သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Syria သူပုန်နယ် အစိုးရနဲ့ရုရှား ဗုံးကြဲလို့ အရပ်သားတချိ့သေဆုံး


ဆီးရီးယား အရပ်သားတချို့သေဆုံးခဲ့ရတဲ့ ရုရှားဦးဆောင်တဲ့ အစိုးရအဖွဲ့ ဗုံးကြဲတိုက်ခိုက်မှု။ (စက်တင်ဘာ ၄၊ ၂၀၁၈)
ဆီးရီးယား အရပ်သားတချို့သေဆုံးခဲ့ရတဲ့ ရုရှားဦးဆောင်တဲ့ အစိုးရအဖွဲ့ ဗုံးကြဲတိုက်ခိုက်မှု။ (စက်တင်ဘာ ၄၊ ၂၀၁၈)

ဆီးရီးယားနိုင်ငံမှာ သူပုန်တွေ အခိုင်အမာထိန်းချုပ်ထားတဲ့ နောက်ဆုံးဒေသ Idlib ကို ရုရှားနဲ့ ဆီးရီးယားတို့ စနေနေ့က လေကြောင်းကနေ တိုက်ခိုက်တာကြောင့် အရပ်သားလေးဦးထက်မနည်း သေဆုံးသွားပါတယ်။ ဒီတိုက်ခိုက်မှုဟာ တလအတွင်း အပြင်းထန်ဆုံး တိုက်ခိုက်မှုဖြစ်တယ်လို့ စစ်ပွဲ စောင့်ကြည့်လေ့လာရေးအဖွဲ့တဖွဲ့က ပြောပါတယ်။

လူဦးရေထူထပ်တဲ့ Idlib ဒေသ တောင်ပိုင်းကို သုံးနာရီတောင်မကြာတဲ့အချိန်အတွင်း အကြိမ် ၆၀ လောက် လေကြောင်းကနေ တိုက်ခိုက်တာလို့ ဆီးရီးယားလူ့အခွင့်အရေးအခြေအနေ စောင့်ကြည့်လေ့လာရေးအဖွဲ့က ပြောပါတယ်။

Idlib နဲ့ အနီးက Aleppo ဒေသတွေမှာ သြဂုတ်လ ၁၀ ရက်နေ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၅၃ ဦးထက်မနည်း သေဆုံးရပြီးကတည်းကဆိုရင် အခုတိုက်ခိုက်မှုဟာ အပြင်းထန်ဆုံးဖြစ်တယ်လို့ လူ့အခွင့်အရေးအဖွဲ့ အကြီးအကဲ Abdel Rahman က ပြောပါတယ်။

Idlib နဲ့ အနီးအနားကဒေသတွေကို Hayat Tahrir al-Sham အဖွဲ့အပါအဝင် ပြိုင်ဘက် သူပုန်အဖွဲ့အများအပြားက အများစု ထိန်းချုပ်ထားတာပါ။ al-Sham အဖွဲ့ဟာ al-Qaida အဖွဲ့ရဲ့ ဆီးရီးယားနိုင်ငံက မဟာမိတ် စစ်သွေးကြွအဖွဲ့တဖွဲ့ဦးဆောင်တဲ့ ညွန့်ပေါင်းလက်နက်ကိုင်အဖွဲ့ပါ။

ဆီးရီးယားသူပုန်တွေဟာ အနောက်နိုင်ငံတွေက အကြောင်းပြပြီး တုန့်ပြန်လုပ်ဆောင်နိုင်အောင် Idlib မှာ သွေးထိုးရန်စတဲ့ လုပ်ရပ်တွေကို စီစဉ် လုပ်ဆောင်နေတယ်ဆိုတာ “ငြင်းလို့မရတဲ့ အချက်အလက်” တွေရထားတယ်လို့ စနေနေ့မှာပဲ ရုရှားက စွပ်စွဲပြောဆိုပါတယ်။

Syria သူပုန်နယ် အစိုးရနဲ့ရုရှား ဗုံးကြဲလို့ အရပ်သားတချိ့သေဆုံး
please wait

No media source currently available

0:00 0:00:49 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG