သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

မသန္စြမ္းမ်ား အျပည့္အဝ မဲေပးခြင့္ဆိုင္ရာ စိုးရိမ္ခ်က္မ်ားထြက္ေပၚ


၂၀၁၅ ေရြးေကာက္ပဲြတုန္းက ရန္ကုန္ၿမိဳ႕ရွိ မဲရံုတခုမွာ မဲမ်ားေရတြက္ေနတဲ့ ျမင္ကြင္း။ (ႏို၀င္ဘာ ၀၈၊ ၂၀၁၅)

[Zawgyi/Unicode]

ႏုိ၀င္ဘာ ေရြးေကာက္ပဲြမွာ မဲေပးခြင့္ရၾကမယ့္ မသန္စြမ္းသူ အေရအတြက္ဟာ အရင္ကထက္ ပုိမ်ားလာေပမဲ့ မဲေပးခြင့္ အျပည့္အ၀ မရမွာကုိ မသန္စြမ္းသူအေရး လႈပ္ရွားသူေတြ စုိးရိမ္ေနတဲ့အေၾကာင္း ေျပာျပပါမယ္။ ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ ကိုထက္ေအာင္ခန္႔က သတင္းေပးပို႔ထားပါတယ္။

လာမယ့္ ေရြးေကာက္ပြဲမွာ မဲေပးခြင့္ရွိတဲ့ မသန္စြမ္းသူ အေရအတြက္ဟာ ၂၀၁၅ ခုႏွစ္ ေရြးေကာက္ပဲြမွာ ရာဂဏန္းသာ ရွိခဲ့ေပမဲ့ ဒီႏွစ္မွာေတာ့ သိန္းဂဏန္းေလာက္အထိ တုိးလာတယ္လုိ႔ မသန္စြမ္းသူမ်ားအေရး လႈပ္ရွားသူေတြက ေျပာပါတယ္။ ဒါေပမဲ့လည္း ေရြးေကာက္ပဲြမွာ လက္ေတြ႔ပါ၀င္ မဲေပးႏုိင္မယ့္ အေျခအေန ရွိမရွိ ဆုိတာကေတာ့ စိန္ေခၚမႈေတြ ရွိေနတုန္းပဲလုိ႔ မသန္စြမ္းသူမ်ားအေရး ေဆာင္ရြက္ေနတဲ့ ေရႊမင္းသား ေဖာင္ေဒးရွင္းျမန္မာ ဥကၠ႒ ဦးျမတ္သူ၀င္းကေျပာပါတယ္။

“၂၀၁၅ တုန္းက ေပးခဲ့တာ ၅၀၀ ေလာက္ပဲေပးခဲ့တာ။ ကြ်န္ေတာ္တို႔က စဥ္းစားတာက တသိန္းေက်ာ္ေပမယ့္ ဒီတသိန္းေက်ာ္က မဲရံုကို တကယ္ေကာ ေရာက္ပါ့မလားေပါ့။ မဲစာရင္းမွာေတာ့ တသိန္းေက်ာ္ပါသြားၿပီေပါ့။ မဲစာရင္းမွာပါတယ္ဆိုကတည္းက ေအာင္ျမင္မႈေပါ့ဗ်ာ။ က်ေနာ္တို႔ ၇၀,၀၀၀ ေက်ာ္၊ ၈၀,၀၀၀ ေက်ာ္ကေန ၁၀၀,၀၀၀ ေက်ာ္။ ေနာက္ စက္တင္ဘာေလာက္မွာ ထပ္ၿပီး ထုတ္မယ့္ စာရင္းထဲမွာေတာ့ ပုိမ်ားလာမွာေပါ့။ အဲ့လူေတြ ေတာ္ေတာ္မ်ားမ်ားကို မဲရံုကိုေရာက္ဖို႔ က်ေနာ္တို႔ ႀကိဳးစားရမယ္။ သူတို႔က စာရင္းထဲပါေပမယ့္ မဲရံု မေရာက္မွာ စိတ္ပူရတယ္။”

မဲေပးခြင့္ရွိတဲ့ မသန္စြမ္းသူ ဦးေရဟာ ရန္ကုန္တိုင္းမွာ ၁၀,၀၀၀ ေက်ာ္နဲ႔ မႏၱေလးတိုင္းမွာေတာ့ ၉,၀၀၀ ေက်ာ္ရွိပါတယ္။ မႏၱေလးတိုင္း ေရြးေကာက္ပြဲေကာ္မရွင္ ဥကၠ႒ ျဖစ္သူ ဦးရွိန္၀င္းကေတာ့ မသန္စြမ္းသူေတြ ေရြးေကာက္ပဲြမွာ မဲေပးႏုိင္ေအာင္ စီစဥ္ထားတယ္လုိ႔ ေျပာပါတယ္။

“မသန္စြမ္းမ်ားတဲ့ ရပ္ကြက္တို႔ ရြာတို႔မွာ က်ေနာ္တို႔ တြန္းလွည္းဆိုလည္း တြန္းလွည္းေလးနဲ႔ တက္ႏိုင္ေအာင္ ဒီတိုင္းသြားႏိုင္သူေတြဆိုလည္း ႀကိဳးတန္းေလးနဲ႔ေပါ့။ တုတ္ေကာက္ေလးနဲ႔ေပါ့ အဲ့လို အကူညီေလးေတြနဲ႔ လုပ္ေပးထားပါတယ္။"

မဲေပးခြင့္ရမယ့္ မသန္စြမ္းဦးေရ တုိးလာေနခ်ိန္မွာ ေရြးေကာက္ပဲြ လုပ္ငန္းစဥ္နဲ႔ ပတ္သက္တဲ့ သတင္းအခ်က္အလက္ေတြ ရရွိဖုိ႔ လုိတယ္လုိ႔လည္း မသန္စြမ္းသူေတြအေရး လႈပ္ရွားသူေတြနဲ႔ ေရြးေကာက္ပဲြ ေစာင့္ၾကည့္ လႈပ္ရွားသူေတြက ေျပာပါတယ္။ ေရႊမင္းသား ေဖာင္ေဒးရွင္း ျမန္မာ ဥကၠ႒ ဦးျမတ္သူ၀င္းကေတာ့ ေရြးေကာက္ပဲြမွာ ယွဥ္ၿပိဳင္မယ့္ ႏုိင္ငံေရးပါတီေတြနဲ႔ ပတ္သက္တဲ့ သတင္းအခ်က္အလက္ေတြ မွန္မွန္ကန္ကန္ ရရွိဖုိ႔ အေရးႀကီးတယ္လုိ႔ ျမင္ပါတယ္။

“ဘယ္လို မဲေပးရမလည္းဆိုတာထက္ ဘယ္သူ႔ကို မဲေပးရမလည္းဆိုတဲ့ စဥ္းစား ဆင္ျခင္တံုတရားကို သူတို႔ကို ေပးခ်င္တယ္။ အဲ့သတင္းအခ်က္အလက္ကလည္း ပါတီေတြမ်ာ မသန္စြမ္းမႈနဲ႔ပတ္သက္လို႔ ဘယ္လိုမူ၀ါဒေတြ ရွိသလဲ သူတို႔ေပးတဲ့ မက္ေဆ့က မသန္စြမ္းေတြကို တကယ္ေရာက္ရဲ႕လား။ က်ေနာ္တို႔က သြားတာ ေပးခဲ့တယ္၊ လွလို႔ေပးခဲ့တာလား တကယ္ေရာ ကိုယ္က သူ႔ကို ႀကိဳက္လို႔ေပးတာလား။ ေပးခ်င္လို႔ေပးတာလား လိုတယ္ဗ်။ အဲ့ေတာ့ မဲရံုကိုေရာက္ရင္ ၿပီးတာပဲ ေမာင္းသြင္းလိုက္တာထက္ က်ေနာ္တို႔က မွန္ကန္တဲ့ မဲျဖစ္ဖို႔ လိုလားတာေပါ့။ ဒီအေရြ႕တခုမွာ ပါလာၿပီးေတာ့ ေ၀ေလေလနဲ႔ အုတ္ေရာေရာ ေက်ာက္ေရာေရာလည္း မျဖစ္ေစခ်င္ဘူးေပါ့ ေနာ္။ ဒီလုိမ်ိဳး က်ေနာ္တို႔ ခိုင္မာတဲ့ မဲျဖစ္ဖို႔လိုလားတာေပါ့။”

ေရြးေကာက္ပြဲ ေစာင့္ၾကည့္ေလ့လာေရး အဖြဲ႕ျဖစ္တဲ့ ကေနာင္အင္စတီက်ဳ ဒါရိုက္တာ ကိုသန္းျမတ္စိုးကလည္း လာမယ့္ေရြးေကာက္ပဲြမွာ လူထုအေျချပဳ အဖဲြ႔အစည္းေတြ ပါ၀င္ခြင့္ အားနည္းေနတဲ့အတြက္ မသန္စြမ္းသူေတြကုိ အကူအညီေပး အားနည္းမွာကုိ စုိးရိမ္ေနပါတယ္။

“CSO ေတြရဲ႕ ပူးေပါင္းပါ၀င္မႈကို ေႏြးေႏြးေထြးေထြး ႀကိဳဆိုတာ မေတြ႕ရဘူး။ မသန္စြမ္းပညာေပးမႈ ကိစၥေတြနဲ႔ ျပန္ခ်ိတ္ရရင္ CSO ေတြရဲ႕ ပါ၀င္မႈက ေရြးေကာက္ပြဲမွာ အရမ္းႀကီးအားမေကာင္းတဲ့အတြက္ ပညာေပး အခန္းက႑ေတြေရာ အရမ္းအားနည္းတယ္လို႔ ယူဆရင္ရႏိုင္တယ္။ ၿပီးေတာ့ ေနာက္တခ်က္ ေကာက္ခ်က္ ခ်လို႔ရတာက ကိုဗစ္ျဖစ္ေနတဲ့အတြက္ ပညာေပးမႈေတြ လႈပ္ရွားေဆာင္ရြက္မႈေတြက အားနည္းတယ္လို႔ ေျပာလို႔ ရတယ္။ ကိုဗစ္ျဖစ္ေနတဲ့ အတြက္ေၾကာင့္ ပြဲေတြကို ခြင့္ျပဳမိန္႔ ထုတ္ေပးတာ ေတာ္ေတာ္ေလး ခက္ခဲတာ ေတြ႕ရတယ္။”

မသန္စြမ္းေတြ အလြယ္တကူ မဲေပးဖို႔အတြက္ မွတ္ပံုတင္ မရွိပါက မသန္စြမ္းအဖြဲ႕ခ်ဳပ္ရဲ႕ ေထာက္ခံခ်က္ေတြနဲ႔ မဲေပးႏိုင္သလို မဲရံုေတြကိုလည္း ေျမညီထပ္ေတြမွာ ထားဖို႔ေဆာင္ရြက္ထားပါတယ္။ အခုလာမယ့္ ေရြးေကာက္ပြဲမွာေတာ့ တႏိုင္ငံလံုးအေနနဲ႔ ပဲခူးတိုင္းနဲ႔ ရန္ကုန္တိုင္း မဲဆႏၵနယ္ေျမေတြကေန လႊတ္ေတာ္ ကိုယ္စားေလာင္းအျဖစ္ မသန္စြမ္းသူ သံုး ဦး ၀င္ေရာက္ ယွဥ္ၿပိဳင္မွာလည္း ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

မသန်စွမ်းများ အပြည့်အဝ မဲပေးခွင့်ဆိုင်ရာ စိုးရိမ်ချက်များထွက်ပေါ်

နိုဝင်ဘာ ရွေးကောက်ပွဲမှာ မဲပေးခွင့်ရကြမယ့် မသန်စွမ်းသူ အရေအတွက်ဟာ အရင်ကထက် ပိုများလာပေမဲ့ မဲပေးခွင့် အပြည့်အ၀ မရမှာကို မသန်စွမ်းသူအရေး လှုပ်ရှားသူတွေ စိုးရိမ်နေတဲ့အကြောင်း ပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုထက်အောင်ခန့်က သတင်းပေးပို့ထားပါတယ်။

လာမယ့် ရွေးကောက်ပွဲမှာ မဲပေးခွင့်ရှိတဲ့ မသန်စွမ်းသူ အရေအတွက်ဟာ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမှာ ရာဂဏန်းသာ ရှိခဲ့ပေမဲ့ ဒီနှစ်မှာတော့ သိန်းဂဏန်းလောက်အထိ တိုးလာတယ်လို့ မသန်စွမ်းသူများအရေး လှုပ်ရှားသူတွေက ပြောပါတယ်။ ဒါပေမဲ့လည်း ရွေးကောက်ပွဲမှာ လက်တွေ့ပါဝင် မဲပေးနိုင်မယ့် အခြေအနေ ရှိမရှိ ဆိုတာကတော့ စိန်ခေါ်မှုတွေ ရှိနေတုန်းပဲလို့ မသန်စွမ်းသူများအရေး ဆောင်ရွက်နေတဲ့ ရွှေမင်းသား ဖောင်ဒေးရှင်းမြန်မာ ဥက္ကဋ္ဌ ဦးမြတ်သူဝင်းကပြောပါတယ်။

“၂၀၁၅ တုန်းက ပေးခဲ့တာ ၅၀၀ လောက်ပဲပေးခဲ့တာ။ ကျွန်တော်တို့က စဉ်းစားတာက တသိန်းကျော်ပေမယ့် ဒီတသိန်းကျော်က မဲရုံကို တကယ်ကော ရောက်ပါ့မလားပေါ့။ မဲစာရင်းမှာတော့ တသိန်းကျော်ပါသွားပြီပေါ့။ မဲစာရင်းမှာပါတယ်ဆိုကတည်းက အောင်မြင်မှုပေါ့ဗျာ။ ကျနော်တို့ ၇၀,၀၀၀ ကျော်၊ ၈၀,၀၀၀ ကျော်ကနေ ၁၀၀,၀၀၀ ကျော်။ နောက် စက်တင်ဘာလောက်မှာ ထပ်ပြီး ထုတ်မယ့် စာရင်းထဲမှာတော့ ပိုများလာမှာပေါ့။ အဲ့လူတွေ တော်တော်များများကို မဲရုံကိုရောက်ဖို့ ကျနော်တို့ ကြိုးစားရမယ်။ သူတို့က စာရင်းထဲပါပေမယ့် မဲရုံ မရောက်မှာ စိတ်ပူရတယ်။”

မဲပေးခွင့်ရှိတဲ့ မသန်စွမ်းသူ ဦးရေဟာ ရန်ကုန်တိုင်းမှာ ၁၀,၀၀၀ ကျော်နဲ့ မန္တလေးတိုင်းမှာတော့ ၉,၀၀၀ ကျော်ရှိပါတယ်။ မန္တလေးတိုင်း ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဖြစ်သူ ဦးရှိန်ဝင်းကတော့ မသန်စွမ်းသူတွေ ရွေးကောက်ပွဲမှာ မဲပေးနိုင်အောင် စီစဉ်ထားတယ်လို့ ပြောပါတယ်။

“မသန်စွမ်းများတဲ့ ရပ်ကွက်တို့ ရွာတို့မှာ ကျနော်တို့ တွန်းလှည်းဆိုလည်း တွန်းလှည်းလေးနဲ့ တက်နိုင်အောင် ဒီတိုင်းသွားနိုင်သူတွေဆိုလည်း ကြိုးတန်းလေးနဲ့ပေါ့။ တုတ်ကောက်လေးနဲ့ပေါ့ အဲ့လို အကူညီလေးတွေနဲ့ လုပ်ပေးထားပါတယ်။"

မဲပေးခွင့်ရမယ့် မသန်စွမ်းဦးရေ တိုးလာနေချိန်မှာ ရွေးကောက်ပွဲ လုပ်ငန်းစဉ်နဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေ ရရှိဖို့ လိုတယ်လို့လည်း မသန်စွမ်းသူတွေအရေး လှုပ်ရှားသူတွေနဲ့ ရွေးကောက်ပွဲ စောင့်ကြည့် လှုပ်ရှားသူတွေက ပြောပါတယ်။ ရွှေမင်းသား ဖောင်ဒေးရှင်း မြန်မာ ဥက္ကဋ္ဌ ဦးမြတ်သူဝင်းကတော့ ရွေးကောက်ပွဲမှာ ယှဉ်ပြိုင်မယ့် နိုင်ငံရေးပါတီတွေနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေ မှန်မှန်ကန်ကန် ရရှိဖို့ အရေးကြီးတယ်လို့ မြင်ပါတယ်။

“ဘယ်လို မဲပေးရမလည်းဆိုတာထက် ဘယ်သူ့ကို မဲပေးရမလည်းဆိုတဲ့ စဉ်းစား ဆင်ခြင်တုံတရားကို သူတို့ကို ပေးချင်တယ်။ အဲ့သတင်းအချက်အလက်ကလည်း ပါတီတွေမျာ မသန်စွမ်းမှုနဲ့ပတ်သက်လို့ ဘယ်လိုမူဝါဒတွေ ရှိသလဲ သူတို့ပေးတဲ့ မက်ဆေ့က မသန်စွမ်းတွေကို တကယ်ရောက်ရဲ့လား။ ကျနော်တို့က သွားတာ ပေးခဲ့တယ်၊ လှလို့ပေးခဲ့တာလား တကယ်ရော ကိုယ်က သူ့ကို ကြိုက်လို့ပေးတာလား။ ပေးချင်လို့ပေးတာလား လိုတယ်ဗျ။ အဲ့တော့ မဲရုံကိုရောက်ရင် ပြီးတာပဲ မောင်းသွင်းလိုက်တာထက် ကျနော်တို့က မှန်ကန်တဲ့ မဲဖြစ်ဖို့ လိုလားတာပေါ့။ ဒီအရွေ့တခုမှာ ပါလာပြီးတော့ ဝေလေလေနဲ့ အုတ်ရောရော ကျောက်ရောရောလည်း မဖြစ်စေချင်ဘူးပေါ့ နော်။ ဒီလိုမျိုး ကျနော်တို့ ခိုင်မာတဲ့ မဲဖြစ်ဖို့လိုလားတာပေါ့။”

ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေး အဖွဲ့ဖြစ်တဲ့ ကနောင်အင်စတီကျု ဒါရိုက်တာ ကိုသန်းမြတ်စိုးကလည်း လာမယ့်ရွေးကောက်ပွဲမှာ လူထုအခြေပြု အဖွဲ့အစည်းတွေ ပါဝင်ခွင့် အားနည်းနေတဲ့အတွက် မသန်စွမ်းသူတွေကို အကူအညီပေး အားနည်းမှာကို စိုးရိမ်နေပါတယ်။

“CSO တွေရဲ့ ပူးပေါင်းပါဝင်မှုကို နွေးနွေးထွေးထွေး ကြိုဆိုတာ မတွေ့ရဘူး။ မသန်စွမ်းပညာပေးမှု ကိစ္စတွေနဲ့ ပြန်ချိတ်ရရင် CSO တွေရဲ့ ပါဝင်မှုက ရွေးကောက်ပွဲမှာ အရမ်းကြီးအားမကောင်းတဲ့အတွက် ပညာပေး အခန်းကဏ္ဍတွေရော အရမ်းအားနည်းတယ်လို့ ယူဆရင်ရနိုင်တယ်။ ပြီးတော့ နောက်တချက် ကောက်ချက် ချလို့ရတာက ကိုဗစ်ဖြစ်နေတဲ့အတွက် ပညာပေးမှုတွေ လှုပ်ရှားဆောင်ရွက်မှုတွေက အားနည်းတယ်လို့ ပြောလို့ ရတယ်။ ကိုဗစ်ဖြစ်နေတဲ့ အတွက်ကြောင့် ပွဲတွေကို ခွင့်ပြုမိန့် ထုတ်ပေးတာ တော်တော်လေး ခက်ခဲတာ တွေ့ရတယ်။”

မသန်စွမ်းတွေ အလွယ်တကူ မဲပေးဖို့အတွက် မှတ်ပုံတင် မရှိပါက မသန်စွမ်းအဖွဲ့ချုပ်ရဲ့ ထောက်ခံချက်တွေနဲ့ မဲပေးနိုင်သလို မဲရုံတွေကိုလည်း မြေညီထပ်တွေမှာ ထားဖို့ဆောင်ရွက်ထားပါတယ်။ အခုလာမယ့် ရွေးကောက်ပွဲမှာတော့ တနိုင်ငံလုံးအနေနဲ့ ပဲခူးတိုင်းနဲ့ ရန်ကုန်တိုင်း မဲဆန္ဒနယ်မြေတွေကနေ လွှတ်တော် ကိုယ်စားလောင်းအဖြစ် မသန်စွမ်းသူ သုံး ဦး ဝင်ရောက် ယှဉ်ပြိုင်မှာလည်း ဖြစ်ပါတယ်။

XS
SM
MD
LG