သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ကပ္ေရာဂါနဲ႔ တိုက္ပဲြေတြေၾကာင့္ ေရြးေကာက္ပဲြထိခိုက္မွာ စိုးရိမ္


၂၀၁၅ ခုႏွစ္ ေရြးေကာက္ပဲြတုန္းက ရန္ကုန္ၿမိဳ႕ရွိ မဲရံုတခုရဲ႕ ျမင္ကြင္း။ (ႏို၀င္ဘာ ၀၈၊ ၂၀၁၅)

[Zawgyi/Unicode]

ျမန္မာႏိုင္ငံမွာ ကုိဗစ္ကပ္ေရာဂါကူးစက္မႈေတြ တေက်ာ့ျပန္ တုိးလာေနသလုိ တုိင္းရင္းသား ေဒသေတြမွာ စစ္ေရးတင္းမာမႈေတြ ရွိေနဆဲ ျဖစ္တာေၾကာင့္ ေရြးေကာက္ပဲြ လုပ္ငန္းစဥ္အေပၚ ႐ုိက္ခတ္လာမွာကုိ စုိးရိမ္ေနၾကတဲ့အေၾကာင္း ေျပာျပပါမယ္။ ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ မအဂၢႏြန္က သတင္းေပးပို႔ထားပါတယ္။

ေရြးေကာက္ပဲြေတြ က်င္းပဖုိ႔ လပုိင္းေလာက္သာ လုိေတာ့တဲ့အခ်ိန္မွာပဲ ကုိဗစ္ကပ္ေရာဂါကူးစက္မႈေတြ တေက်ာ့ျပန္ တုိးလာေနသလုိ တုိင္းရင္းသား ေဒသေတြမွာ စစ္ေရးတင္းမာမႈေတြ ရွိေနဆဲ ျဖစ္တာေၾကာင့္ ေရြးေကာက္ပဲြ လုပ္ငန္းစဥ္အေပၚ ႐ုိက္ခတ္လာႏုိင္တယ္လုိ႔ ခန္႔မွန္းေနၾကပါတယ္။ ကပ္ေရာဂါနဲ႔ လုံၿခံဳေရးျပႆနာေတြက ေရြးေကာက္ပဲြ စီစဥ္သူေတြ အတြက္သာမက မဲဆႏၵရွင္ေတြ အတြက္ပါ စိန္ေခၚမႈေတြ ျဖစ္ေနတယ္လုိ႔လည္း ေရြးေကာက္ပဲြ ေစာင့္ၾကည့္အကဲခတ္အဖဲြ႔တခုျဖစ္တဲ့ New Myanmar Foundation အဖြဲ႔က ေရြးေကာက္ပြဲဆိုင္ရာ အႀကံေပး မျမနႏၵသင္းက ေျပာပါတယ္။

“အခု COVID-19 ျဖစ္ေနတဲ့ အေျခအေနရယ္၊ ေနာက္ၿပီးေတာ့ ေရြးေကာက္ပြဲ က်င္းပျပဳလုပ္မယ့္ တခ်ဳိ႕ေသာ ေနရာေတြမွာ ဒီျပည္တြင္းစစ္ကိစၥေတြ ရွိတယ္ဆိုေတာ့ ဒီဟာက အႀကီးက်ယ္ သက္ေရာက္ႏိုင္တာကေတာ့ မဲဆႏၵရွင္ေပါ့ေနာ္၊ မဲဆႏၵရွင္က်ေတာ့ သူတို႔ရဲ႕နယ္ေျမက်ေတာ့ သူတို႔လံုၿခံဳေရးေတြ သူတို႔ က်န္းမာေရးကိစၥေတြေပါ့ေနာ္၊ ဒါေတြကုိ သူတို႔ အဓိကထားၿပီးေတာ့ စဥ္းစားလိမ္မယ္ေပ့ါေနာ္၊ အဲ့ဒီခါက်ေတာ့ ခုနလို ကိုယ့္ရဲ႕နယ္ေျမမွာ ကိုယ္မဲေပးမယ့္ေနရာမွာ ဒီၿငိမ္ခ်မ္းမႈ မရွိဘူးဆိုရင္ မဲထြက္မေပးတာဆိုတာမ်ဳိးေတြ ေရြးေကာက္ပြဲကို သူတို႔အေလးမထားေတာ့တ့ဲဟာမ်ဳိးေတြေပါ့ေနာ္။ အဲ့လိုမ်ဳိး အေျခအေနမ်ဳိးေတြ ျဖစ္လာႏိုင္ပါတယ္။ ဒါက အားလံုးအတြက္ စိန္ေခၚမႈတစ္ခု ျဖစ္လာႏိုင္တာေပါ့ေနာ္။”

ေရြးေကာက္ပဲြ က်င္းပဖုိ႔ ၂ လေလာက္သာ လုိေတာ့တဲ့ အခ်ိန္မွာပဲ ကပ္ေရာဂါကူးစက္မႈေတြေၾကာင့္ ရခုိင္ျပည္နယ္မွာ ညမထြက္ရအမိန္႔ ထုတ္ျပန္တာ၊ မလုိအပ္ရင္ အိမ္ျပင္မထြက္ၾကဖုိ႔ ညႊန္ၾကားထားတာေတြ အပါအ၀င္ သြားလာလႈပ္ရွားမႈေတြ ကန္႔သတ္ထားပါတယ္။ ကပ္ေဘးဒဏ္သင့္ေနခ်ိန္မွာပဲ လက္နက္ကုိင္ ပဋိပကၡေတြလည္း ရွိေနဆဲျဖစ္တာေၾကာင့္ လာမယ့္ ေရြးေကာက္ပဲြမွာ ထိခုိက္ႏုိင္တာေတြ ရွိတယ္လုိ႔လည္း ရခိုင္ျပည္နယ္ ေရြးေကာက္ပြဲေကာ္မရွင္အဖြဲ႔ခြဲ ဥကၠ႒ ေဒၚတင္လိႈင္က ေျပာပါတယ္။

“ဒါနယ္ေျမေတြ ေၾကညာတဲ့အခါက်ရင္ ေရြးေကာက္ပြဲလုပ္လို႔ရမယ့္ေနရာ မလုပ္လို႔ရတဲ့ေနရာေတြ ရွိရင္လည္းရွိလာႏိုင္တယ္ေပါ့ေနာ္၊ ဒါေတာ့ အန္တီတို႔လည္း ႀကိဳေျပာလို႔မရဘူး၊ ဘယ္သူမွ ႀကိဳေျပာလို႔မရဘူး၊ ဒီအခ်ိန္ကေလး ဆိုေတာ့ ျပည္နယ္ ေကာ္ခြဲအေနနဲ႔ကေတာ့ လုပ္မယ္ဆိုတဲ့ေနရာမွာ ေရြးေကာက္ပြဲကို ေအာင္ျမင္ေအာင္ လုပ္သြားမယ္ေပါ့ေလ။”

လက္နက္ကုိင္ပဋိပကၡေတြေၾကာင့္ အရင္ေရြးေကာက္ပဲြေတြမွာတုန္းက အခက္အခဲေတြ ႀကံဳခဲ့ရတဲ့ ရွမ္းျပည္နယ္မွာေတာ့ ဒီႏွစ္မွာ စစ္ေရးတင္းမာမႈေတြ ေလ်ာ့ပါးေနတာေတြ႔ရေပမဲ့ ကပ္ေရာဂါအႏၱရာယ္ ၿခိမ္းေျခာက္မႈေတြ ႀကံဳေနရတာပါ။ ကပ္ေရာဂါကာလ ကန္႔သတ္မႈေတြေၾကာင့္ ေရြးေကာက္ပဲြ လုပ္ငန္းစဥ္ေတြမွာ အခက္အခဲေတြ ႀကံဳရႏုိင္တယ္လုိ႔လည္း ရွမ္းျပည္နယ္ ေျမာက္ပိုင္း ေရြးေကာက္ပြဲေကာ္မရွင္ အတြင္းေရးမွဴး ဦးႏွစ္ဆန္းဦးကေျပာပါတယ္။

“စစ္ပြဲကေတာ့ လက္ရွိ ရွမ္းျပည္နယ္ေျမာက္ပိုင္းမွာေတာ့ က်ေနာ္တို႔ ထူးထူးျခင္းဟိုဟာေလး ထူးျခားေျပာင္းလဲတဲ့ ဥစၥာအရင္ေတြ ၂၀၁၀၊ ၂၀၁၅ ေတြလို သိပ္ၿပီးထူးျခားတဲ့ အခက္အခဲ က်ေနာ္တို႔ ေရြးေကာက္ပြဲေပၚမွာ လႊမ္းမိုုးမႈသိပ္ေတာ့ မရွိေသးဘူးေပါ့၊ အဲ့အခုခ်ိန္ထိေတာ့ အဓိကေတာ့ လက္ရွိကေတာ့ COVID-19 ေၾကာင့္ က်ေနာ္တို႔ စံအေနနဲ႔ က်ာေနာ္တို႔ COVID-19 ကာကြယ္တဲ့အေနနဲ႔ ေဆာင္ရြက္တဲ့အခိ်န္မွာ တစ္ရက္ကို မဲဆႏၵရွင္ လူဦးေရက မနက္ ၆ နာရီကေန ၄ နာရီခြဲ မဲ႐ုံပိတ္ခ်ိန္ထိကို လူ ၈၅၀ ဆိုေတာ့ ၁,၀၀၀ ဝန္းက်င္မွာ မဲေပးဖို႔အတြက္ကို အခ်ိန္ရတယ္ေပါ့ အဲ့ဝန္းက်င္ကို တျခားဒီတိုက္ပြဲေတြေၾကာင့္ေတာ့ အခက္အခဲမရွိပါဘူးခင္ဗ်ာ။”

ၿပီးခဲ့တဲ့ ၂၀၁၅ ခုႏွစ္ ေရြးေကာက္ပြဲမွာေတာ့ ေက်းသီး၊ မိုင္း႐ွဴး အပါအဝင္ ၿမိဳ႕နယ္ ၅ ခုမွာ တိုက္ပြဲေတြေၾကာင့္ ေရြးေကာက္ပြဲမက်င္းပႏိုင္ဘဲ ေဒသခံ ၂၀၀,၀၀၀ ေလာက္လည္း မဲေပးခြင့္ ဆံုး႐ႈံးခဲ့ဖူးပါတယ္။

ရခုိင္ျပည္နယ္မွာ တပ္မေတာ္နဲ႔ တုိက္ပဲြျဖစ္ေနတဲ့ AA အဖဲြ႔နဲ႔ ရွမ္းျပည္နယ္မွာ အေျခစုိက္ လႈပ္ရွားေနတဲ့ တုိင္းရင္းသား လက္နက္ကုိင္အဖဲြ႔ေတြ ပါ၀င္တဲ့ ေျမာက္ပုိင္းမဟာမိတ္အဖဲ႔ြ၀င္ေတြကေတာ့ တဘက္သတ္အပစ္အခတ္ ရပ္စဲေရးကုိ ေနာက္ထပ္ ၁ လ သက္တမ္းတုိးလုိက္ေၾကာင္း ဒီသီတင္းပတ္ထဲမွာပဲ ေၾကညာထားပါတယ္။ ဒီမတုိင္ခင္မွာပဲ တပ္မေတာ္ကလည္း အၾကမ္းဖက္အဖဲြ႔အစည္းေတြ လႈပ္ရွားရာ နယ္ေျမကလဲြလုိ႔ က်န္ေဒသေတြမွာ အပစ္အခတ္ရပ္စဲထားတာကုိ သက္တမ္းတုိးေၾကာင္း ေၾကညာထားပါတယ္။ New Myanmar Foundation အဖြဲ႔က မျမနႏၵသင္း ကေတာ့ ေရြးေကာက္ပဲြ ကာလမွာ အပစ္ရပ္ေၾကညာခ်က္ေတြကုိ ထိေရာက္ေအာင္ အေကာင္အထည္ေဖာ္ဖုိ႔လုိတယ္လုိ႔ ျမင္ပါတယ္။

“ဒီလိုအပစ္အခတ္ရပ္စဲထားတယ္ဆိုတဲ့ အေျခအေနကို သူတို႔ရဲ႕ တပ္ရင္းေတြမွာရွိတဲ့ တပ္ခြဲေတြမွာရွိတဲ့ တပ္သားေတြကုိလည္း ဒါကို သိဖို႔လုိအပ္တယ္ေပ့ါေနာ္၊ သူတို႔က ဒီအပစ္အခတ္ရပ္စဲတယ္ဆိုတဲ့ အေျခအေနေတြ အားလံုးေပါ့ေနာ္။ ကိုယ့္ရဲ႕ တပ္ရင္းအသီးသီးမွာ
သိေအာင္ေျပာရမယ္။ အထူးသျဖင့္ကေတာ့ တပ္သားေတြကို ဘာကိုရွင္းျပဖို႔လုိလည္းဆိုေတာ့ ဒီကာလက ေရြးေကာက္ပြဲလုပ္တဲ့ကာလျဖစ္တယ္၊ ေရြးေကာက္ပြဲလုပ္တဲ့ကာလမွာ မဲဆႏၵရွင္က ေအးေအးခ်မ္းခ်မ္းနဲ႔ သူတို႔ မဲထြက္ေပးႏိုင္တဲ့ အေျခအေနတစ္ခုလိုတယ္။"

တဘက္သတ္ အပစ္အခတ္ ရပ္စဲေရး သက္တမ္းတုိးေၾကာင္း ေၾကညာခဲ့တဲ့ တုိင္းရင္းသား လက္နက္ကုိင္ အဖဲြ႔ေတြဘက္ကေတာ့ သူတုိ႔အေပၚ တုိက္ခုိက္လာမယ္ဆုိရင္ ခုခံစစ္အေနနဲ႔ တုံ႔ျပန္မွာျဖစ္ေၾကာင္း ေျပာဆုိထားသလုိ၊ တပ္မေတာ္ကလည္း အၾကမ္းဖက္ အဖဲြ႔အစည္းေတြ လႈပ္ရွားရာနယ္ေျမေတြ မပါဘူးလုိ႔ ေျပာထားတာေၾကာင့္ စစ္ေရးတင္းမာမႈေတြကေတာ့ ရွိေနဆဲ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ကပ်ရောဂါနဲ့ တိုက်ပွဲတွေကြောင့် ရွေးကောက်ပွဲထိခိုက်မှာစိုးရိမ်

မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါကူးစက်မှုတွေ တကျော့ပြန် တိုးလာနေသလို တိုင်းရင်းသား ဒေသတွေမှာ စစ်ရေးတင်းမာမှုတွေ ရှိနေဆဲ ဖြစ်တာကြောင့် ရွေးကောက်ပွဲ လုပ်ငန်းစဉ်အပေါ် ရိုက်ခတ်လာမှာကို စိုးရိမ်နေကြတဲ့အကြောင်း ပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မအဂ္ဂနွန်က သတင်းပေးပို့ထားပါတယ်။

ရွေးကောက်ပွဲတွေ ကျင်းပဖို့ လပိုင်းလောက်သာ လိုတော့တဲ့အချိန်မှာပဲ ကိုဗစ်ကပ်ရောဂါကူးစက်မှုတွေ တကျော့ပြန် တိုးလာနေသလို တိုင်းရင်းသား ဒေသတွေမှာ စစ်ရေးတင်းမာမှုတွေ ရှိနေဆဲ ဖြစ်တာကြောင့် ရွေးကောက်ပွဲ လုပ်ငန်းစဉ်အပေါ် ရိုက်ခတ်လာနိုင်တယ်လို့ ခန့်မှန်းနေကြပါတယ်။ ကပ်ရောဂါနဲ့ လုံခြုံရေးပြဿနာတွေက ရွေးကောက်ပွဲ စီစဉ်သူတွေ အတွက်သာမက မဲဆန္ဒရှင်တွေ အတွက်ပါ စိန်ခေါ်မှုတွေ ဖြစ်နေတယ်လို့လည်း ရွေးကောက်ပွဲ စောင့်ကြည့်အကဲခတ်အဖွဲ့တခုဖြစ်တဲ့ New Myanmar Foundation အဖွဲ့က ရွေးကောက်ပွဲဆိုင်ရာ အကြံပေး မမြနန္ဒသင်းက ပြောပါတယ်။

“အခု COVID-19 ဖြစ်နေတဲ့ အခြေအနေရယ်၊ နောက်ပြီးတော့ ရွေးကောက်ပွဲ ကျင်းပပြုလုပ်မယ့် တချို့သော နေရာတွေမှာ ဒီပြည်တွင်းစစ်ကိစ္စတွေ ရှိတယ်ဆိုတော့ ဒီဟာက အကြီးကျယ် သက်ရောက်နိုင်တာကတော့ မဲဆန္ဒရှင်ပေါ့နော်၊ မဲဆန္ဒရှင်ကျတော့ သူတို့ရဲ့နယ်မြေကျတော့ သူတို့လုံခြုံရေးတွေ သူတို့ ကျန်းမာရေးကိစ္စတွေပေါ့နော်၊ ဒါတွေကို သူတို့ အဓိကထားပြီးတော့ စဉ်းစားလိမ်မယ်ပေ့ါနော်၊ အဲ့ဒီခါကျတော့ ခုနလို ကိုယ့်ရဲ့နယ်မြေမှာ ကိုယ်မဲပေးမယ့်နေရာမှာ ဒီငြိမ်ချမ်းမှု မရှိဘူးဆိုရင် မဲထွက်မပေးတာဆိုတာမျိုးတွေ ရွေးကောက်ပွဲကို သူတို့အလေးမထားတော့တဲ့ဟာမျိုးတွေပေါ့နော်။ အဲ့လိုမျိုး အခြေအနေမျိုးတွေ ဖြစ်လာနိုင်ပါတယ်။ ဒါက အားလုံးအတွက် စိန်ခေါ်မှုတစ်ခု ဖြစ်လာနိုင်တာပေါ့နော်။”

ရွေးကောက်ပွဲ ကျင်းပဖို့ ၂ လလောက်သာ လိုတော့တဲ့ အချိန်မှာပဲ ကပ်ရောဂါကူးစက်မှုတွေကြောင့် ရခိုင်ပြည်နယ်မှာ ညမထွက်ရအမိန့် ထုတ်ပြန်တာ၊ မလိုအပ်ရင် အိမ်ပြင်မထွက်ကြဖို့ ညွှန်ကြားထားတာတွေ အပါအဝင် သွားလာလှုပ်ရှားမှုတွေ ကန့်သတ်ထားပါတယ်။ ကပ်ဘေးဒဏ်သင့်နေချိန်မှာပဲ လက်နက်ကိုင် ပဋိပက္ခတွေလည်း ရှိနေဆဲဖြစ်တာကြောင့် လာမယ့် ရွေးကောက်ပွဲမှာ ထိခိုက်နိုင်တာတွေ ရှိတယ်လို့လည်း ရခိုင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဒေါ်တင်လှိုင်က ပြောပါတယ်။

“ဒါနယ်မြေတွေ ကြေညာတဲ့အခါကျရင် ရွေးကောက်ပွဲလုပ်လို့ရမယ့်နေရာ မလုပ်လို့ရတဲ့နေရာတွေ ရှိရင်လည်းရှိလာနိုင်တယ်ပေါ့နော်၊ ဒါတော့ အန်တီတို့လည်း ကြိုပြောလို့မရဘူး၊ ဘယ်သူမှ ကြိုပြောလို့မရဘူး၊ ဒီအချိန်ကလေး ဆိုတော့ ပြည်နယ် ကော်ခွဲအနေနဲ့ကတော့ လုပ်မယ်ဆိုတဲ့နေရာမှာ ရွေးကောက်ပွဲကို အောင်မြင်အောင် လုပ်သွားမယ်ပေါ့လေ။”

လက်နက်ကိုင်ပဋိပက္ခတွေကြောင့် အရင်ရွေးကောက်ပွဲတွေမှာတုန်းက အခက်အခဲတွေ ကြုံခဲ့ရတဲ့ ရှမ်းပြည်နယ်မှာတော့ ဒီနှစ်မှာ စစ်ရေးတင်းမာမှုတွေ လျော့ပါးနေတာတွေ့ရပေမဲ့ ကပ်ရောဂါအန္တရာယ် ခြိမ်းခြောက်မှုတွေ ကြုံနေရတာပါ။ ကပ်ရောဂါကာလ ကန့်သတ်မှုတွေကြောင့် ရွေးကောက်ပွဲ လုပ်ငန်းစဉ်တွေမှာ အခက်အခဲတွေ ကြုံရနိုင်တယ်လို့လည်း ရှမ်းပြည်နယ် မြောက်ပိုင်း ရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူး ဦးနှစ်ဆန်းဦးကပြောပါတယ်။

“စစ်ပွဲကတော့ လက်ရှိ ရှမ်းပြည်နယ်မြောက်ပိုင်းမှာတော့ ကျနော်တို့ ထူးထူးခြင်းဟိုဟာလေး ထူးခြားပြောင်းလဲတဲ့ ဥစ္စာအရင်တွေ ၂၀၁၀၊ ၂၀၁၅ တွေလို သိပ်ပြီးထူးခြားတဲ့ အခက်အခဲ ကျနော်တို့ ရွေးကောက်ပွဲပေါ်မှာ လွှမ်းမိုးမှုသိပ်တော့ မရှိသေးဘူးပေါ့၊ အဲ့အခုချိန်ထိတော့ အဓိကတော့ လက်ရှိကတော့ COVID-19 ကြောင့် ကျနော်တို့ စံအနေနဲ့ ကျာနော်တို့ COVID-19 ကာကွယ်တဲ့အနေနဲ့ ဆောင်ရွက်တဲ့အချိန်မှာ တစ်ရက်ကို မဲဆန္ဒရှင် လူဦးရေက မနက် ၆ နာရီကနေ ၄ နာရီခွဲ မဲရုံပိတ်ချိန်ထိကို လူ ၈၅၀ ဆိုတော့ ၁,၀၀၀ ဝန်းကျင်မှာ မဲပေးဖို့အတွက်ကို အချိန်ရတယ်ပေါ့ အဲ့ဝန်းကျင်ကို တခြားဒီတိုက်ပွဲတွေကြောင့်တော့ အခက်အခဲမရှိပါဘူးခင်ဗျာ။”

ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမှာတော့ ကျေးသီး၊ မိုင်းရှူး အပါအဝင် မြို့နယ် ၅ ခုမှာ တိုက်ပွဲတွေကြောင့် ရွေးကောက်ပွဲမကျင်းပနိုင်ဘဲ ဒေသခံ ၂၀၀,၀၀၀ လောက်လည်း မဲပေးခွင့် ဆုံးရှုံးခဲ့ဖူးပါတယ်။

ရခိုင်ပြည်နယ်မှာ တပ်မတော်နဲ့ တိုက်ပွဲဖြစ်နေတဲ့ AA အဖွဲ့နဲ့ ရှမ်းပြည်နယ်မှာ အခြေစိုက် လှုပ်ရှားနေတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ ပါဝင်တဲ့ မြောက်ပိုင်းမဟာမိတ်အဖဲ့ွဝင်တွေကတော့ တဘက်သတ်အပစ်အခတ် ရပ်စဲရေးကို နောက်ထပ် ၁ လ သက်တမ်းတိုးလိုက်ကြောင်း ဒီသီတင်းပတ်ထဲမှာပဲ ကြေညာထားပါတယ်။ ဒီမတိုင်ခင်မှာပဲ တပ်မတော်ကလည်း အကြမ်းဖက်အဖွဲ့အစည်းတွေ လှုပ်ရှားရာ နယ်မြေကလွဲလို့ ကျန်ဒေသတွေမှာ အပစ်အခတ်ရပ်စဲထားတာကို သက်တမ်းတိုးကြောင်း ကြေညာထားပါတယ်။ New Myanmar Foundation အဖွဲ့က မမြနန္ဒသင်း ကတော့ ရွေးကောက်ပွဲ ကာလမှာ အပစ်ရပ်ကြေညာချက်တွေကို ထိရောက်အောင် အကောင်အထည်ဖော်ဖို့လိုတယ်လို့ မြင်ပါတယ်။

“ဒီလိုအပစ်အခတ်ရပ်စဲထားတယ်ဆိုတဲ့ အခြေအနေကို သူတို့ရဲ့ တပ်ရင်းတွေမှာရှိတဲ့ တပ်ခွဲတွေမှာရှိတဲ့ တပ်သားတွေကိုလည်း ဒါကို သိဖို့လိုအပ်တယ်ပေ့ါနော်၊ သူတို့က ဒီအပစ်အခတ်ရပ်စဲတယ်ဆိုတဲ့ အခြေအနေတွေ အားလုံးပေါ့နော်။ ကိုယ့်ရဲ့ တပ်ရင်းအသီးသီးမှာ
သိအောင်ပြောရမယ်။ အထူးသဖြင့်ကတော့ တပ်သားတွေကို ဘာကိုရှင်းပြဖို့လိုလည်းဆိုတော့ ဒီကာလက ရွေးကောက်ပွဲလုပ်တဲ့ကာလဖြစ်တယ်၊ ရွေးကောက်ပွဲလုပ်တဲ့ကာလမှာ မဲဆန္ဒရှင်က အေးအေးချမ်းချမ်းနဲ့ သူတို့ မဲထွက်ပေးနိုင်တဲ့ အခြေအနေတစ်ခုလိုတယ်။"

တဘက်သတ် အပစ်အခတ် ရပ်စဲရေး သက်တမ်းတိုးကြောင်း ကြေညာခဲ့တဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေဘက်ကတော့ သူတို့အပေါ် တိုက်ခိုက်လာမယ်ဆိုရင် ခုခံစစ်အနေနဲ့ တုံ့ပြန်မှာဖြစ်ကြောင်း ပြောဆိုထားသလို၊ တပ်မတော်ကလည်း အကြမ်းဖက် အဖွဲ့အစည်းတွေ လှုပ်ရှားရာနယ်မြေတွေ မပါဘူးလို့ ပြောထားတာကြောင့် စစ်ရေးတင်းမာမှုတွေကတော့ ရှိနေဆဲ ဖြစ်ပါတယ်။

XS
SM
MD
LG