သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ႏိုဝင္ဘာေရြးေကာက္ပြဲမွာ ႐ိုဟင္ဂ်ာကိုယ္စားလွယ္ေလာင္းေတြ ဝင္ၿပိဳင္ဖို႔ႀကိဳးစားေန


၂၀၁၅ ခုနွစ္ ေရြးေကာက္ပဲြတုန္းက ရခိုင္ျပည္နယ္ စစ္ေတြၿမိဳ႕မွာ မဲမ်ားေရတြက္ေနတဲ့ ျမင္ကြင္း။ (ႏို၀င္ဘာ ၀၈၊ ၂၀၁၅)

[Zawgyi/Unicode]

လာမယ့္ ႏိုဝင္ဘာလ ေရြးေကာက္ပြဲမွာ ႐ိုဟင္ဂ်ာ ကိုယ္စားလွယ္ေလာင္းေတြ ၀င္ေရာက္ယွဥ္ၿပိဳင္ဖုိ႔ ႀကိဳးပမ္းေနတဲ့အေၾကာင္း ေျပာျပပါမယ္။ ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ ကိုသက္ႏိုင္က သတင္းေပးပို႔ထားပါတယ္။

ရခိုင္ျပည္နယ္ ေျမာက္ပုိင္းက မူဆလင္ေတြ အမ်ားစုရွိရာ ေဒသေတြ အပါအ၀င္ ျပည္နယ္ၿမိဳ႕ေတာ္ စစ္ေတြနဲ႔ ရန္ကုန္လုိၿမိဳ႕ႀကီးေတြမွာပါ ႐ုိဟင္ဂ်ာကုိယ္စားလွယ္ေတြ ယွဥ္ၿပိဳင္ဖုိ႔ ႀကိဳးပမ္းေနၾကတာပါ။ ရခုိင္ျပည္နယ္ေျမာက္ပုိင္း ဘူးသီးေတာင္ ေမာင္ေတာနဲ႔ စစ္ေတြၿမိဳ႕နယ္ေတြမွာ ျပည္နယ္လႊတ္ေတာ္ ၂ ေနရာနဲ႔ ျပည္သူ႔လႊတ္ေတာ္ ၃ ေနရာအတြက္ ယွဥ္ၿပိဳင္မယ့္ ကုိယ္စားလွယ္ေလာင္းေတြကုိ အမည္စာရင္း တင္သြင္းထားတယ္လုိ႔လည္း ေမာင္ေတာခ႐ုိင္ ျပည္သူ႔လႊတ္ေတာ္ ကုိယ္စားလွယ္ေလာင္းအျဖစ္ ယွဥ္ၿပိဳင္မယ့္ ဒီမိုကေရစီနဲ႔ လူ႔အခြင့္ေရးပါတီ ဥကၠ႒ ဦးေက်ာ္မင္းက ေျပာပါတယ္။

"က်ေနာ္တို႔ ျပည္နယ္လႊတ္ေတာ္မွာ ႏွစ္ ေယာက္ ဒီရခိုင္ျပည္နယ္မွာေနာ္။ ျပည္သူ႔လႊတ္ေတာ္မွာ ေမာင္ေတာ တစ္ေယာက္၊ ဘူးသီးေတာင္တစ္ေယာက္၊ စစ္ေတြတစ္ေယာက္ ရန္ကုန္ဘက္မွာေတာ့ ေလးေယာက္ရွိ္မယ္။ အမ်ာစုကေတာ့ ဒီတိုင္းအဆင့္မွာပဲ ၿပိဳင္မယ္။ က်ေနာ္က ဒီဘက္ေရာက္ေနေတာ့ ဘယ္ႏွစ္ေယာက္ရထားလဲ မသိဘူး။ အနည္းဆံုးေတာ့ သံုးေယာက္ျဖစ္မယ္။ ရခိုင္မွာ မ်ားမ်ားမဲျပိဳင္တာက ေၾကာက္စိတ္ေတြ ဝင္ၿပီးေတာ့ ႏိုင္ငံေရး ေလာကထဲ ဝင္ခ်င္တဲ့သူ နည္းေနတယ္။"

ဒီမိုကေရစီနဲ႔ လူ႔အခြင့္အေရးပါတီကုိ ၂၀၁၂ ခုနွစ္မွာ ဖြဲ႔စည္းတည္ေထာင္ခဲ့တာျဖစ္ၿပီး ၂၀၁၅ ေရြးေကာက္ပြဲမွာ ကိုယ္စားလွယ္ေလာင္းအမည္ တင္သြင္းခဲ့ဖူးေပမယ့္ ျပည္ေထာင္စုေရြးေကာက္ပြဲ ေကာ္မရွင္က ခြင့္မျပဳခဲ့ပါဘူး။ ဒီတႀကိမ္ေရြးေကာက္ပဲြမွာလည္း ကုိယ္စားလွယ္ေလာင္း အမည္စာရင္းတင္သြင္းထားေပမဲ့ ခြင့္ျပဳ-မျပဳဆုိတာ မသိရေသးပါဘူး။

ေရြးေကာက္ပဲြမွာ ယွဥ္ၿပိဳင္ခြင့္ရဖုိ႔ မေရမရာ အေျခအေနနဲ႔ ႀကံဳေနရသလုိ မၾကာေသးခင္ႏွစ္ေတြတုန္းက ဘာသာေရး၊ လူမ်ဳိးေရး ကဲြျပားမႈေတြကုိ အေျခခံတဲ့ ပဋိပကၡေတြႀကံဳခဲ့ရသလုိ လတ္တေလာမွာလည္း စစ္ေရးတင္းမာမႈေတြ ႀကီးထြားေနတဲ့ ရခုိင္ျပည္နယ္ ေျမာက္ပုိင္းမွာ ေရြးေကာက္ပဲြအတြက္ စိန္ေခၚမႈေတြ ရွိေနတယ္လုိ႔လည္း ဦးေက်ာ္မင္းကေျပာပါ တယ္။

"က်ေနာ္တို႔မွာ ေဒသတည္ၿငိမ္မႈ မရွိဘူးေလ အဖြဲ႔အစည္းေတြ အမ်ားႀကီး လုပ္ရွားေနတာဆိုေတာ့ေလ အဲဒီလိုၾကားမွာ က်ေနာ္တို႔ ဘယ္လမ္းေၾကာင္းအတိုင္း သြားမယ္ဆိုတာ ေျပာရခက္တယ္။ ေျပာရမယ္ဆိုရင္ နယ္ကိုသြားၿပီး စည္းရံုးေရး လုပ္မယ္ဆိုရင္ ဘယ္လိုလာမယ္ဆိုတာ ေျပာလို႔မရဘူးေလ။ အဲတာကို စိုးရိမ္တယ္။"

ေရြးေကာက္ပဲြအတြက္ စိန္ေခၚမႈေတြ ရွိေနေပမဲ့ ႐ုိဟင္ဂ်ာေတြ အမ်ားအျပားေနထုိင္ၾကတဲ့ ရခုိင္ျပည္နယ္ ေျမာက္ပုိင္းမွာ ေထာက္ခံမႈေတြ အားေကာင္းႏုိင္တယ္လုိ႔လည္း အကဲခတ္ေတြက ခန္႔မွန္းၾကပါတယ္။ ဒါေပမဲ့လည္း ႐ုိဟင္ဂ်ာမူဆလင္ေတြအေနနဲ႔ ႏုိင္ငံသားျဖစ္ခြင့္ရေရး ကန္႔သတ္ခ်က္ေတြ ရွိေနတာေၾကာင့္ မဲေပးခြင့္ရႏုိင္မယ့္သူ အေရအတြက္အေပၚမွာလည္း မူတည္ႏုိင္တယ္လုိ႔ ရခိုင္ျပည္နယ္ေရြးေကာက္ပြဲ ေလ့လာေစာင့္ၾကည့္ေရးအဖြဲ႔ ေျပာခြင့္ရ ဦးခိုင္ေကာင္းစံက ေျပာပါတယ္။

"အဲတာကေတာ့ က်ေနာ္တို႔ နည္းနည္း ေျပာရခက္တာေပါ့။ ဘာေၾကာင့္လဲဆိုေတာ့ သူတို႔ရဲ႕ ဒီႏိုင္ငံသား ကဒ္ပိုင္ဆိုင္မႈက ဘယ္ေလာက္ထိရွိတယ္ဆိုတာက နည္းနည္းေတာ့ ခက္တာေပါ့ေနာ္။ ဘူးသီးေတာင္နဲ႔ ေမာင္ေတာဘက္ေတြမွာေတာ့ ႏိုင္ငံသားကဒ္ရွိတဲ့ သူေတြမ်ားတယ္လို႔ သိရတဲ့အတြက္ အဲဘက္ေတြမွာ အႏိုင္ရႏိုင္တယ္လို႔ ျမင္တာေပါ့။"

ၿပီးခဲ့တဲ့ ၂၀၁၅ ေရြးေကာက္ပဲြမွာ ယွဥ္ၿပိဳင္ခဲ့တဲ့ ကုိယ္စားလွယ္ေလာင္းေတြထဲမွာ မူဆလင္ကုိယ္စားလွယ္ေတြ မပါခဲ့တဲ့ အာဏာရ အမ်ဳိးသားဒီမုိကေရစီအဖဲြ႔ခ်ဳပ္ (NLD) ပါတီဟာလည္း ဒီႏွစ္မွာေတာ့ မူဆလင္ကုိယ္စားလွယ္ ႏွစ္ ေယာက္ ပါ၀င္လာခဲ့ပါတယ္။ ဒီမိုကေရစီနဲ႔ လူ႔အခြင့္ေရးပါတီ အတြင္းေရးမွဴး ဦးေက်ာ္စိုးေအာင္ကေတာ့ ႏုိင္ငံေရးမွာ မတူကဲြျပားတဲ့သူေတြ ပုိမုိပါ၀င္ခြင့္ရမယ္ဆုိရင္ လူ႔အခြင့္အေရး ျပႆနာေတြကုိ တဘက္တလမ္းက ေျဖရွင္းႏုိင္လိမ့္မယ္လုိ႔ ေျပာပါတယ္။

"က်ေနာ္တို႔ကေတာ့ အဓိက ျမန္မာႏိုင္ငံမွာက လူ႔အခြင့္အေရးေတြ ေတာ္ေတ္ာဆံုးရံႈးေနတာေတြရွိတယ္။ ဖိႏိွပ္ခံေတြမ်ားေနတယ္။ လူနည္းစုအခြင့္အေရးေတြ ဆံုးရံႈးေနတာေတြရွိတယ္။ တကယ္လို႔မ်ား က်ေနာ္တို႔ ပါတီက လႊတ္ေတာ္ကိုယ္စားလွယ္ေတြ ေရြးခ်ယ္ခံလိုက္ရမယ္ဆိုရင္ အဲဒီဆံုးရံႈးေနတာေတြကို အေကာင္ အထည္ေဖာ္ေဆာင္ရြက္ေပးႏိုင္မယ္ လႊတ္ေတာ္နဲ႔လည္း ညိွႏိုင္ၿပီးေတာ့ ေဆာင္ရြက္သြားမယ္လို႔ မူ၀ါဒ ခ်မွတ္ထားတယ္။"

