သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဝူဟန္ေရာက္ ျမန္မာေက်ာင္းသားမ်ား ျပန္ေခၚယူေရး စတင္ေဆာင္ရြက္မည္


(Zawgyi/ Unicode)

ကို႐ိုနာဗိုင္းရပ္ပိုးသစ္ ကူးစက္ပ်ံ႕ႏွံ႔မႈ စတင္ရာ တ႐ုတ္ႏိုင္ငံ၊ ဟူေပျပည္နယ္၊ ဝူဟန္ၿမိဳ႕မွာ ပိတ္မိေနတဲ့ ျမန္မာေက်ာင္းသား အေယာက္ ၆၀ ေက်ာ္ကို လာမယ့္ ေဖေဖာ္ဝါရီ ၁ ရက္မွာ စတင္ ေခၚေဆာင္ဖို႔ လုပ္ေဆာင္ ေနပါၿပီ။ သူတုိ႔ေတြ ျမန္မာျပည္ကို ျပန္ေရာက္ဖုိ႔ အခ်ိန္ တလေလာက္ ၾကာအံုးမွာ ျဖစ္ၿပီး လက္ရွိမွာေတာ့ ေက်ာင္းသားေတြအားလံုး က်န္းမာေရးအေျခအေန ေကာင္းမြန္ေၾကာင္း ပိတ္မိေနတဲ့ ေက်ာင္းသား တေယာက္က ေျပာပါတယ္။ အျပည့္အစုံကို ဗြီအိုေအ ျမန္မာပိုင္းသတင္းေထာက္ ကိုေဇာ္ထက္က ေျပာျပေပးမွာပါ။

ေရာဂါပိုးကူးစက္ျပန႔္ႏွံ မႈစတင္ခဲ့တဲ့ ဝူဟမ္ၿမိဳ႕မွာ ပိတ္မိ ျမန္မာတကၠသိုလ္ေက်ာင္းသား အေယာက္ ၆၀ ကို ေဖေဖာ္ဝါရီ ၁ရက္မွာ စတင္ျပန္ေခၚယူဖို႔ ျမန္မာသံ႐ုံးက စီစဥ္ေနတယ္လို႔ တဲ့သိရတဲ့အတြက္ ဝမ္းသာေၾကာင္းမဟာသိပၸံေက်ာင္းသား ကိုစည္သူထြန္းက ေျပာပါတယ္။

“ ျပန္ေခၚမယ့္ဟာကိုေတာ့ က်ေနာ္တို႔ ျငင္းဖို႔ အစီအစဥ္မရွိပါဘူး။ ဒီဟာက သူတို႔လုပ္ေပးႏိုင္တဲ့ အတိုင္းအတာ တခုထိေပါ့ေနာ္၊ လုပ္ေပးတယ္ဆိုေတာ့ လက္ခံရမွာေပါ့။ ျပန္ေခၚတာကိုပဲ ေက်းဇူးတင္ရမွာပါ။”

ဝူဟန္တကၠသိုလ္ ျမန္မာေက်ာင္းသားေတြ အကူအညီလိုအပ္တဲ့သတင္းကို ဖတ္ရႈႏိုင္ပါၿပီ။

ျမန္မာေက်ာင္းသားေတြကို ဟူေဘးျပည္နယ္၊ ဝူဟန္ၿမိဳ႕ကေန ေတာင္ဘက္ကပ္လ်က္ျပည္နယ္ တခုျဖစ္တဲ့ ဟူနန္ျပည္နယ္၊ ခ်န္းရွၿမိဳ႕ကို ဘတ္စကားနဲ႔ ပထမအဆင့္ ေ႐ႊ႕ေျပာင္းမွာျဖစ္ပါတယ္။ သူတို႔မွာ ေရာဂါကူးစက္မႈရွိမရွိ ေစာင့္ၾကည့္ၿပီးမွ ျမန္မာႏိုင္ငံကို စင္းလံုးငွားေလယာဥ္နဲ႔ ျပန္ပို႔ေပးဖို႔ စီစဥ္ထားၿပီး ပ်မ္းမွ် အခ်ိန္ ၁ လ ေလာက္ၾကာႏိုင္မယ္လို႔ သံ႐ုံးထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

