သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အိႏိၵယ ကိုဗစ္ကူးစက္မႈအေရအတြက္ တကမာၻလံုးမွာ အျမန္ဆံုးျဖစ္လာ


အိႏၵိယႏိင္ငံ Hyderabad မွာ ေဒသခံေတြကို COVID-19 စစ္ေဆးုဖို႔ ျပင္ဆင္ေနတဲ့ က်န္းမာေရးဝန္ထမ္းမ်ား။ (ၾသဂုတ္ ၂၈၊ ၂၀၂၀)

(Zawgyi / Unicode)

ကမာၻမွာ တတိယ ကိုဗစ္အဆိုးဆံုး၊ အာရွမွာေတာ့ အဆုိးဆံုးျဖစ္ေနတဲ့ အိႏၵိယႏိုင္ငံမွာ ကိုဗစ္ပိုးေတြ႔သူသစ္ ၇၆,၄၇၂ ဦး ဒီေန႔ ေနာက္ဆံုးရွိခဲ့ၿပီး တႏိုင္ငံလံုး ပိုးေတြ႔သူေပါင္း ၃.၄ သန္း ေက်ာ္သြားပါၿပီ။

လူဦးေရ ၁.၄ ဘီလီယ်ံရွိတဲ့ အိႏိၵယဟာ အခု ကမာၻမွာ ကိုဗစ္ကူးစက္မႈ အျမန္ဆံုးႏိုင္ငံ ျဖစ္သြားပါၿပီ။ ဒါ့အျပင္ ေနာက္ဆံုး ထပ္ေသဆံုးသူ ၁,၀၂၁ ေယာက္ရွိတာမို႔ ေသဆံုးသူေပါင္းလည္း ၆၂,၅၅၀ ထိ တက္လာပါၿပီ။

ေတာင္ကိုရီးယားမွာလည္း လူခ်င္းခပ္ခြာခြာေနဖို႔ တင္းက်ပ္ထားတဲ့ၾကားက ဒီေန႔ ၃၂၃ ဦး ပိုးထပ္ေတြ႔ခဲ့ၿပီး ခုလို ရာဂဏန္းေတြအဆင့္ ၁၆ ရက္ဆက္တိုက္ ျမင့္တက္လာခဲ့ကာ စုစုေပါင္း ပိုးေတြ႔သူ ၁၉,၄၀၀ ေယာက္ ရွိၿပီျဖစ္ပါတယ္။ ေနာက္ထပ္ေသဆံုးသူ ၅ ဦးရွိတာေၾကာင့္ စုစုေပါင္း ေသဆံုးသူက ၃၂၁ ဦး ရွိသြားပါၿပီ။

အခု ေနာက္ထပ္ ေရာဂါပိုးကူးစက္သူ အမ်ားစုဟာ လူေနထူထပ္တဲ့ ဆိုးလ္ၿမိဳ႕ေတာ္ကျဖစ္ၿပီး အဓိကအားျဖင့္ ခရစ္ယာန္ဘုရွားရွိခုိးေက်ာင္းေတြ၊ စားေသာက္ဆိုင္ေတြ၊ ေက်ာင္းေတြနဲ႔ လူေတြစုေနၾကတဲ့ အိမ္ရာေတြမွာ ျဖစ္ခဲ့တာပါ။ ၿပီးခဲ့တဲ့ ၁၆ ရက္အတြင္း ပိုးေတြ႔လူူနာသစ္ ၄,၆၃၀ အထိ ထိုးတက္လာတာမို႔ ေဆး႐ုံေတြ မႏိုင္မွာ စိုးရိမ္ေနၾကပါတယ္။

မေလးရွားႏိုင္ငံမွာေတာ့ ကိုဗစ္ကာကြယ္ထိန္းခ်ဳပ္ေရး ကန္႔သတ္ခ်က္ေတြကို ဒီႏွစ္အကုန္ထိ ထပ္တိုးလိုက္တာမွာ ႏိုင္ငံျခားခရီးသည္ ကန္႔သတ္မႈလည္း ပါသြားပါတယ္။

ကမာၻမွာ ကိုဗစ္ကူးစက္မႈ ျမင့္မားလာေနခ်ိန္ တိုင္းျပည္ထဲမွာ ထိန္းထားႏိုင္ေပမယ့္ ကြက္ၾကားကြက္ၾကား ပိုးေတြ႔ေနရလို႔ ခုလို ကန္႔သတ္မႈ တိုးတာပါလို႔ ဝန္ႀကီးခ်ဳပ္ Muhyiddin Yassin က ႐ုပ္ျမင္သံၾကားကေန မိန္႔ခြန္းေျပာခ့ဲပါတယ္။ မေလးရွားမွာ ပိုးေတြ႔သူေပါင္း ၉,၀၀၀ ေက်ာ္လာၿပီး ေသဆံုးသူ ၁၂၅ ဦး ရွိေနပါတယ္။

ၾသစေၾတးလ်မွာေတာ့ ေရာဂါပိုးကူးစက္သူ ေနာက္ထပ္ ၉၄ ဦး ဝိတိုရိယျပည္နယ္မွာ ထပ္ေတြ႔ခဲ့ၿပီး ထပ္ေသဆံုးသူကလည္း ၁၈ ဦးအထိ ဒီေန႔ ရွိခဲ့ပါတယ္။ ဒါေပမယ့္ ႏွစ္လအတြင္း ပထမဆံုးေန႔အျဖစ္ ပိုးေတြ႔သူသစ္ ရာဂဏန္းေအာက္ စက်လာတာပါ။ အခု ေနာက္ထပ္ေသဆုံးသူေတြ အပါအဝင္ ဝိတိုရိယျပည္နယ္မွာ ေသဆံုးသူေပါင္း ၅၁၄ ဦးအထိ ရွိလာၿပီး ၾသစေၾတးလ် တႏိုင္ငံလံုးမွာေတာ့ ၆၀၁ ဦး ရွိသြားပါၿပီ။

ကိုဗစ္စျဖစ္ခဲ့တဲ့ တ႐ုတ္ႏိုင္ငံမွာေတာ့ အေျခအေနေတြ ျပန္ထိန္းႏိုင္ကာ ေက်ာင္းသူေက်ာင္းသား အေရအတြက္ သံုးပံုုတပံုအထိ ၿမိဳ႕ေတာ္ ေဘဂ်င္းမွာ ဒီေန႔ ေက်ာင္းျပန္တက္ႏိုင္ခဲ့ပါတယ္။ အထက္တန္း၊ အလယ္တန္း၊ မူလတန္း ေက်ာင္းသားေက်ာင္းသူ စုစုေပါင္း ၆ သိန္းနီးပါး ေက်ာင္းျပန္တက္ေနၿပီး အဂၤါေန႔မွာ ေနာက္ထပ္ ၄ သိန္း၊ စက္တက္ဘာ ၇ ရက္က်ရင္ ေနာက္ဆံုးက်န္တဲ့ ၅ သိန္းေက်ာ္ ေက်ာင္းျပန္တက္ႏုိင္ဖို႔ ျပင္ဆင္ေနပါတယ္။

တိုက္႐ိုက္ လင့္ခ္

-----------------------------

(Unicode)

အိန္ဒိယ ကိုဗစ်ကူးစက်မှုအရေအတွက် တကမ္ဘာလုံးမှာ အမြန်ဆုံးဖြစ်လာ

ကမ္ဘာမှာ တတိယ ကိုဗစ်အဆိုးဆုံး၊ အာရှမှာတော့ အဆိုးဆုံးဖြစ်နေတဲ့ အိန္ဒိယနိုင်ငံမှာ ကိုဗစ်ပိုးတွေ့သူသစ် ၇၆,၄၇၂ ဦး ဒီနေ့ နောက်ဆုံးရှိခဲ့ပြီး တနိုင်ငံလုံး ပိုးတွေ့သူပေါင်း ၃.၄ သန်း ကျော်သွားပါပြီ။

လူဦးရေ ၁.၄ ဘီလီယျံရှိတဲ့ အိန္ဒိယဟာ အခု ကမ္ဘာမှာ ကိုဗစ်ကူးစက်မှု အမြန်ဆုံးနိုင်ငံ ဖြစ်သွားပါပြီ။ ဒါ့အပြင် နောက်ဆုံး ထပ်သေဆုံးသူ ၁,၀၂၁ ယောက်ရှိတာမို့ သေဆုံးသူပေါင်းလည်း ၆၂,၅၅၀ ထိ တက်လာပါပြီ။

တောင်ကိုရီးယားမှာလည်း လူချင်းခပ်ခွာခွာနေဖို့ တင်းကျပ်ထားတဲ့ကြားက ဒီနေ့ ၃၂၃ ဦး ပိုးထပ်တွေ့ခဲ့ပြီး ခုလို ရာဂဏန်းတွေအဆင့် ၁၆ ရက်ဆက်တိုက် မြင့်တက်လာခဲ့ကာ စုစုပေါင်း ပိုးတွေ့သူ ၁၉,၄၀၀ ယောက် ရှိပြီဖြစ်ပါတယ်။ နောက်ထပ်သေဆုံးသူ ၅ ဦးရှိတာကြောင့် စုစုပေါင်း သေဆုံးသူက ၃၂၁ ဦး ရှိသွားပါပြီ။

အခု နောက်ထပ် ရောဂါပိုးကူးစက်သူ အများစုဟာ လူနေထူထပ်တဲ့ ဆိုးလ်မြို့တော်ကဖြစ်ပြီး အဓိကအားဖြင့် ခရစ်ယာန်ဘုရှားရှိခိုးကျောင်းတွေ၊ စားသောက်ဆိုင်တွေ၊ ကျောင်းတွေနဲ့ လူတွေစုနေကြတဲ့ အိမ်ရာတွေမှာ ဖြစ်ခဲ့တာပါ။ ပြီးခဲ့တဲ့ ၁၆ ရက်အတွင်း ပိုးတွေ့လူနာသစ် ၄,၆၃၀ အထိ ထိုးတက်လာတာမို့ ဆေးရုံတွေ မနိုင်မှာ စိုးရိမ်နေကြပါတယ်။

မလေးရှားနိုင်ငံမှာတော့ ကိုဗစ်ကာကွယ်ထိန်းချုပ်ရေး ကန့်သတ်ချက်တွေကို ဒီနှစ်အကုန်ထိ ထပ်တိုးလိုက်တာမှာ နိုင်ငံခြားခရီးသည် ကန့်သတ်မှုလည်း ပါသွားပါတယ်။

ကမ္ဘာမှာ ကိုဗစ်ကူးစက်မှု မြင့်မားလာနေချိန် တိုင်းပြည်ထဲမှာ ထိန်းထားနိုင်ပေမယ့် ကွက်ကြားကွက်ကြား ပိုးတွေ့နေရလို့ ခုလို ကန့်သတ်မှု တိုးတာပါလို့ ဝန်ကြီးချုပ် Muhyiddin Yassin က ရုပ်မြင်သံကြားကနေ မိန့်ခွန်းပြောခဲ့ပါတယ်။ မလေးရှားမှာ ပိုးတွေ့သူပေါင်း ၉,၀၀၀ ကျော်လာပြီး သေဆုံးသူ ၁၂၅ ဦး ရှိနေပါတယ်။

သြစတြေးလျမှာတော့ ရောဂါပိုးကူးစက်သူ နောက်ထပ် ၉၄ ဦး ဝိတိုရိယပြည်နယ်မှာ ထပ်တွေ့ခဲ့ပြီး ထပ်သေဆုံးသူကလည်း ၁၈ ဦးအထိ ဒီနေ့ ရှိခဲ့ပါတယ်။ ဒါပေမယ့် နှစ်လအတွင်း ပထမဆုံးနေ့အဖြစ် ပိုးတွေ့သူသစ် ရာဂဏန်းအောက် စကျလာတာပါ။ အခု နောက်ထပ်သေဆုံးသူတွေ အပါအဝင် ဝိတိုရိယပြည်နယ်မှာ သေဆုံးသူပေါင်း ၅၁၄ ဦးအထိ ရှိလာပြီး သြစတြေးလျ တနိုင်ငံလုံးမှာတော့ ၆၀၁ ဦး ရှိသွားပါပြီ။

ကိုဗစ်စဖြစ်ခဲ့တဲ့ တရုတ်နိုင်ငံမှာတော့ အခြေအနေတွေ ပြန်ထိန်းနိုင်ကာ ကျောင်းသူကျောင်းသား အရေအတွက် သုံးပုံတပုံအထိ မြို့တော် ဘေဂျင်းမှာ ဒီနေ့ ကျောင်းပြန်တက်နိုင်ခဲ့ပါတယ်။ အထက်တန်း၊ အလယ်တန်း၊ မူလတန်း ကျောင်းသားကျောင်းသူ စုစုပေါင်း ၆ သိန်းနီးပါး ကျောင်းပြန်တက်နေပြီး အင်္ဂါနေ့မှာ နောက်ထပ် ၄ သိန်း၊ စက်တက်ဘာ ၇ ရက်ကျရင် နောက်ဆုံးကျန်တဲ့ ၅ သိန်းကျော် ကျောင်းပြန်တက်နိုင်ဖို့ ပြင်ဆင်နေပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG