သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ယီမင္က အီရန္တပ္မွဴးတဦးကိုပါလုပ္ၾကံဖို႔ အေမရိကန္အစီအစဥ္ မေအာင္ျမင္ခဲ့


အေမရိကန္က အေဝးထိန္းဒ႐ံုးယာဥ္နဲ႔ လုပ္ၾကံခံရတဲ့ အီရန္တပ္မွဴးမ်ား

(Zawgyi/ Unicode)

အီရန္တပ္မွဴး Qassem Soleimani ကို အေမရိကန္က အေဝးထိန္းဒ႐ံုးယာဥ္ကေန ဒံုးက်ည္နဲ႔ပစ္ၿပီး လုပ္ၾကတဲ့တေန႔ထဲမွာပဲ ယီမင္က အီရန္ ထိပ္တန္းတပ္မွဴးတဦးကုိလည္း လုပ္ၾကံဖို႔ႀကိဳးစားခဲ့ေပမယ့္ မေအာင္ျမင္ခဲ့ဘူးလို႔ အေမရိကန္သတင္းမီဒီယာေတြ ထုတ္လႊင့္ ေဖာ္ျပေနၾကပါတယ္။

ဒီသတင္းကို The Washington Post သတင္းစာက အရင္ဆံုးေဖာ္ျပတာျဖစ္ၿပီး ၿပီးခဲ့တဲ့သီတင္းပတ္က Soleimani ကို လုပ္ၾကံ သတ္ျဖတ္ခဲ့တဲ့ စစ္ဆင္ေရးဟာ ပိုၿပီးက်ယ္ျပန္႔တဲပမာဏနဲ႔လုပ္ဖုိ႔ ရည္ရြယ္ခဲ့တယ္ဆုိတာ ဒီအခ်က္ကျပေနပါတယ္။

ယီမင္မွာ အေမရိကန္က ပစ္မွတ္ထားခဲ့သူဟာ အီရန္ Quds အထူးတပ္ဖြဲ႔ရဲ႕ အဓိကတပ္မွဴးတဦးျဖစ္သူ Abdul Reza Shahlai ျဖစ္တယ္ဆိုတာ အမည္မေဖာ္တဲ့ အေမရိကန္တာဝန္ရွိသူေတြကို ကိုးကားၿပီး အေမရိကန္ သတင္းဌာနေတြက တင္ျပေနၾကပါ တယ္။ ဒီစစ္ဆင္ေရးနဲ႔ပတ္သက္လုိ႔ ေနာက္ထပ္ အေသးစိတ္ေတြကိုေတာ့ သတင္းရင္းျမစ္ေတြက မေျပာပါဘူး။

ဒီသတင္းနဲ႔ပတ္သက္ၿပီး ေျပာဆိုဖို႔ ပန္တဂြန္စစ္ဌာနခ်ဳပ္ကလည္း ျငင္းပါတယ္။

“ဇန္နဝါရီလ ၂ ရက္ေန႔က ယီမင္မွာ ေလေၾကာင္းကတိုက္ခိုက္တဲ့ သတင္းကို က်မတို႔ေတြ႔ပါတယ္၊ ယီမင္ဟာ အၾကမ္းဖက္ဝါဒီ ေတြနဲ႔ အေမရိကန္ျပည္ေထာင္စုရဲဲ႕ ရန္သူေတြ ေဘးရန္မရိွဘဲ ခိုလံႈလႈပ္ရွားေနတဲ့ေနရာအျဖစ္ သတ္မွတ္ထားတာ ၾကာပါၿပီ၊ ေဒသ တြင္းမွာလုပ္တယ္ဆိုတဲ့ စစ္ဆင္ေရးေတြနဲ႔ပတ္သက္ၿပီး ကာကြယ္ေရးဌာနအေနနဲ႔ ေဆြးေႏြးေျပာဆိုမႈ မလုပ္ပါဘူး” လို႔ ပန္တဂြန္ စစ္ဌာနခ်ဳပ္ေျပာခြင့္ရ ေရတပ္ ဒုတိယဗိုလ္မွဴးႀကီး Rebecca Rebarich က ေျပာပါတယ္။ သမၼတထရမ့္ပ္ကေတာ့ Soleimani ဟာ ဘဂၢဒက္က အေမရိကန္သံ႐ံုးကို ေဖာက္ခြဲဖို႔ စီစဥ္ေနတာလို႔ ၾကသပေတးေန႔က ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္


.................

ယီမင်က အီရန်တပ်မှူးတဦးကိုပါလုပ်ကြံဖို့ အမေရိကန်အစီအစဉ် မအောင်မြင်ခဲ့

(Unicode)

အီရန်တပ်မှူး Qassem Soleimani ကို အမေရိကန်က အဝေးထိန်းဒရုံးယာဉ်ကနေ ဒုံးကျည်နဲ့ပစ်ပြီး လုပ်ကြတဲ့တနေ့ထဲမှာပဲ ယီမင်က အီရန် ထိပ်တန်းတပ်မှူးတဦးကိုလည်း လုပ်ကြံဖို့ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ဘူးလို့ အမေရိကန်သတင်းမီဒီယာတွေ ထုတ်လွှင့် ဖော်ပြနေကြပါတယ်။

ဒီသတင်းကို The Washington Post သတင်းစာက အရင်ဆုံးဖော်ပြတာဖြစ်ပြီး ပြီးခဲ့တဲ့သီတင်းပတ်က Soleimani ကို လုပ်ကြံ သတ်ဖြတ်ခဲ့တဲ့ စစ်ဆင်ရေးဟာ ပိုပြီးကျယ်ပြန့်တဲပမာဏနဲ့လုပ်ဖို့ ရည်ရွယ်ခဲ့တယ်ဆိုတာ ဒီအချက်ကပြနေပါတယ်။

ယီမင်မှာ အမေရိကန်က ပစ်မှတ်ထားခဲ့သူဟာ အီရန် Quds အထူးတပ်ဖွဲ့ရဲ့ အဓိကတပ်မှူးတဦးဖြစ်သူ Abdul Reza Shahlai ဖြစ်တယ်ဆိုတာ အမည်မဖော်တဲ့ အမေရိကန်တာဝန်ရှိသူတွေကို ကိုးကားပြီး အမေရိကန် သတင်းဌာနတွေက တင်ပြနေကြပါ တယ်။ ဒီစစ်ဆင်ရေးနဲ့ပတ်သက်လို့ နောက်ထပ် အသေးစိတ်တွေကိုတော့ သတင်းရင်းမြစ်တွေက မပြောပါဘူး။

ဒီသတင်းနဲ့ပတ်သက်ပြီး ပြောဆိုဖို့ ပန်တဂွန်စစ်ဌာနချုပ်ကလည်း ငြင်းပါတယ်။

“ဇန်နဝါရီလ ၂ ရက်နေ့က ယီမင်မှာ လေကြောင်းကတိုက်ခိုက်တဲ့ သတင်းကို ကျမတို့တွေ့ပါတယ်၊ ယီမင်ဟာ အကြမ်းဖက်ဝါဒီ တွေနဲ့ အမေရိကန်ပြည်ထောင်စုရဲ့ ရန်သူတွေ ဘေးရန်မရှိဘဲ ခိုလှုံလှုပ်ရှားနေတဲ့နေရာအဖြစ် သတ်မှတ်ထားတာ ကြာပါပြီ၊ ဒေသ တွင်းမှာလုပ်တယ်ဆိုတဲ့ စစ်ဆင်ရေးတွေနဲ့ပတ်သက်ပြီး ကာကွယ်ရေးဌာနအနေနဲ့ ဆွေးနွေးပြောဆိုမှု မလုပ်ပါဘူး” လို့ ပန်တဂွန် စစ်ဌာနချုပ်ပြောခွင့်ရ ရေတပ် ဒုတိယဗိုလ်မှူးကြီး Rebecca Rebarich က ပြောပါတယ်။ သမ္မတထရမ့်ပ်ကတော့ Soleimani ဟာ ဘဂ္ဂဒက်က အမေရိကန်သံရုံးကို ဖောက်ခွဲဖို့ စီစဉ်နေတာလို့ ကြသပတေးနေ့က ပြောပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG