သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

သမၼတဦး၀င္းျမင့္ ခရီးစဥ္ႏွင့္ ျမန္မာ-အိႏၵိယ ဆက္ဆံေရး


၂၀၁၉ ေမလအတြင္းက အိႏၵိယႏုိင္ငံသုိ႔ သြားေရာက္လည္ပတ္ခဲ့သည့္ သမၼတ ဦးဝင္းျမင့္။ (ေမလ ၃၀၊ ၂၀၁၉)

(Zawgyi / Unicode)

ျမန္မာသမၼတ ဦး၀င္းျမင့္ အိႏၵိယကို မၾကာခင္ရက္ပိုင္းအတြင္း သြားမယ့္ကိစၥဟာ တ႐ုတ္နဲ႔ အိႏၵိယ ႏွစ္ႏိုင္ငံၾကား ဆက္ဆံေရး ခ်ိန္ခြာလွ်ာညိႇဖို႔ NLD အစိုးရရဲ႕ ႀကိဳးပမ္းခ်က္ျဖစ္တယ္လို႔ သံုးသပ္ၾကပါတယ္။ ေဆြမ်ဳိးေပါက္ေဖာ္ ဆက္ဆံေရးအျဖစ္ တ႐ုတ္နဲ႔ ႏွစ္ေပါင္းမ်ားစြာကတည္းက ပိုၿပီးနီးစပ္ခဲ့တဲ့ ျမန္မာႏိုင္ငံအေနနဲ႔ အခုလို အိႏၵိယနဲ႔ ဆက္ဆံေရးကို အရွိန္ျမႇင့္တင္လာတာ ဘာေၾကာင့္လဲ။ ဘယ္လို စိန္ေခၚမႈေတြ ရွိေနလဲ။ အျပည့္အစုံကုိ မအင္ၾကင္းႏိုင္က တင္ျပေပးထားပါတယ္။

အိႏၵိယကို ဒုတိယအႀကိမ္ ခ်စ္ၾကည္ေရးခရီးစဥ္အျဖစ္ သမၼတ ဦး၀င္းျမင့္ဟာ ေဖေဖာ္၀ါရီလ ၂၆ ရက္ေန႔ကေန ၂၉ ရက္ေန႔အထိ သြားေရာက္မွာျဖစ္ပါတယ္။ တ႐ုတ္သမၼတ Xi Jinping ရဲ႕ ျမန္မာႏိုင္ငံ ခ်စ္ၾကည္ေရးခရီးစဥ္ တလၾကာအၿပီးမွာ အခုလို သမၼတ ဦး၀င္းျမင့္က အိႏၵိယကို သြားေရာက္တာ ျဖစ္ပါတယ္။ အိမ္နီးခ်င္း ႏိုင္ငံႀကီးႏွစ္ခုၾကား ဆက္ဆံေရးခ်ိန္ခြင္လွ်ာညႇိဖို႔ ျမန္မာအစိုးရရဲ႕ ႀကိဳးပမ္းခ်က္ျဖစ္သလို အိႏၵိယအေနနဲ႔ ျမန္မာကို ေနာက္ေက်ာလံုေစတယ္လို႔ အေမရိကန္ျပည္ေထာင္စု အေျခစိုက္ အိႏၵိယ-ျမန္မာဆက္ဆံေရး အကဲခတ္ ေဒါက္တာတင့္ေဆြက သံုးသပ္ပါတယ္။

“ေဒသတြင္း ပထဝီႏုိင္ငံေရးအရ ျမန္မာႏုိင္ငံဟာ အိႏၵိယနဲ႔ ပုိၿပီးနီးစပ္တာဟာ ပုိၿပီးေတာ့ အႏၱရာယ္လည္းကင္းတယ္၊ ေနာက္ေက်ာလည္း လုံတယ္၊ လုိလည္း လိုအပ္ခ်က္ျဖစ္တဲ့အတြက္ ဒီ ႏုိင္ငံေရးအဆင့္ ဆက္ဆံေရးဟာ ျမန္မာႏုိင္ငံအတြက္ ပုိၿပီးအေရးႀကီးတယ္လို႔ က်ေနာ္ျမင္ပါတယ္။ အိႏၵိယအတြက္လည္း ေဒသတြင္းမွာ တ႐ုတ္ႏုိင္ငံရဲ႕ ဘဂၤလားပင္လယ္ကုိ ထုိးေဖာက္ဝင္ေရာက္မႈအေပၚမွာ စုိးရိမ္ေသာက အေတာ္ကုိ ႀကီးခဲ့ပါတယ္။ အဲဒီအတြက္လည္း ျမန္မာႏုိင္ငံ အစုိးရနဲ႔ေရာ စစ္တပ္နဲ႔ပါ အဆင္ေျပေအာင္ ဆက္ဆံေရး တုိးျမႇင့္ၿပီးေတာ့ အိႏၵိယရဲ႕ လုံၿခဳံေရးကို ကာကြယ္ဖို႔လည္း အိႏၵိယဘက္က လိုအပ္တဲ့ အေနအထား ျဖစ္ပါတယ္။”

တဖက္မွာေတာ့ ျမန္မာအစိုးရဘက္က တ႐ုတ္ရဲ႕ ေခတ္သစ္ပိုးလမ္းမ စီမံကိန္းႀကီးမွာ ပါ၀င္ဖို႔ သေဘာတူထားသလို တ႐ုတ္-ျမန္မာ စီးပြားေရးစႀကၤံအျဖစ္ ပူးေပါင္းေဆာင္ရြက္ေနတာ ေတြ႔ရပါတယ္။ ေဒသတြင္း တ႐ုတ္ရဲ႕ ခ်ဲ႕ထြင္းထိုးေဖာက္လာမႈကို အိႏၵိယက ကာကြယ္တဲ့အေနနဲ႔ အင္ဒို-ပစိဖိတ္ နည္းဗ်ဴဟာတရပ္ ခ်မွတ္ထားပါတယ္။ ဒါေပမယ့္ အိႏၵိယရဲ႕ ဗ်ဴဟာအေပၚမွာ လက္ရွိ NLD အစိုးရရဲ႕ သေဘာထား တုံ႔ျပန္မွႈက ရွင္းရွင္းလင္းလင္း မရွိဘူးလို႔ အကဲခတ္တခ်ဳိ႕က ေ၀ဖန္ေထာက္ျပခဲ့ပါတယ္။ ေဒါက္တာတင့္ေဆြကေတာ့ သူ႔ရဲ႕အျမင္ကုိ အခုလိုေျပာပါတယ္။

“ျမန္မာႏုိင္ငံအစုိးရ အေနနဲ႔ကေတာ့ လြန္ခဲ့တဲ့ ႏွစ္ေပါင္းငါးဆယ္အတြင္း တ႐ုတ္-ျမန္မာ ဆက္ဆံေရးကို ၾကည့္ရင္ တဖက္ေစာင္းနင္း အနင္းခံရ၊ အစီးခံရ၊ အေက်ာ္ခံရတဲ့ အေနအထားကို အခု ေလးငါးႏွစ္နဲ႔ ျပန္ၿပီးေတာ့ ရင္းစားရေအာင္လုပ္ဖို႔ မရႏုိင္ မျဖစ္ႏုိင္တဲ့ တကယ့္ခက္ခဲတဲ့ အေနအထားေပၚမွာ လမ္းေလွ်ာက္ရတဲ့ စီမံခန္႔ခြဲတဲ့ အစုိးရအဆင့္သာ ျဖစ္ေသးတယ္။ ဒါေၾကာင့္ ေရရွည္ ျမန္မာႏုိင္ငံရဲ႕ လုံၿခဳံေရး အက်ဳိးစီးပြား၊ စီးပြားေရး အက်ဳိးစီးပြားကို ၾကည့္ႏုိင္ေအာင္ အတြက္ကေတာ့ အခုကတည္းက ေျခလွမ္းခပ္က်ဲက်ဲေလးေတြ ဆက္လွမ္းၿပီး ႏွစ္ေပါင္းေျမာက္ျမားစြာ ျပန္ၿပီးေတာ့ ေဖးေဖးမမ ဒါေတြ ရႏုိင္တဲ့အတြက္ အိႏၵိယ-ျမန္မာ ႏွစ္ႏုိင္ငံ ဆက္ဆံေရးဟာ အဆင့္တခုေပၚမွာေတာ့ ေျခလွမ္းက်ဲက်ဲနဲ႔ ႏွစ္ႏုိင္ငံလုံးက ေလွ်ာက္ေနၾကတယ္လို႔ က်ေနာ္ျမင္ပါတယ္။”

