သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အိႏိၵယ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္မႈဗဟိုခ်က္တခုျဖစ္လာ


အိႏၵိယႏိုင္ငံ Gauhati ၿမိဳ႕မွာ အိမ္တိုင္ယာေရာက္ COVID 19 ရွိ၊ မရွိ စစ္ေဆးေပးေနတဲ့ က်န္းမာေရး၀န္ထမ္းမ်ား။ (ၾသဂုတ္ ၂၉၊ ၂၀၂၀)

[Zawgyi/Unicode]

ျမန္မာ့အိမ္နီးခ်င္းအိႏိၵယႏိုင္ငံမွာ COVID-19 ေရာဂါပိုး ကူးစက္သူအေရအတြက္ ဆက္တိုးေနေပမယ့္လည္းစီးပြားေရးအက်ပ္ဆိုက္ေနတာကို ေျဖရွင္းဖို႔ တႏုိင္ငံလံုးမွာ ကိုဗစ္ကပ္ေရာဂါဆိုင္ရာ ကန္႔သတ္ခ်က္ေတြကို အစိုးရက ေျဖေလ ွ်ာ့ေပးေနပါတယ္။

အိႏိၵယမွာ လြန္ခဲ့တဲ့ ၂၄ နာရီအတြင္း ေနာက္ထပ္ ကို႐ိုနာဗိုင္းရပ္စ္ပိုးကူးစက္သူ ၇၈,၀၀၀ ေက်ာ္ ၇၈,၃၅၇ ရွိခဲ့ၿပီး စုစုေပါင္း ကူးစက္သူအေရအတြက္ ၃.၇ သန္းေက်ာ္သြားပါၿပီ။

လူဦးေရ သန္းေပါင္း ၁,၄၀၀ ေက်ာ္ရွိတဲ့ အိႏိၵယႏုိင္ငံဟာ ကမာၻေပၚမွာ ကို႐ိုနာဗိုင္းရပ္စ္ ပ်ံ႕ႏွံ႔ကူးစက္မႈ ဗဟိုခ်က္ႏုိင္ငံတခုအဆင့္ကို အလ်င္အျမန္ ေရာက္လာေနၿပီျဖစ္ပါတယ္။

လြန္ခဲ့တဲ့ ၂၄ နာရီအတြင္း ေသဆံုးသူ ၁,၀၄၅ ရွိတယ္လုိ႔ အိႏိၵယက်န္းမာေရးဌာနက ဒီကေန႔ေျပာတာေၾကာင့္ စုစုေပါင္းေသဆံုးသူအေရအတြက္ ၆၆,၃၃၃ ရွိသြားၿပီျဖစ္ၿပီး မကၠဆီကိုႏိုင္ငံမွာ ကိုဗစ္ေၾကာင့္ ေသဆံုးသူအေရအတြက္ထက္ ပိုမ်ားၿပီးေတာ့ ေသဆံုးမႈ တတိယအမ်ားဆံုးႏိုင္ငံျဖစ္လာပါၿပီ။

ဘဂၤလားေဒ့ရွ္ႏုိင္ငံမွာေတာ့ စုစုေပါင္း ကူးစက္သူအေရအတြက္ ၃၁၄,၉၄၆ ရွိၿပီး ေသဆံုးသူက ၄,၃၁၆ သြားၿပီလို႔ Johns Hopkins တကၠသိုလ္ကျပဳစုထားတဲ့ ကိန္းဂဏန္းေတြမွာ ေတြ႔ရပါတယ္။

ၿပီးခဲ့တဲ့ႏွစ္ ဒီဇင္ဘာလက ကို႐ိုနာဗိုင္းရပ္စ္ စၿပီး ကူးစက္ပ်ံ႕ႏွံ႔ခဲ့တဲ့ တ႐ုတ္ႏုိင္ငံ၊ ဝူးဟန္ၿမိဳ႕မွာေတာ့ အဂၤါေန႔ကစလို႔ ေက်ာင္းေတြျပန္ဖြင့္ေနၿပီျဖစ္ၿပီး ေက်ာင္းသားေက်ာင္းသူ ၁.၄ သန္းနီးပါး ေက်ာင္းျပန္တက္ေနၾကၿပီလို႔ အစိုးရပိုင္ CCTV သတင္းဌာနကေျပာပါတယ္။

ေတာင္ကိုရီးယားႏုိင္ငံမွာ ေနာက္ထပ္ ေရာဂါပိုးကူးစက္သူ ၂၆၇ ဦးရွိတာေၾကာင့္ တေန႔ကို ေရာဂါကူးစက္သူအေရအတြက္ ရာေက်ာ္တာ ရက္ ၂၀ ရွိသြားပါၿပီ။ ဒါေၾကာင့္လည္း ေဒသႏၲရ အာဏာပိုင္အသီးသီးက တင္းၾကပ္တဲ့ ကန္႔သတ္ခ်က္ေတြကို ဆက္ၿပီးခ်ထားရပါတယ္။

ေတာင္ကိုရီးယားမွာ ေရာဂါပိုးကူးစက္သူ စုစုေပါင္း ၂၀,၀၀၀ ေက်ာ္ရွိၿပီး ေသဆံုးသူက ၃၂၆ ဦးရွိတယ္လုိ႔ ကိုရီးယား ေရာဂါထိန္းခ်ဳပ္ေရးနဲ႔ ကာကြယ္ေရးဌာနက ဒီကေန႔ ထုတ္ျပန္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

အိန္ဒိယ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုဗဟိုချက်တခုဖြစ်လာ

မြန်မာ့အိမ်နီးချင်းအိန္ဒိယနိုင်ငံမှာ COVID-19 ရောဂါပိုး ကူးစက်သူအရေအတွက် ဆက်တိုးနေပေမယ့်လည်းစီးပွားရေးအကျပ်ဆိုက်နေတာကို ဖြေရှင်းဖို့ တနိုင်ငံလုံးမှာ ကိုဗစ်ကပ်ရောဂါဆိုင်ရာ ကန့်သတ်ချက်တွေကို အစိုးရက ဖြေလေ ျှာ့ပေးနေပါတယ်။

အိန္ဒိယမှာ လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း နောက်ထပ် ကိုရိုနာဗိုင်းရပ်စ်ပိုးကူးစက်သူ ၇၈,၀၀၀ ကျော် ၇၈,၃၅၇ ရှိခဲ့ပြီး စုစုပေါင်း ကူးစက်သူအရေအတွက် ၃.၇ သန်းကျော်သွားပါပြီ။

လူဦးရေ သန်းပေါင်း ၁,၄၀၀ ကျော်ရှိတဲ့ အိန္ဒိယနိုင်ငံဟာ ကမ္ဘာပေါ်မှာ ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့ကူးစက်မှု ဗဟိုချက်နိုင်ငံတခုအဆင့်ကို အလျင်အမြန် ရောက်လာနေပြီဖြစ်ပါတယ်။

လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း သေဆုံးသူ ၁,၀၄၅ ရှိတယ်လို့ အိန္ဒိယကျန်းမာရေးဌာနက ဒီကနေ့ပြောတာကြောင့် စုစုပေါင်းသေဆုံးသူအရေအတွက် ၆၆,၃၃၃ ရှိသွားပြီဖြစ်ပြီး မက္ကဆီကိုနိုင်ငံမှာ ကိုဗစ်ကြောင့် သေဆုံးသူအရေအတွက်ထက် ပိုများပြီးတော့ သေဆုံးမှု တတိယအများဆုံးနိုင်ငံဖြစ်လာပါပြီ။

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာတော့ စုစုပေါင်းကူးစက်သူအရေအတွက် ၃၁၄,၉၄၆ ရှိပြီး သေဆုံးသူက ၄,၃၁၆ သွားပြီလို့ Johns Hopkins တက္ကသိုလ်ကပြုစုထားတဲ့ ကိန်းဂဏန်းတွေမှာ တွေ့ရပါတယ်။

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလက ကိုရိုနာဗိုင်းရပ်စ် စပြီး ကူးစက်ပျံ့နှံ့ခဲ့တဲ့ တရုတ်နိုင်ငံ၊ ဝူးဟန်မြို့မှာတော့ အင်္ဂါနေ့ကစလို့ ကျောင်းတွေပြန်ဖွင့်နေပြီဖြစ်ပြီး ကျောင်းသားကျောင်းသူ ၁.၄ သန်းနီးပါး ကျောင်းပြန်တက်နေကြပြီလို့ အစိုးရပိုင် CCTV သတင်းဌာနကပြောပါတယ်။

တောင်ကိုရီးယားနိုင်ငံမှာ နောက်ထပ် ရောဂါပိုးကူးစက်သူ ၂၆၇ ဦးရှိတာကြောင့် တနေ့ကို ရောဂါကူးစက်သူအရေအတွက် ရာကျော်တာ ရက် ၂၀ ရှိသွားပါပြီ။ ဒါကြောင့်လည်း ဒေသန္တရ အာဏာပိုင်အသီးသီးက တင်းကြပ်တဲ့ ကန့်သတ်ချက်တွေကို ဆက်ပြီးချထားရပါတယ်။

တောင်ကိုရီးယားမှာ ရောဂါပိုးကူးစက်သူ စုစုပေါင်း ၂၀,၀၀၀ ကျော်ရှိပြီး သေဆုံးသူက ၃၂၆ ဦးရှိတယ်လို့ ကိုရီးယား ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးဌာနက ဒီကနေ့ ထုတ်ပြန်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG