သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အေမရိကန္မွာ ကိုဗစ္ကူးစက္သူ ၆ သန္း ေက်ာ္ၿပီ


Texas ျပည္နယ္ Wylie ၿမိဳ႕က အထက္တန္းေက်ာင္းတခုမွာ ကိုယ္အပူခ်ိန္ တိုင္းေပးေနတဲ့ ဆရာမတဦး။ (ဇူလိုင္ ၁၄၊ ၂၀၂၀)

[Zawgyi/Unicode]

ကမာၻတလႊား COVID-19 ကူးစက္ပ်ံ႕ႏွံ႔မႈေတြ ဆက္ၿပီးျဖစ္ေနတာမွာ အေမရိကန္ ျပည္ေထာင္စုမွာ ကူးစက္သူ ၆,၀၀၀,၀၀၀ ေက်ာ္နဲ႔ေသဆုံးသူ ၁၈၀,၀၀၀ ေက်ာ္ရွိပါတယ္။ အေနာက္အလယ္ပိုင္း ျပည္နယ္ေတြျဖစ္တဲ့ Iowa ၊ ေတာင္နဲ႔ ေျမာက္ Dakotaနဲ႔ Minnesota ျပည္နယ္ေတြမွာ တရက္တာ ကူးစက္မႈႏႈန္း ျမင့္တက္လာတယ္လို႔လည္း Johns Hopkins တကၠသိုလ္စာရင္းေတြအရ သိရပါတယ္။ ဒါေပမဲ့ တႏိုင္ငံလုံး အတိုင္းအတာနဲ႔ COVID-19 ေၾကာင့္ေသဆုံးသူ၊ ေဆး႐ုံတက္ရသူနဲ႔ အတည္ျပဳလူနာေတြ႕ရွိတဲ့ ႏႈန္းကေတာ့ က်ဆင္းလာေနတာပါ။ အေမရိကန္ျပည္ေထာင္စုမွာ COVID-19 ကူးစက္မႈ အမ်ားဆုံးအေရအတြက္ရွိေနေပမဲ့ ဘရာဇီး၊ ပီ႐ူးတို႔နဲ႔ ႏႈိင္းယွဥ္ရင္ တဦးခ်င္းကူးစက္မႈႏႈန္း ပိုနည္းတယ္လို႔ ႐ိုက္တာ စာရင္းေတြအရ သိရပါတယ္။

ျပင္သစ္ႏိုင္ငံမွာ အဂၤါေန႔ကစလို႔ ေက်ာင္းေတြျပန္ဖြင့္ဖို႔ စီစဥ္ထားပါတယ္။ ႏိုင္ငံတြင္း ေရာဂါကူးစက္မႈႏႈန္း ျမင့္တက္ေနေသးတာေၾကာင့္ ေက်ာင္းသားေတြ ေရာဂါကူးစက္ႏိုင္တဲ့ အႏၲရာယ္ရွိတဲ့ အေပၚစိုးရိမ္မိေၾကာင္း ပညာေရးဝန္ႀကီး Jean-Michel Blanquer က တနဂၤေႏြေန႔ကေျပာပါတယ္။ ျပင္သစ္မွာ ေန႔တိုင္း ကူးစက္သူ လူနာသစ္ ေထာင္နဲ႔ခ်ီျမင့္တက္ေနဆဲျဖစ္ပါတယ္။ ဆရာဝန္ေတြကေတာ့ ပိုတင္းၾကပ္တဲ့ စည္းမ်ဥ္းေတြ ခ်မွတ္ဖို႔၊ အသက္ ၆ ႏွစ္အထက္ ကေလးငယ္ေတြကို ႏွာေခါင္းစည္းတပ္ဖို႔နဲ႔ တခ်ိဳ႕ကို အြန္လိုင္းကေနပဲ သင္ယူၾကဖို႔ တိုက္တြန္းထားပါတယ္။ အခုခ်မွတ္ထားတဲ့ အစီအစဥ္အရ ႏိုင္ငံတြင္းေက်ာင္းေတြကို ျပန္ဖြင့္သြားမွာျဖစ္ၿပီး အသက္ ၁၁ ႏွစ္အထက္ကေလးငယ္ေတြအားလုံး ႏွာေခါင္စည္းကို တေန႔လုံးဝတ္ဆင္ထားဖို႔နဲ႔ သြားလာလႈပ္ရွားမႈနဲ႔ လူစုလူေဝး စည္းကမ္းသတ္မွတ္ခ်က္ေတြခ်မွတ္ထားပါတယ္။

အေစာပိုင္းတုန္းက COVID-19 ကူးစက္တဲ့ ဒဏ္ကို အျပင္းအထန္ခံခဲ့ရတဲ့ အီတလီမွာ ဒီသီတင္းပတ္တြင္း ကူးစက္မႈႏႈန္းျပန္ျမင့္တက္ေနၿပီး အေရးေပၚလူနာ လူနာဦးေရ ၈၀ ေက်ာ္ရွိပါတယ္။ နယူးဇီလန္မွာေတာ့ ေက်ာင္းေတြနဲ႔ စီးပြါးေရးလုပ္ငန္းေတြ ကိုဒီကေန႔ ျပန္ဖြင့္မွာျဖစ္ၿပီး လူအမ်ားသြားလာတဲ့ ေနရာေတြမွာ ႏွာေခါင္းစည္းတပ္ဆင္ၾကဖို႔ အာဏာပိုင္ေတြက အားလုံးကို တိုက္တြန္းထားပါတယ္။

