သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

9/11 အကြမ်းဖက်တိုက်ခိုက်မှု ၁၇နှစ်ပြည့် အောက်မေ့ဖွယ်ကျင်းပ


အမေရိကန်ပြည်ထောင်စုမှာ ၂၀၀၁ ခုနှစ် စက်တင်ဘာလ ၁၁ ရက်နေ့တုန်းက 9/11 တိုက်ခိုက်မှုကြီး ဖြစ်ပွါးခဲ့တဲ့ ၁၇ နှစ်မြောက်အထိမ်းအမှတ် အခမ်းအနားတွေ ဒီကနေ့ကျင်းပကြပါတယ်။ နယူးယောက်၊ ဗာဂျီးနီးယားနဲ့ ပင်ဆယ်လ်ဗေးနီးယားမှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေအတွင်း လူပေါင်း ၃၀၀၀ လောက်သေဆုံးခဲ့ကြတာပါ။

Al-Qaida အကြမ်းဖက်သမားတွေ ပြန်ပေးဆွဲခဲ့တဲ့ United လေကြောင်းလိုင်း အမှတ် ၉၃ ခရီးသည်တင်လေယာဉ်ကို ခရီးသည်တွေက ပြန်ထိန်းချုပ်နိုင်ခဲ့ပြီးတဲ့နောက် ဒီလေယာဉ် ပျက်ကျခဲ့တဲ့ ပင်ဆယ်ဗေးနီးယားပြည်နယ် Shanksville မြို့အနီးက အထိမ်းအမှတ်နေရာမှာ ကျင်းပမယ့် အောက်မေ့ဘွယ်အခမ်းအနားကို သမ္မတ Donald Trump တက်ရောက်ပါတယ်။

နိုင်ငံချစ်စိတ်တွေ နိုးကြားစေခဲ့တဲ့နေ့ Patriot Day အဖြစ် သတ်မှတ်ထားတဲ့ စက်တင်ဘာလ ၁၁ ရက်နေ့ရောက်တိုင်း နှစ်စဉ်ကျင်းပတဲ့ အောက်မေ့ဘွယ် အခမ်းအနားမှာ ဒီလိုဆိုးရွားတဲ့လုပ်ရပ်တွေက အမေရိကန်ပြည်ထောင်စုရဲ့ စိတ်ဓာတ် ဒါမှမဟုတ် လွတ်လပ်မှုအပေါ်ထားတဲ့ ယုံကြည်ချက်တွေကို ပြောင်းမပစ်နိုင်ဘူးလို့ သမ္မတ Trump က ပြောဆိုခဲ့ပါတယ်။ အကြမ်းဖက်သမားတွေက ခရီးသည်တင်လေယာဉ်တစင်းကို ပြန်ပေးဆွဲပြီး ဝင်တိုက်တာ ခံခဲ့ရတဲ့ ဝါရှင်တန်မြို့ပြင်က ပင်တဂွန် စစ်ဌာနချုပ်မှာလည်း အောက်မေ့ဖွယ်အခမ်းအနား ကျင်းပဖို့ရှိတာမှာ သေဆုံးသူတွေရဲ့ မိသားစုဝင်တွေနဲ့အတူ ဒုသမ္မတ Mike Pence တက်ရောက်ပါတယ်။

ဒါ့အပြင် ခရီးသည်တင် လေယာဉ်နှစ်စင်းနဲ့ ဝင်တိုက်လို့ ပြိုကျခဲ့ရတဲ့ နယူးယောက်မြို့က World Trade Center ကမ္ဘာ့ကုန်သွယ်ရေး မိုးမျှော် ညီနောင်တိုက်ကြီးရှိခဲ့တဲ့ Ground Zero အထိမ်းအမှတ် နေရာက အခမ်းအနားကိုလည်း ကျန်ရစ်သူမိသားစုဝင်တွေ ရာနဲ့ချီ တက်ရောက်ပြီး ကွယ်လွန်သူတွေရဲ့ နာမည်တွေကို ရွတ်ခဲ့ကြပါတယ်။

9/11 အကြမ်းဖက်တိုက်ခိုက်မှု ၁၇နှစ်ပြည့် အောက်မေ့ဖွယ်ကျင်းပ
please wait

No media source currently available

0:00 0:01:11 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG