သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ႏုိ၀င္ဘာေရြးေကာက္ပြဲမွာ အမ်ဳိးသမီးကုိယ္စားလွယ္ တုိးလာဖြယ္ရွိ


အမ်ိဳးသမီးလႊတ္ေတာ္ကိုယ္စားလွယ္မ်ား(ဓါတ္ပံု -မတ္လ ၁၀ ရက္ေန႔ ၂၀၂၀ )

(Zawgyi/Unicode)

ႏိုဝင္ဘာလ က်င္းပမယ့္ ေ႐ြးေကာက္ပြဲမွာ အမ်ိဳးသမီးကိုယ္စားလွယ္ေတြယွဥ္ၿပိဳင္မႈေတြ တိုးလာမယ္လို႔ ခန႔္မွန္းေနသလို အမ်ိဳးသမီးေတြ ႏိုင္ငံေရးမွာ ပိုမိုပါဝင္ခြင့္ရေရးႀကိဳးပမ္းေနၾကတဲ့အေၾကာင္း တင္ျပခ်င္ပါတယ္။ ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ မေမခ က ရန္ကုန္ကေန သတင္းေပးပို႔ထားပါတယ္။

လာမယ့္ ၂၀၂၀ ျပည့္ ေ႐ြးေကာက္ပြဲမွာ အမ်ိဳးသမီးေတြ ကိုယ္စားျပဳမႈေတြပိုရလာဖို႔ အမ်ိဳးသမီးကိုယ္စားလွယ္ေလာင္းေတြ ေမွ်ာ္လင့္ေနၾကေပမဲ့ စိန္ေခၚမႈေတြလည္းရွိေနပါတယ္။ အာဏာရ အမ်ိဳးသား ဒီမိုကေရစီအဖြဲ႕ခ်ဳပ္ (NLD) ပါတီကေတာ့ ဒီႏွစ္ေ႐ြးေကာက္ပြဲမွာ အမ်ိဳးသမီးကိုယ္စားလွယ္ေလာင္းအေရအတြက္ အရင္ႏွစ္ထက္ ပိုတိုးလာၿပီး ၂၀ ရာခိုင္ႏႈန္းေလာက္ ရွိတယ္လို႔လည္း ပါတီျပန္ၾကားေရးျပန္ၾကားေရး တာဝန္ခံ ေဒါက္တာေဇာ္ျမင့္ေမာင္က ေျပာဆိုထားပါတယ္။ ဒီႏွစ္ေ႐ြးေကာက္ပြဲမွာ ေနာက္တႀကိမ္ ယွဥ္ၿပိဳင္မယ့္ NLD ပါတီ အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ ေဒၚေ႐ႊေ႐ႊစိန္လတ္ ကေတာ့ အမ်ိဳးသမီးေတြ ႏိုင္ငံေရးမွာ ပိုမိုပါဝင္ခြင့္ရဖို႔ အေရးႀကီးတယ္လို႔ ေျပာပါတယ္။

“ဘယ္လိုဟာဘဲျဖစ္ျဖစ္ အမ်ိဳးသားနဲ႔ အမ်ိဳးသမီးနဲ႔ျဖစ္ျဖစ္ၾကည့္တဲ့ရႈေထာင့္ကမတူဘူး။ အဲဒါေၾကာင့္ ပိုၿပီးေတာ့ ျပည့္စုံတဲ့ ကိုယ္စားျပဳမႈေတြရတယ္။အမ်ိဳးသမီးပါဝင္မႈ မ်ားၿပီး ပိုပါဝင္လာတဲ့ အားျဖင့္ေပါ့။ က်မတို႔ျမန္မာႏိုင္ငံမွာဆိုပိုၿပီးလိုအပ္တယ္။ က်မေတြးမိတာက ေခတ္အဆက္ဆက္ အမ်ိဳးသားေတြ အုပ္ခ်ဳပ္တာမ်ားလာလို႔ ၿငိမ္းခ်မ္းေရးရဖို႔ေတြ ပိုၿပီးေတာ့မွ မွ်တတဲ့ ဥပေဒေတြ ေနာက္ အားလံုးပူးေပါင္းပါ၀င္မႈေတြ အားနည္းခဲ့သလားလို႔ က်မျမင္တာေပါ့ေနာ္။ ပိုၿပီးေတာ့မွ မွ်တတဲ့ environment တခု ျဖစ္ဖို႔အတြက္အမ်ိဳးသမီးေတြပါဝင္မႈက အေရးႀကီးတယ္လို႔ က်မေျပာခ်င္တာေပါ့ေနာ္။”

ဒါေပမဲ့လည္း အမ်ိဳးသားေတြ အမ်ားစုရွိေနတဲ့ ႏိုင္ငံေရး ေလာကမွာအမ်ိဳးသမီးေတြ ပါဝင္ခြင့္ရေရး စိန္ေခၚမႈေတြ ရွိေနဆဲျဖစ္တယ္လို႔လည္း အမ်ိဳးသမီး ကိုယ္စားလွယ္ေလာင္းေတြကေျပာပါတယ္။ လာမယ့္ေ႐ြးေကာက္ပြဲမွာ တနသၤာရီတိုင္း အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ေနရာအတြက္ တသီးပုဂၢလအေနနဲ႔ ေ႐ြးခ်ယ္ခံမယ့္ ေဒါက္တာညိဳညိဳသင္း ကေတာ့ ၂၀၁၅ ခုႏွစ္မွာတုန္းက လႊတ္ေတာ္ကိုယ္စားလွယ္အျဖစ္ ယွဥ္ၿပိဳင္ခဲ့ခ်ိန္မွာ စိန္ေခၚမႈေတြ ကိုယ္တိုင္ႀကဳံခဲ့ရဖူးတယ္လို႔ေျပာိပါတယ္။

“ ပြင့္ပြင့္လင္းလင္းေျပာရရင္ အမ်ိဳးသမီး ကိုယ္စားလွယ္ေလာင္းေတြက အမ်ိဳးသားကိုယ္စားလွယ္ေတြထက္ ပိုုၿပီးေတာ့ စိန္ေခၚမႈေတြ အမ်ားႀကီးႀကဳံရတယ္။ အထူးသျဖင့္ ေ႐ြးေကာက္ပြဲမဲဆြယ္တဲ့ကာလေတြမွာ ဆိုရင္ အမ်ိဳးသမီးကိုယ္စားလွယ္ေတြကို ရည္႐ြယ္ခ်က္ရွိရွိ တိုက္ခိုက္တာေတြ၊ အုပ္စုဖြဲ႕ တိုက္ခိုက္တာေတြ ရွိတယ္။ အမ်ိဳးသမီးကိုယ္စားလွယ္ ေတြ ဆိုင္းဘုတ္ေတြ ဖ်က္ဆီးတာေတြ ႀကဳံရတယ္ ၂၀၁၅ မွာ ကိုယ္တိုင္ႀကဳံခဲ့ရတယ္။ မဟုတ္မမွန္စြပ္စြဲေျပာဆို ေရးသားတိုက္ခိုက္တာေတြရွိတယ္။ အဲေတာ့ အမ်ိဳးသမီးကိုယ္စားလွယ္ေလာင္းေတြကို တိုက္ခိုက္တာေတြဟာ အမ်ိဳးသား ကိုယ္စားလွယ္ေလာင္းေတြႀကံဳေတြ႔ရတာထက္ ပိုႀကီးမားတယ္။”

အဓိက တိုင္းရင္းသား ႏိုင္ငံေရးပါတီတခုျဖစ္တဲ့ ရွမ္းတိုင္းရင္းသားမ်ားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ (SNLD) ဟာလည္း အမ်ိဳးသမီး ကိုယ္စားလွယ္ေလာင္းေတြ ေ႐ြးေကာက္ပြဲမွာ ပိုမိုပါဝင္ယွဥ္ၿပိဳင္ႏိုင္မယ္လို႔ ေမွ်ာ္လင့္ထားေၾကာင္း အေထြေထြအတြင္းေရးမႉး ဦးစိုင္းလိတ္ကေျပာပါတယ္။

တိုင္းရင္းသားပါတီတခုျဖစ္တဲ့ မြန္ညီၫြတ္ေရးပါတီကလည္း ေ႐ြးေကာက္ပြဲမွာ ယွဥ္ၿပိဳင္မယ့္ကိုယ္စားလွယ္ေလာင္းေတြထဲမွာ လူငယ္နဲ႔ အမ်ိဳးသမီး ၃၀ ရာခိုင္ႏႈန္းေက်ာ္ ပါဝင္မယ္လို႔ခန႔္မွန္းထားပါတယ္။

ျမန္မာႏိုင္ငံမွာ အမ်ိဳးသမီးပါတီတခု အေနနဲ႔ သီးျခားရပ္တည္ေနတဲ့မြန္အမ်ိဳးသမီးပါတီ ဥကၠ႒ မိသန္းရွင္ကေတာ့ ႏိုင္ငံေရး ျပဳျပင္ေျပာင္းလဲမႈေတြမွာအမ်ိဳးသမီးေတြ ပိုမိုပါဝင္ခြင့္ရဖို႔ ေမွ်ာ္လင့္တယ္လို႔ ေျပာပါတယ္။

“ က်မတို႔ႏိုင္ငံမွာ အဓိက ၂ ခ်က္က်မတို႔ျမင္တယ္၊ မျပင္လို႔ကို မရတဲ့ အခ်က္ ၂ ခ်က္ရွိတယ္။ ၿငိမ္းခ်မ္းေရးနဲ႔ စား၀တ္ေနေရးေပါ့ အဲဒီ ၂ ခုကိုေတာ့ က်မတို႔ ရေအာင္ေျဖရွင္းသြားမယ္လို႔ ခံယူထားပါတယ္။ႀကိဳးစားသြားမယ္လို႔ လက္စြဲထားပါတယ္။”

ျမန္မာႏိုင္ငံမွာ ဆယ္စုႏွစ္နဲ႔ခ်ီ စစ္တပ္ရဲ႕ အုပ္ခ်ဳပ္မႈေတြအဆုံးသတ္ခဲ့ၿပီးေနာက္ ပထမဆုံးအႀကိမ္ က်င္းပတဲ့၂၀၁၀ ျပည့္ ေ႐ြးေကာက္ပြဲမွာေတာ့ အမ်ိဳးသမီးပါဝင္မႈဟာ၄ ရာခိုင္ႏႈန္းေလာက္သာ ရွိခဲ့ၿပီး ၂၀၁၅ ခုႏွစ္ ေ႐ြးေကာက္ပြဲ ရလဒ္အရ လႊတ္ေတာ္ထဲမွာအမ်ိဳးသမီးလႊတ္ေတာ္ကိုယ္စားလွယ္ အေယာက္ ၇၀ ရွိခဲ့သလို ပါဝင္မႈ ရာခိုင္ႏႈန္းကလည္း ၁၃ ရာခိုင္ႏႈန္းေလာက္ ရွိခဲ့ပါတယ္။ ဒါေပမဲ့လည္း ခ်င္း၊ ကယားနဲ႔ ရခိုင္ျပည္နယ္ လႊတ္ေတာ္ေတြမွာအမ်ိဳးသမီးကိုယ္စားလွယ္ မရွိတာလည္း ေတြ႕ခဲ့ရပါတယ္။

၂၀၁၀ ခုႏွစ္ ေ႐ြးေကာက္ပြဲအၿပီး သမၼတဦးသိန္းစိန္လက္ထက္မွာ ျပည္ေထာင္စု ဝန္ႀကီး ၃၃ ေယာက္မွာ အမ်ိဳးသမီး ၂ ဦးသာ ပါဝင္ခဲ့ၿပီး၊ အဓိက အဆုံးအျဖတ္ေပးႏိုင္တဲ့ေနရာမွာ မရွိခဲ့သလို NLD ပါတီကဦးေဆာင္တဲ့ လက္ရွိအစိုးရ လက္ထက္မွာလည္း အစိုးရအဖြဲ႕ဝင္ေတြထဲမွာ အမ်ိဳးသမီးဆိုလို႔ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ တဦးသာ ရွိပါတယ္။

တိုက္႐ိုက္ လင့္ခ္


...........

နိုဝင်ဘာရွေးကောက်ပွဲမှာ အမျိုးသမီးကိုယ်စားလှယ် တိုးလာဖွယ်ရှိ

(Unicode)

နိုဝင်ဘာလ ကျင်းပမယ့် ရွေးကောက်ပွဲမှာ အမျိုးသမီးကိုယ်စားလှယ်တွေယှဉ်ပြိုင်မှုတွေ တိုးလာမယ်လို့ ခန့်မှန်းနေသလို အမျိုးသမီးတွေ နိုင်ငံရေးမှာ ပိုမိုပါဝင်ခွင့်ရရေးကြိုးပမ်းနေကြတဲ့အကြောင်း တင်ပြချင်ပါတယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မမေခ က ရန်ကုန်ကနေ သတင်းပေးပို့ထားပါတယ်။

လာမယ့် ၂၀၂၀ ပြည့် ရွေးကောက်ပွဲမှာ အမျိုးသမီးတွေ ကိုယ်စားပြုမှုတွေပိုရလာဖို့ အမျိုးသမီးကိုယ်စားလှယ်လောင်းတွေ မျှော်လင့်နေကြပေမဲ့ စိန်ခေါ်မှုတွေလည်းရှိနေပါတယ်။ အာဏာရ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီကတော့ ဒီနှစ်ရွေးကောက်ပွဲမှာ အမျိုးသမီးကိုယ်စားလှယ်လောင်းအရေအတွက် အရင်နှစ်ထက် ပိုတိုးလာပြီး ၂၀ ရာခိုင်နှုန်းလောက် ရှိတယ်လို့လည်း ပါတီပြန်ကြားရေးပြန်ကြားရေး တာဝန်ခံ ဒေါက်တာဇော်မြင့်မောင်က ပြောဆိုထားပါတယ်။ဒီနှစ်ရွေးကောက်ပွဲမှာ နောက်တကြိမ် ယှဉ်ပြိုင်မယ့် NLD ပါတီ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ရွှေရွှေစိန်လတ် ကတော့ အမျိုးသမီးတွေ နိုင်ငံရေးမှာ ပိုမိုပါဝင်ခွင့်ရဖို့ အရေးကြီးတယ်လို့ ပြောပါတယ်။

“ဘယ်လိုဟာဘဲဖြစ်ဖြစ် အမျိုးသားနဲ့ အမျိုးသမီးနဲ့ဖြစ်ဖြစ်ကြည့်တဲ့ရှုထောင့်ကမတူဘူး။ အဲဒါကြောင့် ပိုပြီးတော့ ပြည့်စုံတဲ့ ကိုယ်စားပြုမှုတွေရတယ်။အမျိုးသမီးပါဝင်မှု များပြီး ပိုပါဝင်လာတဲ့ အားဖြင့်ပေါ့။ ကျမတို့မြန်မာနိုင်ငံမှာဆိုပိုပြီးလိုအပ်တယ်။ ကျမတွေးမိတာက ခေတ်အဆက်ဆက် အမျိုးသားတွေ အုပ်ချုပ်တာများလာလို့ ငြိမ်းချမ်းရေးရဖို့တွေ ပိုပြီးတော့မှ မျှတတဲ့ ဥပဒေတွေ နောက် အားလုံးပူးပေါင်းပါဝင်မှုတွေ အားနည်းခဲ့သလားလို့ ကျမမြင်တာပေါ့နော်။ ပိုပြီးတော့မှ မျှတတဲ့ environment တခု ဖြစ်ဖို့အတွက်အမျိုးသမီးတွေပါဝင်မှုက အရေးကြီးတယ်လို့ ကျမပြောချင်တာပေါ့နော်။”

ဒါပေမဲ့လည်း အမျိုးသားတွေ အများစုရှိနေတဲ့ နိုင်ငံရေး လောကမှာအမျိုးသမီးတွေ ပါဝင်ခွင့်ရရေး စိန်ခေါ်မှုတွေ ရှိနေဆဲဖြစ်တယ်လို့လည်း အမျိုးသမီး ကိုယ်စားလှယ်လောင်းတွေကပြောပါတယ်။ လာမယ့်ရွေးကောက်ပွဲမှာ တနင်္သာရီတိုင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ်နေရာအတွက် တသီးပုဂ္ဂလအနေနဲ့ ရွေးချယ်ခံမယ့် ဒေါက်တာညိုညိုသင်း ကတော့ ၂၀၁၅ ခုနှစ်မှာတုန်းက လွှတ်တော်ကိုယ်စားလှယ်အဖြစ် ယှဉ်ပြိုင်ခဲ့ချိန်မှာ စိန်ခေါ်မှုတွေ ကိုယ်တိုင်ကြုံခဲ့ရဖူးတယ်လို့ပြောိပါတယ်။

“ ပွင့်ပွင့်လင်းလင်းပြောရရင် အမျိုးသမီး ကိုယ်စားလှယ်လောင်းတွေက အမျိုးသားကိုယ်စားလှယ်တွေထက် ပိုပြီးတော့ စိန်ခေါ်မှုတွေ အများကြီးကြုံရတယ်။ အထူးသဖြင့် ရွေးကောက်ပွဲမဲဆွယ်တဲ့ကာလတွေမှာ ဆိုရင် အမျိုးသမီးကိုယ်စားလှယ်တွေကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်တာတွေ၊ အုပ်စုဖွဲ့ တိုက်ခိုက်တာတွေ ရှိတယ်။ အမျိုးသမီးကိုယ်စားလှယ် တွေ ဆိုင်းဘုတ်တွေ ဖျက်ဆီးတာတွေ ကြုံရတယ် ၂၀၁၅ မှာ ကိုယ်တိုင်ကြုံခဲ့ရတယ်။ မဟုတ်မမှန်စွပ်စွဲပြောဆို ရေးသားတိုက်ခိုက်တာတွေရှိတယ်။ အဲတော့ အမျိုးသမီးကိုယ်စားလှယ်လောင်းတွေကို တိုက်ခိုက်တာတွေဟာ အမျိုးသား ကိုယ်စားလှယ်လောင်းတွေကြုံတွေ့ရတာထက် ပိုကြီးမားတယ်။”

အဓိက တိုင်းရင်းသား နိုင်ငံရေးပါတီတခုဖြစ်တဲ့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ဟာလည်း အမျိုးသမီး ကိုယ်စားလှယ်လောင်းတွေ ရွေးကောက်ပွဲမှာ ပိုမိုပါဝင်ယှဉ်ပြိုင်နိုင်မယ်လို့ မျှော်လင့်ထားကြောင်း အထွေထွေအတွင်းရေးမှူး ဦးစိုင်းလိတ်ကပြောပါတယ်။

တိုင်းရင်းသားပါတီတခုဖြစ်တဲ့ မွန်ညီညွတ်ရေးပါတီကလည်း ရွေးကောက်ပွဲမှာ ယှဉ်ပြိုင်မယ့်ကိုယ်စားလှယ်လောင်းတွေထဲမှာ လူငယ်နဲ့ အမျိုးသမီး ၃၀ ရာခိုင်နှုန်းကျော် ပါဝင်မယ်လို့ခန့်မှန်းထားပါတယ်။

မြန်မာနိုင်ငံမှာ အမျိုးသမီးပါတီတခု အနေနဲ့ သီးခြားရပ်တည်နေတဲ့မွန်အမျိုးသမီးပါတီ ဥက္ကဋ္ဌ မိသန်းရှင်ကတော့ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေမှာအမျိုးသမီးတွေ ပိုမိုပါဝင်ခွင့်ရဖို့ မျှော်လင့်တယ်လို့ ပြောပါတယ်။

“ ကျမတို့နိုင်ငံမှာ အဓိက ၂ ချက်ကျမတို့မြင်တယ်၊ မပြင်လို့ကို မရတဲ့ အချက် ၂ ချက်ရှိတယ်။ ငြိမ်းချမ်းရေးနဲ့ စားဝတ်နေရေးပေါ့ အဲဒီ ၂ ခုကိုတော့ ကျမတို့ ရအောင်ဖြေရှင်းသွားမယ်လို့ ခံယူထားပါတယ်။ကြိုးစားသွားမယ်လို့ လက်စွဲထားပါတယ်။”

မြန်မာနိုင်ငံမှာ ဆယ်စုနှစ်နဲ့ချီ စစ်တပ်ရဲ့ အုပ်ချုပ်မှုတွေအဆုံးသတ်ခဲ့ပြီးနောက် ပထမဆုံးအကြိမ် ကျင်းပတဲ့၂၀၁၀ ပြည့် ရွေးကောက်ပွဲမှာတော့ အမျိုးသမီးပါဝင်မှုဟာ၄ ရာခိုင်နှုန်းလောက်သာ ရှိခဲ့ပြီး ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ ရလဒ်အရ လွှတ်တော်ထဲမှာအမျိုးသမီးလွှတ်တော်ကိုယ်စားလှယ် အယောက် ၇၀ ရှိခဲ့သလို ပါဝင်မှု ရာခိုင်နှုန်းကလည်း ၁၃ ရာခိုင်နှုန်းလောက် ရှိခဲ့ပါတယ်။ ဒါပေမဲ့လည်း ချင်း၊ ကယားနဲ့ ရခိုင်ပြည်နယ် လွှတ်တော်တွေမှာအမျိုးသမီးကိုယ်စားလှယ် မရှိတာလည်း တွေ့ခဲ့ရပါတယ်။

၂၀၁၀ ခုနှစ် ရွေးကောက်ပွဲအပြီး သမ္မတဦးသိန်းစိန်လက်ထက်မှာ ပြည်ထောင်စု ဝန်ကြီး ၃၃ ယောက်မှာ အမျိုးသမီး ၂ ဦးသာ ပါဝင်ခဲ့ပြီး၊ အဓိက အဆုံးအဖြတ်ပေးနိုင်တဲ့နေရာမှာ မရှိခဲ့သလို NLD ပါတီကဦးဆောင်တဲ့ လက်ရှိအစိုးရ လက်ထက်မှာလည်း အစိုးရအဖွဲ့ဝင်တွေထဲမှာ အမျိုးသမီးဆိုလို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တဦးသာ ရှိပါတယ်။

XS
SM
MD
LG