သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေရြးေကာက္ပဲြကိုယ္စားလွယ္ေလာင္းစာရင္း ေရွ႕သီတင္းပတ္ထုတ္ျပန္ႏိုင္ေျခ ရွိ


၂၀၁၅ ခုႏွစ္ ေရြးေကာက္ပဲြတုန္းက မႏၱေလးၿမိဳ႕ရွိ မဲရံုတခုမွာ မဲမ်ားေရတြက္ေနတဲ့ ျမင္ကြင္း။ (ႏို၀င္ဘာ ၀၈၊ ၂၀၂၀)

[Zawgyi/Unicode]

ႏိုဝင္ဘာလ ေ႐ြးေကာက္ပြဲမွာ ဝင္ေရာက္ယွဥ္ၿပိဳင္မယ့္ လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းစာရင္းကို အေစာဆုံး ေရွ႕တပတ္ထဲ ထုတ္ျပန္ႏိုင္ဖို႔ ေ႐ြးေကာက္ပြဲ တာဝန္ရွိသူေတြ ျပင္ဆင္ေနတဲ့အေၾကာင္း ဗြီအိုေအျမန္မာပိုင္း သတင္းေထာက္စုစုက ေျပာျပပါမယ္။

တိုင္းနဲ႔ ျပည္နယ္ ၁၄ ခုက သက္ဆိုင္ရာလႊတ္ေတာ္ ကိုယ္စားလွယ္ေလာင္းအျဖစ္ အမည္စာရင္း တင္သြင္းထားသူ ၇,၀၀၀ ဝန္းက်င္ကို မၾကာခင္ရက္ေတြအတြင္း အၿပီးသတ္စိစစ္ထုတ္ျပန္ဖို႔ ေကာ္မရွင္တာဝန္ရွိသူေတြ စီစဥ္ေနတာ ျဖစ္ပါတယ္။ သက္ဆိုင္ရာ လႊတ္ေတာ္ အသီးသီးအတြက္ ေ႐ြးခ်ယ္ခံမယ့္ ကိုယ္စားလွယ္ေလာင္းေတြရဲ႕ ေလွ်ာက္လႊာေတြကို ဒီတပတ္ထဲမွာပဲ စတင္စိစစ္မွာျဖစ္ၿပီး အေစာဆုံး ေရွ႕သီတင္းပတ္မွာ ထုတ္ျပန္ႏိုင္ဖို႔ ေမွ်ာ္လင့္ထားေၾကာင္းလည္း စစ္ကိုင္းတိုင္းေ႐ြးေကာက္ပြဲ ေကာ္မရွင္အဖြဲ႕ခြဲ ဥကၠ႒ ဦးတင္ဦးက ေျပာပါတယ္။

“ဒီၾကားထဲမွာ က်ေနာ္တို႔က ကန႔္ကြက္တယ္၊ သူတို႔ရဲ႕အဆိုလႊာကို လက္မခံဘူးဆိုရင္ သူတို႔ကိုအျမန္အေၾကာင္း ၾကားေပးရမယ္။ သူကလည္း ျပန္ၿပီးေတာ့ အယူခံဝင္ဖို႔ ရွိေသးတာကို။ ဆိုေတာ့ ဆုံးျဖတ္ၿပီးမွပဲ က်ေနာ္တို႔က မဲအတည္ျပဳလႊာေတြ ထုတ္မွာကို ၂၁ ရက္ေနာက္ဆုံးေပါ့ေလ။ အဲဒီေနာက္ပိုင္းမွ...”

