သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုဗစ်ကာကွယ်ဆေး နိုင်ငံအားလုံးရစေရေး UNICEF ဦးဆောင်လုပ်ဖို့ စီစဉ်ထား


အီတလီနိုင်ငံ ရောမမြို့ရှိ ဆေးတက္ကသိုလ်တခုမှာ စာသင်ယူနေကြတဲ့ ကျောင်းသားများ။ (စက်တင်ဘာ ၀၃၊ ၂၀၂၀)
အီတလီနိုင်ငံ ရောမမြို့ရှိ ဆေးတက္ကသိုလ်တခုမှာ စာသင်ယူနေကြတဲ့ ကျောင်းသားများ။ (စက်တင်ဘာ ၀၃၊ ၂၀၂၀)

[Zawgyi/Unicode]

ကမ္ဘာပေါ်မှာ COVID-19 ကာကွယ်ဆေး မရတဲ့နိုင်ငံ မရှိရအောင် ရှေ့လာမယ့် ၂ နှစ်အတွင်း ကာကွယ်ဆေးထုတ်လုပ်သူ ဒါဇင်ပေါင်းများစွာဆီက ထွက်လာမယ့် COVID-19 ကာကွယ်ဆေးတွေကို အများဆုံးနဲ့ အမြန်ဆုံး ဝယ်ယူ ဖြန့်ဖြူးတာကို ဥိးဆောင်သွားမယ်လို့ ကုလသမဂ္ဂ ကလေးသူငယ်များရန်ပုံငွေအဖွဲ့ (UNICEF) က မနေ့က ပြောလိုက်ပါတယ်။

COVAX လို့ခေါ်တဲ့ COVID-19 ကာကွယ်ဆေးဖြန့်ဝေမယ့်အစီအစဉ်ကို UNICEF နဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ် (WHO) တို့က ပူးတွဲဦးဆောင်သွားမှာဖြစ်ပါတယ်။ ချမ်းသာတဲ့နိုင်ငံ ၇၆ နိုင်ငံက ဒီအစီအစဉ်မှာ ပါဝင်ကြပြီး ဒီအစီအစဉ်အရ ကာကွယ်ဆေးတွေကို ဝယ်ယူပြီးတော့ ကမ္ဘာတဝန်းက ဝင်ငွေနည်းတဲ့နိုင်ငံတွေနဲ့ အလယ်အလတ်ဝင်ငွေ အနိမ့်တန်းနိုင်ငံ ၉၂ နိုင်ငံကို အညီအမျှခွဲဝေပေးသွားဖို့ ရည်ရွယ်ထားတယ်လို့ UNICEF ရဲ့ ကြေငြာချက်မှာ ပြောထားပါတယ်။

ဒါက အစိုးရတွေ၊ ဆေးထုတ်လုပ်သူတွေ နဲ့ အကျိူးတူပူးပေါင်းဆောင်ရွက်သူတွေ အားလုံးပေါင်းပြီး COVID-19 ကပ်ရောဂါကို ဆက်ပြီးတော့ ကာကွယ်တိုက်ဖျက်ဖို့လုပ်တဲ့ အကျိုးတူဆောင်ရွက်မှုဖြစ်တယ်လို့ UNICEF အဖွဲ့ရဲ့ အမှုဆောင်ညွှန်ကြားရေးမှူး Henrietta Fore က ကြေငြာချက်ထဲမှာ ပြောထားပါတယ်။ ကာကွယ်ဆေးတွေရတဲ့အခါမှာ နိုင်ငံတိုင်းအတွက် ကနဦးလိုအပ်နေတဲ့ ကာကွယ်ဆေးတွေကို သာတူညီမျှ ဘေးအန္တရာယ်ကင်းကင်းနဲ့ အမြန်ပေးနိုင်အောင် UNICEF အဖွဲ့ရဲ့ သူမတူတဲ့ လုပ်ဆောင်နိုင်စွမ်းကို အသုံးပြုသွားမှာဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ် (WHO) အကြီးအကဲ Dr. Tedros Ghebreyesus
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ် (WHO) အကြီးအကဲ Dr. Tedros Ghebreyesus

ချမ်းသာတဲ့နိုင်ငံတွေအနေနဲ့ ကာကွယ်ဆေးတွေကို သိမ်းဆည်းသိုလှောင်လာနိုင်ခြေရှိ တာကြောင့် အဲဒီလိုမလုပ်ဖို့၊ အဲဒီလိုလုပ်လိုက်ခြင်းအားဖြင့် ကပ်ရောဂါရဲ့ အကျိုးဆက်တွေက ပိုပြီးတော့ ဆိုးရွားလာနိုင်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ် (WHO) အကြီးအကဲ Dr. Tedros Ghebreyesus က ပြီးခဲ့တဲ့ သြဂုတ်လက ပြောထားပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]






XS
SM
MD
LG