သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Trump ရဲ့ အိန္ဒိယခရီးစဉ်အတွင်း ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ဖွယ်ရှိ


အိန္ဒိယနိုင်ငံသို့ ထွက်ခွာတော့မည့် အမေရိကန်သမ္မတ Trump နှင့် ဇနီး။ (ဖေဖော်ဝါရီ ၂၃၊ ၂၀၂၀)
အိန္ဒိယနိုင်ငံသို့ ထွက်ခွာတော့မည့် အမေရိကန်သမ္မတ Trump နှင့် ဇနီး။ (ဖေဖော်ဝါရီ ၂၃၊ ၂၀၂၀)

(Zawgyi / Unicode)

အမေရိကန်သမ္မတ Donald Trump က ၃၆ နာရီကြာ အိန္ဒိယနိုင်ငံ ခရီးစဉ်ကို တနင်္ဂနွေနေ့မှာ စတင်ထွက်ခွာသွားပြီ ဖြစ်ပါတယ်။

သန်းပေါင်းများစွာသော အိန္ဒိယပြည်သူတွေနဲ့ တွေ့ဆုံလိုကြောင်း ခရီးမထွက်ခွာခင်မှာ သမ္မတ Trump ပြောဆိုခဲ့တာပါ။

ဒါပေမယ့်လည်း အိန္ဒိယခရီးစဉ်အတွင်းမှာ ခန့်မှန်းနေကြတဲ့ ကုန်သွယ်ရေး သဘောတူညီချက်ကြီးနဲ့တော့ သူပြန်လာမှာမဟုတ်ဘူး ဆိုတာကို သမ္မတက ပြောဆိုထားပါတယ်။

အိန္ဒိယနဲ့ ကုန်သွယ်ရေး သဘောတူညီချက်ကြီးအတွက် နောက်ပိုင်းမှာ ဆက်လက်ဆောင်ရွက်သွားမယ်၊ ရွေးကောက်ပွဲမတိုင်ခင် သဘောတူညီချက် ရမလားဆိုတာ မသိနိုင်ပေမယ့်လည်း အိန္ဒိယနဲ့ ကုန်သွယ်ရေး သဘောတူညီချက်ဟာ ပမာဏ သိပ်ပြီးကြီးမားမယ်လို့ သမ္မတက ပြီးခဲ့တဲ့ သီတင်းပတ်မှာ သတင်းထောက်တွေကို ပြောဆိုထားပါတယ်။

အိန္ဒိယနဲ့ ကုန်သွယ်ရေး သဘောတူညီချက်မှာ ဒါဇင်နဲ့ချီတဲ့ အကြောင်းအရာတွေ အပေါ်မှာ နှစ်ဖက် သဘောတူညီချက်တွေ ရထားပြီး ဖြစ်ပေမယ့်လည်း ဆေးဘက်ဆိုင်ရာ ပစ္စည်းကိရိယာတွေအရေး အပါအဝင် ဆွေးနွေးညှိနှိုင်းရမယ့် အကြောင်းအရာတွေလည်း အများအပြား ရှိနေသေးကြောင်း ဆွေးနွေးပွဲနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သမ္မတ Trump ရဲ့ အိန္ဒိယနိုင်ငံ ခရီးစဉ်အတွင်းမှာတော့ စစ်တပ် ရဟတ်ယာဉ်တွေ ဒေါ်လာ ဘီလျံချီ ရောင်းချမှုကို ကြေညာမယ်လို့ ခန့်မှန်းထားကြပါတယ်။

တရုတ်ရဲ့ စစ်ရေးချဲ့ထွင်မှုအပေါ် ဘုံစိုးရိမ်ချက်တွေကြောင့် အမေရိကန်နဲ့ အိန္ဒိယကြား ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှုတွေ ပိုပြီး နီးကပ်သွားစေတာနဲ့ အတူပဲ ဒုံးကျည်ကာကွယ်ရေးစနစ် ရောင်းချမှုလည်း ဖြစ်နိုင်တယ်လို့ သုံးသပ်နေကြပါတယ်။

-------------------------------

(Unicode)









တိုက်ရိုက် လင့်ခ်


XS
SM
MD
LG