မွာ ေျပာထားပါတယ္။

သူေသဆံုးသြားတဲ့အတြက္ တကမာၻလံုးက al-Qa’ida အဖဲြ႔ရဲ႕လႈပ္႐ွားမႈေတြု ေနာက္ထပ္ထိခိုက္သြားေစၿပီး အေမရိကန္လံုၿခံဳေရးကို ၿခိမ္းေျခာက္ေနတဲ့အဖဲြ႔တခုရဲ႕ ရန္႐ွင္းဖုိ႔ ပိုၿပီးနီးစပ္ေနၿပီလို႔ ေျပာပါတယ္။ ၁၉၉၀ ျပည့္ႏွစ္ပိုင္းေတြထဲက al-Qaida အဖဲြ႔ထဲ ဝင္ေရာက္ခဲ့တဲ့ al-Rimi ဟာ Afghanistan ႏုိင္ငံမွာ Osama bin Laden နဲ႔အတူတဲြၿပီး အေမရိကန္ေတြအေပၚ ပစ္မွတ္ထားတိုက္ခိုက္မႈေတာ္ေတာ္မ်ားမ်ားကို ႀကိဳးစား ႀကံစည္ခဲ့သူျဖစ္ပါတယ္။

အခုလပိုင္းေတြအတြင္း အေမရိကန္တို႔ရဲ႕ စစ္ဆင္ေရးေၾကာင့္ ေသဆံုးခဲ့တဲ့ ထင္႐ွားတဲ့အၾကမ္းဖက္ဝါဒီေတြထဲမွာ al-Rimi ဟာ တတိယေျမာက္ျဖစ္ပါတယ္။ IS စစ္ေသြးႂကြအဖြဲ႔တည္ေထာင္သူ Abu Bakr al-Baghdadi ကို ေအာက္တိုဘာလတုန္းက သုတ္သင္ႏိုင္ခဲ့သလို အီရန္ႏုိင္ငံရဲ႕ စစ္ဦးစီးအရာ႐ွိခ်ဳပ္ ဗိုလ္ခ်ဳပ္ႀကီး Qassem Soleimani ကို ဇန္နဝါရီလက ေလေၾကာင္းကေန တိုက္ခိုက္ သုတ္သင္ခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္


.................

ယီမင် အယ်လ်ကိုင်းဒါးခေါင်းဆောင် အမေရိကန်သုတ်သင်

(Unicode)

Yemen နိုင်ငံမှာ အဝေးထိန်း Drone ယာဉ်တွေနဲ့တိုက်ခိုက်မှုအတွင်း al-Qaida ခေါင်းဆောင်တယောက်သေဆုံးသွားတယ်ဆိုတာကို အမေရိကန်သမ္မတ Donald Trump ကကြာသပတေးနေ့က အတည်ပြုခဲ့ပါတယ်။ အမေရိကန်ရဲ့ အကြမ်းဖက်မှုတန်ပြန် စစ်ဆင်ရေးအတွင်း အာရေဗျကျွန်းဆွယ်ဒေသ al-Qaida အဖွဲ့ကို တည်ထောင်ခဲ့သူ ခေါင်းဆောင် Qasim al-Rimi ကို သုတ်သင်နိုင်ခဲ့တယ်လို့ သမ္မတ Trump ကပြောပါတယ်။

သူဟာ al-Qaida အဖွဲ့ခေါင်းဆောင် Ayman al-Zawahiri ရဲ့လက်ထောက်လည်းဖြစ်ပါတယ်။ al-Rimi ဟာ Yemen နိုင်ငံက အရပ်သားတွေအပေါ် အကြမ်းဖက် တိုက်ခဲ့မှုတွေလုပ်ခဲ့သလို၊ အမေရိကန်နဲ့ တခြားတပ်ဖွဲ့ဝင်တွေအပေါ် တိုက်ခိုက်မျိုးစုံလုပ်ဖို့ ကြိုးစားခဲ့သူဖြစ်တယ်လို့ သမ္မတ Trump ရဲ့ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

သူသေဆုံးသွားတဲ့အတွက် တကမ္ဘာလုံးက al-Qa’ida အဖွဲ့ရဲ့လှုပ်ရှားမှုတွေု နောက်ထပ်ထိခိုက်သွားစေပြီး အမေရိကန်လုံခြုံရေးကို ခြိမ်းခြောက်နေတဲ့အဖွဲ့တခုရဲ့ ရန်ရှင်းဖို့ ပိုပြီးနီးစပ်နေပြီလို့ ပြောပါတယ်။ ၁၉၉၀ ပြည့်နှစ်ပိုင်းတွေထဲက al-Qaida အဖွဲ့ထဲ ဝင်ရောက်ခဲ့တဲ့ al-Rimi ဟာ Afghanistan နိုင်ငံမှာ Osama bin Laden နဲ့အတူတွဲပြီး အမေရိကန်တွေအပေါ် ပစ်မှတ်ထားတိုက်ခိုက်မှုတော်တော်များများကို ကြိုးစား ကြံစည်ခဲ့သူဖြစ်ပါတယ်။

အခုလပိုင်းတွေအတွင်း အမေရိကန်တို့ရဲ့ စစ်ဆင်ရေးကြောင့် သေဆုံးခဲ့တဲ့ ထင်ရှားတဲ့အကြမ်းဖက်ဝါဒီတွေထဲမှာ al-Rimi ဟာ တတိယမြောက်ဖြစ်ပါတယ်။ IS စစ်သွေးကြွအဖွဲ့တည်ထောင်သူ Abu Bakr al-Baghdadi ကို အောက်တိုဘာလတုန်းက သုတ်သင်နိုင်ခဲ့သလို အီရန်နိုင်ငံရဲ့ စစ်ဦးစီးအရာရှိချုပ် ဗိုလ်ချုပ်ကြီး Qassem Soleimani ကို ဇန်နဝါရီလက လေကြောင်းကနေ တိုက်ခိုက် သုတ်သင်ခဲ့ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG