သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေရြးေကာက္ပြဲေကာ္မရွင္ အရပ္ဘက္အဖြဲ႔ေတြနဲ႔ ပူးေပါင္းလုပ္ေဆာင္ဖို႔လို


၂၀၁၅ ခုႏွစ္ေရြးေကာက္ပဲြတုန္းက ရန္ကုန္ၿမိဳ႕ရွိ မဲဆႏၵရံံုတခုမွာ မဲမ်ားေရတြက္ေနၾကတဲ့ ျမင္ကြင္း။ (ႏို၀င္ဘာ ၀၈၊ ၂၀၁၅)

[Zawgyi/Unicode]

မဲဆႏၵရွင္စာရင္း ထုတ္ျပန္ေၾကညာထားတာကို ေကာ္မရွင္က ေနာက္ထပ္ သီတင္းတပတ္ ထပ္တိုးလိုက္ပါတယ္။ ၂၀၂၀ ေရြးေကာက္ပြဲအတြက္ မဲဆႏၵရွင္စာရင္းေတြမွာ အမွားအယြင္းမ်ားရတာ ဘာေၾကာင့္ပါလဲ၊ ဘယ္လိုျပဳျပင္ႏုိင္ပါမလဲ၊ ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ မဆုမြန္က စုစည္းတင္ျပေပးပါမယ္။

ျမန္မာႏုိင္ငံမွာ လာမယ့္ ႏိုဝင္ဘာလ ၈ ရက္ေန႔မွာ က်င္းပမယ့္ ၂၀၂၀ ျပည့္ႏွစ္ ပါတီစံုဒီမိုကေရစီ အေထြေထြေရြးေကာက္ပြဲမွာ ပါဝင္မဲေပးပိုင္ခြင့္ရွိတဲ့ မဲဆႏၵရွင္စာရင္းကို ေရြးေကာက္ပြဲေကာ္မရွင္ကၿပီးခဲ့တဲ့ ဇူလို္င္လ (၂၅) ရက္ေန႔ကေန ၾသဂုတ္လ ၇ ရက္ေန႔အထိ ပထမဆံုးအၾကိမ္ျမန္မာျပည္တဝန္း ထုတ္ျပန္ေၾကညာခဲ့တာပါ။ ဒါေပမဲ့ အမွားအယြင္းမ်ားတဲ့အတြက္ မဲဆႏၵရွင္ေတြရဲ႕ ျပင္ဆင္ ျဖည့္စြက္ေတာင္းဆိုလႊာေတြ တင္ျပေပးပို႔ႏိုင္ဖို႔ အခ်ိန္ပိုရေအာင္ ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္ဘက္က ၾသဂုတ္လ ၁၄ ရက္ေန႔အထိ ေနာက္ထပ္ သီတင္းတပတ္ ၇ ရက္ သက္တမ္းတိုးေပးလိုက္ပါတယ္။

ဓာတ္ပံု - UEC
ဓာတ္ပံု - UEC

ေကာ္မရွင္အေနနဲ႔ ၂၀၁၅ ေရြးေကာက္ပြဲတုန္းကလို အရပ္ဘက္အဖြဲ႔အစည္းေတြနဲ႔ ပူးေပါင္းေဆာင္ရြက္မႈ မရွိသေလာက္ျဖစ္ရတာမို႔ ဒီႏွစ္မွာ အခုလို အမွားအယြင္းမ်ားရတာလို႔ မဲဆႏၵရွင္ေတြရဲ႕အခြင့္အေရးနဲ႔ လုပ္ေဆာင္ရမယ့္အခ်က္ေတြကို ပညာေပးေနတဲ့ ျပည္သူ႔မိတ္ေဆြအဖြဲ႔ (Genuine People’s Servants) အဖြဲ႔ရဲ႕ ဒါ႐ိုက္တာ ဦးသြင္လင္းေအာင္က သံုးသပ္ပါတယ္။

"ျမင္ရတာကေတာ့ ေရွ႕ကပ္ရပ္မွာ ၿပီးသြားတဲ့ ၂၀၁၅ မဲစာရင္းအတုိင္းေတာင္မွ မဟုတ္ဘဲနဲ႔အဲ့တုန္းကပါတဲ့ စာရင္းေတြေတာင္ မပါဘဲနဲ႔ ဒီႏွစ္ ၂၀၂၀ မဲစာရင္းမွာ အမွားအယြင္းေတြပါတယ္ဆိုတာကေတာ့ နည္းနည္း လုပ္တာကိုင္တာေတြမွာ ေပါ့ဆလြန္းသလား ျမင္မိတယ္ ဘာေၾကာင့္လဲဆိုရင္ ေရွ႕ေရြးေကာက္ပြဲမွာ ပါၿပီးၿပီဆိုရင္ ဒီအတိုင္းျပန္ထည့္ရင္ေတာင္ ရေနၿပီေလ။ ေနာက္တခုျမင္တာက ၂၀၁၅ ေရြးေကာက္ပြဲမတုိင္ခင္က ေရြးေကာက္ပြဲေကာ္မရွင္က အရပ္ဘက္အဖြဲ႔အစည္းေတြနဲ႔ ထိစပ္မႈ ေတာ္ေတာ္အားေကာင္းတယ္။ ေစာင့္ၾကည့္ၿပီး တြန္းတဲ့သူေတြနဲ႔ နီးတဲ့အခါက်ေတာ့ ပိုၿပီးေတာ့ ဖိဖိစီးစီးလုပ္သလားေပါ့။ လက္ရွိ ေရြးေကာက္ပြဲေကာ္မရွင္က က်ေနာ္တို႔ အရပ္ဖက္ အဖြဲ႔အစည္းေတြအေပၚမွာ ေႏြးေထြးတာမေတြ႔ရဘူး ပိုၿပီးေတာင္ အခက္အခဲေတြနဲ႔ေတြ႔ရတယ္။ မဲဆႏၵရွင္ပညာေပးလိုဟာမ်ိဳး ၿမိဳ႕နယ္ေလးတခုမွာလုပ္မယ္ဆိုရင္ေတာင္ အဲ့ၿမိဳ႕နယ္ ေရြးေကာက္ပြဲေကာ္မရွင္က ေနျပည္ေတာ္အထိ ခြင့္ျပဳခ်က္ေတာင္းခိုင္းတာမ်ိဳး ေတြ႔လာရတယ္။ လုပ္သင့္တာကေတာ့ ပထမတၾကိမ္ ကာယကံရွင္ေတြရဲ႕ျပင္ဆင္ခ်က္ေတြကို တေလးတစား သူတို႔ ျပန္ျပင္ဆင္တာေတြ လုပ္သင့္တယ္။ ၿပီးေတာ့ အရပ္ဘက္အဖြဲ႔အစည္းေတြမွာ ၂၀၁၅ တုန္းက ေဒတာေတြ အခ်က္အလက္ေတြအမ်ားၾကီးရွိတယ္။ အဲ့ေတာ့ အရပ္ဘက္ အဖြဲ႔အစည္းေတြရဲ႕ ေထာက္ျပမႈေတြ အၾကံေပးမႈေတြနဲ႔ ပါဝင္ခြင့္ကိုလည္းျပဖို႔လိုမယ္လို႔အၾကံေပးခ်င္ပါတယ္။"

၂၀၁၅ မွာ မဲစာရင္းေတြ ထုတ္ျပန္ခ်ိန္တုန္းက အေျပာင္းအလဲမရွိခဲ့တဲ့ အိမ္ေထာင္စုစာရင္းေတြ ၂၀၂၀ မွာ မွားရတာကေတာ့ ေအာက္ေျခအဆင့္ ရပ္ကြက္ေက်းရြာအုပ္ခ်ဳပ္ေရးမွဴးေတြနဲ႔ ရပ္ကြက္ေက်းရြာၿမိဳ႕နယ္အဆင့္ ေရြးေကာက္ပြဲေကာ္မရွင္အဖြဲ႔ေတြၾကား ပူးေပါင္းခ်ိတ္ဆက္ေဆာင္ရြက္မႈ အားနည္းခ်က္ေၾကာင့္ျဖစ္တယ္လုိ႔ ကခ်င္ျပည္နယ္ ဝိုင္းေမာ္ၿမိဳ႕နယ္ကေန ကခ်င္ျပည္နယ္ ျပည္နယ္လႊတ္ေတာ္အတြက္ ဝင္ေရာက္အေရြးခံမယ့္ ကို Lum Zawng က ေျပာပါတယ္။

"အဓိကကေတာ့ မဲစာရင္းနဲ႔ပတ္သက္တဲ့ ေကာ္မရွင္ရဲ႕ Operation ကေတာ့ ေအာက္ေျခရပ္ေက်းအဆင့္ကေန ဗဟိုျပည္ေထာင္စု အဆင့္အထိ လုပ္ေဆာင္မႈေတြ နည္းနည္းေလး ေနာက္က်တယ္လို႔ သံုးသပ္မိတယ္။ ဘာျဖစ္လို႔လဲဆိုရင္ ကိုဗစ္ကာလနဲ႔လည္း တုိက္ဆိုင္တဲ့အတြက္ အားနည္းမႈေတြ ရွိတယ္လို႔ သံုးသပ္တယ္။ အေျခခံ ရပ္ေက်းကေန ဗဟိုအဆင့္ အဆင့္ဆင့္ၾကား တုိင္းေဒသၾကီး ျပည္နယ္ခ႐ိုင္မွာ နည္းပညာပိုင္း လူသားအရင္းအျမစ္ပိုင္း ( Human Resources )ပိုင္း အားနည္းမႈေတြရွိတယ္ ကခ်င္ျပည္နယ္မွာဆိုရင္ တခ်ိဳ႕ေတာေတာင္နယ္ေျမေတြမွာဆိုရင္ သြားေရးလာေရးကအစ အခက္အခဲေတြအမ်ားၾကီးရွိတယ္။ ပထဝီဝင္အေနအထားအရ လမ္းပမ္းဆက္သြယ္ေရးခက္ခဲတာေတြရွိတယ္။ အဲ့လိုမ်ိဳးေတြအမ်ားၾကီးရွိတယ္ဆိုေတာ့ မဲစာရင္း Based Line ယူတဲ့အခ်ိန္မွာ ျပင္ဆင္မႈနဲ႔လူ႔အရင္းအျမစ္သံုးစြဲမႈက အေတာ္ေလးအားနည္းခဲ့တယ္လို႔ျမင္ပါတယ္။ ဒါေၾကာင့္ အဓိကကေတာ့ တဆင့္ႏွစ္ဆင့္ သံုးေလးဆင့္အထိ အျပန္ျပန္အလွန္လွန္Double- Triple Checking လုပ္တာကို ဘယ္လိုနည္းလမ္းနဲ႔ ဘယ္လိုဗ်ဴဟာနဲ႔လုပ္မလဲဆိုတာစဥ္းစားသင့္တယ္ အင္မတန္မွ အေရးၾကီးပါတယ္။"

အခုလို မဲစာရင္း အမွားအယြင္းေတြ ျဖစ္ရတာမွာ အဓိက တာဝန္အရွိဆံုးက ျပည္ေထာင္စုေရြးေကာ္မရွင္ပဲ ျဖစ္တယ္လို႔ လြတ္လပ္စြာထုတ္ေဖာ္ေျပာဆိုခြင့္ အသံရဲ႕ သုေတသနမွဴး ကိုရဲေဝၿဖိဳးေအာင္ကေျပာပါတယ္။ ဒါေၾကာင့္ ေရြးေကာက္ပြဲေကာ္မရွင္အေနနဲ႔ စနစ္တက်စိစစ္ၿပီးဒုတိယတၾကိမ္ ေနာက္ဆံုးအေနနဲ႔ ထုတ္ျပန္မယ့္စာရင္းမွာ အမွားအယြင္းနည္းႏုိင္သမွ်နည္းေအာင္ ေဆာင္ရြက္ေပးဖို႔ သူက တိုက္တြန္းပါတယ္။

ဓာတ္ပံု - UEC
ဓာတ္ပံု - UEC

"လက္ရွိျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္ရဲ႕ လုပ္ႏုိင္စြမ္းရည္ သူတို႔ရဲ႕ အရည္အခ်င္းကိုေတာ့ ျပန္လည္ဆန္းစစ္ဖို႔လိုမယ္ထင္တယ္။ေနာက္ ၾကိဳတင္ျပင္ဆင္မႈကလည္း အရမ္းအေရးၾကီးတယ္။ ေရြးေကာက္ပြဲေကာ္မရွင္ဘက္က သက္ဆိုင္ရာဌာနေတြနဲ႔ပူးေပါင္းၿပီးေတာ့ အဲ့လိုမ်ိဳး ၾကိဳတင္ျပင္ဆင္မႈေတြ လုပ္ခဲ့သင့္တာ ဒါမ်ိဳးေတြ မလုပ္ခဲ့လို႔ အခုလို အမွားေတြ အမ်ားၾကီးထြက္လာတာေပါ့ေနာ္။ အဲ့ေတာ့ အခုက ေနာက္ထပ္ ၇ ရက္ သက္တမ္းထပ္တိုးေပးမယ္ဆိုေတာ့လည္း လာမယ့္ေနာက္ထပ္ ၇ ရက္သက္တမ္းအတြင္းမွာ ဘယ္လိုမ်ိဳး အမွားအယြင္းေတြ ကင္းကင္းနဲ႔ လုပ္လာႏိုင္မလဲဆိုတာကလည္း စိတ္ဝင္စားဖို႔ေကာင္းတယ္။ အေရးအၾကီးဆံုးကေတာ့ အရင္တုန္းက မွန္ခဲ့တဲ့ဟာေတြကို ထပ္မမွားပစ္လိုက္ဖို႔ကေတာ့ အေရးၾကီးတယ္ အခုမွားေနတာေတြကို ထပ္ၿပီးျပင္ဆင္ဖို႔ေတာ့ အေရးၾကီးဆံုးလို႔ထင္ပါတယ္။"

ေရြးေကာက္ပြဲအတြက္ ျပင္ဆင္ေနၾကခ်ိန္မွာပဲ ျမန္မာႏိုင္ငံမွာ ကမာၻ႔ကပ္ေရာဂါ ကိုဗစ္ ၁၉ ကူးစက္ေနဆဲမို႔ ႏုိင္ငံသူႏုိင္ငံသားေတြ ေရာဂါပိုး ကူးစက္ခံရျခင္းမရွိေအာင္ လူစုလူေဝးနဲ႔ မဲစာရင္းၾကည့္ရႈ႕ခ်ိန္ သတ္မွတ္ အကြာအေဝးကေန ေစာင့္ဆိုင္းၾကည့္ရႈ႕ဖို႔၊ မဲစာရင္းၾကည့္တဲ့အခ်ိန္Mask ႏွာေခါင္းစီး မျဖစ္မေနတပ္ဆင္ထားဖို႔ လူအုပ္စုၾကား ႏွာေျခေခ်ာင္းဆိုးခ်ိန္ အကာကြယ္လုပ္ဖို႔ အပါအဝင္ ကိုယ္အပူခ်ိန္ရွိခ်ိန္ နာမက်မ္းျဖစ္ေနခ်ိန္ လူကိုယ္တိုင္မစစ္ေဆးသင့္ေၾကာင္း စတဲ့ ကိုဗစ္ ၁၉ ေရာဂါကူးစက္မႈေတြ ၾကိဳတင္ကာကြယ္ႏုိင္ေရးျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္နဲ႔ က်န္းမာေရးဝန္ၾကီးဌာနတို႔ ပူးေပါင္းပညာေပးေနပါတယ္။

လတ္တေလာမွာေတာ့ ၾသဂုတ္လ ၁၄ ရက္ေန႔အထိ မဲဆႏၵရွင္ေတြအေနနဲ႔ မဲစာရင္းသြားၾကည့္ႏိုင္ၾကၿပီး အမွားအယြင္းနဲ႔ မျပည့္စံုတာေတြ ပါတယ္ဆိုရင္ ျပင္ဆင္ဖို႔အတြက္ ျဖည့္စြက္ရမယ့္ ေဖာင္ပံုစံေတြကို ရပ္ကြက္ေက်းရြာ ေရြးေကာက္ပြဲေကာ္မရွင္႐ံုးေတြမွာ အခမဲ့ရယူနိုင္ပါတယ္။ ျဖည့္စြက္တင္သြင္းမႈေတြကို စိစစ္ၿပီးရင္ေတာ့ ေနာက္ထပ္တၾကိမ္ မဲဆႏၵရွင္စာရင္းေတြကို လာမယ့္ ေအာက္တိုဘာလ ေနာက္ဆံုးအၾကိမ္အျဖစ္ ထပ္မံေၾကညာဖို႔ရွိပါတယ္ရွင္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ရွေးကောက်ပွဲကော်မရှင် အရပ်ဘက်အဖွဲ့တွေနဲ့ ပူးပေါင်းလုပ်ဆောင်ဖို့လို

မဲဆန္ဒရှင်စာရင်း ထုတ်ပြန်ကြေညာထားတာကို ကော်မရှင်က နောက်ထပ် သီတင်းတပတ် ထပ်တိုးလိုက်ပါတယ်။ ၂၀၂၀ ရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်းတွေမှာ အမှားအယွင်းများရတာ ဘာကြောင့်ပါလဲ၊ ဘယ်လိုပြုပြင်နိုင်ပါမလဲ၊ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မဆုမွန်က စုစည်းတင်ပြပေးပါမယ်။

မြန်မာနိုင်ငံမှာ လာမယ့် နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပမယ့် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲမှာ ပါဝင်မဲပေးပိုင်ခွင့်ရှိတဲ့ မဲဆန္ဒရှင်စာရင်းကို ရွေးကောက်ပွဲကော်မရှင်ကပြီးခဲ့တဲ့ ဇူလိုင်လ (၂၅) ရက်နေ့ကနေ သြဂုတ်လ ၇ ရက်နေ့အထိ ပထမဆုံးအကြိမ်မြန်မာပြည်တဝန်း ထုတ်ပြန်ကြေညာခဲ့တာပါ။ ဒါပေမဲ့ အမှားအယွင်းများတဲ့အတွက် မဲဆန္ဒရှင်တွေရဲ့ ပြင်ဆင် ဖြည့်စွက်တောင်းဆိုလွှာတွေ တင်ပြပေးပို့နိုင်ဖို့ အချိန်ပိုရအောင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဘက်က သြဂုတ်လ ၁၄ ရက်နေ့အထိ နောက်ထပ် သီတင်းတပတ် ၇ ရက် သက်တမ်းတိုးပေးလိုက်ပါတယ်။

ကော်မရှင်အနေနဲ့ ၂၀၁၅ ရွေးကောက်ပွဲတုန်းကလို အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်မှု မရှိသလောက်ဖြစ်ရတာမို့ ဒီနှစ်မှာ အခုလို အမှားအယွင်းများရတာလို့ မဲဆန္ဒရှင်တွေရဲ့အခွင့်အရေးနဲ့ လုပ်ဆောင်ရမယ့်အချက်တွေကို ပညာပေးနေတဲ့ ပြည်သူ့မိတ်ဆွေအဖွဲ့ (Genuine People’s Servants) အဖွဲ့ရဲ့ ဒါရိုက်တာ ဦးသွင်လင်းအောင်က သုံးသပ်ပါတယ်။

ဓာတ္ပံု - UEC
ဓာတ္ပံု - UEC

"မြင်ရတာကတော့ ရှေ့ကပ်ရပ်မှာ ပြီးသွားတဲ့ ၂၀၁၅ မဲစာရင်းအတိုင်းတောင်မှ မဟုတ်ဘဲနဲ့အဲ့တုန်းကပါတဲ့ စာရင်းတွေတောင် မပါဘဲနဲ့ ဒီနှစ် ၂၀၂၀ မဲစာရင်းမှာ အမှားအယွင်းတွေပါတယ်ဆိုတာကတော့ နည်းနည်း လုပ်တာကိုင်တာတွေမှာ ပေါ့ဆလွန်းသလား မြင်မိတယ် ဘာကြောင့်လဲဆိုရင် ရှေ့ရွေးကောက်ပွဲမှာ ပါပြီးပြီဆိုရင် ဒီအတိုင်းပြန်ထည့်ရင်တောင် ရနေပြီလေ။ နောက်တခုမြင်တာက ၂၀၁၅ ရွေးကောက်ပွဲမတိုင်ခင်က ရွေးကောက်ပွဲကော်မရှင်က အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ ထိစပ်မှု တော်တော်အားကောင်းတယ်။ စောင့်ကြည့်ပြီး တွန်းတဲ့သူတွေနဲ့ နီးတဲ့အခါကျတော့ ပိုပြီးတော့ ဖိဖိစီးစီးလုပ်သလားပေါ့။ လက်ရှိ ရွေးကောက်ပွဲကော်မရှင်က ကျနော်တို့ အရပ်ဖက် အဖွဲ့အစည်းတွေအပေါ်မှာ နွေးထွေးတာမတွေ့ရဘူး ပိုပြီးတောင် အခက်အခဲတွေနဲ့တွေ့ရတယ်။ မဲဆန္ဒရှင်ပညာပေးလိုဟာမျိုး မြို့နယ်လေးတခုမှာလုပ်မယ်ဆိုရင်တောင် အဲ့မြို့နယ် ရွေးကောက်ပွဲကော်မရှင်က နေပြည်တော်အထိ ခွင့်ပြုချက်တောင်းခိုင်းတာမျိုး တွေ့လာရတယ်။ လုပ်သင့်တာကတော့ ပထမတကြိမ် ကာယကံရှင်တွေရဲ့ပြင်ဆင်ချက်တွေကို တလေးတစား သူတို့ ပြန်ပြင်ဆင်တာတွေ လုပ်သင့်တယ်။ ပြီးတော့ အရပ်ဘက်အဖွဲ့အစည်းတွေမှာ ၂၀၁၅တုန်းက ဒေတာတွေ အချက်အလက်တွေအများကြီးရှိတယ်။ အဲ့တော့ အရပ်ဘက် အဖွဲ့အစည်းတွေရဲ့ ထောက်ပြမှုတွေ အကြံပေးမှုတွေနဲ့ ပါဝင်ခွင့်ကိုလည်းပြဖို့လိုမယ်လို့အကြံပေးချင်ပါတယ်။"

၂၀၁၅ မှာ မဲစာရင်းတွေ ထုတ်ပြန်ချိန်တုန်းက အပြောင်းအလဲမရှိခဲ့တဲ့ အိမ်ထောင်စုစာရင်းတွေ ၂၀၂၀ မှာ မှားရတာကတော့ အောက်ခြေအဆင့် ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးတွေနဲ့ ရပ်ကွက်ကျေးရွာမြို့နယ်အဆင့် ရွေးကောက်ပွဲကော်မရှင်အဖွဲ့တွေကြား ပူးပေါင်းချိတ်ဆက်ဆောင်ရွက်မှု အားနည်းချက်ကြောင့်ဖြစ်တယ်လို့ ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်ကနေ ကချင်ပြည်နယ် ပြည်နယ်လွှတ်တော်အတွက် ဝင်ရောက်အရွေးခံမယ့် ကို Lum Zawng က ပြောပါတယ်။

"အဓိကကတော့ မဲစာရင်းနဲ့ပတ်သက်တဲ့ ကော်မရှင်ရဲ့ Operation ကတော့ အောက်ခြေရပ်ကျေးအဆင့်ကနေ ဗဟိုပြည်ထောင်စု အဆင့်အထိ လုပ်ဆောင်မှုတွေ နည်းနည်းလေး နောက်ကျတယ်လို့ သုံးသပ်မိတယ်။ ဘာဖြစ်လို့လဲဆိုရင် ကိုဗစ်ကာလနဲ့လည်း တိုက်ဆိုင်တဲ့အတွက် အားနည်းမှုတွေ ရှိတယ်လို့ သုံးသပ်တယ်။ အခြေခံ ရပ်ကျေးကနေ ဗဟိုအဆင့် အဆင့်ဆင့်ကြား တိုင်းဒေသကြီး ပြည်နယ်ခရိုင်မှာ နည်းပညာပိုင်း လူသားအရင်းအမြစ်ပိုင်း ( Human Resources )ပိုင်း အားနည်းမှုတွေရှိတယ် ကချင်ပြည်နယ်မှာဆိုရင် တချို့တောတောင်နယ်မြေတွေမှာဆိုရင် သွားရေးလာရေးကအစ အခက်အခဲတွေအများကြီးရှိတယ်။ ပထဝီဝင်အနေအထားအရ လမ်းပမ်းဆက်သွယ်ရေးခက်ခဲတာတွေရှိတယ်။ အဲ့လိုမျိုးတွေအများကြီးရှိတယ်ဆိုတော့ မဲစာရင်း Based Line ယူတဲ့အချိန်မှာ ပြင်ဆင်မှုနဲ့လူ့အရင်းအမြစ်သုံးစွဲမှုက အတော်လေးအားနည်းခဲ့တယ်လို့မြင်ပါတယ်။ ဒါကြောင့် အဓိကကတော့ တဆင့်နှစ်ဆင့် သုံးလေးဆင့်အထိ အပြန်ပြန်အလှန်လှန်Double- Triple Checking လုပ်တာကို ဘယ်လိုနည်းလမ်းနဲ့ ဘယ်လိုဗျူဟာနဲ့လုပ်မလဲဆိုတာစဉ်းစားသင့်တယ် အင်မတန်မှ အရေးကြီးပါတယ်။"

အခုလို မဲစာရင်း အမှားအယွင်းတွေ ဖြစ်ရတာမှာ အဓိက တာဝန်အရှိဆုံးက ပြည်ထောင်စုရွေးကော်မရှင်ပဲ ဖြစ်တယ်လို့ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့် အသံရဲ့ သုတေသနမှူး ကိုရဲဝေဖြိုးအောင်ကပြောပါတယ်။ ဒါကြောင့် ရွေးကောက်ပွဲကော်မရှင်အနေနဲ့ စနစ်တကျစိစစ်ပြီးဒုတိယတကြိမ် နောက်ဆုံးအနေနဲ့ ထုတ်ပြန်မယ့်စာရင်းမှာ အမှားအယွင်းနည်းနိုင်သမျှနည်းအောင် ဆောင်ရွက်ပေးဖို့ သူက တိုက်တွန်းပါတယ်။

ဓာတ္ပံု - UEC
ဓာတ္ပံု - UEC

"လက်ရှိပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ လုပ်နိုင်စွမ်းရည် သူတို့ရဲ့ အရည်အချင်းကိုတော့ ပြန်လည်ဆန်းစစ်ဖို့လိုမယ်ထင်တယ်။နောက် ကြိုတင်ပြင်ဆင်မှုကလည်း အရမ်းအရေးကြီးတယ်။ ရွေးကောက်ပွဲကော်မရှင်ဘက်က သက်ဆိုင်ရာဌာနတွေနဲ့ပူးပေါင်းပြီးတော့ အဲ့လိုမျိုး ကြိုတင်ပြင်ဆင်မှုတွေ လုပ်ခဲ့သင့်တာ ဒါမျိုးတွေ မလုပ်ခဲ့လို့ အခုလို အမှားတွေ အများကြီးထွက်လာတာပေါ့နော်။ အဲ့တော့ အခုက နောက်ထပ် ၇ ရက် သက်တမ်းထပ်တိုးပေးမယ်ဆိုတော့လည်း လာမယ့်နောက်ထပ် ၇ရက်သက်တမ်းအတွင်းမှာ ဘယ်လိုမျိုး အမှားအယွင်းတွေ ကင်းကင်းနဲ့ လုပ်လာနိုင်မလဲဆိုတာကလည်း စိတ်ဝင်စားဖို့ကောင်းတယ်။ အရေးအကြီးဆုံးကတော့ အရင်တုန်းက မှန်ခဲ့တဲ့ဟာတွေကို ထပ်မမှားပစ်လိုက်ဖို့ကတော့ အရေးကြီးတယ် အခုမှားနေတာတွေကို ထပ်ပြီးပြင်ဆင်ဖို့တော့ အရေးကြီးဆုံးလို့ထင်ပါတယ်။"

ရွေးကောက်ပွဲအတွက် ပြင်ဆင်နေကြချိန်မှာပဲ မြန်မာနိုင်ငံမှာ ကမ္ဘာ့ကပ်ရောဂါ ကိုဗစ် ၁၉ ကူးစက်နေဆဲမို့ နိုင်ငံသူနိုင်ငံသားတွေ ရောဂါပိုး ကူးစက်ခံရခြင်းမရှိအောင် လူစုလူဝေးနဲ့ မဲစာရင်းကြည့်ရှု့ချိန် သတ်မှတ် အကွာအဝေးကနေ စောင့်ဆိုင်းကြည့်ရှု့ဖို့၊ မဲစာရင်းကြည့်တဲ့အချိန်Mask နှာခေါင်းစီး မဖြစ်မနေတပ်ဆင်ထားဖို့ လူအုပ်စုကြား နှာခြေချောင်းဆိုးချိန် အကာကွယ်လုပ်ဖို့ အပါအဝင် ကိုယ်အပူချိန်ရှိချိန် နာမကျမ်းဖြစ်နေချိန် လူကိုယ်တိုင်မစစ်ဆေးသင့်ကြောင်း စတဲ့ ကိုဗစ် ၁၉ ရောဂါကူးစက်မှုတွေ ကြိုတင်ကာကွယ်နိုင်ရေးပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နဲ့ ကျန်းမာရေးဝန်ကြီးဌာနတို့ ပူးပေါင်းပညာပေးနေပါတယ်။

လတ်တလောမှာတော့ သြဂုတ်လ ၁၄ ရက်နေ့အထိ မဲဆန္ဒရှင်တွေအနေနဲ့ မဲစာရင်းသွားကြည့်နိုင်ကြပြီး အမှားအယွင်းနဲ့ မပြည့်စုံတာတွေ ပါတယ်ဆိုရင် ပြင်ဆင်ဖို့အတွက် ဖြည့်စွက်ရမယ့် ဖောင်ပုံစံတွေကို ရပ်ကွက်ကျေးရွာ ရွေးကောက်ပွဲကော်မရှင်ရုံးတွေမှာ အခမဲ့ရယူနိုင်ပါတယ်။ ဖြည့်စွက်တင်သွင်းမှုတွေကို စိစစ်ပြီးရင်တော့ နောက်ထပ်တကြိမ် မဲဆန္ဒရှင်စာရင်းတွေကို လာမယ့် အောက်တိုဘာလ နောက်ဆုံးအကြိမ်အဖြစ် ထပ်မံကြေညာဖို့ရှိပါတယ်ရှင်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG