သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဝူဟန် (Wuhan) ဗိုင်းရပ်စ်ပိုး သတိပြုစရာ


Medical staff transfer a patient of a suspected case of a new coronavirus at the Prince of Wales Hospital in Hong Kong, China January 22, 2020. Picture taken January 22, 2020. cnsphoto via REUTERS. ATTENTION EDITORS - THIS IMAGE WAS PROVIDED BY A THIRD PA
Medical staff transfer a patient of a suspected case of a new coronavirus at the Prince of Wales Hospital in Hong Kong, China January 22, 2020. Picture taken January 22, 2020. cnsphoto via REUTERS. ATTENTION EDITORS - THIS IMAGE WAS PROVIDED BY A THIRD PA
ဝူဟန် (Wuhan) ဗိုင်းရပ်စ်ပိုး သတိပြုစရာ
please wait

No media source currently available

0:00 0:07:00 0:00
တိုက်ရိုက် လင့်ခ်








==ZawGyi===

တရုတ်မှာစဖြစ်တဲ့ ဝူဟန်ဗိုင်းရပ်စ်ပိုး (Wuhan Virus) အဆုပ်ရောင်ရောဂါကြောင့် သေဆုံးမူတွေ၊ တခြားနိုင်ငံတွေကိုပါ ကူးစက်မူတွေ မြင့်မားလာနေပြီး၊ အိမ်နီးချင်း မြန်မာနိုင်ငံအတွက်လည်း အထူး သတိပြုစရာဖြစ်နေပါတယ်။

ဗိုင်းရပ်စ်က တရုတ်နိုင်ငံအလယ်ပိုင်း Hubei ပြည်နယ် ဝူဟန်မြို့ရှိ သားစိမ်းငါးစိမ်း‌ဈေးက တောရိုင်းတရိစ္ဆာန်တွေမှာရှိတဲ့ ဗိုင်းရပ်ပိုးရဲ့ မျိုးရိုးဗီဇပြောင်းရာကနေ လူကို စတင်ကူးစက်တာ ဖြစ်ကောင်းဖြစ်နိုင်ပြီး၊ အရင်က လူလူချင်းမကူးနိုင်ဘူး ပြောခဲ့ပေမယ့်၊ အခုတော့ လူလူချင်းမှာ လေကတဆင့် ကူးစက်နေကာ၊ သေဆုံးသူ (၈၀) ကျော်လာပြီး၊ ကူးစက်ခံရသူပေါင်းလည်း (၃၀၀၀) နီးပါးရှိလာနေပါပြီ။ သေဆုံးမူတွေက တရုတ်နိုင်ငံမှာ အဓိကဖြစ်နေပြီး၊ အမေရိကန်နဲ့ ဥရောပ၊ သြစတျေးလျအထိ အများကြီး ကူးစက်နေကာ၊ မြန်မာနိုင်ငံအိမ်နီးချင်း ထိုင်းနိုင်ငံမှာလည်း ကူးစက်မူများလာနေတာကြောင့်၊ မြန်မာနိုင်ငံမှာပါ၊ ရောဂါကူးစက်လာနိုင်တာကို စောစောသိနိုင်ရေး ပြင်ဆင်မူတွေ ရှိလာနေပါတယ်။ တရုတ်အစိုးရအနေနဲ့ လူအသေအပျောက်များခဲ့တဲ့ အရင် Severe Acute Respiratory Syndrome – SARS (ခေါ်) ပြင်းထန်တဲ့ အသက်ရှုလမ်းကြောင်းရောဂါတုန်းကလို၊ ဖုံးဖိမထားတာကြောင့်၊ မနှစ် ဒီဇင်ဘာလမှာ စသိလာရပေမယ့် နည်းနည်း ပိုစောပြီး ကြေညာပေးခဲ့သင့်တယ်လို့ ကျန်းမာရေးပညာရှင်တွေက ထောက်ပြနေပါတယ်။

SARS နဲ့ ပိုးအုပ်စုတူတဲ့ ၂၀၁၉ ကရိုနာဗိုင်းရပ်စ် (ခေါ်) ဒီ ဝူဟန်ဗိုင်းရပ်စ်ပိုး လူလူချင်း ကူးစက်ပုံကတော့ ဒီ ဗိုင်းရပ်စ်ပိုးရှိသူကနေ ချောင်းဆိုး၊ နှာချေးတာကတဆင့် လေကနေ အနီးကပ် ကူးစက်တာပါ။ ဒီပိုးရှိသူရဲ့ ချောင်းဆိုး၊ နှာချေးထားတဲ့နှာရည်၊ တံတွေးတွေကို ထိမိပြီး၊ မိမိရဲ့ နှာခေါင်း၊ ပါးစပ်နဲ့ မျက်လုံးကို လက်ကတဆင့် ထပ်ထိမိရာကနေ တိုက်ရိုက်ကူးစက်လေ့ရှိပါတယ်။ SARS လောက် မပြင်းထန်နိုင်ဘူးလို့ ယူဆခဲ့ကြပေမယ့်၊ SARS နဲ့ မတူတဲ့ စိုးရိမ်ရတဲ့ ထူးခြားမူကတော့ Incubation Period (ခေါ်) ရောဂါပျိုးကာလ (၁၀ ရက်မှ ၁၄ ရက်ခန့်) အတွင်းမှာ ရောဂါလက္ခဏာ မပြတာကြောင့် ရောဂါရှိသူလို့ မသိနိုင်တဲ့အဆင့်မှာ၊ နောက် လူတွေကို အထက်ပါနည်းနဲ့ ကူးစက်စေနေကာ၊ ကူးစက်နှုန်း၊ သေနှုန်း များလာနေတာပါ။ အထူးသဖြင့် ဒီပိုးရှိထားသူနဲ့ နီးနီးကပ်ကပ်ရှိတဲ့ ဆွေမျိုး၊ မိတ်ဆွေ၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ဒီရောဂါရှိသူကို ကုသပေးရတဲ့ ဆရာဝန်၊ ဆရာမ၊ ဆေးဝန်ထမ်းတွေမှာ လူနာနဲ့ထိတွေ့ပြီး လက်ကို သေချာမဆေးလျှင် ကူးစက်ခံရနိုင်ပါတယ်။ ဒါ့အပြင် လူထူထပ်တဲ့နေရာတွေနဲ့ လူကြပ်တဲ့ ဘတ်စကားတွေပေါ်မှာလည်း မလွှဲမလျှောင်သာဘဲ၊ ချောင်းဆိုး နှာချေးတာတွေကနေ နှာခေါင်းအုပ်(Mask) မတပ်ထားသူတွေကို အလွယ်တကူ ကူးစက်စေနိုင်ပါတယ်။

ကူးစက်မူကနေ ကာကွယ်နိုင်ဖို့အတွက် အဓိက လက်ကို ဆပ်ပြာနဲ့ အနည်းဆုံး စက္ကန့် (၂၀) ကြာအောင် သေသေချာချာ ဆေးသင့်ပါတယ်။ ဆပ်ပြာမရနိုင်လျှင်လည်း အရက်ပျံလူးတာ (Alcohol Rub) လုပ်ပေးနိုင်ပါတယ်။ လူထူထပ်တဲ့နေရာတွေကို ဖြစ်နိုင်လျှင် မသွားဘဲ၊ မဖြစ်မနေသွားရလျှင်လည်း နှာခေါင်းအုပ် စနစ်တကျ (နှာခေါင်းအထိဖုံးအောင်နဲ့ အဖြူရောင်ဖက်ကို အတွင်းကထားပြီး၊ အပြာရောင်ဖက်ကို အပြင်ဖက်ထားကာ) တပ်ဆင်သင့်ပါတယ်။ ရောဂါရှိသူတွေရှိထားလျှင် အတူကပ်မနေဘဲ၊ တကိုယ်ရေ သန့်ရှင်းမူ (Personal Hygiene) လုပ်ဆောင်ပေးကာ၊ တောရိုင်းတရိစ္ဆာန်တွေကိုမစားဘဲ၊ ပုံမှန်စားတဲ့ အသားငါးတွေကို ကောင်းကောင်းကျက်အောင် ချက်ပြုတ်စားသုံးကာ၊ အိမ်တွင်းနဲ့ မွေးမြူရေးတိရစ္ဆာန်တွေကို ကိုင်တွယ်လျှင် လက်အိပ်သုံးတာ၊ လက်ပြန်ဆေးတာတွေ လုပ်ပေးသင့်ပါတယ်။ အခြေခံ ကျန်းမာရေးကောင်းနေအောင် ကိုယ်ခံအားအတွက် အာဟာရပြည့်အောင်စားပြီး၊ အိပ်ရေးဝအောင် အိပ်ပေးသင့်ပါတယ်။

ရောဂါဖြစ်လာတာကို စောင့်ကြည့်နိုင်တဲ့ လက္ခဏာတွေကတော့ တုတ်ကွေးနဲ့ဆင်တူပြီး ချောင်းဆိုး၊ နှာစေး၊ နှာချေ၊ ခေါင်းကိုက်၊ လည်ချောင်းနာ၊ အဖျားတက်တာအပြင် အသက်ရှုကြပ်တာပါ ဖြစ်လာနိုင်ပါတယ်။ ဒီလက္ခဏာတွေ အခုအချိန်မှာ ဖြစ်လာလျှင်၊ အစိုးရ ကျန်းမာရေးဌာန၊ ဆေးရုံတွေကို သတင်းပို့ သွားပြဖို့ အရေးကြီးပါတယ်။

ကုသမူအတွက်တော့ သီးသန့် ကုထုံးမရှိသေးဘဲ၊ စမ်းသပ်တီထွင် ကုသမူတွေသာ ရှိပါသေးတယ်။ ကာကွယ်ဆေးလည်း မရှိသေးဘဲ၊ ဖော်နိုင်ဖို့ အထူး ကြိုးပမ်းနေတဲ့ အခြေအနေမှာ ရှိနေပါတယ်။

ဒီရောဂါအကြောင်း ပိုမိုသိရှိနိုင်ဖို့ ကိုဝင်းမင်း က အဏုဇီဝဗေဒ ပညာရှင်၊ ဆေးတက္ကသိုလ် (၁) အဏုဇီဝဗေဒဌာန အငြိမ်းစား ဌာနမူး ဂုဏ်ထူးဆောင်ပါမောက္ခ ဒေါက်တာကြည်ကြည်သင်း ကို ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။


==

XS
SM
MD
LG