ေက်ာင္းသားေတြကိစၥ အေသးစိတ္ေဆာင္႐ြက္ေနတဲ့ ေပက်င္းၿမိဳ႕က ျမန္မာသံ႐ုံးကို ဗြီအိုေအက ဆက္သြယ္ေမးျမန္းခဲ့ေပမယ့္ ဖုန္းျပန္လည္ေျဖၾကားျခင္း မရွိပါဘူး။

“ ဟုတ္ကဲ့ အဲဒီကိစၥနဲ႔ပတ္သက္ၿပီး အေသးစိတ္ထုတ္ျပန္တာ ျမန္မာသံ႐ုံး ေပက်င္းကပါရွင့္၊ ေကာင္စစ္ဝန္႐ုံးအေနနဲ႔ေတာ့ အဲဒီကိစၥနဲ႔ပတ္သက္ၿပီး သီးျခား ထုတ္ျပန္တာ မရွိေသးပါဘူရွင့္။”

နန္နင္းၿမိဳ႕က ျမန္မာေကာင္စစ္ဝန္႐ုံးကို ဗြီအိုေအက ေမးျမန္းခဲ့တာျဖစ္ပါတယ္။

ဝူဟန္အေျခအေန ျမန္မာေက်ာင္းသားကိုယ္ေတြ႕သတင္းကို ဖတ္ရႈႏိုင္ပါၿပီ။

ဝူဟမ္မွာ ပါကစၥတန္ေက်ာင္းသား ခန႔္မွန္းေျခ အေယာက္ ၅၀၀ ရွိၿပီး ၄ေယာက္က ဒီေရာဂါပိုးကူးစက္ခံရၿပီးက်န္တဲ့ေက်ာင္းသားေတြက အျပင္ထြက္ဖို႔ စိုးရမ္ေနၾကေၾကာင္း ပါကစၥတန္က်န္းမာေရးဝန္ႀကီးက မေန႔ကေျပာသြားပါတယ္။ ျမန္မာေက်ာင္းသားေတြကေတာ့ က်န္းက်န္းမာမာ ရွိၿပီး အားလံုး ေက်ာင္းဝင္း အတြင္းမွာ ေနၾကတာျဖစ္လို႔ စိုးရိမ္စရာမရွိေၾကာင္း ကိုစည္သူထြန္းကေျပာပါတယ္။

“ ပါကစၥတန္ေက်ာင္းသားေတြက အျပင္မွာေနတဲ့ ေက်ာင္းသားေတြေပါ့ေနာ္။ ေက်ာင္းထဲမွာေနတဲ့ ေက်ာင္းသားေတြမဟုတ္ဘူး။ ၿပီးေတာ့ နည္းနည္း ေဝးတယ္ေပါ့ က်ေနာ္တို႔။ အရမ္းႀကီးစိုးရိမ္တာမ်ိဳးေတာ့ မရွိပါဘူး၊ ဒီအခ်ိန္မွာ စိုးရိမ္စိတ္မ်ားလို႔ရွိရင္ side effect တခုျဖစ္ႏိုင္တဲ့အတြက္ မစိုးရိမ္ေအာင္ေနဖို႔ က်ေနာ္တို႔ေျပာထားပါတယ္။”

ေက်ာင္းအမ်ားစုမွာ ေစ်းဆိုင္ေတြ ျပန္ဖြင့္ဖို႔ခြင့္မျပဳေသးတာေၾကာင့္ အစားအေသာက္ဝယ္ယူဖို႔အတြက္ အခက္အခဲရွိေၾကာင္းလည္း ျမန္မာေက်ာင္းသား တခ်ိဳ႕က သူတို႔လူမႈကြန္ရက္ စာမ်က္ႏွာမွာ ေရးသားၾကပါတယ္။

coronavirus အႏၲရာယ္မွ ကာကြယ္ရန္နည္းလမ္းမ်ား
coronavirus အႏၲရာယ္မွ ကာကြယ္ရန္နည္းလမ္းမ်ား

တ႐ုတ္ကုန္းတြင္းပိုင္း ဝူဟမ္ၿမိဳ႕ကေန ပ်ံ႕ႏွံ႔လာတဲ့ ဒီေရာဂါပိုးဟာ အခုဆိုရင္ တ႐ုတ္ျပည္နယ္ႀကီး ၃၁ ခုကိုပ်ံ႕ႏွံ႔လာၿပီး လူဦးေရ ၇၇၀၀ ေက်ာ္ ကူးစက္ခံေနရပါတယ္။ ေသဆုံးသူကေတာ့ ဒီေန႔ ဇန္နဝါရီ ၃၀ ရက္ မနက္ပိုင္းမွာ ၁၇၀ ရွိၿပီး အားလုံးက တ႐ုတ္ႏိုင္ငံသားေတြျဖစ္ပါတယ္။

တ႐ုတ္ရဲ႕ ပညာေရးၿမိဳ႕ေတာ္တခုျဖစ္တဲ့ ဝူဟမ္မွာ တကၠသိုလ္နဲ႔ ေကာလိပ္ေပါင္း ၃၀ေက်ာ္ရွိၿပီး ကမာၻအႏွံ႔က ႏိုင္ငံျခားေက်ာင္းသားေပါင္း ၅သိန္းနီးပါး ပညာသင္ေနၾကပါတယ္။ အေမရိကန္၊ ဂ်ပန္အပါအဝင္ ဩစေၾတးလ်၊ ၿဗိတိန္၊ ျပင္သစ္ စတဲ့ႏိုင္ငံေတြက သူတို႔ ႏိုင္ငံသားေတြကို ျပန္လည္ ေခၚယူေနၾကပါတယ္။

ကို႐ိုနာဗိုင္းရပ္စ္နဲ႔ အသြင္တူ MERS ေရာဂါပိုးဟာ ၂၀၁၂ တုန္းက ေဆာ္ဒီအာေရးဗီးယားႏိုင္ငံမွာ စျဖစ္ခဲ့ၿပီး ၂၇ႏိုင္ငံကိုပ်ံ႕ႏွံ႔ခဲ့ပါတယ္။ လူအေယာက္ ၂၅၀၀ နီးပါး ကူးစက္ခဲ့ၿပီး ၈၅၀ ေက်ာ္ ေသဆုံးခဲ့တာပါ။ အလားတူပဲ SARS ေရာဂါပိုးဟာ ၂၀၀၂ ခုႏွစ္မွာ တ႐ုတ္ႏိုင္ငံက စတင္ခဲ့ၿပီး ႏိုင္ငံ ၃၀ ေက်ာ္ကို ပ်ံ႕ႏွံ႔ခဲ့ၿပီး လူအေယာက္ ၈၀၀၀ ေက်ာ္ကို ကူးစက္ ၈၀၀ ေက်ာ္ေသဆုံးခဲ့ပါတယ္။ အခု coronavirus က ႏိုင္ငံေပါင္း ၂၀ ကိုေရာက္ရွိေနၿပီ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္


.....................

ဝူဟန်ရောက် မြန်မာကျောင်းသားများ ပြန်ခေါ်ယူရေး စတင်ဆောင်ရွက်မည်

(Unicode)

ကိုရိုနာဗိုင်းရပ်ပိုးသစ် ကူးစက်ပျံ့နှံ့မှု စတင်ရာ တရုတ်နိုင်ငံ၊ ဟူပေပြည်နယ်၊ ဝူဟန်မြို့မှာ ပိတ်မိနေတဲ့ မြန်မာကျောင်းသား အယောက် ၆၀ ကျော်ကို လာမယ့် ဖေဖော်ဝါရီ ၁ ရက်မှာ စတင် ခေါ်ဆောင်ဖို့ လုပ်ဆောင် နေပါပြီ။ သူတို့တွေ မြန်မာပြည်ကို ပြန်ရောက်ဖို့ အချိန် တလလောက် ကြာအုံးမှာ ဖြစ်ပြီး လက်ရှိမှာတော့ ကျောင်းသားတွေအားလုံး ကျန်းမာရေးအခြေအနေ ကောင်းမွန်ကြောင်း ပိတ်မိနေတဲ့ ကျောင်းသား တယောက်က ပြောပါတယ်။ အပြည့်အစုံကို ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် ကိုဇော်ထက်က ပြောပြပေးမှာပါ။

ရောဂါပိုးကူးစက်ပြန့်နှံ မှုစတင်ခဲ့တဲ့ ဝူဟမ်မြို့မှာ ပိတ်မိ မြန်မာတက္ကသိုလ်ကျောင်းသား အယောက် ၆၀ ကို ဖေဖော်ဝါရီ ၁ရက်မှာ စတင်ပြန်ခေါ်ယူဖို့ မြန်မာသံရုံးက စီစဉ်နေတယ်လို့ တဲ့သိရတဲ့အတွက် ဝမ်းသာကြောင်းမဟာသိပ္ပံကျောင်းသား ကိုစည်သူထွန်းက ပြောပါတယ်။

“ ပြန်ခေါ်မယ့်ဟာကိုတော့ ကျနော်တို့ ငြင်းဖို့ အစီအစဉ်မရှိပါဘူး။ ဒီဟာက သူတို့လုပ်ပေးနိုင်တဲ့ အတိုင်းအတာ တခုထိပေါ့နော်၊ လုပ်ပေးတယ်ဆိုတော့ လက်ခံရမှာပေါ့။ ပြန်ခေါ်တာကိုပဲ ကျေးဇူးတင်ရမှာပါ။”

ဝူဟန်တက္ကသိုလ် မြန်မာကျောင်းသားတွေ အကူအညီလိုအပ်တဲ့သတင်းကို ဖတ်ရှုနိုင်ပါပြီ။

မြန်မာကျောင်းသားတွေကို ဟူဘေးပြည်နယ်၊ ဝူဟန်မြို့ကနေ တောင်ဘက်ကပ်လျက်ပြည်နယ် တခုဖြစ်တဲ့ ဟူနန်ပြည်နယ်၊ ချန်းရှမြို့ကို ဘတ်စကားနဲ့ ပထမအဆင့် ရွှေ့ပြောင်းမှာဖြစ်ပါတယ်။ သူတို့မှာ ရောဂါကူးစက်မှုရှိမရှိ စောင့်ကြည့်ပြီးမှ မြန်မာနိုင်ငံကို စင်းလုံးငှားလေယာဉ်နဲ့ ပြန်ပို့ပေးဖို့ စီစဉ်ထားပြီး ပျမ်းမျှ အချိန် ၁ လ လောက်ကြာနိုင်မယ်လို့ သံရုံးထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ကျောင်းသားတွေကိစ္စ အသေးစိတ်ဆောင်ရွက်နေတဲ့ ပေကျင်းမြို့က မြန်မာသံရုံးကို ဗွီအိုအေက ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ ဖုန်းပြန်လည်ဖြေကြားခြင်း မရှိပါဘူး။

“ ဟုတ်ကဲ့ အဲဒီကိစ္စနဲ့ပတ်သက်ပြီး အသေးစိတ်ထုတ်ပြန်တာ မြန်မာသံရုံး ပေကျင်းကပါရှင့်၊ ကောင်စစ်ဝန်ရုံးအနေနဲ့တော့ အဲဒီကိစ္စနဲ့ပတ်သက်ပြီး သီးခြား ထုတ်ပြန်တာ မရှိသေးပါဘူရှင့်။”

နန်နင်းမြို့က မြန်မာကောင်စစ်ဝန်ရုံးကို ဗွီအိုအေက မေးမြန်းခဲ့တာဖြစ်ပါတယ်။

ဝူဟန်အခြေအနေ မြန်မာကျောင်းသားကိုယ်တွေ့သတင်းကို ဖတ်ရှုနိုင်ပါပြီ။

ဝူဟမ်မှာ ပါကစ္စတန်ကျောင်းသား ခန့်မှန်းခြေ အယောက် ၅၀၀ ရှိပြီး ၄ယောက်က ဒီရောဂါပိုးကူးစက်ခံရပြီးကျန်တဲ့ကျောင်းသားတွေက အပြင်ထွက်ဖို့ စိုးရမ်နေကြကြောင်း ပါကစ္စတန်ကျန်းမာရေးဝန်ကြီးက မနေ့ကပြောသွားပါတယ်။ မြန်မာကျောင်းသားတွေကတော့ ကျန်းကျန်းမာမာ ရှိပြီး အားလုံး ကျောင်းဝင်း အတွင်းမှာ နေကြတာဖြစ်လို့ စိုးရိမ်စရာမရှိကြောင်း ကိုစည်သူထွန်းကပြောပါတယ်။

“ ပါကစ္စတန်ကျောင်းသားတွေက အပြင်မှာနေတဲ့ ကျောင်းသားတွေပေါ့နော်။ ကျောင်းထဲမှာနေတဲ့ ကျောင်းသားတွေမဟုတ်ဘူး။ ပြီးတော့ နည်းနည်း ဝေးတယ်ပေါ့ ကျနော်တို့။ အရမ်းကြီးစိုးရိမ်တာမျိုးတော့ မရှိပါဘူး၊ ဒီအချိန်မှာ စိုးရိမ်စိတ်များလို့ရှိရင် side effect တခုဖြစ်နိုင်တဲ့အတွက် မစိုးရိမ်အောင်နေဖို့ ကျနော်တို့ပြောထားပါတယ်။”

ကျောင်းအများစုမှာ ဈေးဆိုင်တွေ ပြန်ဖွင့်ဖို့ခွင့်မပြုသေးတာကြောင့် အစားအသောက်ဝယ်ယူဖို့အတွက် အခက်အခဲရှိကြောင်းလည်း မြန်မာကျောင်းသား တချို့က သူတို့လူမှုကွန်ရက် စာမျက်နှာမှာ ရေးသားကြပါတယ်။

တရုတ်ကုန်းတွင်းပိုင်း ဝူဟမ်မြို့ကနေ ပျံ့နှံ့လာတဲ့ ဒီရောဂါပိုးဟာ အခုဆိုရင် တရုတ်ပြည်နယ်ကြီး ၃၁ ခုကိုပျံ့နှံ့လာပြီး လူဦးရေ ၇၇၀၀ ကျော် ကူးစက်ခံနေရပါတယ်။ သေဆုံးသူကတော့ ဒီနေ့ ဇန်နဝါရီ ၃၀ ရက် မနက်ပိုင်းမှာ ၁၇၀ ရှိပြီး အားလုံးက တရုတ်နိုင်ငံသားတွေဖြစ်ပါတယ်။

တရုတ်ရဲ့ ပညာရေးမြို့တော်တခုဖြစ်တဲ့ ဝူဟမ်မှာ တက္ကသိုလ်နဲ့ ကောလိပ်ပေါင်း ၃၀ကျော်ရှိပြီး ကမ္ဘာအနှံ့က နိုင်ငံခြားကျောင်းသားပေါင်း ၅သိန်းနီးပါး ပညာသင်နေကြပါတယ်။ အမေရိကန်၊ ဂျပန်အပါအဝင် ဩစတြေးလျ၊ ဗြိတိန်၊ ပြင်သစ် စတဲ့နိုင်ငံတွေက သူတို့ နိုင်ငံသားတွေကို ပြန်လည် ခေါ်ယူနေကြပါတယ်။

ကိုရိုနာဗိုင်းရပ်စ်နဲ့ အသွင်တူ MERS ရောဂါပိုးဟာ ၂၀၁၂ တုန်းက ဆော်ဒီအာရေးဗီးယားနိုင်ငံမှာ စဖြစ်ခဲ့ပြီး ၂၇နိုင်ငံကိုပျံ့နှံ့ခဲ့ပါတယ်။ လူအယောက် ၂၅၀၀ နီးပါး ကူးစက်ခဲ့ပြီး ၈၅၀ ကျော် သေဆုံးခဲ့တာပါ။ အလားတူပဲ SARS ရောဂါပိုးဟာ ၂၀၀၂ ခုနှစ်မှာ တရုတ်နိုင်ငံက စတင်ခဲ့ပြီး နိုင်ငံ ၃၀ ကျော်ကို ပျံ့နှံ့ခဲ့ပြီး လူအယောက် ၈၀၀၀ ကျော်ကို ကူးစက် ၈၀၀ ကျော်သေဆုံးခဲ့ပါတယ်။ အခု coronavirus က နိုင်ငံပေါင်း ၂၀ ကိုရောက်ရှိနေပြီ ဖြစ်ပါတယ်။

XS
SM
MD
LG