သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

သမၼတ ဦး၀င္းျမင့္ ေရွ႕သီတင္းပတ္ အိႏၵိယႏုိင္ငံသြားမည္


၂၀၁၉ ေမလတုန္းက သမၼတ ဦး၀င္းျမင့္ အိႏၵိယႏုိင္ငံသို႔ ေရာက္ရွိစဥ္

(Zawgyi/Unicode)

သမၼတ ဦး၀င္းျမင့္ဟာ အိႏၵိယႏုိင္ငံကုိ ခ်စ္ၾကည္ေရးခရီးစဥ္အျဖစ္ ေရွ႕သီတင္းပတ္ထဲ သြားေရာက္မွာ ျဖစ္ေၾကာင္း ၂ ႏုိင္ငံ တာ၀န္ရွိသူေတြ ေၾကညာလုိက္ပါတယ္။ အိႏၵိယသမၼတ Ram Nath Kovind ရဲ႕ ဖိတ္ၾကားခ်က္အရ သြားေရာက္မယ့္ ခရီးစဥ္မွာ သမၼတကေတာ္ ေဒၚခ်ဳိခ်ဳိ အတူလုိက္ပါသြားမွာ ျဖစ္ေၾကာင္းလည္း သမၼတ႐ုံးက သတင္းထုတ္ျပန္ထားတာပါ။

ေဖေဖာ္၀ါရီလ ၂၆ ရက္ေန႔ကေန ၂၉ ရက္ေန႔အထိ ခရီးစဥ္အတြင္း နယူးေဒလီၿမိဳ႕ေတာ္မွာ အိႏၵိယအစုိးရ တာ၀န္ရွိသူေတြနဲ႔ ေတြ႔ဆုံမွာျဖစ္သလုိ၊ နာမည္ေက်ာ္ Taj Mahal ရွိရာ Agra ၿမိဳ႕နဲ႔ Bihar ျပည္နယ္က ဗုဒၶဂယာ တုိ႔ကုိ သြားေရာက္လည္ပတ္မယ္လုိ႔ ေမွ်ာ္လင့္ထားေၾကာင္းလည္း အိႏၵိယႏုိင္ငံျခားေရး၀န္ႀကီးဌာနက သတင္းထုတ္ျပန္ထားပါတယ္။

အိႏၵိယေရတပ္အႀကီးအကဲရဲ႕ ဒီသီတင္းပတ္ထဲ ျမန္မာႏုိင္ငံ ခရီးစဥ္ အၿပီးမွာပဲ သမၼတ ဦး၀င္းျမင့္ အိႏၵိယႏုိင္ငံကုိသြားေရာက္မွာပါ။ အိႏၵိယေရတပ္ဦးစီးခ်ဳပ္ Karambir Singh ရဲ႕ ၄ ရက္ၾကာ ျမန္မာျပည္ ခရီးစဥ္အတြင္းမွာေတာ့ ႏုိင္ငံေတာ္ အတုိင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္၊ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လိႈင္ အပါအ၀င္ ျမန္မာထိပ္တန္းေခါင္းေဆာင္ေတြနဲ႔ ေတြ႔ဆုံခဲ့ပါတယ္။

ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ေတြ႔ဆုံရာမွာ လူသားအရင္းအျမစ္ ဖြံ႔ၿဖိဳးေရးနဲ႔ ကပ္ေဘးဒဏ္ စီမံခန္႔ခဲြေရး ကိစၥေတြ အပါအ၀င္ ၂ ႏုိင္ငံၾကား ဆက္ဆံေရးနဲ႔ ပူးေပါင္းေဆာင္ရြက္မႈေတြ ျမွင့္တင္ဖုိ႔ ေဆြးေႏြးခဲ့ေၾကာင္းလည္း ႏုိင္ငံေတာ္ အတုိင္ပင္ခံ႐ုံးက သတင္းထုတ္ျပန္ခဲ့တာပါ။

