[Zawgyi/Unicode]
ျမန္မာအစုိးရနဲ႔ အပစ္အခတ္ ရပ္စဲထားတဲ့ တုိင္းရင္းသား လက္နက္ကုိင္ နယ္ေျမတခ်ဳိ႕မွာ ေရြးေကာက္ပဲြေတြ က်င္းပဖုိ႔ စီစဥ္ထားေပမဲ့ အခုအခါ ကုိဗစ္ကပ္ေရာဂါ ကူးစက္မႈေတြ ပ်ံ႕ႏွံ႔လာတာေၾကာင့္ ေရြးေကာက္ပဲြ လုပ္ငန္းစဥ္အေပၚ ထိခုိက္မွာ စုိးရိမ္မႈေတြလည္း ထြက္ေပၚေနတဲ့အေၾကာင္း ေျပာျပပါမယ္။ ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ မအဂၢႏြန္က တင္ျပေပးပါမယ္။
ေရြးေကာက္ပဲြေတြ က်င္းပဖုိ႔ ၂ လေက်ာ္ေလာက္သာ က်န္ေတာ့တဲ့ အခ်ိန္မွာပဲ ကုိဗစ္ကပ္ေရာဂါ ကူးစက္မႈေတြ ႐ုတ္တရက္ တုိးလာေနတာေၾကာင့္ တုိင္းရင္းသားလက္နက္ကိုင္အဖဲြ႔ေတြ ထိန္းခ်ဳပ္ရာ နယ္ေျမမွာ က်င္းပမယ့္ အစီအစဥ္အေပၚ စုိးရိမ္မႈေတြ ရွိေနပါတယ္။ အရင္က မဲေပးခြင့္မရခဲ့တဲ့ နယ္ေျမေတြမွာပါ မဲေပးႏုိင္ေတာ့မယ့္ ကရင္အမ်ဳိးသားအစည္းအ႐ုံး (KNU) ထိန္းခ်ဳပ္ရာ နယ္ေျမမွာလည္း အခုအခါ ကပ္ေရာဂါနဲ႔ ပတ္သက္လုိ႔ ကာကြယ္ဖုိ႔ ျပင္ဆင္ေနရတယ္လုိ႔ ကရင္ျပည္နယ္ ၾကာအင္းဆိပ္ႀကီးၿမိဳ႕နယ္က KNU ဒူပလာရာခရုိင္ အတြင္းေရးမွဴး ေစာလစ္စတန္ကေျပာပါတယ္။
“ဟုတ္ကဲ့။ က်ေနာ္တို႔မွာေတာ့ အရင္က အစီအစဥ္အတိုင္းပဲ ရွိေသးတယ္၊ ဒါေပမဲ့ အခု ဗဟုိမွာ COVID-19 န႔႔ဲ ပတ္သက္တဲ့ ေခါင္းေဆာင္ေတြေပါ့ေလ... သြားၿပီးေဆြးေႏြးၿပီး ျပန္လာတဲ့အခါက်ေတာ့ ဒါကအမ်ဳိးသားေရးတာဝန္တစ္ရပ္အေနနဲ႔ ဆိုၿပီးေတာ့ ဆံုးျဖတ္ေပးၿပီးေတာ့ အေကာင္အထည္ျပန္ေဖာ္ဖို႔ျဖစ္ပါတယ္၊ အခုကလည္းပဲ ဒီေမာ္လၿမိဳင္ဝန္းက်င္မွာ ျဖစ္လာတယ္ဆိုတဲ့အခါက်ေတာ့ က်ေနာ္တို႔လည္း သိပ္မေဝးေလာက္ဘူးျဖစ္ေတာ့ေလး ဒီမွာလည္းပဲ အဲ့ဒီအစီအစဥ္ေတြဆြဲၿပီးေတာ့ COVID-19 ကာကြယ္ေရးနဲ႔ ပတ္သက္တဲ့ဟာေတြကို ထုတ္ျပန္ဖို႔ရွိပါတယ္။”
ရခုိင္ျပည္နယ္မွာ အမ်ားစုအပါအ၀င္ ကုိဗစ္ေရာဂါ ကူးစက္သူေတြ တုိးလာေနသလုိ ရခုိင္ျပည္နယ္ကေန ကူးစက္ပ်ံ႕ႏွံ႔မႈ တခုကုိ အတည္ျပဳထားတဲ့ မြန္ျပည္နယ္မွာလည္း ေရြးေကာက္ပဲြ အစီအစဥ္ေတြအေပၚ ႐ုိက္ခတ္လာမွာ စုိးရိမ္တာေတြ ရွိေနပါတယ္။ မြန္ျပည္နယ္က အဓိကတုိင္းရင္းသား လက္နက္ကုိင္ အဖဲြ႔တခုျဖစ္တဲ့ မြန္ျပည္သစ္ပါတီကေတာ့ ေရြးေကာက္ပဲြေတြ သူ႔နယ္ေျမမွာ က်င္းပခြင့္ ျပဳထားေပမဲ့ အခုအခါ ကပ္ေရာဂါကူးစက္မႈေတြ တုိးလာတဲ့အခ်ိန္မွာေတာ့ သတိထားဖုိ႔ လုိအပ္လာေနၿပီလုိ႔ မြန္ျပည္သစ္ပါတီ ဗဟိုအလုပ္အမႈေဆာင္ ေကာ္မတီဝင္ ႏုိင္ေအာင္မေငးက ေျပာပါတယ္။
“ဒါက်ေနာ္တို႔ နယ္ေျမကန္႔သတ္မႈကေတာ့ ဒီ COVID-19 ကူးစက္ေရာဂါ ရခိုင္ကေနလာတယ္ဆိုပါေတာ့ ဥပမာ ေမာ္လၿမိဳင္ COVID-19 အဲ့ဒီကိစၥမွာေပ့ါေနာ္ ... ေမာ္လၿမိဳင္ကေန အဲ့ရပ္ကြက္ေနလာရင္ ဆက္သြယ္လာတဲ့အခါက်ရင္ ဒါကေနာ္တို႔ သတိထားရမွာေပါ့ေနာ္ ဘယ္ေန႔ကေနၿပီးေတာ့ ေဒသခံကဘယ္ေဒသက ဘယ္ထြက္လာသလဲ အဲ့ဒီခရီးသြားရာဇဝင္ကိုလည္း က်ေနာ္တို႔ သိသင့္သိထိုက္ရမွာေပါ့ ဒါက မလာရဘူး က်ေနာ္တို႔ ေျပာတာမဟုတ္ပါဘူး။”
တေက်ာ့ျပန္ႀကီးထြားလာတဲ့ ကပ္ေရာဂါအႏၱရာယ္ကုိ ကာကြယ္ဖုိ႔ ရခုိင္ျပည္နယ္တခုလုံး မလုိအပ္ရင္အိမ္ထဲက အိမ္ျပင္ မထြက္ဖုိ႔ အမိန္႔ထုတ္ျပန္ထားၿပီး စစ္ေတြၿမိဳ႕နယ္မွာ ညမထြက္ရအမိန္႔လည္း ထုတ္ျပန္ထားသလုိ၊ သြားလာလႈပ္ရွားမႈေတြကုိလည္း ကန္႔သတ္ထားပါတယ္။ ဒါေပမဲ့လည္း ႏုိ၀င္ဘာလ ၈ ရက္ေန႔မွာ က်င္းပဖုိ႔ စီစဥ္ထားတဲ့ ေရြးေကာက္ပဲြနဲ႔ ပတ္သက္လုိ႔ အေျပာင္းအလဲေတြ ရွိမရွိ ဆုိတာေတာ့ ရွင္းရွင္းလင္းလင္း မရွိေသးပါဘူး။ မြန္တုိင္းရင္းသား ႏုိင္ငံေရးပါတီတခုျဖစ္တဲ့ မြန္ညီညႊတ္ေရးပါတီက တြဲဖက္အတြင္းေရးမွဴး(၁) ႏိုင္လယိတမကေတာ့ ကပ္ေရာဂါကာကြယ္ထိန္းခ်ဳပ္ေရးအတြက္ ကန္႔သတ္မႈေတြေၾကာင့္ ေရြးေကာက္ပြဲ လုပ္ငန္းစဥ္မွာ စိန္ေခၚမႈေတြ ရွိႏိုင္တယ္လုိ႔ ေျပာပါတယ္။
“လက္ရွိအေနအထားမွာ မဲဆြယ္ေရးကိစၥေတြက က်ေနာ္တို႔က ဘာမွမလုပ္ရေသးဘူး။ လုပ္ဖို႔လည္း အခ်ိန္မတန္ေသးဘူး။ သို႔ေသာ္အေၾကာင္းေၾကာင္းေၾကာင့္ အဲ့ဒီေဒသတြင္းမွာ သြားဖုိ႔ အေၾကာင္းရွိလာခဲ့မယ္ဆိုလို႔ရွိရင္ သက္ဆိုင္ရာ အဖြဲ႕အစည္းနဲ႔ သက္ဆိုင္ရာက်န္းမာေရးဝန္ႀကီးဌာနက ထုန္ျပန္တဲ့ ထုတ္ျပန္ခ်က္ကိုေတာ့ လိုက္နားၿပီးေတာ့ သြားရမယ့္အေနအထားေပါ့။”
ျမန္မာအစိုးရနဲ႔ အပစ္အခတ္ ရပ္စဲထားတဲ့ မြန္ျပည္သစ္ပါတီနဲ႔ ကရင္အမ်ဳိးသားအစည္းအ႐ုံးတို႔ ထိန္းခ်ဳပ္ရာနယ္ေျမမွာ ေရြးေကာက္ပြဲ လုပ္ငန္းေတြကို ခြင့္ျပဳထားေပမဲ့ လုံၿခံဳေရးအတြက္ ႀကိဳတင္အေၾကာင္းၾကားဖုိ႔လည္း ႏုိင္ငံေရးပါတီေတြကုိ သတိေပးထားပါတယ္။
[Unicode Version]
အပစ်ရပ်နယ်မြေတွေမှာ ရွေးကောက်ပွဲလုပ်ငန်းစဉ် မရေမရာဖြစ်နေ
မြန်မာအစိုးရနဲ့ အပစ်အခတ် ရပ်စဲထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် နယ်မြေတချို့မှာ ရွေးကောက်ပွဲတွေ ကျင်းပဖို့ စီစဉ်ထားပေမဲ့ အခုအခါ ကိုဗစ်ကပ်ရောဂါ ကူးစက်မှုတွေ ပျံ့နှံ့လာတာကြောင့် ရွေးကောက်ပွဲ လုပ်ငန်းစဉ်အပေါ် ထိခိုက်မှာ စိုးရိမ်မှုတွေလည်း ထွက်ပေါ်နေတဲ့အကြောင်း ပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မအဂ္ဂနွန်က တင်ပြပေးပါမယ်။
ရွေးကောက်ပွဲတွေ ကျင်းပဖို့ ၂ လကျော်လောက်သာ ကျန်တော့တဲ့ အချိန်မှာပဲ ကိုဗစ်ကပ်ရောဂါ ကူးစက်မှုတွေ ရုတ်တရက် တိုးလာနေတာကြောင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ထိန်းချုပ်ရာ နယ်မြေမှာ ကျင်းပမယ့် အစီအစဉ်အပေါ် စိုးရိမ်မှုတွေ ရှိနေပါတယ်။ အရင်က မဲပေးခွင့်မရခဲ့တဲ့ နယ်မြေတွေမှာပါ မဲပေးနိုင်တော့မယ့် ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်ရာ နယ်မြေမှာလည်း အခုအခါ ကပ်ရောဂါနဲ့ ပတ်သက်လို့ ကာကွယ်ဖို့ ပြင်ဆင်နေရတယ်လို့ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်က KNU ဒူပလာရာခရိုင် အတွင်းရေးမှူး စောလစ်စတန်ကပြောပါတယ်။
“ဟုတ်ကဲ့။ ကျနော်တို့မှာတော့ အရင်က အစီအစဉ်အတိုင်းပဲ ရှိသေးတယ်၊ ဒါပေမဲ့ အခု ဗဟိုမှာ COVID-19 န့ဲ ပတ်သက်တဲ့ ခေါင်းဆောင်တွေပေါ့လေ... သွားပြီးဆွေးနွေးပြီး ပြန်လာတဲ့အခါကျတော့ ဒါကအမျိုးသားရေးတာဝန်တစ်ရပ်အနေနဲ့ ဆိုပြီးတော့ ဆုံးဖြတ်ပေးပြီးတော့ အကောင်အထည်ပြန်ဖော်ဖို့ဖြစ်ပါတယ်၊ အခုကလည်းပဲ ဒီမော်လမြိုင်ဝန်းကျင်မှာ ဖြစ်လာတယ်ဆိုတဲ့အခါကျတော့ ကျနော်တို့လည်း သိပ်မဝေးလောက်ဘူးဖြစ်တော့လေး ဒီမှာလည်းပဲ အဲ့ဒီအစီအစဉ်တွေဆွဲပြီးတော့ COVID-19 ကာကွယ်ရေးနဲ့ ပတ်သက်တဲ့ဟာတွေကို ထုတ်ပြန်ဖို့ရှိပါတယ်။”
ရခိုင်ပြည်နယ်မှာ အများစုအပါအဝင် ကိုဗစ်ရောဂါ ကူးစက်သူတွေ တိုးလာနေသလို ရခိုင်ပြည်နယ်ကနေ ကူးစက်ပျံ့နှံ့မှု တခုကို အတည်ပြုထားတဲ့ မွန်ပြည်နယ်မှာလည်း ရွေးကောက်ပွဲ အစီအစဉ်တွေအပေါ် ရိုက်ခတ်လာမှာ စိုးရိမ်တာတွေ ရှိနေပါတယ်။ မွန်ပြည်နယ်က အဓိကတိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တခုဖြစ်တဲ့ မွန်ပြည်သစ်ပါတီကတော့ ရွေးကောက်ပွဲတွေ သူ့နယ်မြေမှာ ကျင်းပခွင့် ပြုထားပေမဲ့ အခုအခါ ကပ်ရောဂါကူးစက်မှုတွေ တိုးလာတဲ့အချိန်မှာတော့ သတိထားဖို့ လိုအပ်လာနေပြီလို့ မွန်ပြည်သစ်ပါတီ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် နိုင်အောင်မငေးက ပြောပါတယ်။
“ဒါကျနော်တို့ နယ်မြေကန့်သတ်မှုကတော့ ဒီ COVID-19 ကူးစက်ရောဂါ ရခိုင်ကနေလာတယ်ဆိုပါတော့ ဥပမာ မော်လမြိုင် COVID-19 အဲ့ဒီကိစ္စမှာပေ့ါနော် ... မော်လမြိုင်ကနေ အဲ့ရပ်ကွက်နေလာရင် ဆက်သွယ်လာတဲ့အခါကျရင် ဒါကနော်တို့ သတိထားရမှာပေါ့နော် ဘယ်နေ့ကနေပြီးတော့ ဒေသခံကဘယ်ဒေသက ဘယ်ထွက်လာသလဲ အဲ့ဒီခရီးသွားရာဇဝင်ကိုလည်း ကျနော်တို့ သိသင့်သိထိုက်ရမှာပေါ့ ဒါက မလာရဘူး ကျနော်တို့ ပြောတာမဟုတ်ပါဘူး။”
တကျော့ပြန်ကြီးထွားလာတဲ့ ကပ်ရောဂါအန္တရာယ်ကို ကာကွယ်ဖို့ ရခိုင်ပြည်နယ်တခုလုံး မလိုအပ်ရင်အိမ်ထဲက အိမ်ပြင် မထွက်ဖို့ အမိန့်ထုတ်ပြန်ထားပြီး စစ်တွေမြို့နယ်မှာ ညမထွက်ရအမိန့်လည်း ထုတ်ပြန်ထားသလို၊ သွားလာလှုပ်ရှားမှုတွေကိုလည်း ကန့်သတ်ထားပါတယ်။ ဒါပေမဲ့လည်း နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပဖို့ စီစဉ်ထားတဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ အပြောင်းအလဲတွေ ရှိမရှိ ဆိုတာတော့ ရှင်းရှင်းလင်းလင်း မရှိသေးပါဘူး။ မွန်တိုင်းရင်းသား နိုင်ငံရေးပါတီတခုဖြစ်တဲ့ မွန်ညီညွှတ်ရေးပါတီက တွဲဖက်အတွင်းရေးမှူး(၁) နိုင်လယိတမကတော့ ကပ်ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် ကန့်သတ်မှုတွေကြောင့် ရွေးကောက်ပွဲ လုပ်ငန်းစဉ်မှာ စိန်ခေါ်မှုတွေ ရှိနိုင်တယ်လို့ ပြောပါတယ်။
“လက်ရှိအနေအထားမှာ မဲဆွယ်ရေးကိစ္စတွေက ကျနော်တို့က ဘာမှမလုပ်ရသေးဘူး။ လုပ်ဖို့လည်း အချိန်မတန်သေးဘူး။ သို့သော်အကြောင်းကြောင်းကြောင့် အဲ့ဒီဒေသတွင်းမှာ သွားဖို့ အကြောင်းရှိလာခဲ့မယ်ဆိုလို့ရှိရင် သက်ဆိုင်ရာ အဖွဲ့အစည်းနဲ့ သက်ဆိုင်ရာကျန်းမာရေးဝန်ကြီးဌာနက ထုန်ပြန်တဲ့ ထုတ်ပြန်ချက်ကိုတော့ လိုက်နားပြီးတော့ သွားရမယ့်အနေအထားပေါ့။”
မြန်မာအစိုးရနဲ့ အပစ်အခတ် ရပ်စဲထားတဲ့ မွန်ပြည်သစ်ပါတီနဲ့ ကရင်အမျိုးသားအစည်းအရုံးတို့ ထိန်းချုပ်ရာနယ်မြေမှာ ရွေးကောက်ပွဲ လုပ်ငန်းတွေကို ခွင့်ပြုထားပေမဲ့ လုံခြုံရေးအတွက် ကြိုတင်အကြောင်းကြားဖို့လည်း နိုင်ငံရေးပါတီတွေကို သတိပေးထားပါတယ်။