သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စိုက်ပျိုးရေးကဏ္ဍတိုးတက်ဖို့ ရန်ပုံငွေပိုသုံးပြီး အိန္ဒိယအစိုးရ လုပ်မယ်


အိန္ဒိယ လယ်ယာလုပ်ငန်းခွင်အတွင်းမှ လူငယ်လေးတဦး။ (ဇူလိုင် ၂၃၊ ၂၀၁၉)
အိန္ဒိယ လယ်ယာလုပ်ငန်းခွင်အတွင်းမှ လူငယ်လေးတဦး။ (ဇူလိုင် ၂၃၊ ၂၀၁၉)

(Zawgyi / Unicode)

အိန္ဒိယနိုင်ငံရဲ့ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းကဏ္ဍ ပြန်လည်ဖွံ့ဖြိုးစေဖို့အတွက် အစိုးရက ဒေါ်လာသန်းထောင်နဲ့ချီ သုံးစွဲဖို့ ပြင်ဆင်နေပါတယ်။ အလုပ်အကိုင်တွေ ဖန်တီးရေးအတွက် အခြေခံ အဆောက်အအုံပိုင်း ဆိုင်ရာမှာ တိုးမြှင့်သုံးစွဲမှာဖြစ်ပြီး အခွန်ကိုလည်း သိသိသာသာ လျှော့ချမှာ ဖြစ်ပါတယ်။

ဆယ်စုနှစ်တခုအတွင်း ဖွံ့ဖြိုးမှုအဆိုးဆုံး အခြေအနေရောက်နေတဲ့ စီးပွားရေးကို မြှင့်တင်နိုင်ဖို့ အခုလို ဆောင်ရွက်တာလည်း ဖြစ်ပါတယ်။

ဝင်ငွေတိုးစေရေးနဲ့ ဝယ်ယူသုံးစွဲနိုင်စွမ်း မြှင့်တင်ဖို့ အသုံးစရိတ် ချထားသုံးစွဲမှာ ဖြစ်ကြောင်း ဘဏ္ဍာရေးဝန်ကြီး Nirmala Sitharaman က ၂၀၂၀ ပြည့်နှစ် အစိုးရ အသုံးစရိတ်ကို စနေနေ့က လွှတ်တော်ကိုတင်တာမှာ အဲဒီလိုပြောသွားတာပါ။

လူတွေလက်ထဲမှာ ငွေရှိဖို့၊ အထူးသဖြင့် လူလတ်တန်းစား၊ ပိုပြီး ဝင်ငွေနည်းတဲ့ လူလတ်တန်းစားတွေရဲ့ လက်ထဲမှာ ငွေရှိနေဖို့ အသေအချာ ဆောင်ရွက်လိုတယ်လို့လည်း ဘဏ္ဍာရေးဝန်ကြီးက ပြောဆိုခဲ့ပါတယ်။

လွန်ခဲ့တဲ့ ၆ နှစ် အာဏာစပြီး ယူခဲ့စဉ်က ဝန်ကြီးချုပ် Narendra Modi က အိန္ဒိယရဲ့ စီးပွားရေးကို တိုးတက်မှုသစ်တရပ် ဖြစ်ထွန်းဖို့နဲ့ အလုပ်အကိုင် သန်းနဲ့ချီ ဖန်တီးပေးဖို့ ကတိပြုထားတာ ဖြစ်ပေမယ့် ဝန်ကြီးချုပ် ဒုတိယသက်တမ်း အတွင်းမှာတော့ ဟိန္ဒူ အမျိုးသားရေးအပေါ်မှာ ပိုပြီး အာရုံစိုက်နေတယ်လို့ ဝေဖန်ခံနေရတဲ့အတွက် စီးပွားရေးကို ပြန်လည်နိုးထစေရေးက အရေးကြီးနေတယ်လို့လည်း နိုင်ငံရေးသုံးသပ်သူတွေက ပြောကြပါတယ်။

လွန်ခဲ့တဲ့ တနှစ်ကျော်ကထိ ကမ္ဘာမှာ စီးပွားရေး အဖွံ့ဖြိုးဆုံးနိုင်ငံအဖြစ် ရပ်တည်ခဲ့တဲ့ အိန္ဒိယနိုင်ငံက အခုလပိုင်းတွေ အတွင်းမှာတော့ စီးပွားရေး ဖွံ့ဖြိုးမှုနှုန်း သိသိသာသာ နှေးကွေးမှုနဲ့ ကြုံတွေ့နေရတာ ဖြစ်ပါတယ်။

-------------------------------------

(Unicode)

စိုကျပြိုးရေးကဏ်ဍတိုးတကျဖို့ ရနျပုံငှပေိုသုံးပွီး အိန်ဒိယအစိုးရ လုပျမယျ







တိုက်ရိုက် လင့်ခ်


XS
SM
MD
LG