သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၀၁၇ နိုင်ငံတကာ အကြမ်းဖက်မှု အစီရင်ခံစာ ကန် ထုတ်ပြန်


၂၀၁၄ ခုနှစ်က ဆီးရီးယားနိုင်ငံ Raqqa မြို့မှာ IS စစ်သွေးကြွအဖွဲ့ဝင်များ ချီတက်လာစဉ်
၂၀၁၄ ခုနှစ်က ဆီးရီးယားနိုင်ငံ Raqqa မြို့မှာ IS စစ်သွေးကြွအဖွဲ့ဝင်များ ချီတက်လာစဉ်

IS နဲ့ အယ်လ်ကိုင်းဒါးတို့လို အကြမ်းဖက်အဖွဲ့တွေအပေါ် ထိုးစစ်ကြီးတွေ ဆင်နွဲှပြီး သူတို့ဆီက နယ်မြေတွေကို ပြန်လည် သိမ်းပိုက်နိုင်ခဲ့ပေမယ့် အဲဒီအကြမ်းဖက်အဖွဲ့တွေရဲ့ ကွန်ရက်ဟာ ပိုမို ကြီးထွားလာနေတယ်လို့ အကြမ်းဖက်မှုတန်ပြန်ရေး အမေရိကန်အရာရှိတွေက ပြောကြားလိုက်ပါတယ်။ IS ၊ အယ်လ်ကိုင်းဒါးနဲ့ သူတို့ရဲ့အဆက်အနွယ်တွေဟာ ပြတ်သားကြံ့ခိုင်ပြီး အခြေအနေလိုက် ပြောင်းလဲ လုပ်ဆောင်နိုင်တာတွေ တွေ့ရတယ်လို့ အကြမ်းဖက်မှု တန်ပြန်တိုက်ဖျက်ရေး အမေရိကန် ပူးပေါင်းဆောင်ရွက်ရေး အရာရှိ Nathan Sales က ဗုဒ္ဓဟူးနေ့မှာ ပြောကြားလိုက်တာဖြစ်ပါတယ်။

ဒီအကြမ်းဖက်သမားတွေဟာ အီရတ်၊ ဆီရီးယား၊ ဆိုမာလီးယားနဲ့ အခြားနေရာတွေအနှံမှာ အရှိန်မြင့်လာတဲ့ တန်ပြန်တိုက်ခိုက်မှုတွေကို ခုခံနိုင်အောင် လိုက်လျောညီထွေ လုပ်ထားကြတယ်လို့ ဆိုပါတယ်။ အမေရိကန်နိုင်ငံခြားရေးဌာနက ထုတ်ပြန်တဲ့ ၂၀၁၇ခုနှစ် အကြမ်းဖက်မှုဆိုင်ရာ အစီရင်ခံစာထဲမှာတော့ IS နဲ့ အယ်လ်ကိုင်းဒါးတို့ဟာ သမားရိုးကျ စစ်ရေးအရ နှိမ်နင်းမှုတွေကို ရှောင်ကွင်းပြီး အလှမ်းဝေးထောက်ခံသူတွေ သူတို့နည်း သူတို့ဟန်နဲ့ တိုက်ခိုက်ကြဖို့ အင်တာနက်ကတဆင့် လှုံဆော်နေရတယ်။ အင်အားပိုမိုလျော့နည်းသွားတယ်လို့ ဆိုထားတာဖြစ်ပါတယ်။ ၂၀၁၇ခုနှစ်အတွင်း အကြမ်းဖက် တိုက်ဖျက်မှုနဲ့ အကြမ်းဖက်မှုကြောင့် သေဆုံးခဲ့ရသူ အရေအတွက်လျော့ပါးသွားခဲ့ရပေမဲ့ အီရန်နိုင်ငံဟာ ကမ္ဘာတလွှား အကြမ်းဖက်မှုတွေကို အားပေးနေဆဲဖြစ်တယ်လို့ Sales ကဆိုပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG