သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန် ရွေးကောက်ပွဲမတိုင်ခင် ၂ ရက်အလိုမှာ ကိုဗစ်ကာကွယ်ဆေး ဖြန့်နိုင်ဖို့ အစိုးရစီစဉ်နေ


(Zawgyi/Unicode)

အမေရိကန်ပြည်ထောင်စုမှာ သမ္မတရွေးကောက်ပွဲ မကျင်းပခင် ၂ ရက်အလို နိုဝင်ဘာလ ၁ ရက်နေ့မှာ COVID-19 ကာကွယ်ဆေး ဖြန့်ဖြူးပေးရေး အတွက် အသင့်ပြင်ထားကြဖို့ ပြည်နယ် ၅၀ စလုံးနဲ့ မြို့ကြီးတော်များများက ကျန်းမာရေးတာဝန်ခံတွေကို အကြောင်းကြားထားတယ်လို့ အမေရိကန်ကူးစက်ရောဂါ ထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးဆိုင်ရာ ဗဟိုဌာန CDC ကအတည်ပြုပြောဆိုပါတယ်။

အမေရိကန်နိုင်ငံက ပြည်နယ် ၅၀ နဲ့ နယူးရောက်၊ ချီကာဂို၊ Philadelphia ၊ Houston နဲ့ San Antonio မြို့ကြီးတွေမှာ ရှိတဲ့ လူထုကျန်းမာရေးတာဝန်ခံအရာရှိတွေ ဆီကို CDC အကြီးအကဲ ဒေါက်တာ Robert Redfield က ဒီကာကွယ်ဆေး အစီအစဉ်နဲ့ပတ်သက်ပြီး စာပေးပို့ခဲ့တာ ဖြစ်ကြောင်း The New York Times သတင်းမှာ ဖေါ်ပြပါတယ်။

CDC က ပေးပို့တဲ့ စာထဲမှာ ဒီဆေးကို ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ ကျွမ်းကျင်သူတွေ၊ နာတာရှည်ဆေးရုံတွေက ဝန်ထမ်းတွေ၊ မလုပ်မဖြစ် လုပ်ဆောင်ရမယ့် အလုပ်တွေမှာ အလုပ်လုပ်ရသူတွေ အပြင် လုံခြုံရေးဝန်ထမ်းတွေ အတွက် ကနဦး ဦးစားပေး အဖြစ် သတ်မှတ်ထား သလို အသက် ၆၅ နှစ်နဲ့ အထက် အမေရိကန် နိုင်ငံသားတွေ၊ လူမျိုးနဲ့ အသားအရောင်ကွဲပြားတဲ့ လူနဲစုဝင်တွေ၊ ဌာနေတိုင်းရင်းသားတွေနဲ့ အကျဉ်းချခံထားရသူတွေ ကိုလည်း ဦးစားပေး အဆင့် သတ်မှတ်ထားတာပါ။

ဒါ့အပြင် ဆေးဖြန့်ဝေရေး CDC အတွက် လုပ်ဆောင်ပေးမယ့် McKesson ကော်ပိုရေးရှင်း က ပြည်နယ်နဲ့ ဒေသတွင်း ကျန်းမာရေးဌာနတွေမှာ ရှိတဲ့ ဆေးရုံတွေကို ကာကွယ်ဆေး ပို့ပေးရာမှာ နိုဝင်ဘာ ၁ ရက်နေ့ မှာ အပြီး ဖြန့်ဝေ နိုင်ဖို့အတွက် ပါမစ်လေ ျှာက်လွှာ အမြန် အတည်ပြုပေးတာကစပြီး လိုအပ်တာမှန်သမ ျှ လုပ်ပေးကြဖို့လည်း Dr. Redfield က တိုက်တွန်းထားပါတယ်။

အမေရိကန် ကူးစက်ရောဂါဆိုင်ရာ ထိပ်တန်းပညာရှင် ဒေါက်တာ Anthony Fauci ကတော့ ထိရောက်ပြီး စိတ်ချရတဲ့ COVID-19 ကာကွယ်ဆေးကို ဒီနှစ်ကုန်လောက်မှာ ရမယ်လို့ သူယုံကြည်ကြောင်းနဲ့ ထိရောက်မှုရှိတဲ့ ကာကွယ်ဆေး မရခင် အဆောတလျင် အတည်ပြုရတာမျိုးမလုပ်ဖို့ ပြောပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါအကူးစက်ခံရသူက ကမ္ဘာတလွှား လူပေါင်း ၂၆ သန်းကျော် (၂၆,၁၁၂,၄၀၂) ရှိနေပြီး သေဆုံးရသူက ၈ သိန်းခွဲကျော် (၈၆၄, ၆၉၁) ရှိတယ်လို့ Johns Hopkins တက္ကသိုလ် စစ်တမ်းမှာ ဖေါ်ပြပါတယ်။ အမေရိကန်နိုင်ငံက အကူးစက်ခံရသူ ၆ သန်းကျော် (၆,၁၂၅ ,၉၁၆) နဲ့ ကမ္ဘာမှာ အများဆုံးဖြစ်သလို သေဆုံးရသူက ၂ သိန်းနီးပါး. (၁၈၆,၁၈၅) ရှိနေပါတယ်။

တိုက်ရိုက် လင့်ခ်


...........

(Unicode)







XS
SM
MD
LG