[Zawgyi/Unicode]
အေမရိကန္မွာ ကိုဗစ္ကာကြယ္ေဆး ဒီႏွစ္မကုန္ခင္ ဒါမွမဟုတ္ ဒီထက္ေစာၿပီးေတာ့ေတာင္မွ ရလာႏုိင္တယ္လို႔ အေမရိကန္ သမၼတ Donald Trump က ေျပာပါတယ္။
ရီပတ္ဘလီကန္ပါတီညီလာခံအတြင္း သမၼတေလာင္းအျဖစ္ လက္ခံတဲ့ ၾကာသပေတးေန႔ မိန္႔ခြန္းထဲမွာ သမၼတထရမ့္ပ္က အဲဒီလိုေျပာသြားတာပါ။
ကၽြမ္းက်င္သူေတြကေတာ့ ကာကြယ္ေဆးေဖာ္စပ္တာ၊ စမ္းသပ္တာနဲ႔ အႏၱရာယ္ကင္းေၾကာင္းသက္ေသျပရတာ အဆင့္ဆင့္က တခါတရံမွာ ဆယ္စုႏွစ္ေတြနဲ႔ခ်ီ ၾကာႏိုင္တယ္လို႔ ေျပာထားပါတယ္။
ဒါေပမဲ့ ႏိုင္ငံတကာမွာ ဒီကာကြယ္ေဆးထုတ္ဖို႔ ဆက္စပ္ ပူးေပါင္းေဆာင္ရြက္မူေတြ အားေကာင္းလာတာေၾကာင့္ ေရွ႕ႏွစ္တခ်ိန္ခ်ိန္မွာ ထိေရာက္တဲ့ကာကြယ္ေဆး ထုတ္ႏိုင္မယ္ဆိုတဲ့ ေမွ်ာ္လင့္ခ်က္ေတြ ျမင့္မားလာေနပါတယ္။
အမ်ားျမင္ကြင္းမွာ ကိုဗစ္ကာကြယ္ေရး ႏွာေခါင္းစည္း (Mask) တပ္ေလ့မရွိတဲ့ သမၼတ Trump အေနနနဲ႔ အခုမိန္႔ခြန္းေျပာရာမွာ က်ေနာ္ႏိုင္ငံနဲ႔ တကမာၻလံုးမွာ ျပင္းထန္ၿပီး မျမင္ႏိုင္တဲ့ ရန္သူသစ္တိုက္ခိုက္တာကို ခံေနရတယ္လို႔ ေျပာခဲ့ပါတယ္။ သမၼတမိန္႔ခြန္းေျပာခ်ိန္မွာ တက္ေရာက္လာသူအမ်ားစုဟာ ႏွာေခါင္းစည္းေတြ ဝတ္မထားၾကသလို ၆ ေပခြာၿပီးေတာ့လည္း မထိုင္ခဲ့ၾကပါဘူး။
ကမာၻမွာ ကိုဗစ္ပိုးေတြ႔သူအမ်ားဆံုး ရွိလာတဲ့ အေမရိကန္မွာ ကူးစက္သူေပါင္း ၅.၈ သန္းရွိလာၿပီး တကမာၻလံုးမွာ ပိုးေတြ႔သူ စုစုေပါင္း ၂၄ သန္းရဲ႕ ငါးပံု တစ္ပံုထိ ရွိေနတယ္လို႔ Johns Hopkins တကၠသိုလ္ရဲ႕ ကိန္းဂဏန္းေတြမွာ ေဖာ္ျပထားပါတယ္။
[Unicode Version]
အမေရိကန်မှာ ကိုဗစ်ကာကွယ်ဆေး ဒီနှစ်မကုန်ခင် ရလာနိုင် - သမ္မတထရမ့်ပ်
အမေရိကန်မှာ ကိုဗစ်ကာကွယ်ဆေး ဒီနှစ်မကုန်ခင် ဒါမှမဟုတ် ဒီထက်စောပြီးတော့တောင်မှ ရလာနိုင်တယ်လို့ အမေရိကန် သမ္မတ Donald Trump က ပြောပါတယ်။
ရီပတ်ဘလီကန်ပါတီညီလာခံအတွင်း သမ္မတလောင်းအဖြစ် လက်ခံတဲ့ ကြာသပတေးနေ့ မိန့်ခွန်းထဲမှာ သမ္မတထရမ့်ပ်က အဲဒီလိုပြောသွားတာပါ။
ကျွမ်းကျင်သူတွေကတော့ ကာကွယ်ဆေးဖော်စပ်တာ၊ စမ်းသပ်တာနဲ့ အန္တရာယ်ကင်းကြောင်းသက်သေပြရတာ အဆင့်ဆင့်က တခါတရံမှာ ဆယ်စုနှစ်တွေနဲ့ချီ ကြာနိုင်တယ်လို့ ပြောထားပါတယ်။
ဒါပေမဲ့ နိုင်ငံတကာမှာ ဒီကာကွယ်ဆေးထုတ်ဖို့ ဆက်စပ် ပူးပေါင်းဆောင်ရွက်မူတွေ အားကောင်းလာတာကြောင့် ရှေ့နှစ်တချိန်ချိန်မှာ ထိရောက်တဲ့ကာကွယ်ဆေး ထုတ်နိုင်မယ်ဆိုတဲ့ မျှော်လင့်ချက်တွေ မြင့်မားလာနေပါတယ်။
အများမြင်ကွင်းမှာ ကိုဗစ်ကာကွယ်ရေး နှာခေါင်းစည်း (Mask) တပ်လေ့မရှိတဲ့ သမ္မတ Trump အနေနနဲ့ အခုမိန့်ခွန်းပြောရာမှာ ကျနော်နိုင်ငံနဲ့ တကမ္ဘာလုံးမှာ ပြင်းထန်ပြီး မမြင်နိုင်တဲ့ ရန်သူသစ်တိုက်ခိုက်တာကို ခံနေရတယ်လို့ ပြောခဲ့ပါတယ်။ သမ္မတမိန့်ခွန်းပြောချိန်မှာ တက်ရောက်လာသူအများစုဟာ နှာခေါင်းစည်းတွေ ဝတ်မထားကြသလို ၆ ပေခွာပြီးတော့လည်း မထိုင်ခဲ့ကြပါဘူး။
ကမ္ဘာမှာ ကိုဗစ်ပိုးတွေ့သူအများဆုံး ရှိလာတဲ့ အမေရိကန်မှာ ကူးစက်သူပေါင်း ၅.၈ သန်းရှိလာပြီး တကမ္ဘာလုံးမှာ ပိုးတွေ့သူ စုစုပေါင်း ၂၄ သန်းရဲ့ ငါးပုံ တစ်ပုံထိ ရှိနေတယ်လို့ Johns Hopkins တက္ကသိုလ်ရဲ့ ကိန်းဂဏန်းတွေမှာ ဖော်ပြထားပါတယ်။