သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နယ်စပ်ဖြတ် စားသောက်ကုန်တင်သွင်းမှု မဏိပူရပြည်နယ် ကန့်သတ်


အိန္ဒိယနယ်စပ် က ကုန်ကားများ
အိန္ဒိယနယ်စပ် က ကုန်ကားများ

(Zawgyi/Unicode)

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကို ထိန်းချုပ်ဖို့ ကြိုးပမ်းတဲ့ အနေနဲ့ တရုတ်နိုင်ငံအပြင်၊ မြန်မာနိုင်ငံ အပါအဝင် အရှေ့တောင်အာရှ နိုင်ငံတွေက ထုပ်ပိုးစားသောက်ကုန်တွေ တင်သွင်းမှုကို အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ်က ကန့်သတ်လိုက်ပါတယ်။

အစားအစာ ဘေးကင်းလုံခြုံရေးနဲ့ စံချိန်စံညွှန်းကိုက်ညီရေး ၂၀၁၇ နှစ် စည်းမျဉ်းသတ်မှတ်ချက်နဲ့ မကိုက်ညီတဲ့ ထုပ်ပိုးစားသောက်ကုန်တွေကို တင်သွင်းခွင့်ပြုမှာ မဟုတ်ကြောင်း မဏိပူရပြည်နယ် အစားအစာ ဘေးကင်းလုံခြုံရေး ကော်မရှင်က ကြေညာလိုက်တာပါ။

မဏိပူရပြည်နယ် ကျန်းမာရေးဌာန ညွှန်ကြားရေးမှူး Dr. K Rajo Singh ထုတ်ပြန်လိုက်တဲ့ အမိန့်စာမှာတော့ သတ်မှတ်ချက်နဲ့ ကိုက်ညီကြောင်း အမှတ်တဆိပ်မပါတဲ့ ကုန်ပစ္စည်းတွေကို ဘယ်သူတဦးတယောက်မှ တင်သွင်းခွင့် မရှိကြောင်းလည်း ဖော်ပြထားပါတယ်။ အများပြည်သူ ကျန်းမာရေးအတွက် တာဝန်ရှိတဲ့သူတွေက စစ်ဆေးသိမ်းဆည်းမှာ ဖြစ်သလို၊ အမိန့်ကို မလိုက်နာတဲ့သူတွေအပေါ် အလေးအနက် ကိုင်တွယ်မှာ ဖြစ်ကြောင်းလည်း သတိပေးထားပါတယ်။

အိန္ဒိယနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူ ၃ ဦးထက်မနည်းကို အတည်ပြုထားပေမဲ့ မဏိပူရပြည်နယ်မှာတော့ လတ်တလော ကူးစက်မှုသတင်းမျိုး မကြားရသေးပါဘူး ဒါပေမဲ့လည်း ဇန်နဝါရီလ ၁၁ ရက်နေ့ကနေ ဗုဒ္ဓဟူးနေ့အထိ ပြည်နယ်ထဲကို ရောက်လာတဲ့ တရုတ်၊ ထိုင်းနဲ့ စင်္ကာပူ ခရီးသွား ၁၇၂ ယောက် ကိုတော့ သီးသန့်ခွဲထားပြီး စောင့်ကြည့်စစ်ဆေးနေကြောင်းလည်း ကျန်းမာရေးတာဝန်ရှိသူတွေကို ကိုးကားပြီး ဒေသခံသတင်းတွေက ဖော်ပြကြပါတယ်။

လတ်တလော ကူးစက်ခံရသူ တရားဝင် အတည်ပြုထားတာ မရှိသေးတဲ့ မြန်မာနိုင်ငံမှာတော့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ရှိ-မရှိ စောင့်ကြည့် စစ်ဆေးခဲ့ပေမဲ့ ရောဂါပိုးမတွေ့ရကြောင်းလည်း ကျန်းမာရေးဝန်ကြီးဌာန တာဝန်ရှိသူတွေက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်


....................


(Unicode)






XS
SM
MD
LG