ျမန္မာစစ္ေခါင္းေဆာင္ေတြက ႏိုင္ငံတကာ အရည္အခ်င္းျပည့္မီတဲ့ စစ္တပ္တခု တည္ေဆာက္ဖို႔ အိႏၵိယရဲ႕ အကူအညီ ပိုၿပီးလိုလားေၾကာင္း ျပသလာပါတယ္။ ဒါကိုၾကည့္ရင္ တ႐ုတ္ကို ေရရွည္အားကိုးလို႔ မရေၾကာင္း ျမင္လာတဲ့အတြက္ ျဖစ္တယ္လို႔ ေဒါက္တာတင့္ေဆြက ေျပာပါတယ္။

“တ႐ုတ္ႏုိင္ငံကေပးတဲ့ စစ္ေရးအကူအညီေတြဟာ ကမၻာ့အဆင့္နဲ႔ၾကည့္ရင္ တတိယတန္းစားေလာက္ပဲ ရတာ။ ဆုိေတာ့ ေရရွည္မွာ အသုံးမက်ႏုိင္ဘူး။ ဒီဟာကို ျမင္လာတဲ့အခါမွာ ျမန္မာစစ္တပ္ အေနနဲ႔က အိႏၵိယအပါအဝင္ ႏုိင္ငံတကာ အဆင့္မီတဲ့ လက္နက္ေတြ လိုခ်င္လာတယ္။ တ႐ုတ္ခ်ည္းပဲ မွီခုိရတာထက္စာရင္ အိႏၵိယလက္နက္ေတြကို အသုံးျပဳတာက ပုိၿပီးေတာ့ သင့္ေတာ္စရာအေၾကာင္း ရွိတယ္။”

သမၼတ ဦး၀င္းျမင့္ရဲ႕ ေလးရက္ၾကာ အိႏၵိယခရီးစဥ္အတြင္း သမၼတကေတာ္ ေဒၚခ်ဳိခ်ဳိလည္း လိုက္ပါသြားမွာျဖစ္ၿပီး နယူးေဒလီၿမိဳ႕ေတာ္မွာ အိႏၵိယအစုိးရ တာ၀န္ရွိသူေတြနဲ႔ ေတြ႔ဆုံမွာျဖစ္သလုိ နာမည္ေက်ာ္ Taj Mahal ရွိရာ Agra ၿမိဳ႕နဲ႔ Bihar ျပည္နယ္က ဗုဒၶဂါယာတုိ႔ကုိ သြားေရာက္လည္ပတ္မယ္လုိ႔ ေမွ်ာ္လင့္ထားေၾကာင္းလည္း အိႏၵိယ ႏုိင္ငံျခားေရး၀န္ႀကီးဌာနက သတင္းထုတ္ျပန္ထားပါတယ္။

ဒီအေတာအတြင္း အိႏၵိယ ေရတပ္ဦးစီးခ်ဳပ္ Karambir Singh ဟာ ႏွစ္ႏုိင္ငံ စစ္ေရးဆက္ဆံေရး တုိးျမႇင့္ဖို႔နဲ႔ ျမန္မာေရတပ္ကို နည္းပညာသင္တန္းေတြေပးဖို႔ ေဖေဖာ္၀ါရီလ ၁၇ ရက္ကေန ၂၀ ရက္ေန႔ထိ ျမန္မာႏိုင္ငံကို လာေရာက္ခဲ့ပါတယ္။ ခရီးစဥ္အတြင္း ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ အပါအ၀င္ ေရတပ္၊ ေလတပ္ ထိပ္တန္းစစ္ေခါင္းေဆာင္ေတြနဲ႔ ေတြ႔ဆံုခဲ့သလို ႏုိင္ငံေတာ္အတုိင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္နဲ႔လည္း ေတြ႔ဆံုၿပီး အိႏၵိယကေပးမယ့္ ေရတပ္ဆိုင္ရာ အကူအညီေတြနဲ႔ ပတ္သက္လို႔ ရွင္းျပခဲ့ေၾကာင္း အိႏၵိယေရတပ္ရဲ႕ သတင္းထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

----------------------------------------

(Unicode)

သမ္မတဦးဝင်းမြင့် ခရီးစဉ်နှင့် မြန်မာ-အိန္ဒိယ ဆက်ဆံရေး

မြန်မာသမ္မတ ဦးဝင်းမြင့် အိန္ဒိယကို မကြာခင်ရက်ပိုင်းအတွင်း သွားမယ့်ကိစ္စဟာ တရုတ်နဲ့ အိန္ဒိယ နှစ်နိုင်ငံကြား ဆက်ဆံရေး ချိန်ခွာလျှာညှိဖို့ NLD အစိုးရရဲ့ ကြိုးပမ်းချက်ဖြစ်တယ်လို့ သုံးသပ်ကြပါတယ်။ ဆွေမျိုးပေါက်ဖော် ဆက်ဆံရေးအဖြစ် တရုတ်နဲ့ နှစ်ပေါင်းများစွာကတည်းက ပိုပြီးနီးစပ်ခဲ့တဲ့ မြန်မာနိုင်ငံအနေနဲ့ အခုလို အိန္ဒိယနဲ့ ဆက်ဆံရေးကို အရှိန်မြှင့်တင်လာတာ ဘာကြောင့်လဲ။ ဘယ်လို စိန်ခေါ်မှုတွေ ရှိနေလဲ။ အပြည့်အစုံကို မအင်ကြင်းနိုင်က တင်ပြပေးထားပါတယ်။

အိန္ဒိယကို ဒုတိယအကြိမ် ချစ်ကြည်ရေးခရီးစဉ်အဖြစ် သမ္မတ ဦးဝင်းမြင့်ဟာ ဖေဖော်ဝါရီလ ၂၆ ရက်နေ့ကနေ ၂၉ ရက်နေ့အထိ သွားရောက်မှာဖြစ်ပါတယ်။ တရုတ်သမ္မတ Xi Jinping ရဲ့ မြန်မာနိုင်ငံ ချစ်ကြည်ရေးခရီးစဉ် တလကြာအပြီးမှာ အခုလို သမ္မတ ဦးဝင်းမြင့်က အိန္ဒိယကို သွားရောက်တာ ဖြစ်ပါတယ်။ အိမ်နီးချင်း နိုင်ငံကြီးနှစ်ခုကြား ဆက်ဆံရေးချိန်ခွင်လျှာညှိဖို့ မြန်မာအစိုးရရဲ့ ကြိုးပမ်းချက်ဖြစ်သလို အိန္ဒိယအနေနဲ့ မြန်မာကို နောက်ကျောလုံစေတယ်လို့ အမေရိကန်ပြည်ထောင်စု အခြေစိုက် အိန္ဒိယ-မြန်မာဆက်ဆံရေး အကဲခတ် ဒေါက်တာတင့်ဆွေက သုံးသပ်ပါတယ်။

“ဒေသတွင်း ပထဝီနိုင်ငံရေးအရ မြန်မာနိုင်ငံဟာ အိန္ဒိယနဲ့ ပိုပြီးနီးစပ်တာဟာ ပိုပြီးတော့ အန္တရာယ်လည်းကင်းတယ်၊ နောက်ကျောလည်း လုံတယ်၊ လိုလည်း လိုအပ်ချက်ဖြစ်တဲ့အတွက် ဒီ နိုင်ငံရေးအဆင့် ဆက်ဆံရေးဟာ မြန်မာနိုင်ငံအတွက် ပိုပြီးအရေးကြီးတယ်လို့ ကျနော်မြင်ပါတယ်။ အိန္ဒိယအတွက်လည်း ဒေသတွင်းမှာ တရုတ်နိုင်ငံရဲ့ ဘင်္ဂလားပင်လယ်ကို ထိုးဖောက်ဝင်ရောက်မှုအပေါ်မှာ စိုးရိမ်သောက အတော်ကို ကြီးခဲ့ပါတယ်။ အဲဒီအတွက်လည်း မြန်မာနိုင်ငံ အစိုးရနဲ့ရော စစ်တပ်နဲ့ပါ အဆင်ပြေအောင် ဆက်ဆံရေး တိုးမြှင့်ပြီးတော့ အိန္ဒိယရဲ့ လုံခြုံရေးကို ကာကွယ်ဖို့လည်း အိန္ဒိယဘက်က လိုအပ်တဲ့ အနေအထား ဖြစ်ပါတယ်။”

တဖက်မှာတော့ မြန်မာအစိုးရဘက်က တရုတ်ရဲ့ ခေတ်သစ်ပိုးလမ်းမ စီမံကိန်းကြီးမှာ ပါဝင်ဖို့ သဘောတူထားသလို တရုတ်-မြန်မာ စီးပွားရေးစင်္ကြံအဖြစ် ပူးပေါင်းဆောင်ရွက်နေတာ တွေ့ရပါတယ်။ ဒေသတွင်း တရုတ်ရဲ့ ချဲ့ထွင်းထိုးဖောက်လာမှုကို အိန္ဒိယက ကာကွယ်တဲ့အနေနဲ့ အင်ဒို-ပစိဖိတ် နည်းဗျူဟာတရပ် ချမှတ်ထားပါတယ်။ ဒါပေမယ့် အိန္ဒိယရဲ့ ဗျူဟာအပေါ်မှာ လက်ရှိ NLD အစိုးရရဲ့ သဘောထား တုံ့ပြန်မှှုက ရှင်းရှင်းလင်းလင်း မရှိဘူးလို့ အကဲခတ်တချို့က ဝေဖန်ထောက်ပြခဲ့ပါတယ်။ ဒေါက်တာတင့်ဆွေကတော့ သူ့ရဲ့အမြင်ကို အခုလိုပြောပါတယ်။

“မြန်မာနိုင်ငံအစိုးရ အနေနဲ့ကတော့ လွန်ခဲ့တဲ့ နှစ်ပေါင်းငါးဆယ်အတွင်း တရုတ်-မြန်မာ ဆက်ဆံရေးကို ကြည့်ရင် တဖက်စောင်းနင်း အနင်းခံရ၊ အစီးခံရ၊ အကျော်ခံရတဲ့ အနေအထားကို အခု လေးငါးနှစ်နဲ့ ပြန်ပြီးတော့ ရင်းစားရအောင်လုပ်ဖို့ မရနိုင် မဖြစ်နိုင်တဲ့ တကယ့်ခက်ခဲတဲ့ အနေအထားပေါ်မှာ လမ်းလျှောက်ရတဲ့ စီမံခန့်ခွဲတဲ့ အစိုးရအဆင့်သာ ဖြစ်သေးတယ်။ ဒါကြောင့် ရေရှည် မြန်မာနိုင်ငံရဲ့ လုံခြုံရေး အကျိုးစီးပွား၊ စီးပွားရေး အကျိုးစီးပွားကို ကြည့်နိုင်အောင် အတွက်ကတော့ အခုကတည်းက ခြေလှမ်းခပ်ကျဲကျဲလေးတွေ ဆက်လှမ်းပြီး နှစ်ပေါင်းမြောက်မြားစွာ ပြန်ပြီးတော့ ဖေးဖေးမမ ဒါတွေ ရနိုင်တဲ့အတွက် အိန္ဒိယ-မြန်မာ နှစ်နိုင်ငံ ဆက်ဆံရေးဟာ အဆင့်တခုပေါ်မှာတော့ ခြေလှမ်းကျဲကျဲနဲ့ နှစ်နိုင်ငံလုံးက လျှောက်နေကြတယ်လို့ ကျနော်မြင်ပါတယ်။”

မြန်မာစစ်ခေါင်းဆောင်တွေက နိုင်ငံတကာ အရည်အချင်းပြည့်မီတဲ့ စစ်တပ်တခု တည်ဆောက်ဖို့ အိန္ဒိယရဲ့ အကူအညီ ပိုပြီးလိုလားကြောင်း ပြသလာပါတယ်။ ဒါကိုကြည့်ရင် တရုတ်ကို ရေရှည်အားကိုးလို့ မရကြောင်း မြင်လာတဲ့အတွက် ဖြစ်တယ်လို့ ဒေါက်တာတင့်ဆွေက ပြောပါတယ်။

“တရုတ်နိုင်ငံကပေးတဲ့ စစ်ရေးအကူအညီတွေဟာ ကမ္ဘာ့အဆင့်နဲ့ကြည့်ရင် တတိယတန်းစားလောက်ပဲ ရတာ။ ဆိုတော့ ရေရှည်မှာ အသုံးမကျနိုင်ဘူး။ ဒီဟာကို မြင်လာတဲ့အခါမှာ မြန်မာစစ်တပ် အနေနဲ့က အိန္ဒိယအပါအဝင် နိုင်ငံတကာ အဆင့်မီတဲ့ လက်နက်တွေ လိုချင်လာတယ်။ တရုတ်ချည်းပဲ မှီခိုရတာထက်စာရင် အိန္ဒိယလက်နက်တွေကို အသုံးပြုတာက ပိုပြီးတော့ သင့်တော်စရာအကြောင်း ရှိတယ်။”

သမ္မတ ဦးဝင်းမြင့်ရဲ့ လေးရက်ကြာ အိန္ဒိယခရီးစဉ်အတွင်း သမ္မတကတော် ဒေါ်ချိုချိုလည်း လိုက်ပါသွားမှာဖြစ်ပြီး နယူးဒေလီမြို့တော်မှာ အိန္ဒိယအစိုးရ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံမှာဖြစ်သလို နာမည်ကျော် Taj Mahal ရှိရာ Agra မြို့နဲ့ Bihar ပြည်နယ်က ဗုဒ္ဓဂါယာတို့ကို သွားရောက်လည်ပတ်မယ်လို့ မျှော်လင့်ထားကြောင်းလည်း အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

ဒီအတောအတွင်း အိန္ဒိယ ရေတပ်ဦးစီးချုပ် Karambir Singh ဟာ နှစ်နိုင်ငံ စစ်ရေးဆက်ဆံရေး တိုးမြှင့်ဖို့နဲ့ မြန်မာရေတပ်ကို နည်းပညာသင်တန်းတွေပေးဖို့ ဖေဖော်ဝါရီလ ၁၇ ရက်ကနေ ၂၀ ရက်နေ့ထိ မြန်မာနိုင်ငံကို လာရောက်ခဲ့ပါတယ်။ ခရီးစဉ်အတွင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင် ရေတပ်၊ လေတပ် ထိပ်တန်းစစ်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့သလို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း တွေ့ဆုံပြီး အိန္ဒိယကပေးမယ့် ရေတပ်ဆိုင်ရာ အကူအညီတွေနဲ့ ပတ်သက်လို့ ရှင်းပြခဲ့ကြောင်း အိန္ဒိယရေတပ်ရဲ့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

တိုက္႐ိုက္ လင့္ခ္


XS
SM
MD
LG