ရခုိင္ျပည္နယ္ ေျမာက္ပုိင္းေဒသမွာ ၂၀၁၇ ခုႏွစ္တုန္းက လုံၿခံဳေရးကင္းစခန္းေတြကုိ စီးနင္းတုိက္ခုိက္ခဲ့တဲ့ ARSA ႐ုိဟင္ဂ်ာ အစြန္းေရာက္အုပ္စုကုိ လုိက္လံရွင္းလင္းရာမွာ ျမန္မာလုံၿခံဳေရး တပ္ဖဲြ႔ေတြက ႀကီးေလးတဲ့ လူ႔အခြင့္အေရး ခ်ဳိးေဖာက္မႈေတြ က်ဳးလြန္ခဲ့ေၾကာင္း ကုလသမဂၢနဲ႔ ႏုိင္ငံတကာ အသုိင္းအ၀န္းက စြပ္စဲြထားၿပီး၊ လူနည္းစုေတြကုိ ဖိႏွိပ္မႈေတြ အဆုံးသတ္ဖုိ႔ ႏုိင္ငံသားအခြင့္အေရးေတြ ေပးဖုိ႔လည္း တုိက္တြန္းေနၾကတာပါ။ ႐ုိဟင္ဂ်ာဆုိတဲ့ အသုံးအႏႈန္းကုိ တရား၀င္ အသိအမွတ္မျပဳတဲ့ ျမန္မာအစုိးရနဲ႔ တပ္မေတာ္ဘက္ကေတာ့ ႏုိင္ငံတကာနဲ႔ လူ႔အခြင့္အေရး အဖဲြ႔ေတြက စြပ္စဲြေနသေလာက္ လူ႔အခြင့္အေရး ခ်ဳိးေဖာက္မႈေတြ က်ဳးလြန္ခဲ့တာ မရွိေၾကာင္းနဲ႔ အေျခခံအခြင့္အေရးေတြကုိလည္း ဥပေဒနဲ႔အညီ ခံစားခြင့္ျပဳထားေၾကာင္း ေျပာဆုိထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

နိုဝင်ဘာရွေးကောက်ပွဲမှာ ရိုဟင်ဂျာကိုယ်စားလှယ်လောင်းတွေ ဝင်ပြိုင်ဖို့ကြိုးစားနေ

လာမယ့် နိုဝင်ဘာလ ရွေးကောက်ပွဲမှာ ရိုဟင်ဂျာ ကိုယ်စားလှယ်လောင်းတွေ ဝင်ရောက်ယှဉ်ပြိုင်ဖို့ ကြိုးပမ်းနေတဲ့အကြောင်း ပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုသက်နိုင်က သတင်းပေးပို့ထားပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းက မူဆလင်တွေ အများစုရှိရာ ဒေသတွေ အပါအဝင် ပြည်နယ်မြို့တော် စစ်တွေနဲ့ ရန်ကုန်လိုမြို့ကြီးတွေမှာပါ ရိုဟင်ဂျာကိုယ်စားလှယ်တွေ ယှဉ်ပြိုင်ဖို့ ကြိုးပမ်းနေကြတာပါ။ ရခိုင်ပြည်နယ်မြောက်ပိုင်း ဘူးသီးတောင် မောင်တောနဲ့ စစ်တွေမြို့နယ်တွေမှာ ပြည်နယ်လွှတ်တော် ၂ နေရာနဲ့ ပြည်သူ့လွှတ်တော် ၃ နေရာအတွက် ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းတွေကို အမည်စာရင်း တင်သွင်းထားတယ်လို့လည်း မောင်တောခရိုင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ယှဉ်ပြိုင်မယ့် ဒီမိုကရေစီနဲ့ လူ့အခွင့်ရေးပါတီ ဥက္ကဋ္ဌ ဦးကျော်မင်းက ပြောပါတယ်။

"ကျနော်တို့ ပြည်နယ်လွှတ်တော်မှာ နှစ် ယောက် ဒီရခိုင်ပြည်နယ်မှာနော်။ ပြည်သူ့လွှတ်တော်မှာ မောင်တော တစ်ယောက်၊ ဘူးသီးတောင်တစ်ယောက်၊ စစ်တွေတစ်ယောက် ရန်ကုန်ဘက်မှာတော့ လေးယောက်ရှိမယ်။ အမျာစုကတော့ ဒီတိုင်းအဆင့်မှာပဲ ပြိုင်မယ်။ ကျနော်က ဒီဘက်ရောက်နေတော့ ဘယ်နှစ်ယောက်ရထားလဲ မသိဘူး။ အနည်းဆုံးတော့ သုံးယောက်ဖြစ်မယ်။ ရခိုင်မှာ များများမဲပြိုင်တာက ကြောက်စိတ်တွေ ဝင်ပြီးတော့ နိုင်ငံရေး လောကထဲ ဝင်ချင်တဲ့သူ နည်းနေတယ်။"

ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးပါတီကို ၂၀၁၂ ခုနှစ်မှာ ဖွဲ့စည်းတည်ထောင်ခဲ့တာဖြစ်ပြီး ၂၀၁၅ ရွေးကောက်ပွဲမှာ ကိုယ်စားလှယ်လောင်းအမည် တင်သွင်းခဲ့ဖူးပေမယ့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ခွင့်မပြုခဲ့ပါဘူး။ ဒီတကြိမ်ရွေးကောက်ပွဲမှာလည်း ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းထားပေမဲ့ ခွင့်ပြု-မပြုဆိုတာ မသိရသေးပါဘူး။

ရွေးကောက်ပွဲမှာ ယှဉ်ပြိုင်ခွင့်ရဖို့ မရေမရာ အခြေအနေနဲ့ ကြုံနေရသလို မကြာသေးခင်နှစ်တွေတုန်းက ဘာသာရေး၊ လူမျိုးရေး ကွဲပြားမှုတွေကို အခြေခံတဲ့ ပဋိပက္ခတွေကြုံခဲ့ရသလို လတ်တလောမှာလည်း စစ်ရေးတင်းမာမှုတွေ ကြီးထွားနေတဲ့ ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ ရွေးကောက်ပွဲအတွက် စိန်ခေါ်မှုတွေ ရှိနေတယ်လို့လည်း ဦးကျော်မင်းကပြောပါ တယ်။

"ကျနော်တို့မှာ ဒေသတည်ငြိမ်မှု မရှိဘူးလေ အဖွဲ့အစည်းတွေ အများကြီး လုပ်ရှားနေတာဆိုတော့လေ အဲဒီလိုကြားမှာ ကျနော်တို့ ဘယ်လမ်းကြောင်းအတိုင်း သွားမယ်ဆိုတာ ပြောရခက်တယ်။ ပြောရမယ်ဆိုရင် နယ်ကိုသွားပြီး စည်းရုံးရေး လုပ်မယ်ဆိုရင် ဘယ်လိုလာမယ်ဆိုတာ ပြောလို့မရဘူးလေ။အဲတာကို စိုးရိမ်တယ်။"

ရွေးကောက်ပွဲအတွက် စိန်ခေါ်မှုတွေ ရှိနေပေမဲ့ ရိုဟင်ဂျာတွေ အများအပြားနေထိုင်ကြတဲ့ ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ ထောက်ခံမှုတွေ အားကောင်းနိုင်တယ်လို့လည်း အကဲခတ်တွေက ခန့်မှန်းကြပါတယ်။ ဒါပေမဲ့လည်း ရိုဟင်ဂျာမူဆလင်တွေအနေနဲ့ နိုင်ငံသားဖြစ်ခွင့်ရရေး ကန့်သတ်ချက်တွေ ရှိနေတာကြောင့် မဲပေးခွင့်ရနိုင်မယ့်သူ အရေအတွက်အပေါ်မှာလည်း မူတည်နိုင်တယ်လို့ ရခိုင်ပြည်နယ်ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ရေးအဖွဲ့ ပြောခွင့်ရ ဦးခိုင်ကောင်းစံက ပြောပါတယ်။

"အဲတာကတော့ ကျနော်တို့ နည်းနည်း ပြောရခက်တာပေါ့။ ဘာကြောင့်လဲဆိုတော့ သူတို့ရဲ့ ဒီနိုင်ငံသား ကဒ်ပိုင်ဆိုင်မှုက ဘယ်လောက်ထိရှိတယ်ဆိုတာက နည်းနည်းတော့ ခက်တာပေါ့နော်။ ဘူးသီးတောင်နဲ့ မောင်တောဘက်တွေမှာတော့ နိုင်ငံသားကဒ်ရှိတဲ့ သူတွေများတယ်လို့ သိရတဲ့အတွက် အဲဘက်တွေမှာ အနိုင်ရနိုင်တယ်လို့ မြင်တာပေါ့။"

ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာ ယှဉ်ပြိုင်ခဲ့တဲ့ ကိုယ်စားလှယ်လောင်းတွေထဲမှာ မူဆလင်ကိုယ်စားလှယ်တွေ မပါခဲ့တဲ့ အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဟာလည်း ဒီနှစ်မှာတော့ မူဆလင်ကိုယ်စားလှယ် နှစ် ယောက် ပါဝင်လာခဲ့ပါတယ်။ ဒီမိုကရေစီနဲ့ လူ့အခွင့်ရေးပါတီ အတွင်းရေးမှူး ဦးကျော်စိုးအောင်ကတော့ နိုင်ငံရေးမှာ မတူကွဲပြားတဲ့သူတွေ ပိုမိုပါဝင်ခွင့်ရမယ်ဆိုရင် လူ့အခွင့်အရေး ပြဿနာတွေကို တဘက်တလမ်းက ဖြေရှင်းနိုင်လိမ့်မယ်လို့ ပြောပါတယ်။

"ကျနော်တို့ကတော့ အဓိက မြန်မာနိုင်ငံမှာက လူ့အခွင့်အရေးတွေ တော်တေ်ာဆုံးရှုံးနေတာတွေရှိတယ်။ ဖိနှိပ်ခံတွေများနေတယ်။ လူနည်းစုအခွင့်အရေးတွေ ဆုံးရှုံးနေတာတွေရှိတယ်။ တကယ်လို့များ ကျနော်တို့ ပါတီက လွှတ်တော်ကိုယ်စားလှယ်တွေ ရွေးချယ်ခံလိုက်ရမယ်ဆိုရင် အဲဒီဆုံးရှုံးနေတာတွေကို အကောင် အထည်ဖော်ဆောင်ရွက်ပေးနိုင်မယ် လွှတ်တော်နဲ့လည်း ညှိနိုင်ပြီးတော့ ဆောင်ရွက်သွားမယ်လို့ မူဝါဒ ချမှတ်ထားတယ်။"

ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသမှာ ၂၀၁၇ ခုနှစ်တုန်းက လုံခြုံရေးကင်းစခန်းတွေကို စီးနင်းတိုက်ခိုက်ခဲ့တဲ့ ARSA ရိုဟင်ဂျာ အစွန်းရောက်အုပ်စုကို လိုက်လံရှင်းလင်းရာမှာ မြန်မာလုံခြုံရေး တပ်ဖွဲ့တွေက ကြီးလေးတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျုးလွန်ခဲ့ကြောင်း ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အသိုင်းအဝန်းက စွပ်စွဲထားပြီး၊ လူနည်းစုတွေကို ဖိနှိပ်မှုတွေ အဆုံးသတ်ဖို့ နိုင်ငံသားအခွင့်အရေးတွေ ပေးဖို့လည်း တိုက်တွန်းနေကြတာပါ။ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို တရားဝင် အသိအမှတ်မပြုတဲ့ မြန်မာအစိုးရနဲ့ တပ်မတော်ဘက်ကတော့ နိုင်ငံတကာနဲ့ လူ့အခွင့်အရေး အဖွဲ့တွေက စွပ်စွဲနေသလောက် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျုးလွန်ခဲ့တာ မရှိကြောင်းနဲ့ အခြေခံအခွင့်အရေးတွေကိုလည်း ဥပဒေနဲ့အညီ ခံစားခွင့်ပြုထားကြောင်း ပြောဆိုထားပါတယ်။

XS
SM
MD
LG