သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အိႏိၵယဝန္ႀကီးခ်ဳပ္ Narendra Modi ကိုလ္ကာတာၿမိဳ႕မွာ ကန္႔ကြက္ ဆႏၵျပပြဲနဲ႔ႀကံဳရ


အိႏၵိယ ႏုိင္ငံသားျဖစ္မႈဆုိင္ရာ ဥပေဒကို မြမ္ဘုိင္းၿမိဳ႕တြင္ ဆန္႔က်င္ဆႏၵျပေနသူမ်ား။ (ဒီဇင္ဘာ ၂၈၊ ၂၀၁၉)

(Zawgyi / Unicode)

အိႏၵိယႏုိင္ငံ ကိုလ္ကာတာၿမိဳ႕ကို ၀န္ႀကီးခ်ဳပ္ Narendra Modi လာတာ မႀကိဳဆိုဘူးဆိုတာကို ျပသတဲ့အေနနဲ႔ စေနေန႔က စိတ္ဆိုး ေဒါသထြက္ေနတဲ့ ေထာင္နဲ႔ခ်ီတဲ့ ျပည္သူေတြ လမ္းေပၚထြက္ ဆႏၵျပခဲ့ၾကပါတယ္။

မြတ္စလင္ေတြကို ခြဲျခားဆက္ဆံတယ္လို႔ ေ၀ဖန္သူေတြက ေျပာဆိုထားတဲ့ အိႏၵိယရဲ႕ ႏုိင္ငံသား ျဖစ္မႈဆိုင္ရာ ဥပေဒကို ဆန္႔က်င္ဆႏၵျပမႈ အေနနဲ႔ ၀န္ႀကီးခ်ဳပ္ကို အခုလို ဆႏၵျပၾကတာပါ။

ဒီဥပေဒကို ၿပီးခဲ့တဲ့လမွာ လႊတ္ေတာ္က အတည္ျပဳလုိက္ၿပီးေနာက္ ဟိႏၵဴႀကီးစိုးတဲ့ အိႏၵိယႏုိင္ငံမွာ လမ္းေပၚထြက္ ဆႏၵျပပြဲေတြ ျဖစ္ခဲ့ၿပီး ေသြးထြက္သံယို ထိပ္တိုက္ေတြ႔မႈေတြလည္း ျဖစ္ခဲ့တာပါ။

၀န္ႀကီးခ်ဳပ္ Modi လာေရာက္တာကို ကန္႔ကြက္႐ႈတ္ခ်တဲ့ အေနနဲ႔ ကိုလ္ကာတာၿမိဳ႕မွာ လမ္းေပၚထြက္ ဆႏၵျပသူ ၃၀,၀၀၀ နီးပါး ရွိတယ္လို႔ ရဲတပ္ဖြဲ႔က ေျပာဆိုထားပါတယ္။

ဆႏၵျပသူေတြက လူတန္းႀကီးျဖစ္သြားေအာင္ လက္ခ်င္းခ်ိတ္ ဆႏၵျပခဲ့ၾကတာေၾကာင့္ ကိုလ္ကာတာၿမိဳ႕ႀကီးထဲက လမ္းေတြမွာ မိုင္နဲ႔ခ်ီၿပီး လူတန္းႀကီး ျဖစ္ခဲ့ပါတယ္။

ဝန္ႀကီးခ်ဳပ္ Modi လိုက္ပါလာတဲ့ ေလယာဥ္ ဆင္းလာခ်ိန္မွာပဲ ဆႏၵျပသူတဖြဲ႔က အစြန္းေရာက္ မ်ိဳးခ်စ္၀ါဒကို ဆန္႔က်င္ေၾကာင္း ေလဆိပ္မွာ ေႂကြးေၾကာ္ခဲ့ၾကပါတယ္။

၀န္ႀကီးခ်ဳပ္ရဲ႕ ဟိႏၵဴ အမ်ိဳးသားေရး အစိုးရကို ေ၀ဖန္တဲ့ အေနာက္ဘန္ေဂါလ္ ျပည္နယ္ေခါင္းေဆာင္ Mamata Banerjee ရဲ႕ အိမ္ေတာ္ကို ၀န္ႀကီးခ်ဳပ္ Modi က စစ္တပ္ရဟတ္ယာဥ္နဲ႔ သြားေရာက္ခဲ့တာ ျပည္နယ္၀န္ႀကီးခ်ဳပ္ရဲ႕ အိမ္ေတာ္ထိ လိုက္ၿပီး ဆႏၵျပၾကသူေတြကို ရဲက တားျမစ္ခဲ့ပါတယ္။

ဒါေပမယ့္လည္း ျပည္နယ္၀န္ႀကီးခ်ဳပ္ Banerjee က ႏုိင္ငံရဲ႕ အက်ိဳးစီးပြားအတြက္ ဒီဥပေဒကို ျပင္ဖို႔ ၀န္ႀကီးခ်ဳပ္ကို ေျပာဆိုခဲ့ေၾကာင္း သတင္းေထာက္ေတြကို ေျပာဆိုခဲ့သလို လမ္းေပၚက ဆႏၵျပသူေတြနဲ႔လည္း ပူးေပါင္းခဲ့ပါတယ္။

-----------------------------------

(Unicode)

အိန္ဒိယဝန်ကြီးချုပ် Narendra Modi ကိုလ်ကာတာမြို့မှာ ကန့်ကွက် ဆန္ဒပြပွဲနဲ့ကြုံရ

အိန္ဒိယနိုင်ငံ ကိုလ်ကာတာမြို့ကို ဝန်ကြီးချုပ် Narendra Modi လာတာ မကြိုဆိုဘူးဆိုတာကို ပြသတဲ့အနေနဲ့ စနေနေ့က စိတ်ဆိုး ဒေါသထွက်နေတဲ့ ထောင်နဲ့ချီတဲ့ ပြည်သူတွေ လမ်းပေါ်ထွက် ဆန္ဒပြခဲ့ကြပါတယ်။

မွတ်စလင်တွေကို ခွဲခြားဆက်ဆံတယ်လို့ ဝေဖန်သူတွေက ပြောဆိုထားတဲ့ အိန္ဒိယရဲ့ နိုင်ငံသား ဖြစ်မှုဆိုင်ရာ ဥပဒေကို ဆန့်ကျင်ဆန္ဒပြမှု အနေနဲ့ ဝန်ကြီးချုပ်ကို အခုလို ဆန္ဒပြကြတာပါ။

ဒီဥပဒေကို ပြီးခဲ့တဲ့လမှာ လွှတ်တော်က အတည်ပြုလိုက်ပြီးနောက် ဟိန္ဒူကြီးစိုးတဲ့ အိန္ဒိယနိုင်ငံမှာ လမ်းပေါ်ထွက် ဆန္ဒပြပွဲတွေ ဖြစ်ခဲ့ပြီး သွေးထွက်သံယို ထိပ်တိုက်တွေ့မှုတွေလည်း ဖြစ်ခဲ့တာပါ။

ဝန်ကြီးချုပ် Modi လာရောက်တာကို ကန့်ကွက်ရှုတ်ချတဲ့ အနေနဲ့ ကိုလ်ကာတာမြို့မှာ လမ်းပေါ်ထွက် ဆန္ဒပြသူ ၃၀,၀၀၀ နီးပါး ရှိတယ်လို့ ရဲတပ်ဖွဲ့က ပြောဆိုထားပါတယ်။

ဆန္ဒပြသူတွေက လူတန်းကြီးဖြစ်သွားအောင် လက်ချင်းချိတ် ဆန္ဒပြခဲ့ကြတာကြောင့် ကိုလ်ကာတာမြို့ကြီးထဲက လမ်းတွေမှာ မိုင်နဲ့ချီပြီး လူတန်းကြီး ဖြစ်ခဲ့ပါတယ်။

ဝန်ကြီးချုပ် Modi လိုက်ပါလာတဲ့ လေယာဉ် ဆင်းလာချိန်မှာပဲ ဆန္ဒပြသူတဖွဲ့က အစွန်းရောက် မျိုးချစ်ဝါဒကို ဆန့်ကျင်ကြောင်း လေဆိပ်မှာ ကြွေးကြော်ခဲ့ကြပါတယ်။

ဝန်ကြီးချုပ်ရဲ့ ဟိန္ဒူ အမျိုးသားရေး အစိုးရကို ဝေဖန်တဲ့ အနောက်ဘန်ဂေါလ် ပြည်နယ်ခေါင်းဆောင် Mamata Banerjee ရဲ့ အိမ်တော်ကို ဝန်ကြီးချုပ် Modi က စစ်တပ်ရဟတ်ယာဉ်နဲ့ သွားရောက်ခဲ့တာ ပြည်နယ်ဝန်ကြီးချုပ်ရဲ့ အိမ်တော်ထိ လိုက်ပြီး ဆန္ဒပြကြသူတွေကို ရဲက တားမြစ်ခဲ့ပါတယ်။

ဒါပေမယ့်လည်း ပြည်နယ်ဝန်ကြီးချုပ် Banerjee က နိုင်ငံရဲ့ အကျိုးစီးပွားအတွက် ဒီဥပဒေကို ပြင်ဖို့ ဝန်ကြီးချုပ်ကို ပြောဆိုခဲ့ကြောင်း သတင်းထောက်တွေကို ပြောဆိုခဲ့သလို လမ်းပေါ်က ဆန္ဒပြသူတွေနဲ့လည်း ပူးပေါင်းခဲ့ပါတယ်။

တိုက္႐ိုက္ လင့္ခ္


၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG