(Zawgyi / Unicode)
တ႐ုတ္ႏုိင္ငံ၊ ၀ူဟန္ၿမိဳ႕မွာ တကၠသိုလ္ပညာ သင္ၾကားေနတဲ့ အိႏၵိယေက်ာင္းသူေက်ာင္းသား ၃၂၄ ေယာက္ကို အိႏၵိယအစိုးရက ဒီကေန႔ စေနေန႔မွာ ေလယာဥ္နဲ႔ ျပန္ေခၚလာပါၿပီ။
နယူးေဒလီၿမိဳ႕ကို ေလယာဥ္ဆိုက္တဲ့ အခ်ိန္မွာပဲ သူတို႔မွာ ကုိ႐ုိနာဗုိင္းရပ္စ္ ကူးစက္ခံထားရျခင္း ရွိမရွိ သီတင္း ၂ ပတ္ၾကာ ေစာင့္ၾကည့့္ဖို႔ သီးျခားခြဲထားတဲ့ ေနရာတခုကို ပို႔ေဆာင္ခဲ့တာပါ။
အိႏၵိယမွာ ကုိ႐ုိနာဗုိင္းရပ္စ္ ကူးစက္ခံထားရတဲ့ ပထမဆုံး ေက်ာင္းသားတေယာက္ကိုေတာ့ ႏုိင္ငံေတာင္ပိုင္း Kerala ျပည္နယ္မွာ ေတြ႔ရွိခဲ့ပါတယ္။
ကမၻာေပၚက ဒုတိယ လူဦးေရအမ်ားဆုံးျဖစ္တဲ့ အိႏၵိယႏုိင္ငံမွာ ေရာဂါကာကြယ္တားဆီးေရး ျပင္ဆင္ေဆာင္ရြက္ေနပါၿပီ။
နယူးေဒလီၿမိဳ႕က ေလဆိပ္ကို ဒီကေန႔ ေရာက္လာၾကတဲ့ လူ ၂၀၀ ေက်ာ္ဟာ ေက်ာင္းသူေက်ာင္းသားေတြ ျဖစ္ပါတယ္။
တ႐ုတ္ႏုိင္ငံမွာ ပညာသင္ၾကားေနၾကတဲ့ အိႏၵိယေက်ာင္းသား ၂ ေသာင္းေက်ာ္ရွိၿပီး အမ်ားစုကေတာ့ ေဆးေကာလိပ္မွာ တက္ေရာက္သင္ၾကားေနၾကတာ ျဖစ္ပါတယ္။
ကုိ႐ုိနာဗုိင္းရပ္စ္ ကူးစက္မႈေၾကာင့္ အ၀င္အထြက္ပိတ္ထားတဲ့ ၀ူဟန္နဲ႔ အနီးတ၀ိုက္ ေဒသကေန အိႏၵိယႏုိင္ငံသားေတြကို ေခၚထုတ္လာမယ့္ ဒုတိယေလယာဥ္တစင္းလည္း မၾကာခင္ ဆုိက္ေရာက္လာဖို႔ ရွိပါတယ္။
အိႏၵိယႏုိင္ငံ ၿမိဳ႕ႀကီး ၇ ခုက အဓိကေလဆိပ္ေတြမွာေတာ့ တ႐ုတ္နဲ႔ ေဟာင္ေကာင္က ေရာက္လာတဲ့ ခရီးသည္အားလုံးကို ကိုယ္အပူခိ်န္ တုိင္းတာေနၿပီး ေရာဂါပါလာသူအျဖစ္ မသကၤာသူေတြကို ခြဲထုတ္ထားမယ့္ အစီအစဥ္ေတြလည္း လုပ္ေဆာင္ထားပါတယ္။ ခုလက္ရွိမွာေတာ့ ျပည္နယ္ေပါင္း ၈ ခုမွာ သီးျခားခြဲထုတ္ထားတဲ့ လူေပါင္း ၄၀ ေလာက္ ရွိေနပါတယ္။
----------------------------------
(Unicode)
ဝူဟန်က အိန္ဒိယကျောင်းသား ၃၀၀ ကျော် အစိုးရပြန်ခေါ်
တရုတ်နိုင်ငံ၊ ဝူဟန်မြို့မှာ တက္ကသိုလ်ပညာ သင်ကြားနေတဲ့ အိန္ဒိယကျောင်းသူကျောင်းသား ၃၂၄ ယောက်ကို အိန္ဒိယအစိုးရက ဒီကနေ့ စနေနေ့မှာ လေယာဉ်နဲ့ ပြန်ခေါ်လာပါပြီ။
နယူးဒေလီမြို့ကို လေယာဉ်ဆိုက်တဲ့ အချိန်မှာပဲ သူတို့မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရခြင်း ရှိမရှိ သီတင်း ၂ ပတ်ကြာ စောင့်ကြည့်ဖို့ သီးခြားခွဲထားတဲ့ နေရာတခုကို ပို့ဆောင်ခဲ့တာပါ။
အိန္ဒိယမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရတဲ့ ပထမဆုံး ကျောင်းသားတယောက်ကိုတော့ နိုင်ငံတောင်ပိုင်း Kerala ပြည်နယ်မှာ တွေ့ရှိခဲ့ပါတယ်။
ကမ္ဘာပေါ်က ဒုတိယ လူဦးရေအများဆုံးဖြစ်တဲ့ အိန္ဒိယနိုင်ငံမှာ ရောဂါကာကွယ်တားဆီးရေး ပြင်ဆင်ဆောင်ရွက်နေပါပြီ။
နယူးဒေလီမြို့က လေဆိပ်ကို ဒီကနေ့ ရောက်လာကြတဲ့ လူ ၂၀၀ ကျော်ဟာ ကျောင်းသူကျောင်းသားတွေ ဖြစ်ပါတယ်။
တရုတ်နိုင်ငံမှာ ပညာသင်ကြားနေကြတဲ့ အိန္ဒိယကျောင်းသား ၂ သောင်းကျော်ရှိပြီး အများစုကတော့ ဆေးကောလိပ်မှာ တက်ရောက်သင်ကြားနေကြတာ ဖြစ်ပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကြောင့် အဝင်အထွက်ပိတ်ထားတဲ့ ဝူဟန်နဲ့ အနီးတဝိုက် ဒေသကနေ အိန္ဒိယနိုင်ငံသားတွေကို ခေါ်ထုတ်လာမယ့် ဒုတိယလေယာဉ်တစင်းလည်း မကြာခင် ဆိုက်ရောက်လာဖို့ ရှိပါတယ်။
အိန္ဒိယနိုင်ငံ မြို့ကြီး ၇ ခုက အဓိကလေဆိပ်တွေမှာတော့ တရုတ်နဲ့ ဟောင်ကောင်က ရောက်လာတဲ့ ခရီးသည်အားလုံးကို ကိုယ်အပူချိန် တိုင်းတာနေပြီး ရောဂါပါလာသူအဖြစ် မသင်္ကာသူတွေကို ခွဲထုတ်ထားမယ့် အစီအစဉ်တွေလည်း လုပ်ဆောင်ထားပါတယ်။ ခုလက်ရှိမှာတော့ ပြည်နယ်ပေါင်း ၈ ခုမှာ သီးခြားခွဲထုတ်ထားတဲ့ လူပေါင်း ၄၀ လောက် ရှိနေပါတယ်။