သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျပည္ပေရာက္ျမန္မာတခ်ိဳ႕ မဲစာရင္းမွားမႈ မဲစာရင္းမပါမႈမ်ား ရွိေန


၂၀၁၅ ခုနွစ္ ေရြးေကာက္ပဲြတုန္းက ထိုင္းႏိုင္ငံ ဘန္ေကာက္ၿမိဳ႕ရွိ ျမန္မာသံရံုးမွာ ႀကိဳတင္မဲေပးဖို႔ ေစာင့္ေနၾကသူမ်ား။ (ေအာက္တိုဘာ ၁၇၊ ၂၀၁၅)

[Zawgyi/Unicode]

ျပည္ပေရာက္မဲဆႏၵရွင္ေတြ ကိုယ့္နာမည္ မဲစာရင္းမွာ မပါရင္ မဲေပးခြင့္ရေရးအတြက္ အမွားျပင္ဆင္ခ်က္သတ္မွတ္ေလွ်ာက္လႊာ ေပးပို႔ဖို႔ သံ႐ံုးေတြက ႏိႈးေဆာ္ေနတဲ့အေၾကာင္းနဲ႔ ျပည္ပေရာက္ျမန္မာႏိုင္ငံသားေတြ ေရြးေကာက္ပြဲ မဲေပးႏိုင္ေရး ျပင္ဆင္ေနၾကတဲ့ ေနာက္ဆံုးရ အေျခအေနေတြကို ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ မဆုမြန္က စုစည္းတင္ျပေပးပါမယ္။

လာမယ့္ ၂၀၂၀ ျပည့္ႏွစ္ ႏိုဝင္ဘာလ ၈ ရက္ေန႔ က်င္းပမယ့္ ပါတီစံု ဒီမိုကေရစီ အေထြေထြေရြးေကာက္ပြဲမွာ မဲဆႏၵနယ္ ျပင္ပေရာက္ေနတဲ့ ႏုိင္ငံတကာေရာက္ ျမန္မာႏိုင္ငံသားေတြ မဲေပးႏုိင္ၾကဖို႔ သက္ဆုိင္ရာႏိုင္ငံအသီးသီးက ျမန္မာသံ႐ံုးေတြက ၾကိဳတင္ဆႏၵမဲေပးခြင့္ရွိသူမ်ား ေလွ်ာက္ထားနိုင္တဲ့ ပံုစံ ၁၅ ေတြကို ဇူလိုင္လဆန္းက စလို႔ ဒီလ ၾသဂုတ္လ ေနာက္ဆံုးထားျဖည့္သြင္းေပးပို႔ဖို႔ ျပည္ေထာင္စု ေရြးေကာက္ပြဲေကာ္မရွင္က တိုက္တြန္းထားတာပါ။ ဒါေပမဲ့ မဲေပးခြင့္ရွိသူေတြရဲ႕ အမည္စာရင္းေတြကို ေရြးေကာက္ပြဲေကာ္မရွင္က ထုတ္ျပန္ေၾကညာလိုက္ခ်ိန္မွာေတာ့- မဲဆႏၵရွင္ေတြရဲ႕ မဲစာရင္း အမွားအယြင္းေတြ အေတာ္မ်ားမ်ားျဖစ္ေနတာမို႔ ျပည္ပေရာက္ျမန္မာနုိင္ငံသားေတြထဲမွာလည္း နာမည္မပါတာ အလြဲအမွားေတြ ျဖစ္ေနတာေတြ ၾကံဳေနရပါတယ္။

ဒါေၾကာင့္ အမွားေတြျပင္ဆင္ႏုိင္ေရး မဲစာရင္းေၾကညာထားတဲ့ရက္ကို ေနာက္ထပ္ သီတင္းတပတ္ထပ္တိုးခ်ိန္ မဲစာရင္း အမွားအယြင္းေတြနဲ႔ ႀကံဳေနရတဲ့ ျပည္ပေရာက္ျမန္မာႏုိင္ငံသားေတြအေနနဲ႔ သတ္မွတ္ျဖည့္စြက္ေဖာင္ေတြကို ၾသဂုတ္လ ၁၄ ရက္ေန႔ ည ၁၂ နာရီေနာက္ဆံုးထားၿပီး သံ႐ံုးေတြကို တင္ထားတဲ့ပံုစံ ၁၅ မိတၱဴနဲ႔ ပူးတြဲၿပီးေပးပို႔ ျပင္ဆင္ၾကဖို႔ သံ႐ံုးေတြက ေၾကညာခ်က္ေတြ အသီးသီး ထုတ္ျပန္တိုက္တြန္းထားပါတယ္။

