သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဖရိက အယ်လ်ကိုင်းဒါးခေါင်းဆောင် သေဆုံးကြောင်း အမေရိကန်နဲ့ ပြင်သစ် အတည်ပြု


AQIM အဖွဲ့ခေါင်းဆောင် Abdelmalek Droukdel. (မေ ၁၀၊ ၂၀၀၇)
AQIM အဖွဲ့ခေါင်းဆောင် Abdelmalek Droukdel. (မေ ၁၀၊ ၂၀၀၇)

(Zawgyi / Unicode)

အာဖရိကမြောက်ပိုင်းက အယ်လ်ကိုင်းဒါး အကြမ်းဖက်အဖွဲ့နဲ့ ဆက်နွှယ်နေတဲ့ al-Qaida in the Islamic Maghreb (AQIM) အဖွဲ့ခေါင်းဆောင် Abdelmalek Droukdel သေဆုံးကြောင်း အာဖရိကဒေသဆိုင်ရာ အမေရိကန်စစ်ဌာနချုပ် AFRICOM က အတည်ပြုပါတယ်။

ပြင်သစ်ဦးဆောင်တဲ့ ဇွန်လ ၃ ရက်နေ့ စစ်ဆင်ရေးမှာ Abdelmalek သေဆုံးကြောင်း သီးခြားဆန်းစစ်မှုက ရတဲ့ အချက်အလက်တွေကို ကိုးကားပြီး စနေနေ့မှာ AFRICOM က ထုတ်ပြန်လိုက်တာပါ။ ဒီစစ်ဆင်ရေးဟာ ပူးတွဲစစ်ဆင်ရေးဖြစ်ကြောင်းလည်း AFRICOM ပြောခွင့်ရ ဗိုလ်မှူးကြီး Chris Karns က ဗွီအိုအေကို ပြောပါတယ်။

ပြင်သစ် လက်နက်ကိုင်တပ်များဆိုင်ရာ ဝန်ကြီး Florence Parly က ပြင်သစ်တပ်တွေဟာ ဒေသတွင်း မိတ်ဆွေတွေရဲ့ အကူအညီနဲ့ မာလီမြောက်ပိုင်းမှာ ပြုလုပ်တဲ့ ဇွန်လ ၃ ရက် စစ်ဆင်ရေးအတွင်း Abdelmalek ကို အသေရမိတာဖြစ်ကြောင်း သောကြာနေ့က ကြေညာခဲ့တာပါ။

အာဖရိကမြောက်ပိုင်းမှာ လှုပ်ရှားနေတဲ့ ဒီ ဂျီဟတ်အဖွဲ့ကို ပြင်သစ်တပ်တွေ နှစ်ပေါင်းများစွာ ခြေရာခံလိုက်နေတာဖြစ်ပြီး ပြီးခဲ့တဲ့ သီတင်းပတ်ထဲ အမေရိကန်ရဲ့ ထောက်လှမ်းရေးနဲ့ စောင့်ကြည့်စစ်ဆေးမှု အချက်အလက်တွေအရ သူ့ကို ဖမ်းဖို့ စီစဉ်နိုင်ခဲ့တယ်လို့ AFRICOM က ပြောပါတယ်။

သူဟာ လူပေါင်း ၃၃ ဦး သေဆုံးခဲ့ရတဲ့ အယ်လ်ဂျီးရီးယား ဝန်ကြီးချုပ်ရုံး ဗုံးခွဲမှု အပါအဝင် ၂၀၀၇ ခုနှစ်အတွင်း လူအသေအပျောက်များတဲ့ ဗုံးခွဲမှုတွေ ဆက်တိုက် လုပ်ဆောင်ခဲ့သူလို့ အမေရိကန် အရာရှိတွေက သတ်မှတ်ထားတာပါ။

အခု သူ့ကို အသေရမိခဲ့ပေမယ့် စီးပွားရေးနဲ့ နိုင်ငံရေး မတည်မငြိမ်ဖြစ်နေတဲ့ အာဖရိကအနောက်ပိုင်း တချို့ဒေသတွေမှာ AQIM နဲ့ တခြားအကြမ်းဖက်အဖွဲ့တွေ တိုးလာနေတာကြောင့် ပြင်သစ်၊ အမေရိကန်နဲ့ အာဖရိကဒေသက အရာရှိတွေက စိုးရိမ်နေကြဆဲ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

-------------------------------

(Unicode)








XS
SM
MD
LG