သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိန္ဒိယအခြေစိုက် al-Qaida မှာ မြန်မာတချို့ ပါဝင်


အိန္ဒိယအခြေစိုက် al-Qaida အဖွဲ့ဝင်တဦး။ (ဇွန် ၈၊ ၂၀၀၇)
အိန္ဒိယအခြေစိုက် al-Qaida အဖွဲ့ဝင်တဦး။ (ဇွန် ၈၊ ၂၀၀၇)

(Zawgyi / Unicode)

မြန်မာနိုင်ငံ အပါအဝင် နိုင်ငံ ၄ နိုင်ငံက စစ်သွေးကြွအဖွဲ့ဝင် အရေအတွက် ၁၅၀ က ၂၀၀ လောက်ဟာ အိန္ဒိယတိုက်ငယ်က al-Qaida အကြမ်းဖက်အဖွဲ့ခွဲတခုအဖြစ် လှုပ်ရှားနေပြီး အကြမ်းဖက် တိုက်ခိုက်မှုတွေ လုပ်ဖို့ စီစဉ်နေတယ်လို့ ကုလသမဂ္ဂက ထုတ်ပြန်တဲ့ အကြမ်းဖက်ဝါဒဆိုင်ရာ အစီရင်ခံစာတစောင်က သတိပေးထားပါတယ်။

ဒါ့အပြင် အိန္ဒိယနိုင်ငံ၊ Kerala ပြည်နယ်မှာလည်း Islamic States အဖွဲ့ဝင် အရေအတွက် သိသိသာသာရှိနေပြီး အကြမ်းဖက်မှုတွေ လုပ်ဆောင်ဖို့ စီစဉ်နေတယ်လို့လည်း ကုလသမဂ္ဂ အစီရင်ခံစာကို ကိုးကားပြီး The Times of India နဲ့ India Express သတင်းစာတွေ အပါအဝင် နာမည်ကြီး အိန္ဒိယ သတင်းဌာနတွေက ပြောပါတယ်။

အိန္ဒိယတိုက်ငယ်က al-Qaida အဖွဲ့ AQIS ဟာ အာဖဂန်နစ္စတန်နိုင်ငံက တာလီဘန်အဖွဲ့ လက်အောက်မှာ လှုပ်ရှားနေကြောင်း အဲဒီအဖွဲ့မှာ မြန်မာ၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နဲ့ ပါကစ္စတန် နိုင်ငံတွေက အဖွဲ့ဝင် အယောက် ၁၅၀ ကနေ ၂၀၀ အထိရှိကြောင်း၊ အဖွဲ့ရဲ့ လက်ရှိခေါင်းဆောင်က Osama Mahmood ဖြစ်ပြီး အရင်ခေါင်းဆောင်ဟောင်း Asim Umar သတ်ဖြတ်ခံခဲ့ရတာကို လက်စားချေဖို့အတွက် အကြမ်းဖက် တိုက်ခိုက်မှုတွေလုပ်ဖို့ စီစဉ်နေတယ်လို့ ကုလသမဂ္ဂရဲ့ ၂၆ ကြိမ်မြောက် IS နဲ့ al-Qaida အကြမ်းဖက်ဝါဒဆိုင်ရာ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

အစီရင်ခံစာအရ အိန္ဒိယနိုင်ငံ Kerala နဲ့ Karnataka ပြည်နယ်တွေမှာ IS အကြမ်းဖက်အဖွဲ့ဝင် အယောက် ၁၈၀ ကနေ ၂၀၀ အကြား ရှိတယ်လို့လည်း ဆိုပါတယ်။ အဲဒီအဖွဲ့ကို အာရပ်ဘာသာစကားနဲ့ အိန္ဒိယပြည်နယ် Wilayah of Hind လို့ နာမည်ပေးထားပြီး အိန္ဒိယ IS အဖွဲ့ တည်ထောင်ကြောင်း ၂၀၁၉ ခုနှစ်၊ မေလ ၁၀ ရက်နေ့က ကြေညာထားခဲ့တယ်လို့ အိန္ဒိယ သတင်းဌာနတွေက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

-------------------------------

(Unicode)






XS
SM
MD
LG