သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

သမၼတထရမ့္ပ္ ပါတီကိုယ္စားျပဳ သမၼတေလာင္းအျဖစ္ တရားဝင္လက္ခံ


အေမရိကန္သမၼတ Donald Trump။ (ၾသဂုတ္ ၂၇၊ ၂၀၂၀)

[Zawgyi/Unicode]

အေမရိကန္သမၼတ Donald Trump။ (ၾသဂုတ္ ၂၇၊ ၂၀၂၀)
အေမရိကန္သမၼတ Donald Trump။ (ၾသဂုတ္ ၂၇၊ ၂၀၂၀)

တနလၤာေန႔ကစၿပီး ၄ ရက္တာ က်င္းပတဲ့ ရီပတ္ဘလီကန္ပါတီ ညီလာခံေနာက္ဆုံးေန႔မွာ အေမရိကန္သမၼတ Donald Trump က ဒုတိယသက္တမ္းအတြက္ ပါတီကိုယ္စားျပဳ သမၼတေလာင္းအျဖစ္ တရား၀င္လက္ခံလိုက္ပါတယ္။

"အေမရိကန္အိ္ပ္မက္ကို ဆက္ၿပီး အေကာင္အထည္ေဖာ္ႏုိင္မလား၊ ဒါမွမဟုတ္ က်ေနာ္တုိ႔ရဲ ႔ ေကာင္းမြန္တဲ့ ရည္မွန္းခ်က္ေတြကို ဖ်က္ဆီးပစ္မယ့္ ဆိုရွယ္လစ္ေတြရဲ ႔ အစီအစဥ္ေတြကို ခြင့္ျပဳမလားဆိုတာ ဒီေရြးေကာက္ပြဲက အဆုံးအျဖတ္ေပးပါလိ္မ့္မယ္။" လို႔ သမၼတ Trump ကေျပာပါတယ္။

ဒီမိုကရက္ပါတီ သမၼတကိုယ္စားလွယ္ေလာင္း Joe Biden ရဲ႕ အခိုင္အမာစိန္ေခၚမႈနဲ႔ ရင္ဆုိင္ေနရတဲ့ သမၼတ Trump က ဒီေရြးေကာက္ပဲြဟာ အေမရိကန္သမုိင္းမွာ အေရးအႀကီးဆုံးေရြးေကာက္ပြဲျဖစ္တယ္လို႔လည္း အိမ္ျဖဴေတာ္ ေတာင္ဘက္ ျမက္ခင္းျပင္ကေန ေျပာဆုိခဲ့ပါတယ္။

ရီပတ္ဘလီကန္ေအာက္လႊတ္ေတာ္အမတ္ေတြ အပါအ၀င္ ဒီအခမ္းအနားကို တက္ေရာက္လာတဲ့ လူ ၁,၀၀၀ ေက်ာ္တို႔က က်န္းမာေရး၀န္ထမ္းေတြရဲ ႔ ကပ္ေရာဂါဆုိင္ရာအႀကံျပဳခ်က္ကို မလုိက္နာဘဲ အနီးကပ္ထုိင္ခဲ့ၾကသလို အမ်ားစုက ႏွာေခါင္းစည္းလည္း မတပ္ၾကပါဘူး။

တႏုိင္ငံလုံးေကာက္ယူထားတဲ့ လူထုစစ္တမ္းေတြမွာ Joe Biden က လူထုေထာက္ခံမႈပိုရထားတဲ့အတြက္ Trump ရဲ ႔မိန္႔ခြန္းေတြထဲမွာ ၿပိဳင္ဖက္ကိုယ္စားလွယ္ေလာင္းကို ထိုးႏွက္တုိက္ခိုက္ထားတာမ်ားပါတယ္။ Biden ဟာ အေမရိကန္ျပည္ေထာင္စုရဲ႕ ႀကီးျမတ္မႈနဲ႔ အလုပ္အကိုင္အခြင့္အလမ္းေတြကို ဖ်က္ဆီးပစ္ခ်င္ေနတဲ႔ လက္၀ဲစြန္းတေယာက္ဆုိၿပီး မိနစ္ ၇၀ ၾကာမိန္႔ခြန္းထဲမွာ တုိက္ခိုက္ေျပာဆိုခဲ့တာပါ။

စီးပြားေရးနဲ႔ ပတ္သက္ၿပီး တရုတ္နုိင္ငံအေပၚ တင္းတင္းမာမာ ဆက္ဆံခဲ့တယ္လို႔ေျပာဆိုခဲ့တဲ့အျပင္ ကိုရိုနာဗုိင္းရပ္စ္ ပ်ံ႕ႏံွ႔ခဲ့တဲ့အေပၚမွာလည္း သမၼတ Trump က သူ႔မိန္႔ခြန္းထဲမွာ တရုတ္ကို ျပစ္တင္ေျပာဆိုခဲ့ပါတယ္။ Joe Biden ရဲ ႔အစီအစဥ္က တ႐ုတ္ဦးစားေပးျဖစ္ၿပီး သူ႔ရဲ ႔ မူ၀ါဒကေတာ့ အေမရိကန္သာ ပဓာနျဖစ္တယ္လို႔လည္းေျပာဆိုခဲ့ပါတယ္။ သမၼတ Trump မိန္႔႔ခြန္းေျပာၿပီးၿပီးခ်င္းမွာပဲ National Mall ျမက္ခင္းျပင္မွာ Trump 2020 ဆိုတဲ့စာလုံးေတြကို မီးရႈးမီးပန္းေတြေဖာက္ၿပီး ေဖာ္ျပခဲ့တာျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

သမ္မတထရမ့်ပ် ပါတီကိုယ်စားပြု သမ္မတလောင်းအဖြစ် တရားဝင်လက်ခံ

တနင်္လာနေ့ကစပြီး ၄ ရက်တာ ကျင်းပတဲ့ ရီပတ်ဘလီကန်ပါတီ ညီလာခံနောက်ဆုံးနေ့မှာ အမေရိကန်သမ္မတ Donald Trump က ဒုတိယသက်တမ်းအတွက် ပါတီကိုယ်စားပြု သမ္မတလောင်းအဖြစ် တရားဝင်လက်ခံလိုက်ပါတယ်။

"အမေရိကန်အိပ်မက်ကို ဆက်ပြီး အကောင်အထည်ဖော်နိုင်မလား၊ ဒါမှမဟုတ် ကျနော်တို့ရဲ့ ကောင်းမွန်တဲ့ ရည်မှန်းချက်တွေကို ဖျက်ဆီးပစ်မယ့် ဆိုရှယ်လစ်တွေရဲ့ အစီအစဉ်တွေကို ခွင့်ပြုမလားဆိုတာ ဒီရွေးကောက်ပွဲက အဆုံးအဖြတ်ပေးပါလိမ့်မယ်။" လို့ သမ္မတ Trump ကပြောပါတယ်။

ဒီမိုကရက်ပါတီ သမ္မတကိုယ်စားလှယ်လောင်း Joe Biden ရဲ့ အခိုင်အမာစိန်ခေါ်မှုနဲ့ ရင်ဆိုင်နေရတဲ့ သမ္မတ Trump က ဒီရွေးကောက်ပွဲဟာ အမေရိကန်သမိုင်းမှာ အရေးအကြီးဆုံးရွေးကောက်ပွဲဖြစ်တယ်လို့လည်း အိမ်ဖြူတော် တောင်ဘက် မြက်ခင်းပြင်ကနေ ပြောဆိုခဲ့ပါတယ်။

ရီပတ်ဘလီကန်အောက်လွှတ်တော်အမတ်တွေ အပါအဝင် ဒီအခမ်းအနားကို တက်ရောက်လာတဲ့ လူ ၁,၀၀၀ ကျော်တို့က ကျန်းမာရေးဝန်ထမ်းတွေရဲ့ ကပ်ရောဂါဆိုင်ရာအကြံပြုချက်ကို မလိုက်နာဘဲ အနီးကပ်ထိုင်ခဲ့ကြသလို အများစုက နှာခေါင်းစည်းလည်း မတပ်ကြပါဘူး။

တနိုင်ငံလုံးကောက်ယူထားတဲ့ လူထုစစ်တမ်းတွေမှာ Joe Biden က လူထုထောက်ခံမှုပိုရထားတဲ့အတွက် Trump ရဲ့မိန့်ခွန်းတွေထဲမှာ ပြိုင်ဖက်ကိုယ်စားလှယ်လောင်းကို ထိုးနှက်တိုက်ခိုက်ထားတာများပါတယ်။ Biden ဟာ အမေရိကန်ပြည်ထောင်စုရဲ့ ကြီးမြတ်မှုနဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေကို ဖျက်ဆီးပစ်ချင်နေတဲ့ လက်ဝဲစွန်းတယောက်ဆိုပြီး မိနစ် ၇၀ ကြာမိန့်ခွန်းထဲမှာ တိုက်ခိုက်ပြောဆိုခဲ့တာပါ။

စီးပွားရေးနဲ့ ပတ်သက်ပြီး တရုတ်နိုင်ငံအပေါ် တင်းတင်းမာမာ ဆက်ဆံခဲ့တယ်လို့ပြောဆိုခဲ့တဲ့အပြင် ကိုရိုနာဗိုင်းရပ်စ် ပျံ့နံှ့ခဲ့တဲ့အပေါ်မှာလည်း သမ္မတ Trump က သူ့မိန့်ခွန်းထဲမှာ တရုတ်ကို ပြစ်တင်ပြောဆိုခဲ့ပါတယ်။ Joe Biden ရဲ့အစီအစဉ်က တရုတ်ဦးစားပေးဖြစ်ပြီး သူ့ရဲ့ မူဝါဒကတော့ အမေရိကန်သာ ပဓာနဖြစ်တယ်လို့လည်းပြောဆိုခဲ့ပါတယ်။ သမ္မတ Trump မိန့့်ခွန်းပြောပြီးပြီးချင်းမှာပဲ National Mall မြက်ခင်းပြင်မှာ Trump 2020 ဆိုတဲ့စာလုံးတွေကို မီးရှုးမီးပန်းတွေဖောက်ပြီး ဖော်ပြခဲ့တာဖြစ်ပါတယ်။

XS
SM
MD
LG