သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရန်အပေါ် စစ်တိုက်ခွင့် ကန့်သတ်ဥပဒေကို ပယ်ချဖို့ Trump တိုက်တွန်း


အီရန်နိုင်ငံကို တိုက်ခိုက်ချင်ရင် လွှတ်တော်ကို အရင် အသိပေး အကြောင်းကြားရမယ် ဆိုတဲ့ သမ္မတရဲ့ လုပ်ပိုင်ခွင့်ကို ကန့်သတ်ထားတဲ့ ဥပဒေမူကြမ်းကို အထက်လွှတ်တော်အနေနဲ့ ပယ်ချပေးဖို့ သမ္မတ Donald Trump က ဗုဒ္ဓဟူးနေ့မှာ တိုက်တွန်းလိုက်ပါတယ်။ သူ့ရဲ့ စစ်ပြုပိုင်ခွင့် အာဏာဟာ တိုင်းပြည်လုံခြုံရေးအတွက် အရေးကြီးကြောင်း သမ္မတ Trump က ပြောပါတယ်။

တိုင်းပြည်လုံခြုံရေးအတွက် အရေးကြီးတာကြောင့် Iran War Power Resolution ဆိုတဲ့ ဥပဒေမူကြမ်းကို အထက်လွှတ်တော်အနေနဲ့ ထောက်ခံမဲ မပေးဖို့ သမ္မတ Trump က Twitter လူမှုကွန်ရက်က တဆင့် ရေးသားလိုက်တာပါ။ အီရန်နဲ့ပတ်သက်လို့ ကောင်းမွန်စွာ ကိုင်တွယ် ဆောင်ရွက်နိုင်တာကြောင့် ကိုယ့်ဘက်က အားနည်းကြောင်းပြဖို့ အချိန်မဟုတ်ကြောင်းလည်း သမ္မတ Trump က ပြောပါတယ်။

အီရန်က အထင်ကရ ဗိုလ်ချုပ်ကြီး Qassem Soleimani ကို သတ်ဖြတ်လိုက်တဲ့အပေါ် အမေရိကန်ပြည်သူတွေက ထောက်ခံကြောင်းလည်း သမ္မတ Trump က သူ့ရဲ့ Twitter ထဲမှာ ရေးသားထားပါတယ်။ အီရန်ဗိုလ်ချုပ် ဘဂ္ဂဒက် လေဆိပ်က အထွက်မှာ လုပ်ကြံ သတ်ဖြတ်ဖို့ သမ္မတ Trump က ပြီးခဲ့တဲ့လအတွင်း အမိန့်ပေးခဲ့တာပါ။

အဲဒီ ဥပဒေမူကြမ်းကို အထက်လွှတ်တော်က ကြာသပတေးနေ့မှာ မဲခွဲဆုံးဖြတ်ကြမယ်လို့ မျှော်လင့်ရပြီး အမတ် ၁၀၀ ရှိတဲ့ အထက်လွှတ်တော်အတွင်း ရီပတ်ဘလီကန် အမတ် ၃ ဦးက ဒီမိုကရက် ၄၇ ဦးနဲ့ ပူးပေါင်း မဲပေးလိမ့်မယ်လို့ ခန့်မှန်း ပြောဆိုနေကြပါတယ်။

အခု အထက်လွှတ်တော်မှာ ရောက်နေတဲ့ ဥပဒေမူကြမ်းဟာ စစ်ကြေညာရေးဆိုင်ရာ ကိစ္စတွေမှာ လွှတ်တော်ရဲ့လုပ်ပိုင်ခွင့် အပြည့်အဝကို ပြန်လည် ရယူလိုက်ခြင်းဖြစ်ကြောင်း ဒီ ဥပဒေမူကြမ်းကို ပူးတွဲ အဆိုပြုခဲ့တဲ့ ဒီမိုကရက် အထက်လွှတ်တော်အမတ် Tim Kaine က ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

(Unicode)







XS
SM
MD
LG