သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေရြးေကာက္ပဲြေကာ္မရွင္ ဘက္လုိက္မႈကင္းဖုိ႔ ျပည္ခုိင္ၿဖိဳးထပ္မံ တုိက္တြန္း


ေနျပည္ေတာ္မွာ က်င္းပတဲ့ ျပည္ေထာင္စုၾကံ႕ခိုင္ေရးနဲ႔ ဖြံ႔ၿဖိဳးေရးပါတီရဲ႕ သတင္းစာရွင္းလင္းပဲြ။ (ဓာတ္ပံု - Union Solidarity and Development Party - ၾသဂုတ္ ၁၈၊ ၂၀၂၀)

[Zawgyi/Unicode]

လာမယ့္ ႏုိ၀င္ဘာ ေရြးေကာက္ပဲြအတြက္ ျပည္ေထာင္စု ေရြးေကာက္ပြဲေကာ္မရွင္ရဲ႕ ေဆာင္ရြက္ခ်က္ေတြဟာ မွ်တမႈမရွိဘူးဆုိၿပီး အဓိက အတုိက္အခံ ျပည္ေထာင္စုၾကံ႕ခိုင္ေရးနဲ႔ ဖြံ႔ၿဖိဳးေရးပါတီက ဒီကေန႔ သတင္းစာရွင္းလင္းပဲြမွာ ေျပာဆုိလုိက္တဲ့ အေၾကာင္းကို ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ မဆုမြန္က တင္ျပေပးပါမယ္။

ျပည္ေထာင္စု ေရြးေကာက္ပဲြ ေကာ္မရွင္ရဲ႕ လုပ္ေဆာင္ခ်က္ေတြဟာ ပြင့္လင္းျမင္သာမႈမရွိသလုိ တရားမွ်တမႈမရွိဘူးလို႔ ျပည္ခိုင္ၿဖိဳးပါတီ အဆင့္ျမင့္ ေခါင္းေဆာင္ေတြက ဒီကေန႔ ေနျပည္ေတာ္ ပါတီဌာနခ်ဳပ္က သတင္းစာရွင္းလင္းပဲြမွာ ေ၀ဖန္လုိက္ၾကတာပါ။ ေကာ္မရွင္အေနနဲ႔ သီးျခားလြတ္လပ္ၿပီး အမွီအခိုကင္းကင္း မရပ္တည္ဘူးဆုိရင္ တုိင္းျပည္ရဲ႕တည္ၿငိမ္မႈကုိပါ ထိခုိက္ႏုိင္တယ္လုိ႔လည္း ပါတီေျပာခြင့္ရသူ တဦးျဖစ္တဲ့ ဦးသိန္းထြန္းဦးကေျပာဆုိသြားပါတယ္။

"UEC ဟာ Independent ျဖစ္ရပါမယ္။ Bias ေတြ ဝင္ၿပီးေတာ့ ဘက္လိုက္မႈေတြနဲ႔လုပ္ေနမယ္ဆိုရင္ ဘယ္လိုမွ တရားမွ်တႏုိင္မွာ မဟုတ္ပါဘူး။ ဘာျဖစ္လာႏိုင္မလဲဆိုရင္ ႏုိင္ငံသားအခြင့္အေရးျဖစ္လာႏိုင္တဲ့အတြက္ ဒီႏိုင္ငံသားေတြ မဲမေပးလိုက္ရတဲ့အတြက္ မလိုလားအပ္တဲ့ကိစၥရပ္ေတြျဖစ္ၿပီးေတာ့ အေရးေပၚအေျခအေန ျဖစ္လာႏုိင္တဲ့အေနအထားမ်ိဳးေတြရွိပါတယ္။ အဲ့သလိုရွိလာမယ္ဆိုရင္ ျပည္သူလူထုရဲ႕ တာဝန္မဟုတ္ဘဲနဲ႔ အခုက်ေနာ္တို႔ႏုိင္ငံေရးပါတီေတြဘက္က တင္ျပေတာင္းဆိုေသာ္လည္းပဲ လ်စ္လ်ဴ ႐ႈ႕ထားေသာ တာဝန္ရွိပုဂၢိဳလ္မ်ားရဲ႕ တာဝန္သာျဖစ္တယ္ဆိုတာကို က်ေနာ့္အေနနဲ႔ဒီေနရာကေန ရွင္းလင္းတင္ျပလိုပါတယ္။"

ျပည္ေထာင္စု ေရြးေကာက္ပြဲေကာ္မရွင္ဟာ ျပည္ခုိင္ၿဖိဳးပါတီ အပါအဝင္ နုိင္ငံေရးပါတီေတြရဲ႕အၾကံျပဳခ်က္ေတြနဲ႔ ေဆြးေႏြးမႈေတြကို လ်စ္လ်ဴရႈထားတဲ့အတြက္ ေရြးေကာက္ပဲြ မွ်တမႈရွိေရး တပ္မေတာ္ကုိပါ အကူအညီေတာင္းခဲ့ရတယ္လုိ႔လည္း ပါတီတာ၀န္ရွိသူ တဦးျဖစ္တဲ့ ေဒၚယဥ္မင္းျမင့္ေဆြက သတင္းစာရွင္းလင္းပြဲမွာ ေျပာဆုိသြားပါတယ္။

"ဒီအိတ္ဖြင့္ေပးစာေတြ ေမးခြန္းေတြကို တခ်ိန္လံုး ႏိုင္ငံေရးပါတီေတြ အစုအဖြဲ႔ေတြေရာက သိခ်င္တာေတြ ေမးခဲ့တာေတြကို ႏုိင္ငံေရးပါတီေတြအေပၚမွာ တုံ႔ျပန္မႈ၊ ေျဖရွင္းေပးမႈ စိတ္ေက်နပ္တဲ့အေျဖေတြ ရမလာဘူး။ ဒီလိုေရာက္မလာတဲ့အျပင္ ဒီအသံေတြကို ျပန္ၿပီး Feedback မလုပ္သလိုဘဲ သူတို႔ေတြရဲ႕ေဆာင္ရြက္ခ်က္ေတြ ဥပေဒထုတ္ျပန္တာေတြ ကန္႔သတ္ထိန္းခ်ဳပ္တာေတြကလည္း ပိုၿပီးေတာ့ တင္းၾကပ္တယ္။ အဲ့တာေၾကာင့္ ၿပီးခဲ့တဲ့ ၾသဂုတ္လ ၁၄ ရက္ေန႔ကႏုိင္ငံေရးပါတီ ၃၄ ခုကေန က်မတို႔ျပည္ခိုင္ၿဖိဳးပါတီက အပါအဝင္ ပါတီေတြဘက္က သီးျခားလြတ္လပ္ၿပီး ခိုင္မာတဲ့ အဖြဲ႔အစည္းျဖစ္တဲ့ တပ္မေတာ္ရဲ႕အၾကီးအကဲ ကို ေတြ႔ဆံုခြင့္ေတာင္းခဲ့တာျဖစ္တယ္။ ဒီေရြးေကာက္ပြဲၾကီးကို သမာသမတ္က် မွ်တတဲ့ေရြးေကာက္ပြဲၾကီး ျဖစ္ေစခ်င္တဲ့အတြက္သြားေရာက္ ေတြ႔ခဲ့တာျဖစ္တယ္။ ဒီလိုလ်စ္လ်ဴရႈတာေတြျဖစ္လာတာ မ်ားလာရင္ အေရးေပၚအေျခအေနဆိုတာ မျဖစ္လာဘူးလို႔မေျပာႏုိင္ဘူး။"

ျပည္ခုိင္ၿဖိဳးပါတီနဲ႔ ႏုိင္ငံေရးပါတီ ၃၀ ေက်ာ္တုိ႔ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္နဲ႔ ေတြ႔ဆုံရာမွာေတာ့ ေရြးေကာက္ပဲြမွာ မွ်တမႈမရွိခဲ့ရင္ တပ္မေတာ္က ေဆာင္ရြက္ေပးႏိုင္တာ ရွိ-မရွိ ေဆြးေႏြးခဲ့တယ္လုိ႔လည္း တက္ေရာက္သူေတြက ေျပာပါတယ္။ ဒီကေန႔မွာ ျပည္ခုိင္ၿဖိဳးပါတီက ေရြးေကာက္ပဲြေနာက္ဆက္တဲြ မတည္မၿငိမ္အေျခအေနေတြ ျဖစ္မွာကုိ သတိေပးခဲ့တဲ့အေပၚ သတင္းစာဆရာဦးစည္သူေအာင္ျမင့္ကေတာ့ အခုလုိ သံုးသပ္ပါတယ္။

"အဓိက သူတို႔သတင္းစာရွင္းလင္းပြဲကို ေသခ်ာနားေထာင္ၾကည့္လိုက္ေတာ့- အဓိက သူတို႔မတ္ေဆ့ေပးခ်င္တာက ဒါ အေရးေပၚအေျခအေနျဖစ္ေကာင္းျဖစ္ႏုိင္တယ္ေပါ့ ဒီအခါက်ရင္လူထုက ဖိလာရင္ ၾကြမွာပဲလို႔ ဒါေတြလည္း သူတို႔ ေျပာသြားတယ္။ အဲ့ဒီအေပၚ သံုးသပ္ၾကည့္ရင္ သူတို႔ေတြဟာ ေရြးေကာက္ပြဲ တခုကို ဝင္ဖို႔အတြက္ သူတို႔ကိုယ္သူတို႔ ယံုၾကည္မႈမရွိပဲနဲ႔ စစ္တပ္ကေန ဝင္ၿပီးေတာ့ အာဏာဝင္သိမ္းၿပီးမွ ေရြးေကာက္ပြဲ လုပ္ေပးဖို႔ ေတာင္းဆိုတဲ့ ပံုစံမ်ိဳးသြားေတြ႔တယ္။ တကယ္ေတာ့ သူတို႔အေနနဲ႔ လုပ္စရာနည္းလမ္းရွိတယ္။ ေရြးေကာက္ပြဲေကာ္မရွင္ကို သေဘာမက်ဘူးဆိုရင္ ဖြဲ႔စည္းပံုအေျခခံေအာက္မွာ တည္ဆဲဥပေဒေတြေအာက္မွာ သူတို႔ လုပ္ႏုိင္တာေတြ ရွိတယ္ အဲ့ဒီ့အတုိင္းကိုသြားရမယ္။ ေနာက္တခုက ေရြးေကာက္ပြဲဝင္မယ့္ ႏိုင္ငံေရးပါတီေတြ အခ်င္းခ်င္း COC လို႔ ေခၚတဲ့ Code of Conduct လို႔ေခၚတဲ့ က်င့္ဝတ္ေတြနဲ႔ပတ္သတ္ၿပီး လက္မွတ္ထိုးထားတဲ့အခ်က္ေတြရွိတယ္။ ခက္တာက အစကတည္းက ျပည္ခုိင္ၿဖိဳးနဲ႔ မဟာမိတ္ပါတီေတြက အဲ့ဒီ့အခ်က္ေတြကို လက္မွတ္မထိုးခဲ့ဘူး။ ဒါေၾကာင့္ ေရြးေကာက္ပြဲကို ေကာင္းေကာင္းမြန္မြန္ ၀င္ခ်င္တဲ့ပံုစံမ်ိဳးမေတြ႔ရဘူး ဒီလိုသံုးသပ္လို႔ရပါတယ္။"

ႏုိင္ငံေရး ေလ့လာသံုးသပ္သူ ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ေဟာင္း ဦးရဲထြန္းကလည္း ေရြးေကာက္ပဲြနဲ႔ ပတ္သက္လုိ႔ မေက်နပ္မႈေတြကုိ ႏုိင္ငံေရးအရသာ ေျဖရွင္းသင့္တယ္လုိ႔ ျမင္ပါတယ္။

"ဒီ ႏုိင္ငံေရးပါတီေတြက ေရြးေကာက္ပြဲေကာ္မရွင္အေပၚမွာ ယံုၾကည္မႈမရွိရင္ မေက်နပ္ရင္ သူတို႔ လက္ရွိ အေျခခံဥပေဒရဲ႕ ေဘာင္အတြင္းမွာေပါ့ သူတို႔ဘက္က လုပ္နုိင္တာေတြရွိပါတယ္။ အဲ့တာက ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္က ျပည္ေထာင္စုအဖြဲ႔အစည္းတရပ္ျဖစ္တဲ့အတြက္ အဲ့ဒီျပည္ေထာင္စုအဖြဲ႔အစည္းကို စြပ္စြဲျပစ္တင္တဲ့ကိစၥမ်ိဳး လႊတ္ေတာ္ထဲကေန တအဆင့္ သူတို႔လုပ္လို႔ရပါတယ္။ ဒါကေတာ့ သမၼတက ေရြးခ်ယ္ထားတာျဖစ္လို႔ သမၼတကို ေရြးခ်ယ္ျပစ္တင္တဲ့ နည္းနဲ႔ လုပ္တာေပါ့ေနာ္။ တကယ္တမ္း လုပ္သင့္တာကေတာ့ သူတို႔အဲ့ဒီနည္းကို လုပ္သင့္တာေပါ့။ အဲ့လိုမဟုတ္ဘဲနဲ႔ တပ္မေတာ္ဦးစီးခ်ဳပ္ကို သြားေျပာၾကတယ္ဆိုတာက အေျခခံဥပေဒအရေရာ ျပ႒ာန္းထားတဲ့တည္ဆဲ ဥပေဒေတြအရေရာ ေရြးေကာက္ပြဲနဲ႔ ပတ္သက္ၿပီး ဘာမွ ဝင္ေရာက္ေဆာင္ရြက္ႏိုင္တဲ့ အခန္းက႑မရွိတဲ့ တပ္ကို သြားေတြ႔တဲ့အခါက်ေတာ့ တပ္မေတာ္ဘက္က အာဏာသိမ္းၿပီးေတာ့ႏွစ္ရွည္လမ်ား အရင္အာဏာရွင္စနစ္ေအာက္မ်ိဳးကို ျပည္သူက မေရာက္ခ်င္ဘူး။ ဒီလိုသြားလုပ္တဲ့ပါတီေတြအတြက္လည္း ေျပာမယ္ဆို ႏုိင္ငံေရး သိကၡာက်တာေပါ့။"

ႏုိ၀င္ဘာလ ၈ ရက္ေန႔ ေရြးေကာက္ပဲြမွာ ယွဥ္ၿပိဳင္ဖုိ႔ ျပည္ခုိင္ၿဖိဳးပါတီက အၿငိမ္းစားတပ္မေတာ္သားတခ်ဳိ႕ အပါအ၀င္ ကုိယ္စားလွယ္ေလာင္း ၁,၀၀၀ ေက်ာ္ အမည္စာရင္း တင္သြင္းထားပါတယ္။ ကုိယ္စားလွယ္ေလာင္းေတြဟာ တုိင္းရင္းသား မဟာမိတ္ပါတီေတြရဲ႕ မဲဆႏၵနယ္ေျမတခ်ဳိ႕က လဲြလုိ႔ မဲဆႏၵနယ္ေျမ ၃၀၀ နီးပါးမွာ ယွဥ္ၿပိဳင္သြားမယ္လုိ႔လည္း ေၾကညာထားပါတယ္ရွင္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ရွေးကောက်ပွဲကော်မရှင် ဘက်လိုက်မှုကင်းဖို့ ပြည်ခိုင်ဖြိုးထပ်မံ တိုက်တွန်း

လာမယ့် နိုဝင်ဘာ ရွေးကောက်ပွဲအတွက် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရဲ့ ဆောင်ရွက်ချက်တွေဟာ မျှတမှုမရှိဘူးဆိုပြီး အဓိက အတိုက်အခံ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ဒီကနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုလိုက်တဲ့ အကြောင်းကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မဆုမွန်က တင်ပြပေးပါမယ်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရဲ့ လုပ်ဆောင်ချက်တွေဟာ ပွင့်လင်းမြင်သာမှုမရှိသလို တရားမျှတမှုမရှိဘူးလို့ ပြည်ခိုင်ဖြိုးပါတီ အဆင့်မြင့် ခေါင်းဆောင်တွေက ဒီကနေ့ နေပြည်တော် ပါတီဌာနချုပ်က သတင်းစာရှင်းလင်းပွဲမှာ ဝေဖန်လိုက်ကြတာပါ။ ကော်မရှင်အနေနဲ့ သီးခြားလွတ်လပ်ပြီး အမှီအခိုကင်းကင်း မရပ်တည်ဘူးဆိုရင် တိုင်းပြည်ရဲ့တည်ငြိမ်မှုကိုပါ ထိခိုက်နိုင်တယ်လို့လည်း ပါတီပြောခွင့်ရသူ တဦးဖြစ်တဲ့ ဦးသိန်းထွန်းဦးကပြောဆိုသွားပါတယ်။

"UEC ဟာ Independent ဖြစ်ရပါမယ်။ Bias တွေ ဝင်ပြီးတော့ ဘက်လိုက်မှုတွေနဲ့လုပ်နေမယ်ဆိုရင် ဘယ်လိုမှ တရားမျှတနိုင်မှာ မဟုတ်ပါဘူး။ ဘာဖြစ်လာနိုင်မလဲဆိုရင် နိုင်ငံသားအခွင့်အရေးဖြစ်လာနိုင်တဲ့အတွက် ဒီနိုင်ငံသားတွေ မဲမပေးလိုက်ရတဲ့အတွက် မလိုလားအပ်တဲ့ကိစ္စရပ်တွေဖြစ်ပြီးတော့ အရေးပေါ်အခြေအနေ ဖြစ်လာနိုင်တဲ့အနေအထားမျိုးတွေရှိပါတယ်။ အဲ့သလိုရှိလာမယ်ဆိုရင် ပြည်သူလူထုရဲ့ တာဝန်မဟုတ်ဘဲနဲ့ အခုကျနော်တို့နိုင်ငံရေးပါတီတွေဘက်က တင်ပြတောင်းဆိုသော်လည်းပဲ လျစ်လျူ ရှု့ထားသော တာဝန်ရှိပုဂ္ဂိုလ်များရဲ့ တာဝန်သာဖြစ်တယ်ဆိုတာကို ကျနော့်အနေနဲ့ဒီနေရာကနေ ရှင်းလင်းတင်ပြလိုပါတယ်။"

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဟာ ပြည်ခိုင်ဖြိုးပါတီ အပါအဝင် နိုင်ငံရေးပါတီတွေရဲ့အကြံပြုချက်တွေနဲ့ ဆွေးနွေးမှုတွေကို လျစ်လျူရှုထားတဲ့အတွက် ရွေးကောက်ပွဲ မျှတမှုရှိရေး တပ်မတော်ကိုပါ အကူအညီတောင်းခဲ့ရတယ်လို့လည်း ပါတီတာဝန်ရှိသူ တဦးဖြစ်တဲ့ ဒေါ်ယဉ်မင်းမြင့်ဆွေက သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားပါတယ်။

"ဒီအိတ်ဖွင့်ပေးစာတွေ မေးခွန်းတွေကို တချိန်လုံး နိုင်ငံရေးပါတီတွေ အစုအဖွဲ့တွေရောက သိချင်တာတွေ မေးခဲ့တာတွေကို နိုင်ငံရေးပါတီတွေအပေါ်မှာ တုံ့ပြန်မှု၊ ဖြေရှင်းပေးမှု စိတ်ကျေနပ်တဲ့အဖြေတွေ ရမလာဘူး။ ဒီလိုရောက်မလာတဲ့အပြင် ဒီအသံတွေကို ပြန်ပြီး Feed Back မလုပ်သလိုဘဲ သူတို့တွေရဲ့ဆောင်ရွက်ချက်တွေ ဥပဒေထုတ်ပြန်တာတွေ ကန့်သတ်ထိန်းချုပ်တာတွေကလည်း ပိုပြီးတော့ တင်းကြပ်တယ်။ အဲ့တာကြောင့် ပြီးခဲ့တဲ့ သြဂုတ်လ ၁၄ ရက်နေ့ကနိုင်ငံရေးပါတီ ၃၄ ခုကနေ ကျမတို့ပြည်ခိုင်ဖြိုးပါတီက အပါအဝင် ပါတီတွေဘက်က သီးခြားလွတ်လပ်ပြီး ခိုင်မာတဲ့ အဖွဲ့အစည်းဖြစ်တဲ့ တပ်မတော်ရဲ့အကြီးအကဲ ကို တွေ့ဆုံခွင့်တောင်းခဲ့တာဖြစ်တယ်။ ဒီရွေးကောက်ပွဲကြီးကို သမာသမတ်ကျ မျှတတဲ့ရွေးကောက်ပွဲကြီး ဖြစ်စေချင်တဲ့အတွက်သွားရောက် တွေ့ခဲ့တာဖြစ်တယ်။ ဒီလိုလျစ်လျူရှုတာတွေဖြစ်လာတာ များလာရင် အရေးပေါ်အခြေအနေဆိုတာ မဖြစ်လာဘူးလို့မပြောနိုင်ဘူး။"

ပြည်ခိုင်ဖြိုးပါတီနဲ့ နိုင်ငံရေးပါတီ ၃၀ ကျော်တို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံရာမှာတော့ ရွေးကောက်ပွဲမှာ မျှတမှုမရှိခဲ့ရင် တပ်မတော်က ဆောင်ရွက်ပေးနိုင်တာ ရှိ-မရှိ ဆွေးနွေးခဲ့တယ်လို့လည်း တက်ရောက်သူတွေက ပြောပါတယ်။ ဒီကနေ့မှာ ပြည်ခိုင်ဖြိုးပါတီက ရွေးကောက်ပွဲနောက်ဆက်တွဲ မတည်မငြိမ်အခြေအနေတွေ ဖြစ်မှာကို သတိပေးခဲ့တဲ့အပေါ် သတင်းစာဆရာဦးစည်သူအောင်မြင့်ကတော့ အခုလို သုံးသပ်ပါတယ်။

"အဓိက သူတို့သတင်းစာရှင်းလင်းပွဲကို သေချာနားထောင်ကြည့်လိုက်တော့- အဓိက သူတို့မတ်ဆေ့ပေးချင်တာက ဒါ အရေးပေါ်အခြေအနေဖြစ်ကောင်းဖြစ်နိုင်တယ်ပေါ့ ဒီအခါကျရင်လူထုက ဖိလာရင် ကြွမှာပဲလို့ ဒါတွေလည်း သူတို့ ပြောသွားတယ်။ အဲ့ဒီအပေါ် သုံးသပ်ကြည့်ရင် သူတို့တွေဟာ ရွေးကောက်ပွဲ တခုကို ဝင်ဖို့အတွက် သူတို့ကိုယ်သူတို့ ယုံကြည်မှုမရှိပဲနဲ့ စစ်တပ်ကနေ ဝင်ပြီးတော့ အာဏာဝင်သိမ်းပြီးမှ ရွေးကောက်ပွဲ လုပ်ပေးဖို့ တောင်းဆိုတဲ့ ပုံစံမျိုးသွားတွေ့တယ်။ တကယ်တော့ သူတို့အနေနဲ့ လုပ်စရာနည်းလမ်းရှိတယ်။ ရွေးကောက်ပွဲကော်မရှင်ကို သဘောမကျဘူးဆိုရင် ဖွဲ့စည်းပုံအခြေခံအောက်မှာ တည်ဆဲဥပဒေတွေအောက်မှာ သူတို့ လုပ်နိုင်တာတွေ ရှိတယ် အဲ့ဒီ့အတိုင်းကိုသွားရမယ်။ နောက်တခုက ရွေးကောက်ပွဲဝင်မယ့် နိုင်ငံရေးပါတီတွေ အချင်းချင်း COC လို့ ခေါ်တဲ့ Code of Conduct လို့ခေါ်တဲ့ ကျင့်ဝတ်တွေနဲ့ပတ်သတ်ပြီး လက်မှတ်ထိုးထားတဲ့အချက်တွေရှိတယ်။ ခက်တာက အစကတည်းက ပြည်ခိုင်ဖြိုးနဲ့ မဟာမိတ်ပါတီတွေက အဲ့ဒီ့အချက်တွေကို လက်မှတ်မထိုးခဲ့ဘူး။ ဒါကြောင့် ရွေးကောက်ပွဲကို ကောင်းကောင်းမွန်မွန် ဝင်ချင်တဲ့ပုံစံမျိုးမတွေ့ရဘူး ဒီလိုသုံးသပ်လို့ရပါတယ်။"

နိုင်ငံရေး လေ့လာသုံးသပ်သူ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးရဲထွန်းကလည်း ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ မကျေနပ်မှုတွေကို နိုင်ငံရေးအရသာ ဖြေရှင်းသင့်တယ်လို့ မြင်ပါတယ်။

"ဒီ နိုင်ငံရေးပါတီတွေက ရွေးကောက်ပွဲကော်မရှင်အပေါ်မှာ ယုံကြည်မှုမရှိရင် မကျေနပ်ရင် သူတို့ လက်ရှိ အခြေခံဥပဒေရဲ့ ဘောင်အတွင်းမှာပေါ့ သူတို့ဘက်က လုပ်နိုင်တာတွေရှိပါတယ်။ အဲ့တာက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပြည်ထောင်စုအဖွဲ့အစည်းတရပ်ဖြစ်တဲ့အတွက် အဲ့ဒီပြည်ထောင်စုအဖွဲ့အစည်းကို စွပ်စွဲပြစ်တင်တဲ့ကိစ္စမျိုး လွှတ်တော်ထဲကနေ တအဆင့် သူတို့လုပ်လို့ရပါတယ်။ ဒါကတော့ သမ္မတက ရွေးချယ်ထားတာဖြစ်လို့ သမ္မတကို ရွေးချယ်ပြစ်တင်တဲ့ နည်းနဲ့ လုပ်တာပေါ့နော်။ တကယ်တမ်း လုပ်သင့်တာကတော့ သူတို့အဲ့ဒီနည်းကို လုပ်သင့်တာပေါ့။ အဲ့လိုမဟုတ်ဘဲနဲ့ တပ်မတော်ဦးစီးချုပ်ကို သွားပြောကြတယ်ဆိုတာက အခြေခံဥပဒေအရရော ပြဋ္ဌာန်းထားတဲ့တည်ဆဲ ဥပဒေတွေအရရော ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ဘာမှ ဝင်ရောက်ဆောင်ရွက်နိုင်တဲ့ အခန်းကဏ္ဍမရှိတဲ့ တပ်ကို သွားတွေ့တဲ့အခါကျတော့ တပ်မတော်ဘက်က အာဏာသိမ်းပြီးတော့နှစ်ရှည်လများ အရင်အာဏာရှင်စနစ်အောက်မျိုးကို ပြည်သူက မရောက်ချင်ဘူး။ ဒီလိုသွားလုပ်တဲ့ပါတီတွေအတွက်လည်း ပြောမယ်ဆို နိုင်ငံရေး သိက္ခာကျတာပေါ့။"

နိုဝင်ဘာလ ၈ ရက်နေ့ ရွေးကောက်ပွဲမှာ ယှဉ်ပြိုင်ဖို့ ပြည်ခိုင်ဖြိုးပါတီက အငြိမ်းစားတပ်မတော်သားတချို့ အပါအဝင် ကိုယ်စားလှယ်လောင်း ၁,၀၀၀ ကျော် အမည်စာရင်း တင်သွင်းထားပါတယ်။ ကိုယ်စားလှယ်လောင်းတွေဟာ တိုင်းရင်းသား မဟာမိတ်ပါတီတွေရဲ့ မဲဆန္ဒနယ်မြေတချို့က လွဲလို့ မဲဆန္ဒနယ်မြေ ၃၀၀ နီးပါးမှာ ယှဉ်ပြိုင်သွားမယ်လို့လည်း ကြေညာထားပါတယ်ရှင်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG