(Zawgyi/Unicode)
ျမန္မာနိုင္ငံက နိုင္ငံေရးပါတီေတြရဲ့ သေဘာထားရပ္တည္ခ်က္ေတြ လြတ္လြတ္လပ္လပ္ တင္ျပနိုင္ေစေရး နိုင္ငံပိုင္ ေရဒီယိုနဲ႔ ႐ုပ္ျမင္ သံၾကားဌာနေတြအသုံးျပဳခြင့္နဲ႔ ပတ္သက္တဲ့ စည္းမ်ဥ္းစည္းကမ္းေတြကို ျပင္ဆင္ေျပာင္းလဲသင့္တယ္လို႔လူ႔အခြင့္အေရးေစာင့္ၾကည္ ေရးအဖြဲ႕ HRW က ျမန္မာနိုင္ငံ ေရြးေကာက္ပြဲ ေကာ္မရွင္ကို တိုက္တြန္းလိုက္ပါတယ္။
ေသာၾကာေန႔က ထုတ္ျပန္တဲ့ လူ႔အခြင့္အေရးေစာင့္ၾကည္႔ေရးအဖြဲ႕ရဲ့ ထုတ္ျပန္ခ်က္မွာ နိုင္ငံေရး ပါတီေတြ မိန္ခြန္း ေျပာၾကားခြင့္နဲ႔ ပတ္သက္တဲ့ ေရြးေကာက္ပြဲေကာ္မရွင္ရဲ့ ဇူလိုင္လ ၂၃ ရက္ေန႔ရက္စြဲနဲ႔ ေၾကညာ ခ်က္ကို ကိုးကား ေဖာ္ျပထားပါတယ္။
ေရြးေကာက္ပြဲ ေကာ္မရွင္ရဲ့ ေၾကညာခ်က္မွ ပါရွိတဲ့ နိုင္ငံေရးပါတီေတြက ေျပာၾကားမယ့္ မိန္႔ခြန္းေတြအတြက္ ေကာ္မရွင္ရဲ့ ႀကိဳတင္အတည္ျပဳခ်က္ ရယူ ရမယ္ ဆိုတဲ့ အခ်က္ဟာ လြတ္လပ္စြာ ေျပာဆိုခြင့္ဆိုင္ရာ နိုင္ငံတကာ စံႏႈန္းကို ခ်ိဳးေဖာက္တာ ျဖစ္တယ္လို႔လည္း ေထာက္ျပ ထား ပါတယ္။ ေကာ္မရွင္ရဲ့ ကန္႔သတ္ခ်က္ စည္းမ်ဥ္းအရ အတိုက္အခံပါတီေတြက လက္ရွိအစိုးရ၊ တည္ဆဲ ဥပေဒေတြနဲ႔ ျမန္မာ စစ္တပ္ ကို ေဝဖန္ေျပာၾကားမွာကို လုံးလုံလ်ားလ်ား တားဆီးပိတ္ပင္ လိုက္တာျဖစ္လို႔ ေရြးေကာက္ပြဲ လုပ္ငန္းစဥ္ တရားမၽွတမႈကိုလည္း ထိခိုက္ေစတယ္လို႔ HRW က ေျပာပါတယ္။
ေကာ္မရွင္ရဲ့ ေၾကညာခ်က္မွာ လုံျခဳံေရး၊ တရားဥပေဒစိုးမိုးေရးနဲ႔ ေအးခ်မ္းသာယာေရးကို ပ်က္ျပားေစမယ့္ အေၾကာင္းအရာ၊ တည္ဆဲ ဥပေဒေတြကို မေလးမစား ေျပာဆိုတာေတြကို တားျမစ္ထား သလို တိုင္းျပည္၊ ဒါမွမဟုတ္ တပ္မေတာ္ရဲ့ ဂုဏ္သိကၡာကို ထိခိုက္ ေျပာဆိုတာေတြ မလုပ္ရဘူးဆို ေဖာ္ျပထားတာ ျဖစ္ပါတယ္။
နိုင္ငံေရးပါတီေတြဟာ နိုင္ငံပိုင္ အသံလႊင့္ မီဒီယာေတြကို မၽွမၽွတတ အသုံးျပဳခြင့္ရမွာ ျဖစ္ေၾကာင္း၊ ဒါမွ သူတို႔ရဲ့ အစီအစဥ္ေတြကို မဲဆႏၵရွင္ေတြကို တင္ျပနိုင္မွာ ျဖစ္လို႔ အခုလို ေကာ္မရွင္က တားျမစ္တာဟာ နိုင္ငံတကာ လူ႔အခြင့္အေရး ဥပေဒကို ခ်ိဳးေဖာက္တာ ျဖစ္ေၾကာင္း HRW က ေျပာပါတယ္။
အတိုက္အခံ နိုင္ငံေရးပါတီေတြကို မိန္႔ခြန္းေျပာၾကားခြင့္ အခ်ိန္ သတ္မွတ္ေပးတာက အေကာင္းဘက္ကို ဦးတည္တဲ့ ေျခလွမ္းျဖစ္ေပ မယ့္ ေရြးေကာက္ပြဲဆိုင္ရာ ေျပာၾကားခ်က္ေတြအေပၚ ကန္႔သတ္တားျမစ္ခ်က္ေတြဟာ နိုင္ငံတကာ စံခ်ိန္စံႏႈန္းနဲ႔ လိုက္ေလ်ာ ညီေထြ ရွိသင့္ေၾကာင္း၊ ဒါေၾကာင့္ နိုင္ငံေရးပါတီေတြ နိုင္ငံပိုင္ ေရဒီယိုနဲ႔ ႐ုပ္ျမင္ သံၾကားဌာနေတြအသုံးျပဳခြင့္နဲ႔ ပတ္သက္တဲ့ စည္းမ်ဥ္း စည္းကမ္းေတြကို ျပင္ဆင္သင့္ေၾကာင္း လူ႔အခြင့္အေရးေစာင့္ၾကည္႔ေရးအဖြဲ႕က ေျပာပါတယ္။
............
နိုင်ငံရေးပါတီတွေ နိုင်ငံပိုင်အသံလွှင့်ဌာနအသုံးပြုခွင့်ဥပဒေ ပြင်ဆင်ဖို့ HRW တိုက်တွန်း
(Unicode)
မြန်မာနိုင်ငံက နိုင်ငံရေးပါတီတွေရဲ့ သဘောထားရပ်တည်ချက်တွေ လွတ်လွတ်လပ်လပ် တင်ပြနိုင်စေရေး နိုင်ငံပိုင် ရေဒီယိုနဲ့ ရုပ်မြင် သံကြားဌာနတွေအသုံးပြုခွင့်နဲ့ ပတ်သက်တဲ့ စည်းမျဉ်းစည်းကမ်းတွေကို ပြင်ဆင်ပြောင်းလဲသင့်တယ်လို့လူ့အခွင့်အရေးစောင့်ကြည် ရေးအဖွဲ့ HRW က မြန်မာနိုင်ငံ ရွေးကောက်ပွဲ ကော်မရှင်ကို တိုက်တွန်းလိုက်ပါတယ်။
သောကြာနေ့က ထုတ်ပြန်တဲ့ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ နိုင်ငံရေး ပါတီတွေ မိန်ခွန်း ပြောကြားခွင့်နဲ့ ပတ်သက်တဲ့ ရွေးကောက်ပွဲကော်မရှင်ရဲ့ ဇူလိုင်လ ၂၃ ရက်နေ့ရက်စွဲနဲ့ ကြေညာ ချက်ကို ကိုးကား ဖော်ပြထားပါတယ်။
ရွေးကောက်ပွဲ ကော်မရှင်ရဲ့ ကြေညာချက်မှ ပါရှိတဲ့ နိုင်ငံရေးပါတီတွေက ပြောကြားမယ့် မိန့်ခွန်းတွေအတွက် ကော်မရှင်ရဲ့ ကြိုတင်အတည်ပြုချက် ရယူ ရမယ် ဆိုတဲ့ အချက်ဟာ လွတ်လပ်စွာ ပြောဆိုခွင့်ဆိုင်ရာ နိုင်ငံတကာ စံနှုန်းကို ချိုးဖောက်တာ ဖြစ်တယ်လို့လည်း ထောက်ပြ ထား ပါတယ်။ ကော်မရှင်ရဲ့ ကန့်သတ်ချက် စည်းမျဉ်းအရ အတိုက်အခံပါတီတွေက လက်ရှိအစိုးရ၊ တည်ဆဲ ဥပဒေတွေနဲ့ မြန်မာ စစ်တပ် ကို ဝေဖန်ပြောကြားမှာကို လုံးလုံလျားလျား တားဆီးပိတ်ပင် လိုက်တာဖြစ်လို့ ရွေးကောက်ပွဲ လုပ်ငန်းစဉ် တရားမျှတမှုကိုလည်း ထိခိုက်စေတယ်လို့ HRW က ပြောပါတယ်။
ကော်မရှင်ရဲ့ ကြေညာချက်မှာ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနဲ့ အေးချမ်းသာယာရေးကို ပျက်ပြားစေမယ့် အကြောင်းအရာ၊ တည်ဆဲ ဥပဒေတွေကို မလေးမစား ပြောဆိုတာတွေကို တားမြစ်ထား သလို တိုင်းပြည်၊ ဒါမှမဟုတ် တပ်မတော်ရဲ့ ဂုဏ်သိက္ခာကို ထိခိုက် ပြောဆိုတာတွေ မလုပ်ရဘူးဆို ဖော်ပြထားတာ ဖြစ်ပါတယ်။
နိုင်ငံရေးပါတီတွေဟာ နိုင်ငံပိုင် အသံလွှင့် မီဒီယာတွေကို မျှမျှတတ အသုံးပြုခွင့်ရမှာ ဖြစ်ကြောင်း၊ ဒါမှ သူတို့ရဲ့ အစီအစဉ်တွေကို မဲဆန္ဒရှင်တွေကို တင်ပြနိုင်မှာ ဖြစ်လို့ အခုလို ကော်မရှင်က တားမြစ်တာဟာ နိုင်ငံတကာ လူ့အခွင့်အရေး ဥပဒေကို ချိုးဖောက်တာ ဖြစ်ကြောင်း HRW က ပြောပါတယ်။
အတိုက်အခံ နိုင်ငံရေးပါတီတွေကို မိန့်ခွန်းပြောကြားခွင့် အချိန် သတ်မှတ်ပေးတာက အကောင်းဘက်ကို ဦးတည်တဲ့ ခြေလှမ်းဖြစ်ပေ မယ့် ရွေးကောက်ပွဲဆိုင်ရာ ပြောကြားချက်တွေအပေါ် ကန့်သတ်တားမြစ်ချက်တွေဟာ နိုင်ငံတကာ စံချိန်စံနှုန်းနဲ့ လိုက်လျော ညီထွေ ရှိသင့်ကြောင်း၊ ဒါကြောင့် နိုင်ငံရေးပါတီတွေ နိုင်ငံပိုင် ရေဒီယိုနဲ့ ရုပ်မြင် သံကြားဌာနတွေအသုံးပြုခွင့်နဲ့ ပတ်သက်တဲ့ စည်းမျဉ်း စည်းကမ်းတွေကို ပြင်ဆင်သင့်ကြောင်း လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့က ပြောပါတယ်။