သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အလားအလာ ရွိတဲ့ ကိုဗစ္ ၁၉ ကာကြယ္ေဆး


Coronavirus vaccine

ကိုဗစ္ ၁၉ ကပ္ေရာဂါ ျဖစ္ပြါးတာ ရွစ္လၾကာလာခ်ိန္မွာ ဒီေရာဂါနဲ႔ ေသဆံုးရသူ ကမာၻမွာ ၈ သိန္းရွိလာတဲ့အတြက္ ကာကြယ္ေဆးရဖုိ႔ အျပင္းအထန္ ႀကိဳးစားေနတဲ့အထဲမွာ အလားအလာ ရွိတဲ့ ေဆးေတြက ဘာေတြပါလဲ။ အဏုဇီဝေဗဒ ပညာရွင္ မခင္ဇာဝင္းျပည့္ကို ေမးျမန္းၿပီး တင္ျပေပးမွာပါ။

အလားအလာ ရွိတဲ့ ကိုဗစ္ ၁၉ ကာကြယ္ေဆး
please wait

No media source currently available

0:00 0:07:12 0:00
တိုက္႐ိုက္ လင့္ခ္


Zawgyi/ Unicode

(Zawgyi)

ကိုဗစ္ ၁၉ ကပ္ေရာဂါ ျဖစ္ပြါးတာ ရွစ္လၾကာလာခ်ိန္မွာ ဒီေရာဂါနဲ႔ ေသဆံုးရသူ ကမာၻမွာ ၈ သိန္းရွိလာတဲ့အတြက္ ကာကြယ္ေဆးရဖုိ႔ အျပင္းအထန္ ႀကိဳးစားေနၾကပါတယ္။ ဒီၾကားထဲအေျခေနပိုဆိုးေစႏိုင္တဲ့ တေက်ာ့ျပန္ ကူးစက္မယ့္ ဒုတိယလႈိင္း အႏၱရာယ္ပါ ရွိေနတာေၾကာင့္ စမ္းသပ္ဆဲ ကာကြယ္ေဆးေတြထဲက အလားအလာ ရွိတဲ့ ေဆးေတြနဲ႔ ပတ္သက္ၿပီး အဏုဇီဝေဗဒ ပညာရွင္ မခင္ဇာဝင္းျပည့္ကို ေမးျမန္းၿပီး တင္ျပေပးမွာပါ။

မခင္ဇာဝင္းျပည့္။. ။“အလားအလာေကာင္းတဲ့ ကာကြယ္ေဆး ဆိုတာကေတာ့ စုစုေပါင္း ၅ ခုရွိတယ္ ေပါ့ေနာ္။ ပထမဆံုး အေနနဲ႔ ဆိုရင္ေတာ့ US အေျခစိုက္ Moderna ကုမၸဏီက ထုတ္တဲ့ MRNA ကာကြယ္ေဆး တခု ျဖစ္ပါတယ္။ သူတို႔ phase 3 ကို စခဲ့တာက ဇူလိုင္လ ၂၇ ရက္ေန႔မွာ။ ၿပီးေတာ့ နံပတ္ ၂ ကေတာ့ Pfizer ရယ္၊ ဂ်ာမန္ကုမၸဏီရယ္ ေနာက္ တရုတ္ ကုမၸဏီ တခုရယ္ သူတို႔ ၃ ခုေပါင္းၿပီးေတာ့ ေလ့လာစမ္းသပ္ ေနတာတခုရွိတယ္။ အဲဒါလည္း MRNA ကာကြယ္ေဆးပဲ။ သူတုိ႔လည္း အဆင့္ ၃ ကို အခု စၿပီးေတာ့ စမ္းေနတယ္ ေပါ့ေနာ္။

တတိယ တခုကေတာ့ CanSinoBIO ဆိုတာ တရုတ္အေျခစိုက္ပါ။ သူက တရုတ္ျပည္ အေျခစိုက္ ဇီဝနည္းပညာ ကုမၸဏီ ျဖစ္ေပမယ့္ တရုတ္ျပည္စစ္တပ္နဲ႔ တြဲၿပီးလုပ္တဲ့ဟာေပါ့ေနာ္။ စစ္တပ္မွာ ဆိုရင္ေတာ့ ထိုးခြင့္ ေပးလိုက္ၿပီလို႔ သိရပါတယ္။ ဒါေပမယ့္ ျပည္သူ ေတြ အတြက္ေတာ့ အဆင့္ ၃ စမ္းသပ္တာက စမ္းေနတုန္းပဲ။ ေနာက္တခု နံပါတ္ ၄ ကက်ေတာ့ ယူေက အေျခစိုက္ University of Oxford က သူက ဆြီဒင္ကုမၸဏီနဲ႔ ပူးေပါင္းၿပီးေတာ့ ေလ့လာစမ္းသပ္ေနတဲ့ဟာ။ အဲဒါလည္း အဆင့္ ၃ မွာ သြားေနပါတယ္။ ေနာက္ နံပတ္ ၅ ကက်ေတာ့ တရုတ္ျပည္ အေျခစိုက္ ကုမၸဏီ တခုပဲ။ သူတုိ႔ရဲ့. အဆင့္ ၃ စမ္းသပ္တာကိုေတာ့ UAE မွာ စၿပီးေတာ့ လူေတြကို စမ္းေနၿပီလို႔ ေျပာထားတယ္။ ဒါေပမယ့္ အေျခေန ဘယ္လိုရွိမယ္ ဆိုတာကိုေတာ့ ေစာင့္ၾကည့္ရအံုးမွာေပါ့။ ”

ေမး။. ။“ဒီ MRNA ကို အေျခတည္ၿပီးေတာ့ စမ္းတယ္ ဆိုတာ ဘယ္လိုစမ္းတာလဲ ေျပာျပေပးပါ။”

မခင္ဇာဝင္းျပည့္။. ။“ ဟုတ္ကဲ့ပါ။ MRNA ဆိုတာကို မေျပာခင္မွာ. ဒီ MRNA ဆိုတာက RNA ထဲက တမ်ိဳးပဲ ေပါ့ေနာ္။ ဆိုတဲ့အခါ က်ေတာ့၊ အခုအခ်ိန္ေလာက္ဆို လူေတာ္ေတာ္မ်ားမ်ားက ရင္းႏွီးကၽြမ္းဝင္ေနမွာက မ်ိဳးဗီဇ DNA ေပါ့။ လူေတြေရာ ဒီသက္ရွိ သတၱဝါေတြ တိုင္းမွာေရာ ဒီမ်ိဳးဗီဇ DNA ဆိုတာက ရွိတယ္ေပါ့ေနာ္။ ဒီ DNA ကေနၿပီးေတာ့ ပရိုတိန္းေတြ၊ ေနာက္ လူ႔ခႏၶာကိုယ္ထဲက ဆဲလ္ တလံုးနဲ႔ တလံုး ဆက္သြယ္မႈ ေတြမွာ ဆိုလို႔ရွိရင္ အသံုးျပဳမယ့္ဟာက. ပရိုတိန္းေလးေတြလို႔ ေခၚတယ္။ ပရိုတိန္းေတြ ထြက္ဖို႔အတြက္ကို DNA ကေန ပရိုတိန္း ထြက္ဖို႔အတြက္ကို ခလယ္မွာ ၾကားခံလုပ္ေပးရတာက RNA လို႔ေခၚတယ္။ ဒီ RNA ရွိေတာ့မွာ ပရိုတိန္းကို ထုတ္လို႔ ရတာေပါ့ေနာ္။

MRNA ကာကြယ္ေဆးဆိုတာက - MRNA ရဲ့ အရွည္ေကာက္က မက္ဆင္ဂ်ာ RNA။ ဒီ RNA ၃ မ်ိဳးရွိတဲ့ထဲမွာ ဒီ မက္ဆင္ဂ်ာ RNA က ပရိုတိန္း ျဖစ္ဖုိ႔ အတြက္ အဓိက ပါဝင္ လုပ္ေပးရတဲ့ ဟာေပါ့ေနာ္။ သူ႕ရဲ့ concept က ဘာကို အေျခခံလဲ ဆိုေတာ့ DNA ကို မထည့္ပဲနဲ႔ MRNA ကို ထည့္လို္က္မယ္ ဆိုရင္ ဒီ MRNA က ပရိုတိန္းကို ေျပာင္းဖုိ႔ လြယ္တယ္။ ဆိုတဲ့အခါ က်ေတာ့ လူရဲ့ ခႏၶာကိုယ္ထဲကို MRNA ေရာက္သြားၿပီဆိုရင္ ဒီ MRNA သည္ ဗိုင္းရပ္စ္ရဲ့ MRNA အပိုင္းကေလးပဲ ျဖစ္မယ္။ ဗိုင္းရပ္စ္ရဲ့ ပံုစံေလး၊ ဗိုင္းရပ္စ္ အတု ျဖစ္ဖို႔ အတြက္ အေထာက္အကူေပးမယ့္ MRNA ေလးတခုေပါ့။ အဲဒီ MRNA တခုက ခႏၶာကိုယ္ထဲကို ေရာက္မယ္၊ ေရာက္ၿပီးသြားလို႔ ရွိရင္ ခႏၶာကိုယ္ရဲ့ ခုခံအားက ဒီ MRNA ကထြက္လာတဲ့ ဗိုင္းရပ္စ္ အတုကို ျပန္ၿပီးေတာ့ တုန္႔ျပန္လိမ့္မယ္။ အဲဒီ တုန္႔ျပန္တဲ့ဟာသည္ ဒီ ဗိုင္းရပ္စ္ အစစ္ဝင္တဲ့ ပံုစံလိုမ်ိဳး အတိုင္း ျဖစ္ပ်က္မယ္ ေပါ့ေနာ္။ အဲဒါေၾကာင့္ မို႔လို႔ ဒီခႏၶာကိုယ္ရဲ့ ခုခံအားမွာ မွတ္ဥာဏ္ ဆိုတဲ့ဟာ တခု ေပၚလာၿပီးတဲ့ အခါ က်ရင္၊ ေနာက္ တကယ္လို႔ ကိုယ္က တကယ့္ ဗိုင္းရပ္စ္ အစစ္နဲ႔ ေတြ႔တဲ့ အခ်ိန္မွာ ဒီမွတ္ဥာဏ္ ကေနၿပီးေတာ့ ဒီ ခုခံအားနဲ႔ ျပန္ တုိက္ထုတ္ေပးတာေပါ့။ ဒါက ကာကြယ္ေဆးရဲ့ သူ႔ရဲ့ အေျခခံထားတဲ့ ဒီ MRNA ကာကြယ္ေဆးကို အေျခခံထားတဲ့ သေဘာတရားကို ေျပာျပတာပါ။ ”

ေမး။. ။“ဆိုေတာ့ ကာကြယ္ေဆး တခု စိတ္ခ်ရတယ္၊ မခ်ရဘူး ဆိုတာ ဘယ္ေပၚမွာ မူတည္ပါသလဲ။”

မခင္ဇာဝင္းျပည့္။. “ကာကြယ္ေဆးတခု စိတ္ခ်ရတယ္၊ မခ်ရဘူး ဆိုတာက ၊ ဘယ္ေဆးမဆို ဆိုးက်ိဳးနဲ႔ ေကာင္းက်ိဳးနဲ႔ ကို ယွဥ္ရတယ္။ အဲဒီလို ယွဥ္တဲ့အခါမွာ ေဘးထြက္ ဆိုးက်ိဳးသည္ မေျပာပေလာက္ေအာင္နဲၿပီးေတာ့ ေကာင္းက်ိဳးက ပိုၿပီးေတာ့ အေလးသာတယ္ ဆိုရင္ အဲဒါမ်ိဳးသည္ ေကာင္းတဲ့ ကာကြယ္ေဆးတခု ဆိုၿပီးေတာ့ ေျပာရတာေပါ့။

ဘာလို႔လည္း ဆိုေတာ့ ေဘးထြက္ဆိုးက်ိဳး မ်ားတယ္ဆိုရင္က လူငယ္ေတြ ခံႏိုင္တယ္ဆိုရင္ေတာင္မွ ေရာဂါအခံရွိသူေတြ ခံႏိုင္မလား၊ ကေလးေတြ ခံႏိုင္မလား။ လူႀကီးေတြ ခံႏိုင္မလား ဒါမ်ိဳးေတြ ရွိလာတယ္ ေပါ့ေနာ္။ အဲဒါ အတြက္ေၾကာင့္ မို႔လို႔ပါ။”

ေမး။. ။“စမ္းသပ္တဲ့ အခါမွာ အဆင့္ဆင့္ စမ္းရတယ္ ေပါ့ေနာ္။ အဆင့္ ၃ က်မွ စိတ္ခ်ရတယ္လို႔ ေျပာလို႔ ရတာေပါ့။”

မခင္ဇာဝင္းျပည့္။. ။“ဟုတ္ကဲ့ပါ။ ဘာလို႔လည္း ဆိုေတာ့ အဆင့္ ၁ မွာက သူက လူ ဆယ္ဂဏန္းေလာက္ကေလးနဲ႔ ခဏ စမ္းလိုက္တယ္။ စမ္းတဲ့အခါက်ရင္ အဆင့္ ၁ မွာက လူေတြကို ေဆးဘယ္ေလာက္ ေပးရမလဲ ဆိုတဲ့ dosage ေတြ သူတို႔မွန္းတယ္။ ေနာက္ၿပီး ဒီဟာသည္ ဆိုးဆိုးဝါးဝါး ဆိုးက်ိဳးေတြ ရွိသလဲ ဆိုတာကို စမ္းတာ။

ေနာက္ၿပီး အဆင့္ ၂ မွာဆို အဆင့္ ၁ မွာထက္ နဲနဲပိုၿပီး မ်ားတဲ့ လူဦးေရ ပမာဏ ေပါ့ေနာ္ ရာဂဏန္း ျဖစ္ႏုိင္တယ္။ ေထာင္ဂဏန္း တေထာင္ေလာက္ ျဖစ္ႏိုင္တယ္။ အဲဒီ အဆင့္ ၂ ကိုေရာက္သြားၿပီ ဆိုရင္ ဒီဟာသည္ ဘယ္ေလာက္အထိ စိတ္ခ်ရၿပီလဲ safe ျဖစ္သလဲ။ ေပးလို႔ရၿပီလား၊ ဆိုတဲ့ဟာကို အဲဒါက်ရင္ လူအမ်ား နဲ႔ နဲနဲ ပိုစမ္းတဲ့ဟာ။ အဆင့္ ၃ ကိုေရာက္တဲ့ အခါက် လူက ေထာင္နဲ႔ခ်ီ ရတယ္။ ၅၀၀၀ - ၆၀၀၀ - ၇၀၀၀ တခ်ိဳ႕ ၃ ေသာင္း။ အခုဒီ Moderna ဆိုရင္ သူက ၃ ေသာင္းနဲ႔စၿပီး စမ္းသပ္ေနတယ္လုိ႔ ေျပာတယ္။

စမ္းတဲ့ လူမ်ားလာေလေလ သူ႔ရဲ့ ဆိုးက်ိဳးေၾကာင့္ ဆံုးရံႈးမႈ၊ ထိခိုက္ နစ္နာမႈ ေတြ နဲလာေလေလ ေပါ့ေနာ္။”

ေမး။. ။“ရုရွားက စမ္းသပ္မႈက ဆိုလို႔ရွိရင္ အစိုးရကေန ခ်က္ခ်င္းႀကီး အတည္ျပဳေပးလိုက္တယ္၊ ဒီလိုမ်ိဳး အဆင့္ဆင့္ စမ္းသပ္မႈေတြ လုပ္မလုပ္ မေသခ်ာဘူး ဆိုၿပီးေတာ့ အခု စံုစမ္းမႈေတြ လုပ္ေနရတယ္။ ဆိုေတာ့ ဒါမ်ိဳးေပါ့ေနာ္။ စိတ္ခ်ရတယ္ မခ်ရဘူး ဆိုတာ အဲဒါေပၚမွာ မူတည္ေျပာတာလား။”

မခင္ဇာဝင္းျပည့္။. ။“ဟုတ္ကဲ့ပါ။ က်မတို႔ ဖတ္ရသေလာက္ ဆိုရင္ေတာ့ ရုရွားက အဆင့္ ၃ ကို သူက ဒီလုိမ်ိဳး လူဦးေရ ေထာင္ဂဏန္းနဲ႔ မစစ္လိုက္ပဲနဲ႔ ခ်က္ခ်င္း တန္းၿပီးေတာ့ ေပးလိိုက္သလိုမ်ိဳး ျဖစ္သြားတယ္ ေပါ့ေနာ္။ အဲဒီအခါ က်ေတာ့. ဘာေတြ ျဖစ္ႏိုင္သလဲ ဆိုေတာ့ ေမ ွ်ာ္လင့္မထားတဲ့ case ေတြ ျဖစ္လာႏိုင္တယ္ ေပါ့ေနာ္။ ဥပမာ ဒီ စစ္တဲ့ လူစာရင္းထဲမွာက ခုခံအားသည္ ပံုစံမ်ိဳးက တမ်ိဳးထဲ ျဖစ္ခ်င္ ျဖစ္ႏိုင္တယ္။ နဲနဲပဲ ကြဲျပားတာမ်ိဳး ျဖစ္ႏိုင္တယ္။ လူဦးေရ ေထာင္နဲ႔ခ်ီ သြားတဲ့ အခါ က်ေတာ့ ခုခံအား အနိမ့္အျမင့္ ေပၚမွာ မူတည္ၿပီးေတာ့ လူက အဖ်ား ဘယ္ေလာက္ တက္မလဲ။ ေနာက္ သူ႔ရဲ့ reaction တုန္႔ျပန္မႈေပါ့။ ဘာလို႔လည္း ဆုိေတာ့ ဒီ ကာကြယ္ေဆး ျဖစ္တယ္ ဆိုတာက ဗိုင္းရပ္စ္ အစစ္ကို သူက ကူးႏိုင္စြမ္းတို႔ ေရာဂါေပးႏိုင္စြမ္း တို႔ကို ဖယ္ထားတဲ့ ပံုစံမ်ိဳးကို ေပး တာ ေပါ့ေနာ္။ ေရာဂါ ကာကြယ္ေဆး ဆိုတာက။ ဆိုေတာ့ အနဲဆံုးေတာ့ ခႏၶာကိုယ္ထဲမွာ foreign body တခု အေနနဲ႔ ဝင္သြားတဲ့ အတြက္ေၾကာင့္ မို႔လို႔ ခႏၶာကိုယ္က ခုခံအားက သူ႔ကို တုန္႔ျပန္တယ္။ ဒီတုန္႔ျပန္တဲ့အားသည္ သူ႔ကို အေျခေန ဘယ္ေလာက္အထိ ဆိုးသြား ႏုိင္သလဲ၊ ဆိုကာ သူ႔ကို ေျပာဖုိ႔ ေဘာင္နဲနဲ က်ဥ္းသြားတယ္ ေပါ့ေနာ္။ သူတို႔ရဲ့ ေလ့လာမႈ နဲသြားတဲ့ အခ်ိန္မွာ ကိုယ့္ရဲ့ ယံုၾကည္မႈ confidence level နဲနဲ နည္းသြားတယ္ ေပါ့။”

ေမး။. ။“ဒီ ကာကြယ္ေဆး တခု ေကာင္းတယ္၊ မေကာင္းဘူး ဆိုတာ ဘယ္လို ေျပာႏုိင္ပါသလဲ။”

မခင္ဇာဝင္းျပည့္။. ။“ေကာင္းတဲ့ ကာကြယ္ေဆး ဆိုတဲ့ ဟာသည္ အက်ိဳး တကယ္ရွိတယ္။ ေနာက္ၿပီးေတာ့ ေဘးထြက္ ဆိုးက်ိဳးေတြ လည္း နဲတယ္ ေပါ့ေနာ္။ အဲဒါ ၂ ခု ျပည့္စံုမွသာ ဒီဟာကို ျပည္သူေတြကို ေပးႏုိင္တယ္ ဆိုတဲ့ ကာကြယ္ေဆးေကာင္း တခု ျဖစ္မယ္ေပါ့။ အက်ိဳးရွိတယ္ ဆိုတာက တကယ္ေကာ အလုပ္လုပ္သလား၊ ေတာ္ၾကာေန ေဘးထြက္ ဆိုးက်ိဳးလည္း မရွိဘူး။ တကယ္လည္း အလုပ္မလုပ္ဖူး။ ကူးလာတဲ့ အခါက်ရင္ေတာ့ ခံလိုက္မယ္ဆို။ အဲဒီအခါမ်ိဳး က် မထုိးတာနဲ႔ အတူတူပဲ ျဖစ္တဲ့ အတြက္ေၾကာင့္ အက်ိဳးလည္း ရွိရမယ္။ ေနာက္ ဘယ္ႏွစ္ခါ ထုိးရမွာလဲ ေပါ့ေနာ္။ အခု Moderna ဆုိရင္ သူက ေနာက္ဆံုးသိရတာက သူ႔ဆို ၂ ခါ ဆင့္ ထုိးရမွာ ေပါ့ေနာ္။ အဲဒီလိုမ်ိဳး ဘယ္လိုပံုစံမ်ိဳး ေပးမွာလဲ dosage ဘယ္ေလာက္ေပးမွာလည္း။ ဒါမ်ိဳးေတြ အေသအခ်ာ တိတိက်က် ထြက္ထားၿပီ ဆိုတဲ့ ကာကြယ္ေဆးတခု သာလ ွ်င္ ျပည္သူေတြ အေနနဲ႔ လည္း ယံုယံုၾကည္ၾကည္ စိတ္ခ်မ္းခ်မ္းသာသာနဲ႔ ထိုးႏိုင္မယ္ေပါ့။”

မခင္ဇာဝင္းျပည့္ရဲ့ ေျပာၾကားခ်က္နဲ႔ပဲ ဒီသီတင္းပတ္အတြက္ သိပၸံနဲ႔နည္းပညာ က႑ကို ဒီမွာပဲ ရပ္နား လုိက္ပါရေစ။

(Unicode)

ကိုဗစ် ၁၉ ကပ်ရောဂါ ဖြစ်ပွါးတာ ရှစ်လကြာလာချိန်မှာ ဒီရောဂါနဲ့ သေဆုံးရသူ ကမ္ဘာမှာ ၈ သိန်းရှိလာတဲ့အတွက် ကာကွယ်ဆေးရဖို့ အပြင်းအထန် ကြိုးစားနေကြပါတယ်။ ဒီကြားထဲ အခြေနေပိုဆိုးစေနိုင်တဲ့ တကျော့ပြန် ကူးစက်မယ့် ဒုတိယလှိုင်း အန္တရာယ်ပါ ရှိနေတာကြောင့် စမ်းသပ်ဆဲ ကာကွယ်ဆေးတွေထဲက အလားအလာ ရှိတဲ့ ဆေးတွေနဲ့ ပတ်သက်ပြီး အဏုဇီဝဗေဒ ပညာရှင် မခင်ဇာဝင်းပြည့်ကို မေးမြန်းပြီး တင်ပြပေးမှာပါ။

မခင်ဇာဝင်းပြည့်။. ။“အလားအလာကောင်းတဲ့ ကာကွယ်ဆေး ဆိုတာကတော့ စုစုပေါင်း ၅ ခုရှိတယ် ပေါ့နော်။ ပထမဆုံး အနေနဲ့ ဆိုရင်တော့ US အခြေစိုက် Moderna ကုမ္ပဏီက ထုတ်တဲ့ MRNA ကာကွယ်ဆေး တခု ဖြစ်ပါတယ်။ သူတို့ phase 3 ကို စခဲ့တာက ဇူလိုင်လ ၂၇ ရက်နေ့မှာ။ ပြီးတော့ နံပတ် ၂ ကတော့ Pfizer ရယ်၊ ဂျာမန်ကုမ္ပဏီရယ် နောက် တရုတ် ကုမ္ပဏီ တခုရယ် သူတို့ ၃ ခုပေါင်းပြီးတော့ လေ့လာစမ်းသပ် နေတာတခုရှိတယ်။ အဲဒါလည်း MRNA ကာကွယ်ဆေးပဲ။ သူတို့လည်း အဆင့် ၃ ကို အခု စပြီးတော့ စမ်းနေတယ် ပေါ့နော်။

တတိယ တခုကတော့ CanSinoBIO ဆိုတာ တရုတ်အခြေစိုက်ပါ။ သူက တရုတ်ပြည် အခြေစိုက် ဇီဝနည်းပညာ ကုမ္ပဏီ ဖြစ်ပေမယ့် တရုတ်ပြည်စစ်တပ်နဲ့ တွဲပြီးလုပ်တဲ့ဟာပေါ့နော်။ စစ်တပ်မှာ ဆိုရင်တော့ ထိုးခွင့် ပေးလိုက်ပြီလို့ သိရပါတယ်။ ဒါပေမယ့် ပြည်သူ တွေ အတွက်တော့ အဆင့် ၃ စမ်းသပ်တာက စမ်းနေတုန်းပဲ။ နောက်တခု နံပါတ် ၄ ကကျတော့ ယူကေ အခြေစိုက် University of Oxford က သူက ဆွီဒင်ကုမ္ပဏီနဲ့ ပူးပေါင်းပြီးတော့ လေ့လာစမ်းသပ်နေတဲ့ဟာ။ အဲဒါလည်း အဆင့် ၃ မှာ သွားနေပါတယ်။ နောက် နံပတ် ၅ ကကျတော့ တရုတ်ပြည် အခြေစိုက် ကုမ္ပဏီ တခုပဲ။ သူတို့ရဲ့. အဆင့် ၃ စမ်းသပ်တာကိုတော့ UAE မှာ စပြီးတော့ လူတွေကို စမ်းနေပြီလို့ ပြောထားတယ်။ ဒါပေမယ့် အခြေနေ ဘယ်လိုရှိမယ် ဆိုတာကိုတော့ စောင့်ကြည့်ရအုံးမှာပေါ့။ ”

မေး။. ။“ဒီ MRNA ကို အခြေတည်ပြီးတော့ စမ်းတယ် ဆိုတာ ဘယ်လိုစမ်းတာလဲ ပြောပြပေးပါ။”

မခင်ဇာဝင်းပြည့်။. ။“ ဟုတ်ကဲ့ပါ။ MRNA ဆိုတာကို မပြောခင်မှာ. ဒီ MRNA ဆိုတာက RNA ထဲက တမျိုးပဲ ပေါ့နော်။ ဆိုတဲ့အခါ ကျတော့၊ အခုအချိန်လောက်ဆို လူတော်တော်များများက ရင်းနှီးကျွမ်းဝင်နေမှာက မျိုးဗီဇ DNA ပေါ့။ လူတွေရော ဒီသက်ရှိ သတ္တဝါတွေ တိုင်းမှာရော ဒီမျိုးဗီဇ DNA ဆိုတာက ရှိတယ်ပေါ့နော်။ ဒီ DNA ကနေပြီးတော့ ပရိုတိန်းတွေ၊ နောက် လူ့ခန္ဓာကိုယ်ထဲက ဆဲလ် တလုံးနဲ့ တလုံး ဆက်သွယ်မှု တွေမှာ ဆိုလို့ရှိရင် အသုံးပြုမယ့်ဟာက. ပရိုတိန်းလေးတွေလို့ ခေါ်တယ်။ ပရိုတိန်းတွေ ထွက်ဖို့အတွက်ကို DNA ကနေ ပရိုတိန်း ထွက်ဖို့အတွက်ကို ခလယ်မှာ ကြားခံလုပ်ပေးရတာက RNA လို့ခေါ်တယ်။ ဒီ RNA ရှိတော့မှာ ပရိုတိန်းကို ထုတ်လို့ ရတာပေါ့နော်။

MRNA ကာကွယ်ဆေးဆိုတာက - MRNA ရဲ့ အရှည်ကောက်က မက်ဆင်ဂျာ RNA။ ဒီ RNA ၃ မျိုးရှိတဲ့ထဲမှာ ဒီ မက်ဆင်ဂျာ RNA က ပရိုတိန်း ဖြစ်ဖို့ အတွက် အဓိက ပါဝင် လုပ်ပေးရတဲ့ ဟာပေါ့နော်။ သူ့ရဲ့ concept က ဘာကို အခြေခံလဲ ဆိုတော့ DNA ကို မထည့်ပဲနဲ့ MRNA ကို ထည့်လိုက်မယ် ဆိုရင် ဒီ MRNA က ပရိုတိန်းကို ပြောင်းဖို့ လွယ်တယ်။ ဆိုတဲ့အခါ ကျတော့ လူရဲ့ ခန္ဓာကိုယ်ထဲကို MRNA ရောက်သွားပြီဆိုရင် ဒီ MRNA သည် ဗိုင်းရပ်စ်ရဲ့ MRNA အပိုင်းကလေးပဲ ဖြစ်မယ်။ ဗိုင်းရပ်စ်ရဲ့ ပုံစံလေး၊ ဗိုင်းရပ်စ် အတု ဖြစ်ဖို့ အတွက် အထောက်အကူပေးမယ့် MRNA လေးတခုပေါ့။ အဲဒီ MRNA တခုက ခန္ဓာကိုယ်ထဲကို ရောက်မယ်၊ ရောက်ပြီးသွားလို့ ရှိရင် ခန္ဓာကိုယ်ရဲ့ ခုခံအားက ဒီ MRNA ကထွက်လာတဲ့ ဗိုင်းရပ်စ် အတုကို ပြန်ပြီးတော့ တုန့်ပြန်လိမ့်မယ်။ အဲဒီ တုန့်ပြန်တဲ့ဟာသည် ဒီ ဗိုင်းရပ်စ် အစစ်ဝင်တဲ့ ပုံစံလိုမျိုး အတိုင်း ဖြစ်ပျက်မယ် ပေါ့နော်။ အဲဒါကြောင့် မို့လို့ ဒီခန္ဓာကိုယ်ရဲ့ ခုခံအားမှာ မှတ်ဉာဏ် ဆိုတဲ့ဟာ တခု ပေါ်လာပြီးတဲ့ အခါ ကျရင်၊ နောက် တကယ်လို့ ကိုယ်က တကယ့် ဗိုင်းရပ်စ် အစစ်နဲ့ တွေ့တဲ့ အချိန်မှာ ဒီမှတ်ဉာဏ် ကနေပြီးတော့ ဒီ ခုခံအားနဲ့ ပြန် တိုက်ထုတ်ပေးတာပေါ့။ ဒါက ကာကွယ်ဆေးရဲ့ သူ့ရဲ့ အခြေခံထားတဲ့ ဒီ MRNA ကာကွယ်ဆေးကို အခြေခံထားတဲ့ သဘောတရားကို ပြောပြတာပါ။ ”

မေး။. ။“ဆိုတော့ ကာကွယ်ဆေး တခု စိတ်ချရတယ်၊ မချရဘူး ဆိုတာ ဘယ်ပေါ်မှာ မူတည်ပါသလဲ။”

မခင်ဇာဝင်းပြည့်။. “ကာကွယ်ဆေးတခု စိတ်ချရတယ်၊ မချရဘူး ဆိုတာက ၊ ဘယ်ဆေးမဆို ဆိုးကျိုးနဲ့ ကောင်းကျိုးနဲ့ ကို ယှဉ်ရတယ်။ အဲဒီလို ယှဉ်တဲ့အခါမှာ ဘေးထွက် ဆိုးကျိုးသည် မပြောပလောက်အောင်နဲပြီးတော့ ကောင်းကျိုးက ပိုပြီးတော့ အလေးသာတယ် ဆိုရင် အဲဒါမျိုးသည် ကောင်းတဲ့ ကာကွယ်ဆေးတခု ဆိုပြီးတော့ ပြောရတာပေါ့။

ဘာလို့လည်း ဆိုတော့ ဘေးထွက်ဆိုးကျိုး များတယ်ဆိုရင်က လူငယ်တွေ ခံနိုင်တယ်ဆိုရင်တောင်မှ ရောဂါအခံရှိသူတွေ ခံနိုင်မလား၊ ကလေးတွေ ခံနိုင်မလား။ လူကြီးတွေ ခံနိုင်မလား ဒါမျိုးတွေ ရှိလာတယ် ပေါ့နော်။ အဲဒါ အတွက်ကြောင့် မို့လို့ပါ။”

မေး။. ။“စမ်းသပ်တဲ့ အခါမှာ အဆင့်ဆင့် စမ်းရတယ် ပေါ့နော်။ အဆင့် ၃ ကျမှ စိတ်ချရတယ်လို့ ပြောလို့ ရတာပေါ့။”

မခင်ဇာဝင်းပြည့်။. ။“ဟုတ်ကဲ့ပါ။ ဘာလို့လည်း ဆိုတော့ အဆင့် ၁ မှာက သူက လူ ဆယ်ဂဏန်းလောက်ကလေးနဲ့ ခဏ စမ်းလိုက်တယ်။ စမ်းတဲ့အခါကျရင် အဆင့် ၁ မှာက လူတွေကို ဆေးဘယ်လောက် ပေးရမလဲ ဆိုတဲ့ dosage တွေ သူတို့မှန်းတယ်။ နောက်ပြီး ဒီဟာသည် ဆိုးဆိုးဝါးဝါး ဆိုးကျိုးတွေ ရှိသလဲ ဆိုတာကို စမ်းတာ။

နောက်ပြီး အဆင့် ၂ မှာဆို အဆင့် ၁ မှာထက် နဲနဲပိုပြီး များတဲ့ လူဦးရေ ပမာဏ ပေါ့နော် ရာဂဏန်း ဖြစ်နိုင်တယ်။ ထောင်ဂဏန်း တထောင်လောက် ဖြစ်နိုင်တယ်။ အဲဒီ အဆင့် ၂ ကိုရောက်သွားပြီ ဆိုရင် ဒီဟာသည် ဘယ်လောက်အထိ စိတ်ချရပြီလဲ safe ဖြစ်သလဲ။ ပေးလို့ရပြီလား၊ ဆိုတဲ့ဟာကို အဲဒါကျရင် လူအများ နဲ့ နဲနဲ ပိုစမ်းတဲ့ဟာ။ အဆင့် ၃ ကိုရောက်တဲ့ အခါကျ လူက ထောင်နဲ့ချီ ရတယ်။ ၅၀၀၀ - ၆၀၀၀ - ၇၀၀၀ တချို့ ၃ သောင်း။ အခုဒီ Moderna ဆိုရင် သူက ၃ သောင်းနဲ့စပြီး စမ်းသပ်နေတယ်လို့ ပြောတယ်။

စမ်းတဲ့ လူများလာလေလေ သူ့ရဲ့ ဆိုးကျိုးကြောင့် ဆုံးရှုံးမှု၊ ထိခိုက် နစ်နာမှု တွေ နဲလာလေလေ ပေါ့နော်။”

မေး။. ။“ရုရှားက စမ်းသပ်မှုက ဆိုလို့ရှိရင် အစိုးရကနေ ချက်ချင်းကြီး အတည်ပြုပေးလိုက်တယ်၊ ဒီလိုမျိုး အဆင့်ဆင့် စမ်းသပ်မှုတွေ လုပ်မလုပ် မသေချာဘူး ဆိုပြီးတော့ အခု စုံစမ်းမှုတွေ လုပ်နေရတယ်။ ဆိုတော့ ဒါမျိုးပေါ့နော်။ စိတ်ချရတယ် မချရဘူး ဆိုတာ အဲဒါပေါ်မှာ မူတည်ပြောတာလား။”

မခင်ဇာဝင်းပြည့်။. ။“ဟုတ်ကဲ့ပါ။ ကျမတို့ ဖတ်ရသလောက် ဆိုရင်တော့ ရုရှားက အဆင့် ၃ ကို သူက ဒီလိုမျိုး လူဦးရေ ထောင်ဂဏန်းနဲ့ မစစ်လိုက်ပဲနဲ့ ချက်ချင်း တန်းပြီးတော့ ပေးလိုက်သလိုမျိုး ဖြစ်သွားတယ် ပေါ့နော်။ အဲဒီအခါ ကျတော့. ဘာတွေ ဖြစ်နိုင်သလဲ ဆိုတော့ မေ ျှာ်လင့်မထားတဲ့ case တွေ ဖြစ်လာနိုင်တယ် ပေါ့နော်။ ဥပမာ ဒီ စစ်တဲ့ လူစာရင်းထဲမှာက ခုခံအားသည် ပုံစံမျိုးက တမျိုးထဲ ဖြစ်ချင် ဖြစ်နိုင်တယ်။ နဲနဲပဲ ကွဲပြားတာမျိုး ဖြစ်နိုင်တယ်။ လူဦးရေ ထောင်နဲ့ချီ သွားတဲ့ အခါ ကျတော့ ခုခံအား အနိမ့်အမြင့် ပေါ်မှာ မူတည်ပြီးတော့ လူက အဖျား ဘယ်လောက် တက်မလဲ။ နောက် သူ့ရဲ့ reaction တုန့်ပြန်မှုပေါ့။ ဘာလို့လည်း ဆိုတော့ ဒီ ကာကွယ်ဆေး ဖြစ်တယ် ဆိုတာက ဗိုင်းရပ်စ် အစစ်ကို သူက ကူးနိုင်စွမ်းတို့ ရောဂါပေးနိုင်စွမ်း တို့ကို ဖယ်ထားတဲ့ ပုံစံမျိုးကို ပေး တာ ပေါ့နော်။ ရောဂါ ကာကွယ်ဆေး ဆိုတာက။ ဆိုတော့ အနဲဆုံးတော့ ခန္ဓာကိုယ်ထဲမှာ foreign body တခု အနေနဲ့ ဝင်သွားတဲ့ အတွက်ကြောင့် မို့လို့ ခန္ဓာကိုယ်က ခုခံအားက သူ့ကို တုန့်ပြန်တယ်။ ဒီတုန့်ပြန်တဲ့အားသည် သူ့ကို အခြေနေ ဘယ်လောက်အထိ ဆိုးသွား နိုင်သလဲ၊ ဆိုကာ သူ့ကို ပြောဖို့ ဘောင်နဲနဲ ကျဉ်းသွားတယ် ပေါ့နော်။ သူတို့ရဲ့ လေ့လာမှု နဲသွားတဲ့ အချိန်မှာ ကိုယ့်ရဲ့ ယုံကြည်မှု confidence level နဲနဲ နည်းသွားတယ် ပေါ့။”

မေး။. ။“ဒီ ကာကွယ်ဆေး တခု ကောင်းတယ်၊ မကောင်းဘူး ဆိုတာ ဘယ်လို ပြောနိုင်ပါသလဲ။”

မခင်ဇာဝင်းပြည့်။. ။“ကောင်းတဲ့ ကာကွယ်ဆေး ဆိုတဲ့ ဟာသည် အကျိုး တကယ်ရှိတယ်။ နောက်ပြီးတော့ ဘေးထွက် ဆိုးကျိုးတွေ လည်း နဲတယ် ပေါ့နော်။ အဲဒါ ၂ ခု ပြည့်စုံမှသာ ဒီဟာကို ပြည်သူတွေကို ပေးနိုင်တယ် ဆိုတဲ့ ကာကွယ်ဆေးကောင်း တခု ဖြစ်မယ်ပေါ့။ အကျိုးရှိတယ် ဆိုတာက တကယ်ကော အလုပ်လုပ်သလား၊ တော်ကြာနေ ဘေးထွက် ဆိုးကျိုးလည်း မရှိဘူး။ တကယ်လည်း အလုပ်မလုပ်ဖူး။ ကူးလာတဲ့ အခါကျရင်တော့ ခံလိုက်မယ်ဆို။ အဲဒီအခါမျိုး ကျ မထိုးတာနဲ့ အတူတူပဲ ဖြစ်တဲ့ အတွက်ကြောင့် အကျိုးလည်း ရှိရမယ်။ နောက် ဘယ်နှစ်ခါ ထိုးရမှာလဲ ပေါ့နော်။ အခု Moderna ဆိုရင် သူက နောက်ဆုံးသိရတာက သူ့ဆို ၂ ခါ ဆင့် ထိုးရမှာ ပေါ့နော်။ အဲဒီလိုမျိုး ဘယ်လိုပုံစံမျိုး ပေးမှာလဲ dosage ဘယ်လောက်ပေးမှာလည်း။ ဒါမျိုးတွေ အသေအချာ တိတိကျကျ ထွက်ထားပြီ ဆိုတဲ့ ကာကွယ်ဆေးတခု သာလ ျှင် ပြည်သူတွေ အနေနဲ့ လည်း ယုံယုံကြည်ကြည် စိတ်ချမ်းချမ်းသာသာနဲ့ ထိုးနိုင်မယ်ပေါ့။”

မခင်ဇာဝင်းပြည့်ရဲ့ ပြောကြားချက်နဲ့ပဲ ဒီသီတင်းပတ်အတွက် သိပ္ပံနဲ့နည်းပညာ ကဏ္ဍကို ဒီမှာပဲ ရပ်နား လိုက်ပါရစေ။

XS
SM
MD
LG