ျမန္မာစစ္တပ္ အဆင့္ျမင့္အရာရွိေတြနဲ႔ ေတြ႔ဆုံရာမွာ ၂ ႏုိင္ငံ လုံၿခံဳေရးကိစၥအျပင္ ေဒသတြင္း ၿငိမ္းခ်မ္းတည္ၿငိမ္ေရး၊ မူးယစ္ေဆး၀ါး တုိက္ဖ်က္ေရး၊ လူသားခ်င္းစာနာမႈဆုိင္ရာ အကူအညီေပးေရး စတဲ့ ကိစၥရပ္ေတြကုိ ေဆြးေႏြးခဲ့ေၾကာင္းလည္း ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံးက သတင္းထုတ္ျပန္ထားပါတယ္။

တိုက္႐ိုက္ လင့္ခ္


.............

သမ္မတ ဦးဝင်းမြင့် ရှေ့သီတင်းပတ် အိန္ဒိယနိုင်ငံသွားမည်

(Unicode)

သမ္မတ ဦးဝင်းမြင့်ဟာ အိန္ဒိယနိုင်ငံကို ချစ်ကြည်ရေးခရီးစဉ်အဖြစ် ရှေ့သီတင်းပတ်ထဲ သွားရောက်မှာ ဖြစ်ကြောင်း ၂ နိုင်ငံ တာဝန်ရှိသူတွေ ကြေညာလိုက်ပါတယ်။ အိန္ဒိယသမ္မတ Ram Nath Kovind ရဲ့ ဖိတ်ကြားချက်အရ သွားရောက်မယ့် ခရီးစဉ်မှာ သမ္မတကတော် ဒေါ်ချိုချို အတူလိုက်ပါသွားမှာ ဖြစ်ကြောင်းလည်း သမ္မတရုံးက သတင်းထုတ်ပြန်ထားတာပါ။

ဖေဖော်ဝါရီလ ၂၆ ရက်နေ့ကနေ ၂၉ ရက်နေ့အထိ ခရီးစဉ်အတွင်း နယူးဒေလီမြို့တော်မှာ အိန္ဒိယအစိုးရ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံမှာဖြစ်သလို၊ နာမည်ကျော် Taj Mahal ရှိရာ Agra မြို့နဲ့ Bihar ပြည်နယ်က ဗုဒ္ဓဂယာ တို့ကို သွားရောက်လည်ပတ်မယ်လို့ မျှော်လင့်ထားကြောင်းလည်း အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

အိန္ဒိယရေတပ်အကြီးအကဲရဲ့ ဒီသီတင်းပတ်ထဲ မြန်မာနိုင်ငံ ခရီးစဉ် အပြီးမှာပဲ သမ္မတ ဦးဝင်းမြင့် အိန္ဒိယနိုင်ငံကိုသွားရောက်မှာပါ။ အိန္ဒိယရေတပ်ဦးစီးချုပ် Karambir Singh ရဲ့ ၄ ရက်ကြာ မြန်မာပြည် ခရီးစဉ်အတွင်းမှာတော့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင် မြန်မာထိပ်တန်းခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံရာမှာ လူသားအရင်းအမြစ် ဖွံ့ဖြိုးရေးနဲ့ ကပ်ဘေးဒဏ် စီမံခန့်ခွဲရေး ကိစ္စတွေ အပါအဝင် ၂ နိုင်ငံကြား ဆက်ဆံရေးနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ မြှင့်တင်ဖို့ ဆွေးနွေးခဲ့ကြောင်းလည်း နိုင်ငံတော် အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်ခဲ့တာပါ။

မြန်မာစစ်တပ် အဆင့်မြင့်အရာရှိတွေနဲ့ တွေ့ဆုံရာမှာ ၂ နိုင်ငံ လုံခြုံရေးကိစ္စအပြင် ဒေသတွင်း ငြိမ်းချမ်းတည်ငြိမ်ရေး၊ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး၊ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေး စတဲ့ ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြောင်းလည်း ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ထားပါတယ်။

XS
SM
MD
LG