ကိုရီးယားႏုိင္ငံ ဆိုးလ္ၿမိဳ႕အေျခစိုက္ ျမန္မာႏုိင္ငံသံ႐ံုးဘက္ကေန- မဲစာရင္းထဲမပါတဲ့ ျမန္မာႏိုင္ငံသားေတြ ေဆာင္ရြက္ရမယ့္ တိုက္တြန္းခ်က္ကို-ကိုရီးယားေရာက္ျမန္မာႏုိင္ငံသားေတြ မဲေပးခြင့္ရေရး ဦးေဆာင္ၾကိဳးပမ္းေနသူ တဦးျဖစ္တဲ့ ကိုရန္ႏုိင္ထြန္းက ေျပာျပပါတယ္။

"အဓိကကေတာ့ ကိုရီးယားႏုိင္ငံေရာက္ ျမန္မာႏိုင္ငံသားေတြက ၾကိဳတင္မဲေပးခြင့္ရႏိုင္ဖို႔ ပံုစံ ၁၅ နဲ႔ ေလွ်ာက္လႊာတင္တယ္။ ေလွ်ာက္လႊာကို သံ႐ံုးကလည္း လက္ခံရရွိၿပီးေတာ့ သံ႐ံုးဘက္ကလည္း ေလွ်ာက္လႊာလက္ခံရရွိတဲ့သူ စာရင္းေတြကို ၾသဂုတ္လ ၈ ရက္ေန႔က ေၾကညာထားၿပီးၿပီေပါ့ေလ။ သို႔ေသာ္လည္းပဲ တခ်ိဳ႕ေသာသူေတြရဲ႕ အမည္စာရင္းေတြက ျမန္မာႏုိင္ငံေရြးေကာက္ ပြဲေကာ္မရွင္က ထုတ္တဲ့မဲစာရင္းထဲမွာ မပါခဲ့တာေတြရွိေနတယ္။ ဆိုေတာ့ ဒီမွာ ၾကိဳတင္မဲစာရင္းတင္ထားေပမဲ့ ျမန္မာနုိင္ငံရဲ႕စာရင္းမွာ မပါဘူးဆိုရင္ သူတို႔ေတြ မဲေပးခြင့္မရတဲ့အေျခအေနမွာ ေရာက္ရွိသြားမွာျဖစ္ပါတယ္။ ဒါေၾကာင့္ သံ႐ံုးအေနနဲ႔က အဲ့ဒီ့သူေတြရဲ႕ ျမန္မာႏုိင္ငံက ရပ္ကြက္ၿမိဳ႕နယ္ အစရွိသျဖင့္ ေရြးေကာက္ပြဲေကာ္မရွင္႐ံုးေတြမွာ ဒီကပံုစံ ၁၅ ပါ ပူးတြဲၿပီးေတာ့ တင္ရပါမယ္။ သံ႐ံုးဘက္ကလည္း လိုအပ္တဲ့အခ်က္အလက္ေတြ ထပ္လုပ္ၿပီးေတာ့ ျမန္မာႏိုင္ငံသားတုိင္း မဲေပးခြင့္ရေအာင္ ကူညီမယ့္သေဘာမ်ိဳး သံ႐ံုးဘက္က ထုတ္ျပန္ထားတာျဖစ္ပါတယ္။ အဓိကကေတာ့ ျမန္မာႏုိင္ငံမွာ ရွိေနတဲ့ မိဘေဆြမ်ိဳးေတြက ကိုရီးယားႏုိင္ငံမွာ ေရာက္ေနတဲ့ မိမိတို႔သားသမီးေတြ မဲစာရင္းမွာပါ-မပါ သြားၾကည့္ အကယ္လို႔ မပါခဲ့ဘူးဆိုရင္ ကိုရီးယားကို အေၾကာင္းၾကား ေနာက္ မိသားစုကိုယ္တိုင္ ေရြးေကာက္ပြဲေကာ္မရွင္မွာ သြား Complaint တက္ႏုိင္ပါတယ္။"

(ဓာတ္ပံု - Union Election Commission)
(ဓာတ္ပံု - Union Election Commission)

ဂ်ပန္ႏိုင္ငံေရာက္ ျမန္မာႏုိင္ငံသားေတြထဲမွာလည္း ျပည္တြင္းက မဲစာရင္းထဲမွာ မပါတဲ့သူေတြ အေတာ္မ်ားမ်ားရွိေနတာမို႔လို႔ မဲစာရင္းစစ္ဖို႔နဲ႔ ထပ္တိုးသတ္မွတ္ရက္အမီွ အမွားျပင္ဆက္ျဖည့္စြက္ခ်က္ေတြ တင္သြင္းၾကဖို႔ကိုလည္း ဂ်ပန္ေရာက္ျမန္မာႏိုင္ငံသားမ်ား အသင္းက ဦးသန္းေဆြက အၾကံေပးပါတယ္။

​"ျပည္တြင္းမွာ ရွိတဲ့ ကပ္ထားတဲ့ အဲ့ဒီ မဲစာရင္းေတြက အမွားအယြင္းေတြ အမ်ားၾကီးပါေနၿပီးေတာ့- မလိုလားအပ္တဲ့ကိစၥေတြ ေတာ္ေတာ္ေလးမ်ားတယ္ ဆိုလိုတာက မိသားစုလိုက္ မဲစာရင္းေတြ ေပ်ာက္ေနတာမ်ိဳးေနာက္တခါ လိပ္စာမွာမရွိပဲနဲ႔ မဲစာရင္းေတြထဲ ပါေနတာမ်ိဳး ေနာက္တခု နာမည္ထပ္တာေတြေပါ့ေလ အေဖ နာမည္၊ အေမနာမည္ေတြပါ အမ်ားၾကီး ထပ္ေနတာမ်ိဳးေတြျဖစ္ေနတဲ့ အခါက်ေတာ့ ေရြးေကာက္ပြဲေကာ္မရွင္ရဲ႕ ျပင္ဆင္ခ်က္ ထုတ္ထားတာက မွားယြင္းေနသူေတြအေနနဲ႔ ေဖာင္ ၃ ခု ျဖည့္စြက္ၿပီး ျပန္တင္ရပါတယ္။ ၉ လပိုင္းမွာ ေနာက္တၾကိမ္ မဲစာရင္းျပန္ထုတ္ေပးပါလိမ့္မယ္။ အဲ့အခ်ိန္က်ရင္ ကိုယ့္နာမည္ေတြ အမွားျပင္ဆင္ခ်က္ေတြ ထြက္လာၿပီလားဆိုတာ က်ေနာ္တို႔ ထပ္ၾကည့္ရပါမယ္။ ဒါမွသာ ပံုစံ ၁၅ နဲ႔ ေလွ်ာက္ထားတာျဖစ္တဲ့အေၾကာင့္ သူ႔ရဲ႕အေဝးေရာက္မဲကို ေရြးေကာက္ပြဲေကာ္မရွင္ကေန ႏုိင္ငံတကာမွာရွိတဲ့ သံ႐ံုးေတြကို မဲစာရင္းေပးပို႔ၿပီး မဲေပးခြင့္ရေအာင္ စီစဥ္ေပးပါလိမ့္မယ္။"

အရင္တုန္းက ဂ်ပန္ေရာက္ျမန္မာႏုိင္ငံသားတုိင္း ျမန္မာႏုိင္ငံသားျဖစ္ေၾကာင္း သက္ေသျပႏိုင္တယ္ဆိုရင္ ႏိုင္ငံသားတို႔ အခြင့္အေရးနဲ႔အညီ အားလံုးပါဝင္ မဲေပးႏုိင္ခြင့္ရေရး သံ႐ံုးက စီစဥ္ေပးမယ္လို႔ဆိုေပမဲ့ တခ်ိဳ႕ အခက္ခဲေတြနဲ႔ရင္ဆိုင္ေနရတဲ့ အေၾကာင္းလည္း ဂ်ပန္ေရာက္ျမန္မာ ဦးသန္းေဆြက ေျပာျပပါတယ္။

"က်ေနာ္တို႔ ဒီမွာ မေမွ်ာ္လင့္တဲ့ျပႆနာေလးေတြ ေတြ႔ေနရပါတယ္။ ဒီမွာ ဂ်ပန္မွာေရာက္ေနတဲ့ ျမန္မာႏုိင္ငံသားေတြက ဟိုးအရင္ စစ္အစိုးရလက္ထက္မွာကတည္းကေနၿပီး ေရာက္ရွိေနထုိင္ၾကၿပီးေတာ့ အရင္မဆလအစိုးရေခတ္က ျပ႒ာန္းထားတဲ့ ႏုိင္ငံသား ဥပေဒအရ ျငိစြန္းပါတယ္ဆိုၿပီး ဒီလူက ဒုကၡသည္ခံထားပါတယ္ ဆိုတဲ့စသျဖင့္ မွတ္ခ်က္ေလးေတြနဲ႔ ဂ်ပန္ေရာက္ျမန္မာႏုိင္ငံသားေတြ မဲေပးပိုင္ခြင့္ မွန္မွန္ကန္ကန္ မရေအာင္ တမင္သက္သက္ၾကံစည္ၿပီးလုပ္ေနတဲ့ အခ်က္အလက္ေတြ က်ေနာ္တို႔ ေပၚေနပါတယ္။ဂ်ပန္ႏုိင္ငံမွာ ဒီလိုျပႆနာေတြနဲ႔ၾကံဳေနရတဲ့ ျမန္မာႏိုင္ငံသားေတြက ေထာင္နဲ႔ခ်ီ ရွိပါတယ္။ သို႔ေသာ္ျငားလည္းပဲ အဲ့လိုေထာင္ခ်ီရွိေနတဲ့ ျမန္မာႏုိင္ငံသားေတြ ပံုစံ ၁၅ တင္သြင္းတဲ့ကိစၥမွာ ၄၊ ၅ ေယာက္ေလာက္ကို အဲ့လူေတြကို အဲ့လိုမွတ္ခ်က္ေတြ ေရးသားတာေတြ႔ရတာမို႔လို႔ ဒါေတြကို မနက္ျဖန္-သန္ဘက္ခါေပါ့ေလ ဒီကိစၥကို တရားဝင္ သံ႐ံုးကို သြားၿပီးေတာ့ က်ေနာ္တို႔သံအမတ္နဲ႔ သြားေရာက္ေတြ႔ဆံုစကားေျပာဖို႔ ရွိပါတယ္။"

ျပည္ပကို အေၾကာင္းအမ်ိဳးမ်ိဳးနဲ႔ ထြက္ခြာလာခဲ့ၾကတဲ့ ႏုိင္ငံအသီးသီးက ျမန္မာေတြထဲ သက္ဆိုင္ရာ မဲဆႏၵနယ္ေျမေတြက သန္းေခါင္စာရင္းထဲ မရွိေတာ့တာ၊ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ႏိုင္ငံသားအျဖစ္ သက္ေသမျပႏိုင္တဲ့သူေတြအတြက္လည္း ႏုိင္ငံေတာ္ဘက္က ထည့္သြင္းစဥ္းစားေပးဖို႔ ေတာင္ကိုရီးယားက ကိုရန္ႏုိင္ထြန္းက ေတာင္းဆိုပါတယ္။

"က်ေနာ္တို႔လိုဆိုရင္ သန္းေခါင္စာရင္းလည္း မရွိေတာ့ဘူးဗ်ာ။ ဟိုတုန္းက စစ္အာဏာရွင္လက္ေအာက္မွာ က်ေနာ္တို႔ကို နည္းမ်ိဳးစံုနဲ႔ ဖိအားေပးခဲ့တဲ့အခ်ိန္မွာ သန္းေခါင္စာရင္းေတြကေန က်ေနာ္တို႔လို ထုတ္ပယ္ခံထားရသူေတြရွိတယ္။ အိမ္ေတြမွာ မိသားစုေတြဆီမွာ က်ေနာ္တို႔ရဲ႕သန္းေခါင္စာရင္းက မရွိေတာ့ဘူး အဲ့ေတာ့ မဲေပးခ်င္ေသာ္ျငားလည္းမဲလံုးဝေပးခြင့္မရတဲ့အေျခအေနေတြျဖစ္ေနတယ္ေပါ့ဗ်ာ။ ကိုယ့္အတြက္ ဘယ္ေနရာမွာ သန္းေခါင္စာရင္းက ရွိလို႔ရွိမွန္းမသိတဲ့ အေျခအေနရွိေနတဲ့ က်ေနာ္တို႔လို လူမ်ိဳးေတြက်ေတာ့လည္း နိုင္ငံေတာ္အေနနဲ႔ စဥ္းစားသင့္တယ္လို႔ ထင္တယ္ေပါ့ေလ။ အခုလက္ရွိကေတာ့ ကိုရီးယားမွာ ၾကိဳတင္မဲလာေပးမယ္ဆိုရင္ မွတ္ပံုတင္နဲ႔ သန္းေခါင္စာရင္း မိတၱဴကို ျပသဖို႔လိုတယ္။ အခု ကိုရီးယားႏုိင္ငံမွာ ျမန္မာလူမ်ိဳး ၃၀,၀၀၀ ေက်ာ္ရွိတဲ့အနက္ ဒီေန႔ည ေနာက္ဆံုးထားၿပီး စာရင္းသြင္းေနဆဲ လက္ရွိကိုရီးယားႏုိင္ငံကေန ပံုစံ ၁၅ တင္ထားတဲ့လူေပါင္း ၇,၉၉၈ ရွိပါတယ္။"

အလြဲအမွားေတြကို ျပင္ဆင္ျဖည့္စြက္ၿပီးတယ္ဆိုရင္ ေရြးေကာက္ပြဲေကာ္မရွင္ရဲ႕ မဲစာရင္းထဲပါလာၿပီး ၾကိဳတင္မဲေပးခြင့္ရလာမယ့္ ျပည္ပေရာက္ျမန္မာႏုိင္ငံသားေတြအေနနဲ႔ သက္ဆုိင္ရာ ႏုိင္ငံအသီးသီးက ျမန္မာသံ႐ံုး၊ ေကာင္စစ္ဝန္႐ံုး၊ အျမဲတမ္း ကိုယ္စားလွယ္႐ံုးေတြကို သြားေရာက္ၿပီး ၾကိဳတင္မဲေတြကို လာမယ့္ စက္တင္ဘာ ၂၄ ရက္ေန႔ကေန ေအာက္တုိ္ဘာလ ၂၇ ရက္အတြင္း သက္ဆိုင္ရာႏုိင္ငံအလုိက္သတ္မွတ္ရက္ေတြမွာ မဲသြားေပးရမွာျဖစ္တယ္လို႔ ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္က သတင္းထုတ္ျပန္ထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ပြည်ပရောက်မြန်မာတချို့ မဲစာရင်းမှားမှု မဲစာရင်းမပါမှုများ ရှိနေ

ပြည်ပရောက်မဲဆန္ဒရှင်တွေ ကိုယ့်နာမည် မဲစာရင်းမှာ မပါရင် မဲပေးခွင့်ရရေးအတွက် အမှားပြင်ဆင်ချက်သတ်မှတ်လျှောက်လွှာပေးပို့ဖို့ သံရုံးတွေက နှိုးဆော်နေတဲ့အကြောင်းနဲ့ ပြည်ပရောက်မြန်မာနိုင်ငံသားတွေ ရွေးကောက်ပွဲ မဲပေးနိုင်ရေး ပြင်ဆင်နေကြတဲ့ နောက်ဆုံးရ အခြေအနေတွေကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မဆုမွန်က စုစည်းတင်ပြပေးပါမယ်။

လာမယ့် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့ ကျင်းပမယ့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲမှာ မဲဆန္ဒနယ် ပြင်ပရောက်နေတဲ့ နိုင်ငံတကာရောက် မြန်မာနိုင်ငံသားတွေ မဲပေးနိုင်ကြဖို့ သက်ဆိုင်ရာနိုင်ငံအသီးသီးက မြန်မာသံရုံးတွေက ကြိုတင်ဆန္ဒမဲပေးခွင့်ရှိသူများ လျှောက်ထားနိုင်တဲ့ ပုံစံ ၁၅ တွေကို ဇူလိုင်လဆန်းကစလို့ ဒီလ သြဂုတ်လ နောက်ဆုံးထားဖြည့်သွင်းပေးပို့ဖို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က တိုက်တွန်းထားတာပါ။ ဒါပေမဲ့ မဲပေးခွင့်ရှိသူတွေရဲ့ အမည်စာရင်းတွေကို ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ကြေညာလိုက်ချိန်မှာတော့- မဲဆန္ဒရှင်တွေရဲ့ မဲစာရင်း အမှားအယွင်းတွေ အတော်များများဖြစ်နေတာမို့ ပြည်ပရောက်မြန်မာနိုင်ငံသားတွေထဲမှာလည်း နာမည်မပါတာ အလွဲအမှားတွေ ဖြစ်နေတာတွေ ကြုံနေရပါတယ်။

ဒါကြောင့် အမှားတွေပြင်ဆင်နိုင်ရေး မဲစာရင်းကြေညာထားတဲ့ရက်ကို နောက်ထပ် သီတင်းတပတ်ထပ်တိုးချိန် မဲစာရင်း အမှားအယွင်းတွေနဲ့ ကြုံနေရတဲ့ ပြည်ပရောက်မြန်မာနိုင်ငံသားတွေအနေနဲ့ သတ်မှတ်ဖြည့်စွက်ဖောင်တွေကို သြဂုတ်လ ၁၄ ရက်နေ့ ည ၁၂ နာရီနောက်ဆုံးထားပြီး သံရုံးတွေကို တင်ထားတဲ့ပုံစံ ၁၅ မိတ္တူနဲ့ ပူးတွဲပြီးပေးပို့ ပြင်ဆင်ကြဖို့ သံရုံးတွေက ကြေညာချက်တွေ အသီးသီး ထုတ်ပြန်တိုက်တွန်းထားပါတယ်။

ကိုရီးယားနိုင်ငံ ဆိုးလ်မြို့အခြေစိုက် မြန်မာနိုင်ငံသံရုံးဘက်ကနေ- မဲစာရင်းထဲမပါတဲ့ မြန်မာနိုင်ငံသားတွေ ဆောင်ရွက်ရမယ့် တိုက်တွန်းချက်ကို-ကိုရီးယားရောက်မြန်မာနိုင်ငံသားတွေ မဲပေးခွင့်ရရေး ဦးဆောင်ကြိုးပမ်းနေသူ တဦးဖြစ်တဲ့ ကိုရန်နိုင်ထွန်းက ပြောပြပါတယ်။

"အဓိကကတော့ ကိုရီးယားနိုင်ငံရောက် မြန်မာနိုင်ငံသားတွေက ကြိုတင်မဲပေးခွင့်ရနိုင်ဖို့ ပုံစံ ၁၅ နဲ့ လျှောက်လွှာတင်တယ်။ လျှောက်လွှာကို သံရုံးကလည်း လက်ခံရရှိပြီးတော့ သံရုံးဘက်ကလည်း လျှောက်လွှာလက်ခံရရှိတဲ့သူ စာရင်းတွေကို သြဂုတ်လ ၈ ရက်နေ့က ကြေညာထားပြီးပြီပေါ့လေ။ သို့သော်လည်းပဲ တချို့သောသူတွေရဲ့ အမည်စာရင်းတွေက မြန်မာနိုင်ငံရွေးကောက် ပွဲကော်မရှင်က ထုတ်တဲ့မဲစာရင်းထဲမှာ မပါခဲ့တာတွေရှိနေတယ်။ ဆိုတော့ ဒီမှာ ကြိုတင်မဲစာရင်းတင်ထားပေမဲ့ မြန်မာနိုင်ငံရဲ့စာရင်းမှာ မပါဘူးဆိုရင် သူတို့တွေ မဲပေးခွင့်မရတဲ့အခြေအနေမှာ ရောက်ရှိသွားမှာဖြစ်ပါတယ်။ ဒါကြောင့် သံရုံးအနေနဲ့က အဲ့ဒီ့သူတွေရဲ့ မြန်မာနိုင်ငံက ရပ်ကွက်မြို့နယ် အစရှိသဖြင့် ရွေးကောက်ပွဲကော်မရှင်ရုံးတွေမှာ ဒီကပုံစံ ၁၅ ပါ ပူးတွဲပြီးတော့ တင်ရပါမယ်။ သံရုံးဘက်ကလည်း လိုအပ်တဲ့အချက်အလက်တွေ ထပ်လုပ်ပြီးတော့ မြန်မာနိုင်ငံသားတိုင်း မဲပေးခွင့်ရအောင် ကူညီမယ့်သဘောမျိုး သံရုံးဘက်က ထုတ်ပြန်ထားတာဖြစ်ပါတယ်။ အဓိကကတော့ မြန်မာနိုင်ငံမှာ ရှိနေတဲ့ မိဘဆွေမျိုးတွေက ကိုရီးယားနိုင်ငံမှာ ရောက်နေတဲ့ မိမိတို့သားသမီးတွေ မဲစာရင်းမှာပါ-မပါ သွားကြည့် အကယ်လို့ မပါခဲ့ဘူးဆိုရင် ကိုရီးယားကို အကြောင်းကြား နောက် မိသားစုကိုယ်တိုင် ရွေးကောက်ပွဲကော်မရှင်မှာ သွား Complaint တက်နိုင်ပါတယ်။"

ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားတွေထဲမှာလည်း ပြည်တွင်းက မဲစာရင်းထဲမှာ မပါတဲ့သူတွေ အတော်များများရှိနေတာမို့လို့ မဲစာရင်းစစ်ဖို့နဲ့ ထပ်တိုးသတ်မှတ်ရက်အမှီ အမှားပြင်ဆက်ဖြည့်စွက်ချက်တွေ တင်သွင်းကြဖို့ကိုလည်း ဂျပန်ရောက်မြန်မာနိုင်ငံသားများ အသင်းက ဦးသန်းဆွေက အကြံပေးပါတယ်။

"ပြည်တွင်းမှာ ရှိတဲ့ ကပ်ထားတဲ့ အဲ့ဒီ မဲစာရင်းတွေက အမှားအယွင်းတွေ အများကြီးပါနေပြီးတော့- မလိုလားအပ်တဲ့ကိစ္စတွေ တော်တော်လေးများတယ် ဆိုလိုတာက မိသားစုလိုက် မဲစာရင်းတွေ ပျောက်နေတာမျိုးနောက်တခါ လိပ်စာမှာမရှိပဲနဲ့ မဲစာရင်းတွေထဲ ပါနေတာမျိုး နောက်တခု နာမည်ထပ်တာတွေပေါ့လေ အဖေ နာမည်၊ အမေနာမည်တွေပါ အများကြီး ထပ်နေတာမျိုးတွေဖြစ်နေတဲ့ အခါကျတော့ ရွေးကောက်ပွဲကော်မရှင်ရဲ့ ပြင်ဆင်ချက် ထုတ်ထားတာက မှားယွင်းနေသူတွေအနေနဲ့ ဖောင် ၃ ခု ဖြည့်စွက်ပြီး ပြန်တင်ရပါတယ်။ ၉ လပိုင်းမှာ နောက်တကြိမ် မဲစာရင်းပြန်ထုတ်ပေးပါလိမ့်မယ်။ အဲ့အချိန်ကျရင် ကိုယ့်နာမည်တွေ အမှားပြင်ဆင်ချက်တွေ ထွက်လာပြီလားဆိုတာ ကျနော်တို့ ထပ်ကြည့်ရပါမယ်။ ဒါမှသာ ပုံစံ ၁၅ နဲ့ လျှောက်ထားတာဖြစ်တဲ့အကြောင့် သူ့ရဲ့အဝေးရောက်မဲကို ရွေးကောက်ပွဲကော်မရှင်ကနေ နိုင်ငံတကာမှာရှိတဲ့ သံရုံးတွေကို မဲစာရင်းပေးပို့ပြီး မဲပေးခွင့်ရအောင် စီစဉ်ပေးပါလိမ့်မယ်။"

အရင်တုန်းက ဂျပန်ရောက်မြန်မာနိုင်ငံသားတိုင်း မြန်မာနိုင်ငံသားဖြစ်ကြောင်း သက်သေပြနိုင်တယ်ဆိုရင် နိုင်ငံသားတို့ အခွင့်အရေးနဲ့အညီ အားလုံးပါဝင် မဲပေးနိုင်ခွင့်ရရေး သံရုံးက စီစဉ်ပေးမယ်လို့ဆိုပေမဲ့ တချို့ အခက်ခဲတွေနဲ့ရင်ဆိုင်နေရတဲ့ အကြောင်းလည်း ဂျပန်ရောက်မြန်မာ ဦးသန်းဆွေက ပြောပြပါတယ်။

(ဓာတ္ပံု - Union Election Commission)
(ဓာတ္ပံု - Union Election Commission)

"ကျနော်တို့ ဒီမှာ မမျှော်လင့်တဲ့ပြဿနာလေးတွေ တွေ့နေရပါတယ်။ ဒီမှာ ဂျပန်မှာရောက်နေတဲ့ မြန်မာနိုင်ငံသားတွေက ဟိုးအရင် စစ်အစိုးရလက်ထက်မှာကတည်းကနေပြီး ရောက်ရှိနေထိုင်ကြပြီးတော့ အရင်မဆလအစိုးရခေတ်က ပြဋ္ဌာန်းထားတဲ့ နိုင်ငံသား ဥပဒေအရ ငြိစွန်းပါတယ်ဆိုပြီး ဒီလူက ဒုက္ခသည်ခံထားပါတယ် ဆိုတဲ့စသဖြင့် မှတ်ချက်လေးတွေနဲ့ ဂျပန်ရောက်မြန်မာနိုင်ငံသားတွေ မဲပေးပိုင်ခွင့် မှန်မှန်ကန်ကန် မရအောင် တမင်သက်သက်ကြံစည်ပြီးလုပ်နေတဲ့ အချက်အလက်တွေ ကျနော်တို့ ပေါ်နေပါတယ်။ဂျပန်နိုင်ငံမှာ ဒီလိုပြဿနာတွေနဲ့ကြုံနေရတဲ့ မြန်မာနိုင်ငံသားတွေက ထောင်နဲ့ချီ ရှိပါတယ်။ သို့သော်ငြားလည်းပဲ အဲ့လိုထောင်ချီရှိနေတဲ့ မြန်မာနိုင်ငံသားတွေ ပုံစံ ၁၅ တင်သွင်းတဲ့ကိစ္စမှာ ၄၊ ၅ ယောက်လောက်ကို အဲ့လူတွေကို အဲ့လိုမှတ်ချက်တွေ ရေးသားတာတွေ့ရတာမို့လို့ ဒါတွေကို မနက်ဖြန်-သန်ဘက်ခါပေါ့လေ ဒီကိစ္စကို တရားဝင် သံရုံးကို သွားပြီးတော့ ကျနော်တို့သံအမတ်နဲ့ သွားရောက်တွေ့ဆုံစကားပြောဖို့ ရှိပါတယ်။"

ပြည်ပကို အကြောင်းအမျိုးမျိုးနဲ့ ထွက်ခွာလာခဲ့ကြတဲ့ နိုင်ငံအသီးသီးက မြန်မာတွေထဲ သက်ဆိုင်ရာ မဲဆန္ဒနယ်မြေတွေက သန်းခေါင်စာရင်းထဲ မရှိတော့တာ၊ အကြောင်းအမျိုးမျိုးကြောင့် နိုင်ငံသားအဖြစ် သက်သေမပြနိုင်တဲ့သူတွေအတွက်လည်း နိုင်ငံတော်ဘက်က ထည့်သွင်းစဉ်းစားပေးဖို့ တောင်ကိုရီးယားက ကိုရန်နိုင်ထွန်းက တောင်းဆိုပါတယ်။

"ကျနော်တို့လိုဆိုရင် သန်းခေါင်စာရင်းလည်း မရှိတော့ဘူးဗျာ။ ဟိုတုန်းက စစ်အာဏာရှင်လက်အောက်မှာ ကျနော်တို့ကို နည်းမျိုးစုံနဲ့ ဖိအားပေးခဲ့တဲ့အချိန်မှာ သန်းခေါင်စာရင်းတွေကနေ ကျနော်တို့လို ထုတ်ပယ်ခံထားရသူတွေရှိတယ်။ အိမ်တွေမှာ မိသားစုတွေဆီမှာ ကျနော်တို့ရဲ့သန်းခေါင်စာရင်းက မရှိတော့ဘူး အဲ့တော့ မဲပေးချင်သော်ငြားလည်းမဲလုံးဝပေးခွင့်မရတဲ့အခြေအနေတွေဖြစ်နေတယ်ပေါ့ဗျာ။ ကိုယ့်အတွက် ဘယ်နေရာမှာ သန်းခေါင်စာရင်းက ရှိလို့ရှိမှန်းမသိတဲ့ အခြေအနေရှိနေတဲ့ ကျနော်တို့လို လူမျိုးတွေကျတော့လည်း နိုင်ငံတော်အနေနဲ့ စဉ်းစားသင့်တယ်လို့ ထင်တယ်ပေါ့လေ။ အခုလက်ရှိကတော့ ကိုရီးယားမှာ ကြိုတင်မဲလာပေးမယ်ဆိုရင် မှတ်ပုံတင်နဲ့ သန်းခေါင်စာရင်း မိတ္တူကို ပြသဖို့လိုတယ်။ အခု ကိုရီးယားနိုင်ငံမှာ မြန်မာလူမျိုး ၃၀,၀၀၀ ကျော်ရှိတဲ့အနက် ဒီနေ့ည နောက်ဆုံးထားပြီး စာရင်းသွင်းနေဆဲ လက်ရှိကိုရီးယားနိုင်ငံကနေ ပုံစံ ၁၅ တင်ထားတဲ့လူပေါင်း ၇,၉၉၈ ရှိပါတယ်။"

အလွဲအမှားတွေကို ပြင်ဆင်ဖြည့်စွက်ပြီးတယ်ဆိုရင် ရွေးကောက်ပွဲကော်မရှင်ရဲ့ မဲစာရင်းထဲပါလာပြီး ကြိုတင်မဲပေးခွင့်ရလာမယ့် ပြည်ပရောက်မြန်မာနိုင်ငံသားတွေအနေနဲ့ သက်ဆိုင်ရာ နိုင်ငံအသီးသီးက မြန်မာသံရုံး၊ ကောင်စစ်ဝန်ရုံး၊ အမြဲတမ်း ကိုယ်စားလှယ်ရုံးတွေကို သွားရောက်ပြီး ကြိုတင်မဲတွေကို လာမယ့် စက်တင်ဘာ ၂၄ ရက်နေ့ကနေ အောက်တိုဘာလ ၂၇ ရက်အတွင်း သက်ဆိုင်ရာနိုင်ငံအလိုက်သတ်မှတ်ရက်တွေမှာ မဲသွားပေးရမှာဖြစ်တယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က သတင်းထုတ်ပြန်ထားပါတယ်။

XS
SM
MD
LG