သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အိႏိၵယ ကိုဗစ္ကူးစက္မႈအေရအတြက္ တကမာၻလံုးမွာ အျမန္ဆံုးျဖစ္လာ

ကမာၻမွာ တတိယ ကိုဗစ္အဆိုးဆံုး၊ အာရွမွာေတာ့ အဆုိးဆံုးျဖစ္ေနတဲ့ အိႏၵိယႏိုင္ငံမွာ ကိုဗစ္ပိုးေတြ႔သူသစ္ ၇၆,၄၇၂ ဦး ဒီေန႔ ေနာက္ဆံုးရွိခဲ့ၿပီး တႏိုင္ငံလံုး ပိုးေတြ႔သူေပါင္း ၃.၄ သန္း ေက်ာ္သြားပါၿပီ။
လူဦးေရ ၁.၄ ဘီလီယ်ံရွိတဲ့ အိႏိၵယဟာ အခု ကမာၻမွာ ကိုဗစ္ကူးစက္မႈ အျမန္ဆံုးႏိုင္ငံ ျဖစ္သြားပါၿပီ။ ဒါ့အျပင္ ေနာက္ဆံုး ထပ္ေသဆံုးသူ ၁,၀၂၁ ေယာက္ရွိတာမို႔ ေသဆံုးသူေပါင္းလည္း ၆၂,၅၅၀ ထိ တက္လာပါၿပီ။
ေတာင္ကိုရီးယားမွာလည္း လူခ်င္းခပ္ခြာခြာေနဖို႔ တင္းက်ပ္ထားတဲ့ၾကားက ဒီေန႔ ၃၂၃ ဦး ပိုးထပ္ေတြ႔ခဲ့ၿပီး ခုလို ရာဂဏန္းေတြအဆင့္ ၁၆ ရက္ဆက္တိုက္ ျမင့္တက္လာခဲ့ကာ စုစုေပါင္း ပိုးေတြ႔သူ ၁၉,၄၀၀ ေယာက္ ရွိၿပီျဖစ္ပါတယ္။ ေနာက္ထပ္ေသဆံုးသူ ၅ ဦးရွိတာေၾကာင့္ စုစုေပါင္း ေသဆံုးသူက ၃၂၁ ဦး ရွိသြားပါၿပီ။
---------------------------
(Unicode)
အိန္ဒိယ ကိုဗစ်ကူးစက်မှုအရေအတွက် တကမ္ဘာလုံးမှာ အမြန်ဆုံးဖြစ်လာ

ကမ္ဘာမှာ တတိယ ကိုဗစ်အဆိုးဆုံး၊ အာရှမှာတော့ အဆိုးဆုံးဖြစ်နေတဲ့ အိန္ဒိယနိုင်ငံမှာ ကိုဗစ်ပိုးတွေ့သူသစ် ၇၆,၄၇၂ ဦး ဒီနေ့ နောက်ဆုံးရှိခဲ့ပြီး တနိုင်ငံလုံး ပိုးတွေ့သူပေါင်း ၃.၄ သန်း ကျော်သွားပါပြီ။

လူဦးရေ ၁.၄ ဘီလီယျံရှိတဲ့ အိန္ဒိယဟာ အခု ကမ္ဘာမှာ ကိုဗစ်ကူးစက်မှု အမြန်ဆုံးနိုင်ငံ ဖြစ်သွားပါပြီ။ ဒါ့အပြင် နောက်ဆုံး ထပ်သေဆုံးသူ ၁,၀၂၁ ယောက်ရှိတာမို့ သေဆုံးသူပေါင်းလည်း ၆၂,၅၅၀ ထိ တက်လာပါပြီ။

တောင်ကိုရီးယားမှာလည်း လူချင်းခပ်ခွာခွာနေဖို့ တင်းကျပ်ထားတဲ့ကြားက ဒီနေ့ ၃၂၃ ဦး ပိုးထပ်တွေ့ခဲ့ပြီး ခုလို ရာဂဏန်းတွေအဆင့် ၁၆ ရက်ဆက်တိုက် မြင့်တက်လာခဲ့ကာ စုစုပေါင်း ပိုးတွေ့သူ ၁၉,၄၀၀ ယောက် ရှိပြီဖြစ်ပါတယ်။ နောက်ထပ်သေဆုံးသူ ၅ ဦးရှိတာကြောင့် စုစုပေါင်း သေဆုံးသူက ၃၂၁ ဦး ရှိသွားပါပြီ။

ေနာက္ထပ္ၾကည့္႐ႈရန္

XS
SM
MD
LG