အေမရိကန္မွာ ကိုဗစ္ကူးစက္သူ ၆ သန္း ေက်ာ္ၿပီ
please wait

No media source currently available

0:00 0:01:17 0:00
တိုက္႐ိုက္ လင့္ခ္

[Unicode Version]

အမေရိကန်မှာ ကိုဗစ်ကူးစက်သူ ၆သန်းကျော်ပြီ

ကမ္ဘာတလွှား COVID-19 ကူးစက်ပျံ့နှံ့မှုတွေ ဆက်ပြီးဖြစ်နေတာမှာ အမေရိကန် ပြည်ထောင်စုမှာ ကူးစက်သူ ၆,၀၀၀,၀၀၀ ကျော်နဲ့သေဆုံးသူ ၁၈၀,၀၀၀ ကျော်ရှိပါတယ်။ အနောက်အလယ်ပိုင်း ပြည်နယ်တွေဖြစ်တဲ့ Iowa ၊ တောင်နဲ့ မြောက် Dakotaနဲ့ Minnesota ပြည်နယ်တွေမှာ တရက်တာ ကူးစက်မှုနှုန်း မြင့်တက်လာတယ်လို့လည်း Johns Hopkins တက္ကသိုလ်စာရင်းတွေအရ သိရပါတယ်။ ဒါပေမဲ့ တနိုင်ငံလုံး အတိုင်းအတာနဲ့ COVID-19 ကြောင့်သေဆုံးသူ၊ ဆေးရုံတက်ရသူနဲ့ အတည်ပြုလူနာတွေ့ရှိတဲ့ နှုန်းကတော့ ကျဆင်းလာနေတာပါ။ အမေရိကန်ပြည်ထောင်စုမှာ COVID-19 ကူးစက်မှု အများဆုံးအရေအတွက်ရှိနေပေမဲ့ ဘရာဇီး၊ ပီရူးတို့နဲ့ နှိုင်းယှဉ်ရင် တဦးချင်းကူးစက်မှုနှုန်း ပိုနည်းတယ်လို့ ရိုက်တာ စာရင်းတွေအရ သိရပါတယ်။

ပြင်သစ်နိုင်ငံမှာ အင်္ဂါနေ့ကစလို့ ကျောင်းတွေပြန်ဖွင့်ဖို့ စီစဉ်ထားပါတယ်။ နိုင်ငံတွင်း ရောဂါကူးစက်မှုနှုန်း မြင့်တက်နေသေးတာကြောင့် ကျောင်းသားတွေ ရောဂါကူးစက်နိုင်တဲ့ အန္တရာယ်ရှိတဲ့ အပေါ်စိုးရိမ်မိကြောင်း ပညာရေးဝန်ကြီး Jean-Michel Blanquer က တနင်္ဂနွေနေ့ကပြောပါတယ်။ ပြင်သစ်မှာ နေ့တိုင်း ကူးစက်သူ လူနာသစ် ထောင်နဲ့ချီမြင့်တက်နေဆဲဖြစ်ပါတယ်။ ဆရာဝန်တွေကတော့ ပိုတင်းကြပ်တဲ့ စည်းမျဉ်းတွေ ချမှတ်ဖို့၊ အသက် ၆ နှစ်အထက် ကလေးငယ်တွေကို နှာခေါင်းစည်းတပ်ဖို့နဲ့ တချို့ကို အွန်လိုင်းကနေပဲ သင်ယူကြဖို့ တိုက်တွန်းထားပါတယ်။ အခုချမှတ်ထားတဲ့ အစီအစဉ်အရ နိုင်ငံတွင်းကျောင်းတွေကို ပြန်ဖွင့်သွားမှာဖြစ်ပြီး အသက် ၁၁ နှစ်အထက်ကလေးငယ်တွေအားလုံး နှာခေါင်စည်းကို တနေ့လုံးဝတ်ဆင်ထားဖို့နဲ့ သွားလာလှုပ်ရှားမှုနဲ့ လူစုလူဝေး စည်းကမ်းသတ်မှတ်ချက်တွေချမှတ်ထားပါတယ်။

အစောပိုင်းတုန်းက COVID-19 ကူးစက်တဲ့ ဒဏ်ကို အပြင်းအထန်ခံခဲ့ရတဲ့ အီတလီမှာ ဒီသီတင်းပတ်တွင်း ကူးစက်မှုနှုန်းပြန်မြင့်တက်နေပြီး အရေးပေါ်လူနာ လူနာဦးရေ ၈၀ ကျော်ရှိပါတယ်။ နယူးဇီလန်မှာတော့ ကျောင်းတွေနဲ့ စီးပွါးရေးလုပ်ငန်းတွေ ကိုဒီကနေ့ ပြန်ဖွင့်မှာဖြစ်ပြီး လူအများသွားလာတဲ့ နေရာတွေမှာ နှာခေါင်းစည်းတပ်ဆင်ကြဖို့ အာဏာပိုင်တွေက အားလုံးကို တိုက်တွန်းထားပါတယ်။

စိတ္၀င္စားဖြယ္ ...

XS
SM
MD
LG