သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

၁၈ ႏွစ္ျပည့္သူေတြ အခ်ိန္မီမဲေပးခြင့္ရေရး ႏုိင္ငံသားကဒ္ လုပ္ေပးႏုိင္မလား


မွတ္တမ္းဓါတ္ပံု -၂၀၁၅ ႏို၀င္ဘာတုန္းက မဲဆႏၵရွင္တဦး မဲထည့္ေနစဥ္

(Zawgyi/Unicode)

ႏုိ၀င္ဘာလ ေရြးေကာက္ပဲြမွာ မဲေပးခြင့္ရွိသူေတြ မဲေပးခြင့္ရဖုိ႔ ႏုိင္ငံသားစိစစ္ေရး မွတ္ပုံတင္ေတြ အျမန္ထုတ္ေပးႏုိင္ဖုိ႔ တာ၀န္ရွိသူေတြ စီစဥ္ေနေပမဲ့ အခ်ိန္မီ ၿပီးစီးႏိုင္ပါ့မလား စုိးရိမ္မႈေတြ ရွိေနတဲ့အေၾကာင္း ေျပာျပခ်င္ပါတယ္။ ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ အဂၢႏြန္ တင္ျပေပးထားပါတယ္။

လာမယ့္ ေရြးေကာက္ပဲြမွာ အသက္ ၁၈ ႏွစ္ျပည့္ၿပီး သူတိုင္း မဲေပးပိုင္ခြင့္ မဆံုးရႈံးေစဖုိ႔ ႏိုင္ငံသားစိစစ္ေရး မွတ္ပုံတင္ေတြ ရႏုိင္ေအာင္ ကြင္းဆင္းေဆာင္ရြက္ေနေၾကာင္း အလုပ္သမား၊ လူဝင္မႈႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အားဝန္ႀကီးဌာန ဒုတိယဝန္ႀကီး ဦးျမင့္ႀကိဳင္ ကေျပာပါတယ္။

“ကၽြန္ေတာ္တို႔က ဒါက ကၽြန္ေတာ္တို႔ဝန္ႀကီးဌာနက လုပ္ရုိးလုပ္စဥ္အေနနဲ႔ကၽြန္ေတာ္တို႔ ႏိုင္ငံသားစိစစ္ေရးလုပ္ငန္းေတြ လုပ္ေပးေနတာဗ်၊ မဲဆႏၵရွင္စာရင္းနဲ႔ ပတ္သက္လို႔ကေတာ့ ျပန္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္ကေနၿပီးေတာ့ ကၽြန္ေတာ္တို႔ ေဆာင္ရြက္ေနပါတယ္၊ ကၽြန္ေတာ္တို႔ကေတာ့ ဝန္ႀကီးဌာနရဲ႕ သစၥာစီမံခ်က္အရ လုပ္ရုိးလုပ္စဥ္အေနန႔ဲ တစ္ႏိုင္ငံလံုးမွာ မွတ္တင္ပံု ကၽြန္ေတာ္တို႔ု လုပ္ေပးေနတာေပါ့ေနာ္ ။ ရုံးမွာလည္းလုပ္ေပးတယ္၊ တစ္ခ်ဳိ႕ ရုံးကိုမလာႏိုင္တဲ့လူေတြ တစ္ခ်ဳိ႔ အစြန္းအဖ်ားက်တဲ့ နယ္ေျမေဒသေတြမွာ သြားၿပီးေတာ့ ကြင္းဆင္းၿပီးလုပ္ေပးေနတာေပါ့ဗ်။’’

ျပည္ေထာင္စု ေရြးေကာက္ပဲြ ေကာ္မရွင္က ၿပီးခဲ့တဲ့လထဲ ပထမဆုံးအႀကိမ္ ထုတ္ျပန္ခဲ့တဲ့ မဲဆႏၵရွင္ စာရင္းမွာ အခ်က္အလက္ မွားယြင္းမႈေတြ ရွိေနတာေတြကုိလည္း ေကာ္မရွင္နဲ႔ လူ၀င္မႈႀကီးၾကပ္ေရး တာ၀န္ရွိသူေတြ စိစစ္ၿပီး ျပင္ဆင္ေနတယ္လုိ႔ တာ၀န္ရွိေတြက ေျပာပါတယ္။ မဲဆႏၵရွင္ အမည္စာရင္းမွာ ပါ၀င္ေပမဲ့ ႏုိင္ငံသားစိစစ္ေရးကဒ္ျပား မရွိသူေတြလည္း ရွိေနဆဲ ျဖစ္တာေၾကာင့္ ဒီလုိလူေတြအတြက္ ကူညီဖုိ႔ စီစဥ္ေနတယ္လုိ႔လည္း မြန္ျပည္နယ္က ေရြးေကာက္ပဲြ လုပ္ငန္းေတြမွာ ကူညီေနတဲ့ ကရင္တိုင္းရင္းသားေရးရာဝန္ႀကီး ဦးေစာေအာင္ျမင့္ခိုင္က ေျပာတယ္။

“ဒီမြန္ျပည္နယ္တစ္ခုလံုးပဲ အဲ့ဒီထဲမွာ မဲစာရင္းထြက္လာတဲ့အခါက်ေတာ့ တစ္ခ်ိဳ႔ ျပည္သူေတြထဲမွာဆိုလို႔ရွိရင္ ကၽြန္ေတာ္တိုင္းရင္းသားေတြထဲမွာဆိုလို႔ရွိရင္ မဲစာရင္းထဲမွာ ပါလာတယ္။ မွတ္ပံုတင္ နံပါတ္မရွိဘူးေပါ့ မွတ္ပံုတင္မျပဳလုပ္ရေသးဘူးေပါ့အဲ့လိုမ်ဳိးေတြရွိတယ္ဆိုလို႔ရွိရင္ မဲစာရင္းလည္းေပါက္တယ္ လူလည္းရွိတယ္မွတ္ပံုတင္မရွိဘူးေပါ့ ဒါက သစၥာစီမံခ်က္နဲ႔ေလး သစၥာစီမံခ်က္နဲ႔ လူဝင္မႈႀကီးၾကပ္ေရးကေနၿပီးေတာ့ လုပ္တဲ့အစီအစဥ္ပါဘဲ။”

ေရြးေကာက္ပဲြ က်င္းပဖုိ႔ ၃ လေလာက္သာ က်န္ေတာ့တဲ့ အခ်ိန္မွာပဲ မဲေပးခြင့္နဲ႔ ႏုိင္ငံသားစိစစ္ေရး မွတ္ပုံတင္ ရရွိေရး အခ်ိန္မီ ေဆာင္ရြက္ႏုိင္ပါ့မလား စုိးရိမ္မႈေတြလည္း ရွိေနပါတယ္။ မြန္ျပည္နယ္ က်ဳိက္မေရာၿမိဳ႕နယ္ ေကာ့ကေလာ့ေက်းရြာ အုပ္ခ်ဳပ္ေရးမွဳး ဦးေစာအံုးကေတာ့ အခ်ိန္မီေဆာင္ရြက္ႏုိင္ဖုိ႔ တုိက္တြန္းထားတယ္လုိ႔ ေျပာပါတယ္။

“ဒုတိယ အသုတ္မွာေတာ့ အားလုံးဆိုရင္ က်န္မယ္ ၁၀၀ နီးပါးေလာက္က်န္အုန္းမလားေတာ့မသိဘူး ဘာလဲဆိုေတာ့ သူတို႔က အခ်က္အလက္ေလးေတြ ေတာင္းလို႔ေလ အခ်က္အလက္ေတာင္း တယ္ဆိုတာ က်ေနာ္တို႔မွာကေတာ့ တစ္ခ်ဳိ႕က သန္းေခါင္းစာရင္းမရွိဘူး။ မထည့္ရေသးဘူးေပါ့ေနာ္ က်ေနာ္တို႕ အေနနဲ႔က ေျပာရရင္ ဒီအခ်က္အလက္
ေတာင္းတယ္ဆုိတာက အေဖဘက္က ဦးေတြ ဘႀကီးေတြမွာ မွတ္ပံုတင္ရွိတယ္
သန္းေခါင္းစာရင္းေတြရွိတယ္ ဒီၾကားထဲမွာ က်န္သြားတဲ့ကေလးေတြက
သူ႔႔ဥပေဒထဲမွာ ထည့္လို႔ရတာေပါ့ က်ေနာ္တို႔တ က အဲ့လိုေတာင္းဆိုတယ္ေပါ့ေနာ္”

လာမယ့္ ေရြးေကာက္ပဲြမွာေတာ့ မဲဆႏၵရွင္ ၃၇ သန္းေက်ာ္ ရွိမယ္လုိ႔ ျပည္ေထာင္စု ေရြးေကာက္ပဲြ ေကာ္မရွင္က ခန္႔မွန္းထားၿပီး ႏုိင္ငံေရးပါတီေပါင္း ၉၀ ေက်ာ္က ကုိယ္စားလွယ္ေတြ ယွဥ္ၿပိဳင္က်မွာ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္


...............

၁၈ နှစ်ပြည့်သူတွေ အချိန်မီမဲပေးခွင့်ရရေး နိုင်ငံသားကဒ် လုပ်ပေးနိုင်မလား

(Unicode)

နိုဝင်ဘာလ ရွေးကောက်ပွဲမှာ မဲပေးခွင့်ရှိသူတွေ မဲပေးခွင့်ရဖို့ နိုင်ငံသားစိစစ်ရေး မှတ်ပုံတင်တွေ အမြန်ထုတ်ပေးနိုင်ဖို့ တာဝန်ရှိသူတွေ စီစဉ်နေပေမဲ့ အချိန်မီ ပြီးစီးနိုင်ပါ့မလား စိုးရိမ်မှုတွေ ရှိနေတဲ့အကြောင်း ပြောပြချင်ပါတယ်။ဗွီအိုအေမြန်မာပိုင်းသတင်းထောက် အဂ္ဂနွန် တင်ပြပေးထားပါတယ်။

လာမယ့် ရွေးကောက်ပွဲမှာ အသက် ၁၈ နှစ်ပြည့်ပြီး သူတိုင်း မဲပေးပိုင်ခွင့် မဆုံးရှုံးစေဖို့ နိုင်ငံသားစိစစ်ရေး မှတ်ပုံတင်တွေ ရနိုင်အောင် ကွင်းဆင်းဆောင်ရွက်နေကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်ကြိုင် ကပြောပါတယ်။

“ကျွန်တော်တို့က ဒါက ကျွန်တော်တို့ဝန်ကြီးဌာနက လုပ်ရိုးလုပ်စဉ်အနေနဲ့ကျွန်တော်တို့ နိုင်ငံသားစိစစ်ရေးလုပ်ငန်းတွေ လုပ်ပေးနေတာဗျ၊ မဲဆန္ဒရှင်စာရင်းနဲ့ ပတ်သက်လို့ကတော့ ပြန်ထောင်စုရွေးကောက်ပွဲကော်မရှင်ကနေပြီးတော့ ကျွန်တော်တို့ ဆောင်ရွက်နေပါတယ်၊ ကျွန်တော်တို့ကတော့ ဝန်ကြီးဌာနရဲ့ သစ္စာစီမံချက်အရ လုပ်ရိုးလုပ်စဉ်အနေနဲ့ တစ်နိုင်ငံလုံးမှာ မှတ်တင်ပုံ ကျွန်တော်တို့ လုပ်ပေးနေတာပေါ့နော် ။ ရုံးမှာလည်းလုပ်ပေးတယ်၊ တစ်ချို့ ရုံးကိုမလာနိုင်တဲ့လူတွေ တစ်ချို့ အစွန်းအဖျားကျတဲ့ နယ်မြေဒေသတွေမှာ သွားပြီးတော့ ကွင်းဆင်းပြီးလုပ်ပေးနေတာပေါ့ဗျ။’’

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ပြီးခဲ့တဲ့လထဲ ပထမဆုံးအကြိမ် ထုတ်ပြန်ခဲ့တဲ့ မဲဆန္ဒရှင် စာရင်းမှာ အချက်အလက် မှားယွင်းမှုတွေ ရှိနေတာတွေကိုလည်း ကော်မရှင်နဲ့ လူဝင်မှုကြီးကြပ်ရေး တာဝန်ရှိသူတွေ စိစစ်ပြီး ပြင်ဆင်နေတယ်လို့ တာဝန်ရှိတွေက ပြောပါတယ်။ မဲဆန္ဒရှင် အမည်စာရင်းမှာ ပါဝင်ပေမဲ့ နိုင်ငံသားစိစစ်ရေးကဒ်ပြား မရှိသူတွေလည်း ရှိနေဆဲ ဖြစ်တာကြောင့် ဒီလိုလူတွေအတွက် ကူညီဖို့ စီစဉ်နေတယ်လို့လည်း မွန်ပြည်နယ်က ရွေးကောက်ပွဲ လုပ်ငန်းတွေမှာ ကူညီနေတဲ့ ကရင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောအောင်မြင့်ခိုင်က ပြောတယ်။

“ဒီမွန်ပြည်နယ်တစ်ခုလုံးပဲ အဲ့ဒီထဲမှာ မဲစာရင်းထွက်လာတဲ့အခါကျတော့ တစ်ချို့ ပြည်သူတွေထဲမှာဆိုလို့ရှိရင် ကျွန်တော်တိုင်းရင်းသားတွေထဲမှာဆိုလို့ရှိရင် မဲစာရင်းထဲမှာ ပါလာတယ်။ မှတ်ပုံတင် နံပါတ်မရှိဘူးပေါ့ မှတ်ပုံတင်မပြုလုပ်ရသေးဘူးပေါ့အဲ့လိုမျိုးတွေရှိတယ်ဆိုလို့ရှိရင် မဲစာရင်းလည်းပေါက်တယ် လူလည်းရှိတယ်မှတ်ပုံတင်မရှိဘူးပေါ့ ဒါက သစ္စာစီမံချက်နဲ့လေး သစ္စာစီမံချက်နဲ့ လူဝင်မှုကြီးကြပ်ရေးကနေပြီးတော့ လုပ်တဲ့အစီအစဉ်ပါဘဲ။”

ရွေးကောက်ပွဲ ကျင်းပဖို့ ၃ လလောက်သာ ကျန်တော့တဲ့ အချိန်မှာပဲ မဲပေးခွင့်နဲ့ နိုင်ငံသားစိစစ်ရေး မှတ်ပုံတင် ရရှိရေး အချိန်မီ ဆောင်ရွက်နိုင်ပါ့မလား စိုးရိမ်မှုတွေလည်း ရှိနေပါတယ်။ မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ကော့ကလော့ကျေးရွာ အုပ်ချုပ်ရေးမှုး ဦးစောအုံးကတော့ အချိန်မီဆောင်ရွက်နိုင်ဖို့ တိုက်တွန်းထားတယ်လို့ ပြောပါတယ်။

“ဒုတိယ အသုတ်မှာတော့ အားလုံးဆိုရင် ကျန်မယ် ၁၀၀ နီးပါးလောက်ကျန်အုန်းမလားတော့မသိဘူး ဘာလဲဆိုတော့ သူတို့က အချက်အလက်လေးတွေ တောင်းလို့လေ အချက်အလက်တောင်း တယ်ဆိုတာ ကျနော်တို့မှာကတော့ တစ်ချို့က သန်းခေါင်းစာရင်းမရှိဘူး။ မထည့်ရသေးဘူးပေါ့နော် ကျနော်တို့ အနေနဲ့က ပြောရရင် ဒီအချက်အလက်
တောင်းတယ်ဆိုတာက အဖေဘက်က ဦးတွေ ဘကြီးတွေမှာ မှတ်ပုံတင်ရှိတယ်
သန်းခေါင်းစာရင်းတွေရှိတယ် ဒီကြားထဲမှာ ကျန်သွားတဲ့ကလေးတွေက
သူ့ဥပဒေထဲမှာ ထည့်လို့ရတာပေါ့ ကျနော်တို့တ က အဲ့လိုတောင်းဆိုတယ်ပေါ့နော်”

လာမယ့် ရွေးကောက်ပွဲမှာတော့ မဲဆန္ဒရှင် ၃၇ သန်းကျော် ရှိမယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ခန့်မှန်းထားပြီး နိုင်ငံရေးပါတီပေါင်း ၉၀ ကျော်က ကိုယ်စားလှယ်တွေ ယှဉ်ပြိုင်ကျမှာ ဖြစ်ပါတယ်။

ဆက္စပ္သတင္းမ်ား ...

XS
SM
MD
LG