စစ္ကိုင္းတိုင္းအတြင္းမွာေတာ့ တသီးပုဂၢလေတြနဲ႔ ပါတီေပါင္း ၁၇ ပါတီက ကိုယ္စားလွယ္ေလာင္းစာရင္း ၆၈၅ ဦး ေ႐ြးေကာက္ပြဲမွာ ယွဥ္ၿပိဳင္ဖို႔ စာရင္းေပးထားတယ္လို႔လည္း ေျပာပါတယ္။

ကယားျပည္နယ္မွာေတာ့ တသီးပုဂၢနဲ႔ ပါတီေပါင္း ၁၄ ခုက ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ေနရာအတြက္ ၅၅ ဦး၊ အမ်ိဳးသားလႊတ္ေတာ္အတြက္ ၁၁၄ ဦးနဲ႔ ဗမာတိုင္းရင္းသားေရးရာအတြက္ ၈ ဦး ဝင္ေရာက္ယွဥ္ၿပိဳင္ႏိုင္ဖို႔ စာရင္းေပးထားၿပီး စိစစ္တဲ့ လုပ္ငန္းစဥ္ေတြ စတင္ေနၿပီလို႔လည္း ျပည္နယ္ေ႐ြးေကာက္ပြဲ ေကာ္မရွင္အဖြဲ႕ခြဲ ဥကၠ႒ ဦးသန္းစိုးက ေျပာပါတယ္။

“ဗမာတိုင္းရင္းသား ၈ ေယာက္ကေတာ့ ပ်က္သြားၿပီ။ က်န္တဲ့ခ႐ိုင္ကလုပ္မယ့္ ကိစၥေတြကေတာ့ ခုခ်ိန္ထိဘာမွ တက္မလာေသးဘူး။ ျပည္နယ္ကလုပ္တာကေတာ့ ဗမာတိုင္းရင္းသားေရးရာ လႊတ္ေတာ္ကိုယ္စားလွယ္ကေတာ့ အားလုံးအကန႔္အကြက္မရွိ မနက္ကပဲၿပီးသြားပါၿပီ။”

ႏိုဝင္ဘာလ ၈ ရက္ေန႔ က်င္းပမယ့္ ေ႐ြးေကာက္ပြဲမွာေတာ့ ႏိုင္ငံေရးပါတီေပါင္း ၉၀ ေက်ာ္က ကိုယ္စားလွယ္ေလာင္းေတြနဲ႔ တသီးပုဂၢလကိုယ္စားလွယ္ေလာင္းေတြ ယွဥ္ၿပိဳင္ၾကမွာပါ။ ေ႐ြးေကာက္ပြဲအတြက္ မဲေပးခြင့္ရွိသူ ၃၇ သန္းေက်ာ္ရွိမယ္လို႔ ခန႔္မွန္းထားၿပီး၊ မဲဆႏၵရွင္စာရင္းကိုလည္း ၿပီးခဲ့တဲ့လကုန္ပိုင္းမွာပဲ ျပည္ေထာင္စုေ႐ြးေကာက္ပြဲ ေကာ္မရွင္က ပထမအဆင့္အျဖစ္ ထုတ္ျပန္ထားၿပီး အခ်က္အလက္ အမွားအယြင္းေတြရွိရင္ ျပင္ဆင္ဖို႔လည္း ဒီသီတင္းပတ္ကုန္အထိ အခ်ိန္ေပးထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ရွေးကောက်ပွဲကိုယ်စားလှယ်လောင်းစာရင်း ရှေ့သီတင်းပတ်ထုတ်ပြန်နိုင်ခြေ ရှိ

နိုဝင်ဘာလ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် လွှတ်တော်ကိုယ်စားလှယ်လောင်းစာရင်းကို အစောဆုံး ရှေ့တပတ်ထဲ ထုတ်ပြန်နိုင်ဖို့ ရွေးကောက်ပွဲ တာဝန်ရှိသူတွေ ပြင်ဆင်နေတဲ့အကြောင်း ဗွီအိုအေမြန်မာပိုင်း သတင်းထောက်စုစုက ပြောပြပါမယ်။

တိုင်းနဲ့ ပြည်နယ် ၁၄ခုက သက်ဆိုင်ရာလွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် အမည်စာရင်း တင်သွင်းထားသူ ၇,၀၀၀ ဝန်းကျင်ကို မကြာခင်ရက်တွေအတွင်း အပြီးသတ်စိစစ်ထုတ်ပြန်ဖို့ ကော်မရှင်တာဝန်ရှိသူတွေ စီစဉ်နေတာ ဖြစ်ပါတယ်။ သက်ဆိုင်ရာ လွှတ်တော် အသီးသီးအတွက် ရွေးချယ်ခံမယ့် ကိုယ်စားလှယ်လောင်းတွေရဲ့ လျှောက်လွှာတွေကို ဒီတပတ်ထဲမှာပဲ စတင်စိစစ်မှာဖြစ်ပြီး အစောဆုံး ရှေ့သီတင်းပတ်မှာ ထုတ်ပြန်နိုင်ဖို့ မျှော်လင့်ထားကြောင်းလည်း စစ်ကိုင်းတိုင်းရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးတင်ဦးက ပြောပါတယ်။

“ဒီကြားထဲမှာ ကျနော်တို့က ကန့်ကွက်တယ်၊ သူတို့ရဲ့အဆိုလွှာကို လက်မခံဘူးဆိုရင် သူတို့ကိုအမြန်အကြောင်း ကြားပေးရမယ်။ သူကလည်း ပြန်ပြီးတော့ အယူခံဝင်ဖို့ ရှိသေးတာကို။ ဆိုတော့ ဆုံးဖြတ်ပြီးမှပဲ ကျနော်တို့က မဲအတည်ပြုလွှာတွေ ထုတ်မှာကို ၂၁ ရက်နောက်ဆုံးပေါ့လေ။ အဲဒီနောက်ပိုင်းမှ...”

စစ်ကိုင်းတိုင်းအတွင်းမှာတော့ တသီးပုဂ္ဂလတွေနဲ့ ပါတီပေါင်း ၁၇ ပါတီက ကိုယ်စားလှယ်လောင်းစာရင်း ၆၈၅ ဦး ရွေးကောက်ပွဲမှာ ယှဉ်ပြိုင်ဖို့ စာရင်းပေးထားတယ်လို့လည်း ပြောပါတယ်။

ကယားပြည်နယ်မှာတော့ တသီးပုဂ္ဂနဲ့ ပါတီပေါင်း ၁၄ ခုက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာအတွက် ၅၅ ဦး၊ အမျိုးသားလွှတ်တော်အတွက် ၁၁၄ ဦးနဲ့ ဗမာတိုင်းရင်းသားရေးရာအတွက် ၈ ဦး ဝင်ရောက်ယှဉ်ပြိုင်နိုင်ဖို့ စာရင်းပေးထားပြီး စိစစ်တဲ့ လုပ်ငန်းစဉ်တွေ စတင်နေပြီလို့လည်း ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးသန်းစိုးက ပြောပါတယ်။

“ဗမာတိုင်းရင်းသား ၈ ယောက်ကတော့ ပျက်သွားပြီ။ ကျန်တဲ့ခရိုင်ကလုပ်မယ့် ကိစ္စတွေကတော့ ခုချိန်ထိဘာမှ တက်မလာသေးဘူး။ ပြည်နယ်ကလုပ်တာကတော့ ဗမာတိုင်းရင်းသားရေးရာ လွှတ်တော်ကိုယ်စားလှယ်ကတော့ အားလုံးအကန့်အကွက်မရှိ မနက်ကပဲပြီးသွားပါပြီ။”

နိုဝင်ဘာလ ၈ ရက်နေ့ ကျင်းပမယ့် ရွေးကောက်ပွဲမှာတော့ နိုင်ငံရေးပါတီပေါင်း ၉၀ ကျော်က ကိုယ်စားလှယ်လောင်းတွေနဲ့ တသီးပုဂ္ဂလကိုယ်စားလှယ်လောင်းတွေ ယှဉ်ပြိုင်ကြမှာပါ။ ရွေးကောက်ပွဲအတွက် မဲပေးခွင့်ရှိသူ ၃၇ သန်းကျော်ရှိမယ်လို့ ခန့်မှန်းထားပြီး၊ မဲဆန္ဒရှင်စာရင်းကိုလည်း ပြီးခဲ့တဲ့လကုန်ပိုင်းမှာပဲ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ပထမအဆင့်အဖြစ် ထုတ်ပြန်ထားပြီး အချက်အလက် အမှားအယွင်းတွေရှိရင် ပြင်ဆင်ဖို့လည်း ဒီသီတင်းပတ်ကုန်အထိ အချိန်ပေးထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG