သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကမၻာတ၀န္း ကိုဗစ္ကူးစက္မႈ လူ ၂၅ သန္းေက်ာ္ၿပီ


အိႏၵိယႏုိင္ငံ နယူးေဒလီၿမိဳ႕က ေဈးတခုမွာ ႏွာေခါင္းစည္းတပ္ ေဈးဝယ္လာသူမ်ား။ (ၾသဂုတ္ ၃၀၊ ၂၀၂၀)

(Zawgyi / Unicode)

ကမာၻတ၀န္းမွာ ကို႐ိုနာဗုိင္းရပ္စ္ ကူးစက္ခံရသူ အေရအတြက္ဟာ ၂၅ သန္းေက်ာ္သြားၿပီျဖစ္ၿပီး အိႏၵိယႏုိင္ငံမွာလည္း ေန႔စဥ္ကူးစက္မႈႏႈန္းမွာ ကမာၻ႔စံခ်ိန္ တင္ခဲ့ပါတယ္။

အိႏၵိယႏုိင္ငံမွာ လြန္ခဲ့တဲ့ ၂၄ နာရီအတြင္း ကို႐ိုနာဗုိင္းရပ္စ္ ကူးစက္ခံရသူ ၇၈,၇၆၁ ေယာက္ရွိတာေၾကာင့္ ဒါဟာ ကမာၻေပၚမွာ ကပ္ေရာဂါစျဖစ္ခ်ိန္ကစၿပီး ေန႔စဥ္ကူးစက္မႈႏႈန္းမွာ အမ်ားဆုံး စံခ်ိန္တင္ခဲ့တာ ျဖစ္ပါတယ္။

အိႏၵိယအစိုးရက စီးပြားေရးျပန္ဖြင့္ဖို္႔ ႏုိ္င္ငံတ၀န္းမွာ ကန္႔သတ္မႈေတြကို ဆက္ၿပီး ေလွ်ာ့ခ်လာေနခ်ိန္မွာပဲ ကူးစက္မႈေတြ တုိးလာေနတာျဖစ္ၿပီး ေန႔စဥ္ကူးစက္မႈႏႈန္း ၇ ေသာင္းခဲြေက်ာ္တာ ၄ ရက္ဆက္တုိက္ ရွိသြားပါၿပီ။ ဒါ့အျပင္ အိႏၵိယႏိုင္ငံမွာ ေသဆုံးသူ ၆၃,၀၀၀ ေက်ာ္ရွိပါတယ္။

အေမရိကန္ႏုိင္ငံကေတာ့ ကူးစက္သူ ၆ သန္းေက်ာ္နဲ႔ ကမာၻေပၚမွာ ကူးစက္မႈ အမ်ားဆုံးျဖစ္ၿပီး ဘရာဇီးလ္ႏုိင္ငံက ၃.၈ သန္းနဲ႔ ဒုတိယ၊ အိႏၵိယႏုိင္ငံက ၃.၅ သန္းနဲ႔ ကူးစက္မႈ တတိယအမ်ားဆုံး ျဖစ္ပါတယ္။

တခ်ိန္တည္းမွာပဲ ဥေရာပတုိက္က ၿမိဳ႕ႀကီးေတြ အေတာ္မ်ားမ်ားမွာလည္း ဗုိင္းရပ္စ္ေၾကာင့္ ကန္႔သတ္မႈေတြ ျပန္လုပ္လာတာကို စေနေန႔က ကန္႔ကြက္ ဆႏၵျပခဲ့ၾကပါတယ္။

ဂ်ာမနီႏုိင္ငံ ဘာလင္ၿမိဳ႕မွာ ႏွာေခါင္းစည္းတပ္ဖို႔ တေယာက္နဲ႔တေယာက္ ခပ္ခြာခြာေနဖို႔ စည္းမ်ဥ္းေတြ ခ်မွတ္ခဲ့တာေၾကာင့္ လူေတြ ေသာင္းနဲ႔ခ်ီၿပီး လမ္းေပၚထြက္ ဆႏၵျပခဲ့ၾကၿပီး ဆႏၵျပတဲ့သူ ၃၀၀ ေလာက္ကို ဖမ္းဆီးလိုက္တယ္လို႔ ရဲတပ္ဖဲြ႔က ေျပာပါတယ္။

လန္ဒန္မွာလည္း အလားတူ ကန္႔သတ္မႈေတြေၾကာင့္ ဆႏၵျပတဲ့သူေတြဟာ Trafalgar ရင္ျပင္မွာ စုေ၀း ဆႏၵျပခဲ့ၾကပါတယ္။ ဒါ့အျပင္ ပဲရစ္ၿမိဳ႕မွာလည္း လူတုိ္င္း ႏွာေခါင္းစည္းေတြ မျဖစ္မေန တပ္ရမယ့္အေပၚ လူေတြ ရာနဲ႔ခ်ီ ဆႏၵျပခဲ့ၾကၿပီး ဆြစ္ဇာလန္ႏုိင္ငံ ဇူးရစ္ၿမိဳ႕မွာလည္း ဆႏၵျပတဲ့သူ ၁,၀၀၀ ေလာက္က COVID စည္းမ်ဥ္းေတြကို မယုံၾကည္ေၾကာင္းနဲ႔ လြတ္လပ္စြာ ေနခြင့္ေပးဖို႔ ေတာင္းဆုိခဲ့ၾကပါတယ္။

ကမၻာတ၀န္း ကိုဗစ္ကူးစက္မႈ လူ ၂၅ သန္းေက်ာ္ၿပီ
please wait

No media source currently available

0:00 0:01:29 0:00
တိုက္႐ိုက္ လင့္ခ္

---------------------------

(Unicode)

ကမ္ဘာတဝန်း ကိုဗစ်ကူးစက်မှု လူ ၂၅ သန်းကျော်ပြီ

ကမ္ဘာတဝန်းမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ အရေအတွက်ဟာ ၂၅ သန်းကျော်သွားပြီဖြစ်ပြီး အိန္ဒိယနိုင်ငံမှာလည်း နေ့စဉ်ကူးစက်မှုနှုန်းမှာ ကမ္ဘာ့စံချိန် တင်ခဲ့ပါတယ်။

အိန္ဒိယနိုင်ငံမှာ လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၇၈,၇၆၁ ယောက်ရှိတာကြောင့် ဒါဟာ ကမ္ဘာပေါ်မှာ ကပ်ရောဂါစဖြစ်ချိန်ကစပြီး နေ့စဉ်ကူးစက်မှုနှုန်းမှာ အများဆုံး စံချိန်တင်ခဲ့တာ ဖြစ်ပါတယ်။

အိန္ဒိယအစိုးရက စီးပွားရေးပြန်ဖွင့်ဖို့် နိုင်ငံတဝန်းမှာ ကန့်သတ်မှုတွေကို ဆက်ပြီး လျှော့ချလာနေချိန်မှာပဲ ကူးစက်မှုတွေ တိုးလာနေတာဖြစ်ပြီး နေ့စဉ်ကူးစက်မှုနှုန်း ၇ သောင်းခွဲကျော်တာ ၄ ရက်ဆက်တိုက် ရှိသွားပါပြီ။ ဒါ့အပြင် အိန္ဒိယနိုင်ငံမှာ သေဆုံးသူ ၆၃,၀၀၀ ကျော်ရှိပါတယ်။

အမေရိကန်နိုင်ငံကတော့ ကူးစက်သူ ၆ သန်းကျော်နဲ့ ကမ္ဘာပေါ်မှာ ကူးစက်မှု အများဆုံးဖြစ်ပြီး ဘရာဇီးလ်နိုင်ငံက ၃.၈ သန်းနဲ့ ဒုတိယ၊ အိန္ဒိယနိုင်ငံက ၃.၅ သန်းနဲ့ ကူးစက်မှု တတိယအများဆုံး ဖြစ်ပါတယ်။

တချိန်တည်းမှာပဲ ဥရောပတိုက်က မြို့ကြီးတွေ အတော်များများမှာလည်း ဗိုင်းရပ်စ်ကြောင့် ကန့်သတ်မှုတွေ ပြန်လုပ်လာတာကို စနေနေ့က ကန့်ကွက် ဆန္ဒပြခဲ့ကြပါတယ်။

ဂျာမနီနိုင်ငံ ဘာလင်မြို့မှာ နှာခေါင်းစည်းတပ်ဖို့ တယောက်နဲ့တယောက် ခပ်ခွာခွာနေဖို့ စည်းမျဉ်းတွေ ချမှတ်ခဲ့တာကြောင့် လူတွေ သောင်းနဲ့ချီပြီး လမ်းပေါ်ထွက် ဆန္ဒပြခဲ့ကြပြီး ဆန္ဒပြတဲ့သူ ၃၀၀ လောက်ကို ဖမ်းဆီးလိုက်တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

လန်ဒန်မှာလည်း အလားတူ ကန့်သတ်မှုတွေကြောင့် ဆန္ဒပြတဲ့သူတွေဟာ Trafalgar ရင်ပြင်မှာ စုဝေး ဆန္ဒပြခဲ့ကြပါတယ်။ ဒါ့အပြင် ပဲရစ်မြို့မှာလည်း လူတိုင်း နှာခေါင်းစည်းတွေ မဖြစ်မနေ တပ်ရမယ့်အပေါ် လူတွေ ရာနဲ့ချီ ဆန္ဒပြခဲ့ကြပြီး ဆွစ်ဇာလန်နိုင်ငံ ဇူးရစ်မြို့မှာလည်း ဆန္ဒပြတဲ့သူ ၁,၀၀၀ လောက်က COVID စည်းမျဉ်းတွေကို မယုံကြည်ကြောင်းနဲ့ လွတ်လပ်စွာ နေခွင့်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG