(Zawgyi/Unicode)
ျမန္မာနိုင္ငံမွာ COVID-19 ကူးစက္သူ လူနာသစ္ ၆၃ ေယာက္ ထပ္ၿပီး ေတြ႔ရတယ္လို႔ က်န္းမာေရးနဲ႔ အားကစား ဝန္ႀကီးဌာနက စက္တင္ဘာလ ၃ ရက္ ၾကာသပေတးေန႔ မနက္ ၈ နာရီမွာ ထုတ္ျပန္ေၾကညာ လိုက္ပါတယ္။ ဒါဟာ ဗုဒၶဟူးေန႔ အတြက္ ဒုတိယအသုတ္ စစ္ေဆးတဲ့ ဓါတ္ခြဲနမူနာ ၁၁၄၄ ခုမွာ အတည္ျပဳ လူနာသစ္ ၆၃ ဦးေတြ႔ခဲ့တာပါ။
ရန္ကုန္တိုင္းမွာ ၃၆ ဦးနဲ႔ အမ်ားဆံုးျဖစ္ပါတယ္။ ပဲခူးတိုင္း ဒိုက္ဦးၿမိဳ႕နယ္က ၂၄ ဦးနဲ႔ ဒုတိယ အမ်ားဆံုးျဖစ္ၿပီး ေနာက္ ၃ ဦးကေတာ့ လယ္ေဝး၊ စစ္ေတြနဲ႔ ကေလာက တဦးစီ ျဖစ္ပါတယ္။ သူတို႔ထဲက ၂၁ ဦးက ျပည္ပက ျပန္လာသူျဖစ္ၿပီး ၃ ဦးက ရခိုင္ျပည္နယ္ကို သြားေရာက္ခဲ့သူေတြ ျဖစ္ေၾကာင္း ထုတ္ျပန္ထားတာပါ။
ဒီမနက္ သတင္းထုတ္ျပန္ခ်က္ေၾကာင့္ အခုဆို ျမန္မာႏုိင္ငံမွာ ဒီေရာဂါ အကူးစက္ခံရသူ စုစုေပါင္း ၁၀၅၈ ေယာက္ရွိသြားၿပီျဖစ္ပါတယ္။ ဗုဒၶဟူးေန႔ အထိ ေသဆံုးသူက ၆ ဦး ရွိေနသလို ကုသမႈခံယူၿပီး ေရာဂါပိုး ကင္းစင္လာသူက ၃၅၉ ဦးရွိတယ္လို႔ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနက သတင္းထုတ္ျပန္ထားတာပါ။
အခုေနာက္ဆံုး ဒီ Quarantine အသြားအလာကန္႔သတ္ထားတဲ့ စခန္းေပါင္း ၂၄၀၀ ေက်ာ္ ထဲမွာ အသြားအလာ ကန္႔သတ္ထားရသူေပါင္း ၂၂၀၀၀ ေက်ာ္ အထိရွိေနၿပီလို႔ က်န္းမာေရးနဲ႔အားကစားဝန္ႀကီး ေဒါက္တာျမင့္ေထြးက မေန႔ကလုပ္တဲ့ ကိုဗစ္အစည္းအေဝးမွာ ေျပာခဲ့ပါတယ္။
ျမန္မာႏိုင္ငံမွာ အသြားအလာ ကန္႔သတ္တဲ့ Quarantine ဝင္ရမယ့္သူ အေရအတြက္ ရုတ္တရက္ မ်ားလာသလို ရခိုင္ခရီးသြားရာဇဝင္ရွိသူ အမ်ားစုက Quarantine ဝင္ဖို႔ ပ်က္ကြက္တာေတြေၾကာင့္ ဒီကပ္ေရာဂါ ကာကြယ္ထိန္းခ်ဳပ္ေရး အတြက္ က်န္းမာေရးဝန္ထမ္းေတြက စိုးရိမ္ေနတာ ျဖစ္ၿပီး ပူးေပါင္းေဆာင္ရြက္ၾကဖုိ႔ တိုက္တြန္းေနပါတယ္။
..................
မြန်မာမှာ ကိုဗစ် ၆၃ ယောက်တိုး၊ စုစုပေါင်း ၁၀၅၈ ဦးရှိ
(Unicode)
မြန်မာနိုင်ငံမှာ COVID-19 ကူးစက်သူ လူနာသစ် ၆၃ ယောက် ထပ်ပြီး တွေ့ရတယ်လို့ ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာနက စက်တင်ဘာလ ၃ ရက် ကြာသပတေးနေ့ မနက် ၈ နာရီမှာ ထုတ်ပြန်ကြေညာ လိုက်ပါတယ်။ ဒါဟာ ဗုဒ္ဓဟူးနေ့ အတွက် ဒုတိယအသုတ် စစ်ဆေးတဲ့ ဓါတ်ခွဲနမူနာ ၁၁၄၄ ခုမှာ အတည်ပြု လူနာသစ် ၆၃ ဦးတွေ့ခဲ့တာပါ။
ရန်ကုန်တိုင်းမှာ ၃၆ ဦးနဲ့ အများဆုံးဖြစ်ပါတယ်။ ပဲခူးတိုင်း ဒိုက်ဦးမြို့နယ်က ၂၄ ဦးနဲ့ ဒုတိယ အများဆုံးဖြစ်ပြီး နောက် ၃ ဦးကတော့ လယ်ဝေး၊ စစ်တွေနဲ့ ကလောက တဦးစီ ဖြစ်ပါတယ်။ သူတို့ထဲက ၂၁ ဦးက ပြည်ပက ပြန်လာသူဖြစ်ပြီး ၃ ဦးက ရခိုင်ပြည်နယ်ကို သွားရောက်ခဲ့သူတွေ ဖြစ်ကြောင်း ထုတ်ပြန်ထားတာပါ။
ဒီမနက် သတင်းထုတ်ပြန်ချက်ကြောင့် အခုဆို မြန်မာနိုင်ငံမှာ ဒီရောဂါ အကူးစက်ခံရသူ စုစုပေါင်း ၁၀၅၈ ယောက်ရှိသွားပြီဖြစ်ပါတယ်။ ဗုဒ္ဓဟူးနေ့ အထိ သေဆုံးသူက ၆ ဦး ရှိနေသလို ကုသမှုခံယူပြီး ရောဂါပိုး ကင်းစင်လာသူက ၃၅၉ ဦးရှိတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားတာပါ။
အခုနောက်ဆုံး ဒီ Quarantine အသွားအလာကန့်သတ်ထားတဲ့ စခန်းပေါင်း ၂၄၀၀ ကျော် ထဲမှာ အသွားအလာ ကန့်သတ်ထားရသူပေါင်း ၂၂၀၀၀ ကျော် အထိရှိနေပြီလို့ ကျန်းမာရေးနဲ့အားကစားဝန်ကြီး ဒေါက်တာမြင့်ထွေးက မနေ့ကလုပ်တဲ့ ကိုဗစ်အစည်းအဝေးမှာ ပြောခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ အသွားအလာ ကန့်သတ်တဲ့ Quarantine ဝင်ရမယ့်သူ အရေအတွက် ရုတ်တရက် များလာသလို ရခိုင်ခရီးသွားရာဇဝင်ရှိသူ အများစုက Quarantine ဝင်ဖို့ ပျက်ကွက်တာတွေကြောင့် ဒီကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေး အတွက် ကျန်းမာရေးဝန်ထမ်းတွေက စိုးရိမ်နေတာ ဖြစ်ပြီး ပူးပေါင်းဆောင်ရွက်ကြဖို့ တိုက်တွန်းနေပါတယ်။