သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကမာၻတဝန္းႀကိဳးစားေနတဲ့ ကိုဗစ္ကာကြယ္ေဆးေပါင္း ၁၇၀ WHO ေစာင့္ၾကည့္ေန


"COVID ကာကြယ္ေဆး" လို႔ တံဆိပ္ကပ္ထားတဲ့ ေဆးပုလင္းမ်ား။ (ဧၿပီ ၁၀၊ ၂၀၂၀)

[Zawgyi/Unicode]

ကမာၻတဝန္းက သုေတသီေတြ တီထြင္ထုတ္လုပ္ဖို႔ ႀကိဳးစားေနတဲ့ ကို႐ိုနာဗိုင္းရပ္စ္ ကာကြယ္ေဆးေတြထဲက အမ်ိဳးေပါင္း ၁၇၀ ကို ကမာၻ႔က်န္းမာေရးအဖြဲ႔ (WHO) က ေစာင့္ၾကည့္ေနပါတယ္။

ထိေရာက္တဲ့ ကာကြယ္ေဆးတခုကို ေမွ်ာ္လင့္ထားတာထက္ အခ်ိန္ ေတာ္ေတာ္ေစာၿပီး ထုတ္လုပ္ႏိုင္လိမ့္မဲ့ ကာကြယ္ထိုးေဆး မေလာက္မငွ ျဖစ္မယ့္အေရးကို ေရွာင္ရွားႏိုင္ဖို႔အတြက္ေတာ့ အစိုးရေတြက လုံေလာက္တဲ့ ေငြေၾကး သုံးစြဲမႈေတြ မလုပ္ဘူးဆိုတဲ့ စိုးရိမ္ပူပန္မႈေတြထြက္ေပၚလာေနပါတယ္။ သန္းခ်ီတဲ့ ကာကြယ္ေတြကို စီမံခန္႔ခြဲ ျဖန္႔ျဖဴးေရးမွာ ၾကဳံေတြ႕ရမယ့္ စိန္ေခၚမႈေတြကိုလည္း ႀကိဳတင္ ေတြးဆၿပီး ျပင္ဆင္ထားတာ မရွိဘူးလို႔ ဆိုပါတယ္။

ကမာၻ႔လူဦးေရ ၈ ဘီလီယံအတြက္ လိုအပ္တဲ့ ကာကြယ္ေဆး ထက္ဝက္ ရရွိဖို႔ ႏိုင္ငံ အစိုးရေတြက ေငြေၾကး သုံးစြဲထားၿပီး ျဖစ္တယ္လို႔ အကဲျဖတ္သူေတြက ေျပာပါတယ္။

ကမာၻ႔ႏိုင္ငံေပါင္း ၁၇၀ ေက်ာ္ကလည္း WHO က ဦးေဆာင္တဲ့ ကာကြယ္ေဆး ညီတူညီမွ် ရရွိေရး အစီအစဥ္မွာ ပါဝင္ ေဆာင္႐ြက္ဖို႔ ေစ့စပ္ ေဆြးေႏြးေနပါတယ္။ ဒါေပမဲ့ အေမရိကန္ႏိုင္ငံကေတာ့ ဒီအစီအစဥ္မွာ ပါဝင္မွာ မဟုတ္ဘူးလို႔ ေျပာထားပါတယ္။

အေမရိကန္ႏိုင္ငံလိုပဲ သူတို႔ရဲ႕ ျပည္သူေတြ ကာကြယ္ေဆး အခ်ိန္မီမရမွာကို စိုးရိမ္တဲ့ ႏိုင္ငံေတြကလည္း ကိုယ့္အစီအစဥ္နဲ႔ကိုယ္ ကာကြယ္ေဆးေတြ ထုတ္လုပ္လာေနၾကပါတယ္။

ၿဗိတိန္၊ ဂ်ပန္၊ ကေနဒါ၊ ဩစေၾတးလ်နဲ႔ ႏိုင္ငံအမ်ားအျပားက အလားအလာေကာင္းတဲ့ ကာကြယ္ေဆး သန္းနဲ႔ခ်ီၿပီးဝယ္ယူဖို႔ ေဆးဝါးကုမၸဏီေတြနဲ႔ သေဘာတူ စာခ်ဳပ္ေတြ အၿပိဳင္အဆိုင္ ခ်ဳပ္ဆိုေနၾကၿပီ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ကမ္ဘာတဝန်းကြိုးစားနေတဲ့ ကိုဗစ်ကာကွယ်ဆေးပေါင်း ၁၇၀ WHO စောင့်ကြည့်နေ

ကမ္ဘာတဝန်းက သုတေသီတွေ တီထွင်ထုတ်လုပ်ဖို့ ကြိုးစားနေတဲ့ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးတွေထဲက အမျိုးပေါင်း ၁၇၀ ကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က စောင့်ကြည့်နေပါတယ်။

ထိရောက်တဲ့ ကာကွယ်ဆေးတခုကို မျှော်လင့်ထားတာထက် အချိန် တော်တော်စောပြီး ထုတ်လုပ်နိုင်လိမ့်မဲ့ ကာကွယ်ထိုးဆေး မလောက်မငှ ဖြစ်မယ့်အရေးကို ရှောင်ရှားနိုင်ဖို့အတွက်တော့ အစိုးရတွေက လုံလောက်တဲ့ ငွေကြေး သုံးစွဲမှုတွေ မလုပ်ဘူးဆိုတဲ့ စိုးရိမ်ပူပန်မှုတွေထွက်ပေါ်လာနေပါတယ်။ သန်းချီတဲ့ ကာကွယ်တွေကို စီမံခန့်ခွဲ ဖြန့်ဖြူးရေးမှာ ကြုံတွေ့ရမယ့် စိန်ခေါ်မှုတွေကိုလည်း ကြိုတင် တွေးဆပြီး ပြင်ဆင်ထားတာ မရှိဘူးလို့ ဆိုပါတယ်။

ကမ္ဘာ့လူဦးရေ ၈ ဘီလီယံအတွက် လိုအပ်တဲ့ ကာကွယ်ဆေး ထက်ဝက် ရရှိဖို့ နိုင်ငံ အစိုးရတွေက ငွေကြေး သုံးစွဲထားပြီး ဖြစ်တယ်လို့ အကဲဖြတ်သူတွေက ပြောပါတယ်။

ကမ္ဘာ့နိုင်ငံပေါင်း ၁၇၀ ကျော်ကလည်း WHO က ဦးဆောင်တဲ့ ကာကွယ်ဆေး ညီတူညီမျှ ရရှိရေး အစီအစဉ်မှာ ပါဝင် ဆောင်ရွက်ဖို့ စေ့စပ် ဆွေးနွေးနေပါတယ်။ ဒါပေမဲ့ အမေရိကန်နိုင်ငံကတော့ ဒီအစီအစဉ်မှာ ပါဝင်မှာ မဟုတ်ဘူးလို့ ပြောထားပါတယ်။

အမေရိကန်နိုင်ငံလိုပဲ သူတို့ရဲ့ ပြည်သူတွေ ကာကွယ်ဆေး အချိန်မီမရမှာကို စိုးရိမ်တဲ့ နိုင်ငံတွေကလည်း ကိုယ့်အစီအစဉ်နဲ့ကိုယ် ကာကွယ်ဆေးတွေ ထုတ်လုပ်လာနေကြပါတယ်။

ဗြိတိန်၊ ဂျပန်၊ ကနေဒါ၊ ဩစတြေးလျနဲ့ နိုင်ငံအများအပြားက အလားအလာကောင်းတဲ့ ကာကွယ်ဆေး သန်းနဲ့ချီပြီးဝယ်ယူဖို့ ဆေးဝါးကုမ္ပဏီတွေနဲ့ သဘောတူ စာချုပ်တွေ အပြိုင်အဆိုင် ချုပ်ဆိုနေကြပြီ ဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG