သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကိုဗစ်ကာလ ရွေးကောက်ပွဲအသိပညာပေးမှု


Triangle Women အမ်ိဳးသမီးအဖြဲ႕ရဲ႕ မခင္ေလး
ကိုဗစ်ကာလ ရွေးကောက်ပွဲအသိပညာပေးမှု
please wait

No media source currently available

0:00 0:12:11 0:00
တိုက္႐ိုက္ လင့္ခ္

ႏိုဝင္ဘာ ေ႐ြးေကာက္ပြဲမွာ ပါဝင္မယ့္ အမ်ိဳးသမီးကိုယ္စားလွယ္ေလာင္းေတြ၊ မဲဆြယ္စည္း႐ုံးသူေတြကို သင္တန္းေပးတာအပါအဝင္ Triangle Women အမ်ိဳးသမီးအဖြဲ႕ရဲ႕ လုပ္ငန္းေတြ COVID-19 ေၾကာင့္ထိခိုက္ေနတယ္လို႔ Triangle Women အဖြဲ႕ဒါ႐ိုက္တာ မခင္ေလးကေျပာပါတယ္။ လူစုလူေဝးနဲ႔ အသြားအလာ အခက္အခဲေတြရွိေနတဲ့ကာလမွာ ခုလို လူထုအေျချပဳအဖြဲ႕ေတြအေနနဲ႔ ေ႐ြးေကာက္ပြဲဆိုင္ရာ အသိပညာေပးမႈေတြ မလုပ္ႏိုင္ရင္ ေ႐ြးေကာက္ပြဲအေပၚ ဘယ္လိုသက္ေရာက္မႈရွိႏိုင္ပါလဲ။ မစုျမတ္မြန္က မခင္ေလးကို Skype ကေန ဆက္သြယ္ေမးျမန္းထားပါတယ္။

ေမး ။ ။ မဂၤလာပါ မခင္ေလး။ VOA ျမန္မာပိုင္းအစီအစဥ္က ႀကိဳဆိုပါတယ္။။ မခင္ေလးတုိ႔ရဲ ႔ Triangle Women အမ်ဳိးသမီးအဖြဲ႔ကဆိုရင္ အမ်ဳိးသမီးမ်ားစြမ္းေဆာင္ေရးကို ျမွင့္တင္ေပးေနတဲ့ အသိပညာေပးသူေတြကို လုပ္ေနတယ္။ အခုလိုမ်ဳိး ကိုဗစ္ကာလမွာ အသြားအလာေတြလဲ အခက္အခဲ ျဖစ္ေနတဲ့အခ်ိန္မွာ အမတို႔ လုပ္ငန္းေတြကို ဘယ္လုိမ်ဳိး လုပ္ေနပါလဲ။

ေျဖ ။ ။ ပထမပိုင္းေတာ့ စစျဖစ္ခ်င္းေတာ့ ဘာမွမလုပ္ႏိုင္ဘူးေပါ့။ ကိုယ္ေတြလဲ ဘယ္လိုဆက္ၿပီး လုပ္ရမလဲဆိုတာကို စဥ္းစားၾကရင္းနဲ႔ ကိုယ့္ရဲ ႔ရံုးက Team ကလဲ သူတုိ႔ Safety အတြက္လဲ စဥ္းစားၾကေတာ့ က်မတို႔ ဘာမွမလုပ္ျဖစ္ဘူး။ ဒါေပမဲ့ ေနာက္ပိုင္းမွာေတာ့ က်မတို႔ ျပန္ၿပီးေတာ့ Messenger, Viber ေတြနဲ႔ နယ္ေတြမွာရိွတဲ့ အမ်ဳိးသမီးေတြ၊ လူငယ္ေတြနဲ႔ ျပန္ၿပီးဆက္သြယ္ၿပီးတဲ့အခါမွာ သူတုိ႔အဆင္ေျပၿပီလား။ သူတို႔အတြက္ ဒီလိုအစီအစဥ္ေတြလုပ္ရင္ ရမလားဆိုတာမ်ဳိးေတြနဲ႔ သူတို႔နဲ႔ျပန္မိတ္ဆက္၊ က်န္းမာၾကလား။ ကိုဗစ္ကာလမွာ ေဘးကင္းၾကရဲ ႔လားဆိုတာေတြ ေမးျမန္းဆက္သြယ္ၿပီးေတာ့ Online ကေန Messenger Group, Viber Group ေတြနဲ႔ ျပန္ဆက္သြယ္ၿပီးေတာ့ အသိပညာေပးအလုပ္ေတြ တိုက္ရိုက္မစေသးေပမယ့္၊ အကယ္၍ ဒီလိုလုပ္ရင္ အဆင္ေျပမလားဟာမ်ဳိးနဲ႔ က်မတို႔ေမးတယ္။ ေနာက္ပိုင္းကေတာ့ အသိပညာေပးနဲ႔ ပတ္သက္တဲ့ Short Clip ေလးေတြ Video Clip လိုဟာမ်ဳိးေလးေတြ မွ်ေဝေပးတာမ်ဳိးေတြ။ ၿပီးေတာ့ က်မတို႔ရဲ ႔အဖြဲ႔ Online Page ကေန သိသင့္တဲ့ဟာေလးေတြ မွ်ေဝႏိုင္တာေလးေတြကိုေတာ့ စမ္းၿပီးေတာ့ စလုပ္ၾကည့္ေနပါတယ္။

ေမး ။ ။ အခုလို Online ကေန အခုလိုမ်ဳိး စၿပီးလုပ္ေနၿပီဆိုေတာ့ တကယ္တမ္းၾကေတာ့ အမတို႔က ၿမိဳ ႔ေတြသာမကဘူး၊ ေက်းလက္ရပ္ရြာေတြကို သြားၿပီးေတာ့ အသိပညာေပးအလုပ္ေတြ လုပ္တယ္ဆိုေတာ့ အဲဒီလိုလုပ္တာေလာက္ကိုေကာ ထိေရာက္မႈ ရိွႏိုင္ရဲ ႔လားရွင့္။

ေျဖ ။ ။ အမွန္တကယ္ေျပာရရင္ေတာ့ ဘယ္ရိွမလဲ။ ဘယ္ရိွမလဲဆိုတာက က်မတို႔က အခုနကေျပာသလိုပဲ သင္တန္းေပးရံုတင္မဟုတ္ဘူး။ ရပ္ရြာထဲက လူထုေတြ၊ ေက်းလက္မွာရိွတဲ့၊ အေျခခံမွာရိွတဲ့လူေတြကို အသိပညာေပးတဲ့ အလုပ္ေတြ လုပ္တာျဖစ္တဲ့အတြက္ သူတုိ႔ဆီကို ကိုယ္တိုင္သြားၿပီးေတာ့ ေသေသခ်ာခ်ာ နားေပါက္ေအာင္ ေျပာတာေတာင္မွ သူတုိ႔က နားဝင္ခ်င္မွဝင္တာပါ။ အခုၾကေတာ့ Online က ဆက္သြယ္တယ္အခါမွာ ဘယ္ႏွစ္ေယာက္မွာ၊ အင္တာနက္ကြန္နက္ရွင္ေကာင္းတဲ့ အဆက္အစပ္နဲ႔ ဖုန္းေတြ ရိွေနၿပီလဲ။ ဖုန္းေကာင္းေကာင္း ရိွၾကရဲ ႔လား။ အဲဒါေတြက လံုးဝမေသခ်ာႏုိင္ဘူး။ ဆိုေတာ့ ေတာ္ေတာ္ေလး ခက္ခဲပါတယ္။ တကယ္တမ္း ရန္ကုန္ၿမိဳ ႔ေပၚမွာေနတဲ့ အခ်င္းခ်င္း Online ကေန Virtual Meeting ေတြ လုပ္တာေတာင္မွ အဆင္မေျပပါဘူး။ ဘာျဖစ္လို႔လဲဆိုေတာ့ Wi-Fi ရိွတဲ့လူ ရိွတယ္။ Wi-Fi မရိွတဲ့လူ ရိွမယ္။ ဖုန္းရဲ ႔ မိုဘိုင္ေဒတာကိုပဲ သံုးရတာရိွတယ္။ Wi-Fi သံုးေနရင္က မီးကပ်က္သြားတာမ်ဳိး ဆိုတဲ့အခါၾကေတာ့ ေတာ္ေတာ္အဆင္မေျပပါဘူး။ ေနာက္တခုက က်မတို႔က အမ်ဳိးသမီးေတြႏုိင္ငံေရးမွာ ပိုပါဝင္ႏုိင္ဖို႔အတြက္ အမ်ဳိးသမီးေတြကို ႏုိင္ငံေရးဆုိင္ရာ ေခါင္းေဆာင္မႈ သင္တန္းေတြလည္း ေပးပါတယ္။

ကိုဗစ္ကာလမတိုင္ခင္ကတည္းက လာမယ့္ ၂၀၂၀ ေရြးေကာက္ပဲြအတြက္ဆိုရင္ က်မတို႔ အမ်ဳိးသမီးေတြ အမ်ားႀကီးကိုယ္စားလွယ္ေလာင္းအျဖစ္နဲ႔ ပါဝင္ယွဥ္ၿပိဳင္ေစခ်င္တယ္။ ေနာက္တခုက အမ်ဳိးသမီး Campaign Manager ေတြ ပိုေပၚလာေစခ်င္တယ္။ ေနာက္ အမ်ဳိးသမီးကိုယ္စားလွယ္ေလာင္းေတြကို အမ်ဳိးသမီးေတြသာ ပိုၿပီးေတာ့ မ်ားမ်ားပံ့ပိုးၿပီးေတာ့ လူထုၾကားထဲမွာ ပိုၿပီးတက္တက္ၾကြၾကြနဲ႔ အမ်ဳိးသမီးကိုယ္စားလွယ္ေလာင္းေတြရဲ ႔ အရည္အခ်င္းကို လူထုေတြ ပိုသိေအာင္လုပ္ခ်င္တဲ့ အစီအစဥ္ေတြကို က်မတို႔ သင္တန္းေတြ လုပ္ေနပါတယ္။ ဒါေပမဲ့ ဒီလိုကိုဗစ္ကာလ ျဖစ္သြားတဲ့အတြက္ က်မတို႔ရဲ ႔ အစီအစဥ္ေတြကို ရပ္ဆိုင္းလိုက္ရပါတယ္။ ေနာက္ၿပီးေတာ့ ေရြးေကာက္ပြဲဆိုတာလဲ အားလံုးသိတဲ့အတိုင္းပဲ သူ႔မွာကာလအကန္႔အသတ္ ရိွတယ္။ ႏိုဝင္ဘာ Campaign Period ဆိုရင္ ေရြးေကာက္ပြဲမတိုင္မီဆုိေတာ့ ေတာ္ေတာ္ေလး အဲဒီအစီအစဥ္ေတြက အခုမလုပ္ရေတာ့ က်မတို႔အတြက္ ေတာ္ေတာ္ေလး အခက္အခဲျဖစ္တယ္လို႔ ေျပာလို႔ရပါတယ္ရွင့္။

ေမး ။ ။ မခင္ေလးတုိ႔အေနနဲ႔ မခင္ေလးတုိ႔ဘက္က ဘယ္လိုမ်ဳိး အရင္တုန္းက အေတြ႔အႀကံဳေတြအရ ဘယ္လိုမ်ဳိး သင္တန္းေတြကို ေပးခဲ့ဖူးတာ ရိွပါသလဲရွင့္။

ေျဖ ။ ။ က်မတို႔ကေတာ့ Campaign Management ေခါင္းစဥ္ေအာက္မွာေတာ့ အကုန္ပါတာေပါ့။ လူထုေရွ ႔မွာ စကားေျပာတဲ့ အတတ္ပညာ၊ ေငြေၾကးဆိုင္ရာ စီမံခန္႔ခြဲမႈ၊ Campaign Manager တေယာက္ရဲ ႔ တာဝန္ဝတၱရား၊ ေခါင္းေဆာင္မႈဆိုတာ ဘာလဲ။ ေခါင္းေဆာင္မႈဆိုတာ လူတုိင္းက အမတ္ျဖစ္မွ၊ ပါတီမွာ တာဝန္ႀကီးႀကီးယူမွ မဟုတ္ဘူး။ လူတိုင္းဟာ ေခါင္းေဆာင္မႈ ကိုယ္ရည္ကိုယ္ေသြး ရိွလို႔ရိွရင္၊ ကိုယ့္ဘာသာ စဥ္းစားဆံုးျဖတ္ၿပီးေတာ့ လုပ္ႏုိင္တဲ့အတြက္ ေခါင္းေဆာင္မႈ ကိုယ္ရည္ကိုယ္ေသြးကိစၥေတြ၊ Debate Skill - လႊတ္ေတာ္ထဲ ေရာက္သြားၿပီဆုိရင္ ျငင္းခုန္တဲ့ဟာကို က်မတို႔က အႏုပညာဆန္ဆန္၊ ပညာရပ္ဆန္ဆန္လုပ္ဖို႔။ ျငင္းခုန္ေဆြးေႏြးတယ္ဆိုတာ ရန္ျဖစ္တာ မဟုတ္ဘူးဆိုတဲ့ဟာမ်ဳိးကိုလဲ သူတုိ႔သိရေအာင္လို႔ ဒါမ်ဳိးေတြနဲ႔ က်န္တဲ့ဟာကေတာ့ ႏုိင္ငံေရးနဲ႔ဆိုင္တဲ့ ကိစၥရပ္ေလးေတြ။ အေျခခံဥပေဒက ဘာေတြရိွတယ္။ ေနာက္ေရြးေကာက္ပြဲဆိုင္ရာ ဥပေဒမွာဆိုရင္ သိထားရမယ့္ဟာ။ ေဆာင္ရန္ေရွာင္ရန္ေတြ။ အရင္တုန္းက ၂၀၁၅ ေရြးေကာက္ပြဲကို ျဖတ္သန္းဖူးတဲ့ ကိုယ္စားလွယ္ေတြ။ ေနာက္ Campaign Manager ေတြရဲ ႔ ကိုယ္တိုင္လာေရာက္ေဆြးေႏြးၿပီးေတာ့ သူတုိ႔ရဲ ႔ အေတြ႔အႀကံဳေတြ ဖလွယ္မ်ဳိးတာေတြ။ ဒါမ်ဳိးေတြကို က်မတို႔က ပံုမွန္ေတာက္ေလွ်ာက္လုပ္ျဖစ္ပါတယ္။ ဒါေတြကလဲ သူတုိ႔အတြက္ အမ်ားႀကီးအသံုးဝင္ပါတယ္။

ေနာက္တခုက အခုက ကိုဗစ္ကာလျဖစ္တာနဲ႔ ေခတ္ကာလနဲ႔အတူ ပိုၿပီးေတာ့ တိုက္ဆိုင္သြားတဲ့ကိစၥတခုကေတာ့ Online Media ကို သံုးၿပီးေတာ့ လူထုကို ဘယ္လိုစည္းရံုးလံႈေဆာ္မလဲဆိုတဲ့ ကိစၥေလးပါ။ ဒါက အခုအခ်ိန္မွာဆုိရင္ လူထုၾကားထဲဆင္းလို႔ မရတဲ့အခ်ိန္ဆိုရင္ ပိုေတာင္ကိုက္တယ္လို႔ က်မထင္တယ္။ အဲဒီကာလေတြ လြန္ခဲ့တဲ့ (၂) ႏွစ္၊ (၃) ႏွစ္ထဲက က်မတို႔ သင္တန္းတက္တဲ့လူေတြကို ေျပာခဲ့ဖူးတယ္။ တအိမ္တက္ဆင္း လိုက္ၿပီးေတာ့ Pamphlet ေတြေဝ၊ အားေပါက္ေအာင္ ေျပာတာလဲ အလုပ္တခုျဖစ္တယ္။ ဒါေပမဲ့ က်မတို႔ Campaign ဆင္းတာသည္၊ ေခတ္ေတြေျပာင္းလဲလာတာနဲ႔အမွ် Facebook ကို အသံုးျပဳၿပီးေတာ့ လူထုၾကားထဲမွာ ဘယ္လုိ မီဒီယာကို အသံုးမ်ားသလဲ။ ဘယ္ Application အသံုးမ်ားသလဲ။ အဲဒါေတြကို အသံုးခ်ၿပီးေတာ့ လူထုၾကားထဲမွာ စည္းရံုးလံႈေဆာ္မႈေတြ လုပ္ရင္လဲ။ လူလည္းမပင္းပန္ဘူး။ ေငြေၾကးလည္း အမ်ားႀကီးကုန္က်မမ်ားဘဲနဲ႔ လုပ္လို႔ရတယ္ဆိုၿပီးေတာ့ က်မတို႔ ေတာက္ေလွ်ာက္ေျပာခဲ့တယ္။ အခုဆိုရင္ ကိုဗစ္ကာလဆိုရင္ ပိုတိုက္ဆိုင္သြားတာေပါ့။ အခုဆိုရင္ လူေတြအျပင္မထြက္ၾကဘူး။ အစိုးရက တာဝန္ရိွတဲ့လူေတြကလဲ (၅) ေယာက္ထက္ ပိုၿပီးေတာ့ စုရံုးခြင့္၊ စုေဝးခြင့္ မရိွဘူးဆိုတဲ့အခါမ်ဳိးမွာေတာ့ Facebook ကို အသံုးျပဳၿပီးေတာ့ - ျမန္မာျပည္မွာက Facebook က လူတုိင္း သံုးၾကတယ္။ က်န္တဲ့ႏုိင္ငံေတြမွာေတာ့ အျခား Media Platforms ေတြ ရိွၾကေပမယ့္၊ ျမန္မာျပည္မွာေတာ့ Facebook ကို သံုးၿပီးေတာ့ လူေတြဆီ မ်ားမ်ားေရာက္ေအာင္ ဘယ္လိုလုပ္မလဲ ဆိုတာေတြကိုေတာ့ ပိုစဥ္းစားသင့္တယ္လို႔ ေျပာခဲ့တာေတြ ရိွတယ္။ အခုလဲ အျခားလႊတ္ေတာ္ကိုယ္စားလွယ္ေတြကိုေလာင္းေတြနဲ႔ အရင္တုန္းက လႊတ္ေတာ္ကိုယ္စားလွယ္ ျဖစ္ၿပီသား၊ အခုထပ္မံၿပီးေတာ့ ဝင္ေရာက္ယွဥ္ၿပိဳင္မယ့္လူေတြက ဒါေတြကို သူတုိ႔ေတာ္ေတာ္ေလး နားလည္က်င့္သားရသြားၿပီ။ က်မတို႔ ကိုဗစ္ကေပးတဲ့ အေကာင္းဆံုး သင္ခန္းစာက Virtual ကို အသံုးခ်ၿပီးေတာ့ လူေတြၾကားမွာ ဆက္သြယ္လို႔ရတဲ့ဟာကိုလဲ သူတုိ႔နည္းနည္း က်င့္သားရသြားၿပီဆိုေတာ့ ဒီလာမယ့္ ၂၀၂၀ ေရြးေကာက္ပြဲမွာဆိုရင္ေတာ့ Online Media အသံုးျပဳတဲ့ Campaign ေတြလဲ ေတာ္ေတာ္ေလး တြင္က်ယ္လာလိမ့္မယ္လို႔ က်မ ေမွ်ာ္လင့္ပါတယ္။

ေမး ။ ။ ေရြးေကာက္ပြဲဆိုတာက ျပည္သူေတြကိုယ္တိုင္ ေရြးခ်ယ္ခြင့္ရိွတဲ့ အေကာင္းဆံုး ေရြးခ်ယ္ႏုိင္ခြင့္တခုဆိုေတာ့ အဲဒီအေပၚမွာ လူထုၾကားမွာ အထူးသျဖင့္ အမ်ဳိးသမီးေတြၾကား ေတာ္ေတာ္ေလး သိရိွသေဘာေပါက္ၿပီးေတာ့ သူတုိ႔ကိုယ္တိုင္ ပါဝင္သင့္တယ္ဆိုတဲ့ အသိအျမင္ေတြ ေတာ္ေတာ္ေလး က်ယ္က်ယ္ျပန္႔ျပန္႔ ရိွေနၿပီလို႔ ျမင္ပါသလားရွင့္။

ေျဖ ။ ။ အဲဒါကေတာ့ ေတာ္ေတာ္ေျပာရခက္ပါတယ္။ ေျပာရခက္တယ္ဆိုတာ က်မတုိ႔ တိုင္းျပည္ရဲ ႔ လူမႈေရး၊ စီးပြားေရး အေျခအေနကလဲ ျပည္နယ္နဲ႔တုိင္းေတြမွာလဲ မတူဘူး။ ဖြံ႔ၿဖိဳးမႈ ေနာက္က်တဲ့ေနရာေတြမွာဆိုရင္ သူတုိ႔အတြက္ ႏုိင္ငံေရးတို႔၊ က်န္တဲ့ကိစၥေတြ ဆိုိတာထက္၊ သူတို႔အသက္ရွင္ ရပ္တည္ေရး၊ စစ္မက္ေတြကေန ေဝးရာကို ထြက္ေျပးဖို႔အတြက္ပဲ လံုၿခံဳရာေနရာပဲ ရွာေနရတဲ့အခါၾကေတာ့ ဒီဟာေတြက ေတာ္ေတာ္ေလး သူတုိ႔စဥ္းစားမႈထဲမွာ ေနာက္ဘက္မွာ ေရာက္ေနမယ္လို႔ ထင္ပါတယ္။ အခုလို ၿမိဳ ႔ႀကီးျပႀကီးေတြမွာဆိုရင္ေတာ့ ႏုိင္ငံေရးမွာ ဘယ္သူတက္မွာလဲ။ ဘယ္သူကို ေရြးခ်ယ္မွာလဲ ဆိုတာမ်ဳိးေတြကိုေတာ့ သူတုိ႔ စိတ္ဝင္စားေကာင္း၊ စိတ္ဝင္စားၾကလိမ့္မယ္။ ဒါေပမဲ့ အခုကာလမွာေတာ့ ပြင့္ပြင့္လင္းလင္း ေျပာရမယ္ဆိုရင္ေတာ့ လူတဦးတေယာက္ခ်င္းကို ေရြးခ်ယ္မႈကိုလဲ ၂၀၂၀ မွာေတာ့ လူထုက နည္းနည္းေလး ပိုစိတ္ဝင္စားမယ္လို႔ ထင္တယ္။ ဒါေပမဲ့ က်မက လူထုကို အထင္ေသးၿပီး ေျပာတာေတာ့ မဟုတ္ဘူး။ ဒါေပမဲ့ က်မတုိ႔လူထုမွာ တဦးခ်င္းတေယာက္ခ်င္း ဒီပုဂၢိဳလ္က ဒီၿမိဳ ႔နယ္မွာ လာယွဥ္ၿပိဳင္မယ္။ ဒီကိုယ္စားလွယ္ရဲ ႔ သူ႔ရဲ ႔ Biography ပဲျဖစ္ျဖစ္၊ သူ႔ရဲ ႔ ျဖတ္သန္းမႈကိုပဲျဖစ္ျဖစ္ ေသခ်ာေလ့လာၿပီးမွ မဲေပးတဲ့ လူေတြကေတာ့ အရင္တုန္းက အေတြ႔အႀကံဳက ေတာ္ေတာ္နည္းခဲ့တယ္။

ဘာလို႔လဲဆိုေတာ့ က်မ သင္တန္းေတြ ေပးတဲ့အခါမွာ အၿမဲတန္းေမးျဖစ္တယ္။ တကယ္ပဲ ကိုယ့္ၿမိဳ ႔နယ္မွာရိွတဲ့ လႊတ္ေတာ္ကိုယ္စားလွယ္ (၄) ေယာက္။ အမ်ဳိးသားလႊတ္ေတာ္၊ ျပည္သူ႔လႊတ္ေတာ္၊ တုိင္းေဒသႀကီး (၂) ဦး၊ မ်ားေသာအားျဖင့္ (၄) ဦိး ရိွတယ္။ အဲဒီ (၄) ဦး နာမည္ကို သိတဲ့လူ ဘယ္သူရိွသလဲဆိုရင္ ရန္ကုန္ၿမိဳ ႔လို႔ ေနရာမ်ဳိးမွာေတာင္ ေလးဦး နာမည္ကိုသိတဲ့လူ ေတာ္ေတာ္ရွားပါတယ္။ ဒါေတာင္ က်မတုိ႔ CSO လိုမ်ဳိး ေလာကထဲက အစစအရာရာ သူမ်ားအေရး၊ ကိုယ့္အေရး စိတ္ဝင္စားတဲ့ လူေတြေတာင္ သိမႈ ရွားပါတယ္။ ဆုိေတာ့ အဲဒါမ်ဳိးေတြကေတာ့ အခုအခ်ိန္အထိ ရိွေနဆဲပါ။ ၂၀၂၀ အထိလဲ ဒီလိုေတာ့ရိွမယ္။ ဒါေပမဲ့ အဲဒီအထဲမွာမွ ႏုိင္ငံေရးကို စိတ္ဝင္စားၿပီး စူးစူးစိုက္စုိက္နဲ႔ အာရံုထားသူေတြလဲ ရိွပါတယ္။ ဒါေပမဲ့ အဲဒါက လူနည္းစုလို႔ ေျပာလို႔ရတယ္။ သူတုိ႔စိတ္ဝင္စားတာက ဘယ္ပါတီ တက္မလဲ။ သူတုိ႔အတြက္ အေျပာင္းအလဲေကာင္း ဘယ္သူလုပ္ေပးႏုိင္မလဲ။ မီးမွန္၊ ေရမွန္၊ ကားလမ္းေတြေကာင္းေအာင္၊ ေဆးရံုေတြေကာင္းေအာင္ ဘယ္သူလုပ္ေပးႏိုင္မလဲ ေပၚမွာပဲ သူတုိ႔က ေမွ်ာ္လင့္ေနတယ္လို႔ က်မ ေျပာလို႔ရပါတယ္။

ေမး ။ ။ အဲဒီေတာ့ အခုလို ေျပာသလိုဆိုရင္ေတာ့ ေရြးေကာက္ပြဲနဲ႔ ပတ္သက္ၿပီး ေရြးေကာက္ပြဲ အသိပညာေပးမႈပိုင္းမွာ မခင္ေလးတုိ႔လို Civil Society အဖြဲ႔ေတြ၊ လူထုအေျချပဳအဖြဲ႔ေတြရဲ ႔ ပံ့ပိုးမႈ၊ ကူညီမႈေတြ၊ အသိပညာေပးမႈေတြက အမ်ားႀကီးလိုအပ္ပါတယ္ဆိုေတာ့ အဲဒီလိုမ်ဳိးေတြကို လုပ္ဖို႔၊ ကိုဗစ္ေၾကာင့္မို႔ လုပ္ဖို႔ အခက္အခဲ ရိွေနတယ္ဆိုလို႔ရိွရင္ေကာ ေရြးေကာက္ပြဲေပၚမွာ သက္ေရာက္မႈ ရိွႏိုင္တယ္လို႔ ေျပာလို႔ရပါသလားရွင့္။

ေျဖ ။ ။ ရပါတယ္။ အမ်ားႀကီးသက္ေရာက္မႈ ရိွႏိုင္ပါတယ္။ အထူးသျဖင့္ေတာ့ ဖြံ႔ၿဖိဳးမႈေနာက္က်တဲ့ ေနရာမ်ဳိးေတြမွာဆိုရင္ ပိုၿပီးေတာ့ သက္ေရာက္မႈ ရိွႏိုင္တယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ က်မတို႔ အရင္တုန္းကဆိုရင္ Voter Education ဆိုတာကို ေပးတယ္။ ဘယ္သူကို ေပးရမလဲ။ မွန္ကန္တဲ့ ေရြးခ်ယ္မႈကို အျမင္ဖြင့္ေပးတာ အသာထား။ မဲေပးရင္ ဘယ္လိုေပးရမလဲဆိုတဲ့ဟာေတာင္ မသိေနတဲ့ဟာ။ ဘယ္ပါတီေတြကေတာ့ ဘာေတြကို ကိုယ္စားျပဳၿပီးေတာ့ ဘယ္သူက ဦးေဆာင္ေနတယ္ဆိုတာကို မသိေနတာေတြ အမ်ားႀကီးရိွပါတယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ က်မတို႔ ေက်းလက္ေဒသေတြမွာဆိုရင္ စာေကာင္းေကာင္းမြန္မြန္ ဖတ္တတ္ခ်င္မွ ဖတ္တတ္မယ္။ ေနာက္တခုကေတာ့ တုိင္းရင္းသားေဒသေတြမွာဆိုရင္ သူတုိ႔က ျမန္မာလို က်မတို႔ရဲ ႔ မဲေပးတဲ့ စာရြက္ေတြမွာက ျမန္မာလိုပဲ ေရးထားၾကတယ္။ အဲဒီေတာ့ တုိင္းရင္းသားေဒသမွာ ျမန္မာစာ မတတ္တဲ့လူေတြ အမ်ားႀကီးရိွတယ္။ အဲဒီလို လူမ်ဳိးေတြအတြက္ေကာ က်မတို႔ ဘယ္လိုမ်ဳိး စဥ္းစားေပးမလဲဆိုေတာ့ ဒါက က်မတို႔လို အရပ္ဘက္အဖြဲ႔အစည္းေတြအေနနဲ႔ စိန္ေခၚမႈ ရိွတယ္။ Voter Education မဲဆႏၵရွင္ ပညာေပးအလုပ္ေတြကို က်ယ္က်ယ္ျပန္႔ျပန္႔ ၂၀၁၅ တုန္းကလဲ လုပ္ခဲ့ၾကတယ္။ ဒါေပမဲ့ က်မတုိ႔ တႏုိင္ငံလံုး အတိုင္းအတာနဲ႔ လုပ္ႏုိင္ၾကတာ မဟုတ္ဘူးေပါ့။ အခုကာလမွာ ကိုဗစ္နဲ႔ တိုက္ဆိုင္ၿပီးေတာ့ အစိုးရရဲ ႔ ကန္႔သတ္ခ်က္ေတြ၊ ေရာဂါကူးစက္မႈ မ်ားမွာစိုးလို႔ စည္းကမ္းထိန္းခ်ဳပ္မႈေတြ မ်ားလာလို႔ရိွရင္၊ ရိွေနဆဲဆိုရင္ ဒါက အကန္႔အသတ္ ျဖစ္မယ္လို႔ထင္တယ္။ အဲဒါအျပင္ ေနာက္ထပ္ ဘာျဖစ္ႏုိ္င္လဲဆိုရင္ လူထုၾကားထဲမွာ က်မတို႔က ေရြးေကာက္ပြဲကို လူေတြ စိတ္ဝင္စားေအာင္၊ မဲေတြထြက္ေပးလာေအာင္ ဘယ္သူကိုေပးေပး၊ သူတုိ႔ရဲ ႔ ေရြးခ်ယ္မႈက လြတ္လပ္တဲ့ ေရြးခ်ယ္မႈျဖစ္တယ္။ သူတုိ႔ႀကိဳက္တဲ့လူကိုေပး။ ဒါေပမဲ့ ႏုိင္ငံသားတေယာက္အေနနဲ႔ မဲေပးရမယ့္ တာဝန္ဝတၳရား ရိွတယ္ဆိုတဲ့ဟာကိုေတာင္ က်မတို႔ အသိပညာေပး လုပ္ရမယ့္အလုပ္ေတြက နည္းနည္းခက္ခဲမယ္လို႔ ထင္တယ္။

ေမး ။ ။ ေက်းဇူးတင္ပါတယ္ မခင္ေလးရွင့္။ အခုလိုမ်ဳိး အခ်ိန္ေပးၿပီးေတာ့ ေျဖၾကားတဲ့အတြက္။ Triangle Women အမ်ဳိးသမီးအဖြဲ႔ ဒါရိုက္တာ မခင္ေလးကို ေမးျမန္းခဲ့တာ ျဖစ္ပါတယ္။ က်မ စုျမတ္မြန္ပါ။

====Unicode ====

နိုဝင်ဘာ ရွေးကောက်ပွဲမှာ ပါဝင်မယ့် အမျိုးသမီးကိုယ်စားလှယ်လောင်းတွေ၊ မဲဆွယ်စည်းရုံးသူတွေကို သင်တန်းပေးတာအပါအဝင် Triangle Women အမျိုးသမီးအဖွဲ့ရဲ့ လုပ်ငန်းတွေ COVID-19 ကြောင့်ထိခိုက်နေတယ်လို့ Triangle Women အဖွဲ့ဒါရိုက်တာ မခင်လေးကပြောပါတယ်။ လူစုလူဝေးနဲ့ အသွားအလာ အခက်အခဲတွေရှိနေတဲ့ကာလမှာ ခုလို လူထုအခြေပြုအဖွဲ့တွေအနေနဲ့ ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးမှုတွေ မလုပ်နိုင်ရင် ရွေးကောက်ပွဲအပေါ် ဘယ်လိုသက်ရောက်မှုရှိနိုင်ပါလဲ။ မစုမြတ်မွန်က မခင်လေးကို Skype ကနေ ဆက်သွယ်မေးမြန်းထားပါတယ်။

မေး ။ ။ မင်္ဂလာပါ မခင်လေး။ VOA မြန်မာပိုင်းအစီအစဉ်က ကြိုဆိုပါတယ်။။ မခင်လေးတို့ရဲ့ Triangle Women အမျိုးသမီးအဖွဲ့ကဆိုရင် အမျိုးသမီးများစွမ်းဆောင်ရေးကို မြှင့်တင်ပေးနေတဲ့ အသိပညာပေးသူတွေကို လုပ်နေတယ်။ အခုလိုမျိုး ကိုဗစ်ကာလမှာ အသွားအလာတွေလဲ အခက်အခဲ ဖြစ်နေတဲ့အချိန်မှာ အမတို့ လုပ်ငန်းတွေကို ဘယ်လိုမျိုး လုပ်နေပါလဲ။

ဖြေ ။ ။ ပထမပိုင်းတော့ စစဖြစ်ချင်းတော့ ဘာမှမလုပ်နိုင်ဘူးပေါ့။ ကိုယ်တွေလဲ ဘယ်လိုဆက်ပြီး လုပ်ရမလဲဆိုတာကို စဉ်းစားကြရင်းနဲ့ ကိုယ့်ရဲ့ရုံးက Team ကလဲ သူတို့ Safety အတွက်လဲ စဉ်းစားကြတော့ ကျမတို့ ဘာမှမလုပ်ဖြစ်ဘူး။ ဒါပေမဲ့ နောက်ပိုင်းမှာတော့ ကျမတို့ ပြန်ပြီးတော့ Messenger, Viber တွေနဲ့ နယ်တွေမှာရှိတဲ့ အမျိုးသမီးတွေ၊ လူငယ်တွေနဲ့ ပြန်ပြီးဆက်သွယ်ပြီးတဲ့အခါမှာ သူတို့အဆင်ပြေပြီလား။ သူတို့အတွက် ဒီလိုအစီအစဉ်တွေလုပ်ရင် ရမလားဆိုတာမျိုးတွေနဲ့ သူတို့နဲ့ပြန်မိတ်ဆက်၊ ကျန်းမာကြလား။ ကိုဗစ်ကာလမှာ ဘေးကင်းကြရဲ့လားဆိုတာတွေ မေးမြန်းဆက်သွယ်ပြီးတော့ Online ကနေ Messenger Group, Viber Group တွေနဲ့ ပြန်ဆက်သွယ်ပြီးတော့ အသိပညာပေးအလုပ်တွေ တိုက်ရိုက်မစသေးပေမယ့်၊ အကယ်၍ ဒီလိုလုပ်ရင် အဆင်ပြေမလားဟာမျိုးနဲ့ ကျမတို့မေးတယ်။ နောက်ပိုင်းကတော့ အသိပညာပေးနဲ့ ပတ်သက်တဲ့ Short Clip လေးတွေ Video Clip လိုဟာမျိုးလေးတွေ မျှဝေပေးတာမျိုးတွေ။ ပြီးတော့ ကျမတို့ရဲ့အဖွဲ့ Online Page ကနေ သိသင့်တဲ့ဟာလေးတွေ မျှဝေနိုင်တာလေးတွေကိုတော့ စမ်းပြီးတော့ စလုပ်ကြည့်နေပါတယ်။

မေး ။ ။ အခုလို Online ကနေ အခုလိုမျိုး စပြီးလုပ်နေပြီဆိုတော့ တကယ်တမ်းကြတော့ အမတို့က မြို့တွေသာမကဘူး၊ ကျေးလက်ရပ်ရွာတွေကို သွားပြီးတော့ အသိပညာပေးအလုပ်တွေ လုပ်တယ်ဆိုတော့ အဲဒီလိုလုပ်တာလောက်ကိုကော ထိရောက်မှု ရှိနိုင်ရဲ့လားရှင့်။

ဖြေ ။ ။ အမှန်တကယ်ပြောရရင်တော့ ဘယ်ရှိမလဲ။ ဘယ်ရှိမလဲဆိုတာက ကျမတို့က အခုနကပြောသလိုပဲ သင်တန်းပေးရုံတင်မဟုတ်ဘူး။ ရပ်ရွာထဲက လူထုတွေ၊ ကျေးလက်မှာရှိတဲ့၊ အခြေခံမှာရှိတဲ့လူတွေကို အသိပညာပေးတဲ့ အလုပ်တွေ လုပ်တာဖြစ်တဲ့အတွက် သူတို့ဆီကို ကိုယ်တိုင်သွားပြီးတော့ သေသေချာချာ နားပေါက်အောင် ပြောတာတောင်မှ သူတို့က နားဝင်ချင်မှဝင်တာပါ။ အခုကြတော့ Online က ဆက်သွယ်တယ်အခါမှာ ဘယ်နှစ်ယောက်မှာ၊ အင်တာနက်ကွန်နက်ရှင်ကောင်းတဲ့ အဆက်အစပ်နဲ့ ဖုန်းတွေ ရှိနေပြီလဲ။ ဖုန်းကောင်းကောင်း ရှိကြရဲ့လား။ အဲဒါတွေက လုံးဝမသေချာနိုင်ဘူး။ ဆိုတော့ တော်တော်လေး ခက်ခဲပါတယ်။ တကယ်တမ်း ရန်ကုန်မြို့ပေါ်မှာနေတဲ့ အချင်းချင်း Online ကနေ Virtual Meeting တွေ လုပ်တာတောင်မှ အဆင်မပြေပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ Wi-Fi ရှိတဲ့လူ ရှိတယ်။ Wi-Fi မရှိတဲ့လူ ရှိမယ်။ ဖုန်းရဲ့ မိုဘိုင်ဒေတာကိုပဲ သုံးရတာရှိတယ်။ Wi-Fi သုံးနေရင်က မီးကပျက်သွားတာမျိုး ဆိုတဲ့အခါကြတော့ တော်တော်အဆင်မပြေပါဘူး။ နောက်တခုက ကျမတို့က အမျိုးသမီးတွေနိုင်ငံရေးမှာ ပိုပါဝင်နိုင်ဖို့အတွက် အမျိုးသမီးတွေကို နိုင်ငံရေးဆိုင်ရာ ခေါင်းဆောင်မှု သင်တန်းတွေလည်း ပေးပါတယ်။

ကိုဗစ်ကာလမတိုင်ခင်ကတည်းက လာမယ့် ၂၀၂၀ ရွေးကောက်ပွဲအတွက်ဆိုရင် ကျမတို့ အမျိုးသမီးတွေ အများကြီးကိုယ်စားလှယ်လောင်းအဖြစ်နဲ့ ပါဝင်ယှဉ်ပြိုင်စေချင်တယ်။ နောက်တခုက အမျိုးသမီး Campaign Manager တွေ ပိုပေါ်လာစေချင်တယ်။ နောက် အမျိုးသမီးကိုယ်စားလှယ်လောင်းတွေကို အမျိုးသမီးတွေသာ ပိုပြီးတော့ များများပံ့ပိုးပြီးတော့ လူထုကြားထဲမှာ ပိုပြီးတက်တက်ကြွကြွနဲ့ အမျိုးသမီးကိုယ်စားလှယ်လောင်းတွေရဲ့ အရည်အချင်းကို လူထုတွေ ပိုသိအောင်လုပ်ချင်တဲ့ အစီအစဉ်တွေကို ကျမတို့ သင်တန်းတွေ လုပ်နေပါတယ်။ ဒါပေမဲ့ ဒီလိုကိုဗစ်ကာလ ဖြစ်သွားတဲ့အတွက် ကျမတို့ရဲ့ အစီအစဉ်တွေကို ရပ်ဆိုင်းလိုက်ရပါတယ်။ နောက်ပြီးတော့ ရွေးကောက်ပွဲဆိုတာလဲ အားလုံးသိတဲ့အတိုင်းပဲ သူ့မှာကာလအကန့်အသတ် ရှိတယ်။ နိုဝင်ဘာ Campaign Period ဆိုရင် ရွေးကောက်ပွဲမတိုင်မီဆိုတော့ တော်တော်လေး အဲဒီအစီအစဉ်တွေက အခုမလုပ်ရတော့ ကျမတို့အတွက် တော်တော်လေး အခက်အခဲဖြစ်တယ်လို့ ပြောလို့ရပါတယ်ရှင့်။

မေး ။ ။ မခင်လေးတို့အနေနဲ့ မခင်လေးတို့ဘက်က ဘယ်လိုမျိုး အရင်တုန်းက အတွေ့အကြုံတွေအရ ဘယ်လိုမျိုး သင်တန်းတွေကို ပေးခဲ့ဖူးတာ ရှိပါသလဲရှင့်။

ဖြေ ။ ။ ကျမတို့ကတော့ Campaign Management ခေါင်းစဉ်အောက်မှာတော့ အကုန်ပါတာပေါ့။ လူထုရှေ့မှာ စကားပြောတဲ့ အတတ်ပညာ၊ ငွေကြေးဆိုင်ရာ စီမံခန့်ခွဲမှု၊ Campaign Manager တယောက်ရဲ့ တာဝန်ဝတ္တရား၊ ခေါင်းဆောင်မှုဆိုတာ ဘာလဲ။ ခေါင်းဆောင်မှုဆိုတာ လူတိုင်းက အမတ်ဖြစ်မှ၊ ပါတီမှာ တာဝန်ကြီးကြီးယူမှ မဟုတ်ဘူး။ လူတိုင်းဟာ ခေါင်းဆောင်မှု ကိုယ်ရည်ကိုယ်သွေး ရှိလို့ရှိရင်၊ ကိုယ့်ဘာသာ စဉ်းစားဆုံးဖြတ်ပြီးတော့ လုပ်နိုင်တဲ့အတွက် ခေါင်းဆောင်မှု ကိုယ်ရည်ကိုယ်သွေးကိစ္စတွေ၊ Debate Skill - လွှတ်တော်ထဲ ရောက်သွားပြီဆိုရင် ငြင်းခုန်တဲ့ဟာကို ကျမတို့က အနုပညာဆန်ဆန်၊ ပညာရပ်ဆန်ဆန်လုပ်ဖို့။ ငြင်းခုန်ဆွေးနွေးတယ်ဆိုတာ ရန်ဖြစ်တာ မဟုတ်ဘူးဆိုတဲ့ဟာမျိုးကိုလဲ သူတို့သိရအောင်လို့ ဒါမျိုးတွေနဲ့ ကျန်တဲ့ဟာကတော့ နိုင်ငံရေးနဲ့ဆိုင်တဲ့ ကိစ္စရပ်လေးတွေ။ အခြေခံဥပဒေက ဘာတွေရှိတယ်။ နောက်ရွေးကောက်ပွဲဆိုင်ရာ ဥပဒေမှာဆိုရင် သိထားရမယ့်ဟာ။ ဆောင်ရန်ရှောင်ရန်တွေ။ အရင်တုန်းက ၂၀၁၅ ရွေးကောက်ပွဲကို ဖြတ်သန်းဖူးတဲ့ ကိုယ်စားလှယ်တွေ။ နောက် Campaign Manager တွေရဲ့ ကိုယ်တိုင်လာရောက်ဆွေးနွေးပြီးတော့ သူတို့ရဲ့ အတွေ့အကြုံတွေ ဖလှယ်မျိုးတာတွေ။ ဒါမျိုးတွေကို ကျမတို့က ပုံမှန်တောက်လျှောက်လုပ်ဖြစ်ပါတယ်။ ဒါတွေကလဲ သူတို့အတွက် အများကြီးအသုံးဝင်ပါတယ်။

နောက်တခုက အခုက ကိုဗစ်ကာလဖြစ်တာနဲ့ ခေတ်ကာလနဲ့အတူ ပိုပြီးတော့ တိုက်ဆိုင်သွားတဲ့ကိစ္စတခုကတော့ Online Media ကို သုံးပြီးတော့ လူထုကို ဘယ်လိုစည်းရုံးလှုံဆော်မလဲဆိုတဲ့ ကိစ္စလေးပါ။ ဒါက အခုအချိန်မှာဆိုရင် လူထုကြားထဲဆင်းလို့ မရတဲ့အချိန်ဆိုရင် ပိုတောင်ကိုက်တယ်လို့ ကျမထင်တယ်။ အဲဒီကာလတွေ လွန်ခဲ့တဲ့ (၂) နှစ်၊ (၃) နှစ်ထဲက ကျမတို့ သင်တန်းတက်တဲ့လူတွေကို ပြောခဲ့ဖူးတယ်။ တအိမ်တက်ဆင်း လိုက်ပြီးတော့ Pamphlet တွေဝေ၊ အားပေါက်အောင် ပြောတာလဲ အလုပ်တခုဖြစ်တယ်။ ဒါပေမဲ့ ကျမတို့ Campaign ဆင်းတာသည်၊ ခေတ်တွေပြောင်းလဲလာတာနဲ့အမျှ Facebook ကို အသုံးပြုပြီးတော့ လူထုကြားထဲမှာ ဘယ်လို မီဒီယာကို အသုံးများသလဲ။ ဘယ် Application အသုံးများသလဲ။ အဲဒါတွေကို အသုံးချပြီးတော့ လူထုကြားထဲမှာ စည်းရုံးလှုံဆော်မှုတွေ လုပ်ရင်လဲ။ လူလည်းမပင်းပန်ဘူး။ ငွေကြေးလည်း အများကြီးကုန်ကျမများဘဲနဲ့ လုပ်လို့ရတယ်ဆိုပြီးတော့ ကျမတို့ တောက်လျှောက်ပြောခဲ့တယ်။ အခုဆိုရင် ကိုဗစ်ကာလဆိုရင် ပိုတိုက်ဆိုင်သွားတာပေါ့။ အခုဆိုရင် လူတွေအပြင်မထွက်ကြဘူး။ အစိုးရက တာဝန်ရှိတဲ့လူတွေကလဲ (၅) ယောက်ထက် ပိုပြီးတော့ စုရုံးခွင့်၊ စုဝေးခွင့် မရှိဘူးဆိုတဲ့အခါမျိုးမှာတော့ Facebook ကို အသုံးပြုပြီးတော့ - မြန်မာပြည်မှာက Facebook က လူတိုင်း သုံးကြတယ်။ ကျန်တဲ့နိုင်ငံတွေမှာတော့ အခြား Media Platforms တွေ ရှိကြပေမယ့်၊ မြန်မာပြည်မှာတော့ Facebook ကို သုံးပြီးတော့ လူတွေဆီ များများရောက်အောင် ဘယ်လိုလုပ်မလဲ ဆိုတာတွေကိုတော့ ပိုစဉ်းစားသင့်တယ်လို့ ပြောခဲ့တာတွေ ရှိတယ်။ အခုလဲ အခြားလွှတ်တော်ကိုယ်စားလှယ်တွေကိုလောင်းတွေနဲ့ အရင်တုန်းက လွှတ်တော်ကိုယ်စားလှယ် ဖြစ်ပြီသား၊ အခုထပ်မံပြီးတော့ ဝင်ရောက်ယှဉ်ပြိုင်မယ့်လူတွေက ဒါတွေကို သူတို့တော်တော်လေး နားလည်ကျင့်သားရသွားပြီ။ ကျမတို့ ကိုဗစ်ကပေးတဲ့ အကောင်းဆုံး သင်ခန်းစာက Virtual ကို အသုံးချပြီးတော့ လူတွေကြားမှာ ဆက်သွယ်လို့ရတဲ့ဟာကိုလဲ သူတို့နည်းနည်း ကျင့်သားရသွားပြီဆိုတော့ ဒီလာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာဆိုရင်တော့ Online Media အသုံးပြုတဲ့ Campaign တွေလဲ တော်တော်လေး တွင်ကျယ်လာလိမ့်မယ်လို့ ကျမ မျှော်လင့်ပါတယ်။

မေး ။ ။ ရွေးကောက်ပွဲဆိုတာက ပြည်သူတွေကိုယ်တိုင် ရွေးချယ်ခွင့်ရှိတဲ့ အကောင်းဆုံး ရွေးချယ်နိုင်ခွင့်တခုဆိုတော့ အဲဒီအပေါ်မှာ လူထုကြားမှာ အထူးသဖြင့် အမျိုးသမီးတွေကြား တော်တော်လေး သိရှိသဘောပေါက်ပြီးတော့ သူတို့ကိုယ်တိုင် ပါဝင်သင့်တယ်ဆိုတဲ့ အသိအမြင်တွေ တော်တော်လေး ကျယ်ကျယ်ပြန့်ပြန့် ရှိနေပြီလို့ မြင်ပါသလားရှင့်။

ဖြေ ။ ။ အဲဒါကတော့ တော်တော်ပြောရခက်ပါတယ်။ ပြောရခက်တယ်ဆိုတာ ကျမတို့ တိုင်းပြည်ရဲ့ လူမှုရေး၊ စီးပွားရေး အခြေအနေကလဲ ပြည်နယ်နဲ့တိုင်းတွေမှာလဲ မတူဘူး။ ဖွံ့ဖြိုးမှု နောက်ကျတဲ့နေရာတွေမှာဆိုရင် သူတို့အတွက် နိုင်ငံရေးတို့၊ ကျန်တဲ့ကိစ္စတွေ ဆိုတာထက်၊ သူတို့အသက်ရှင် ရပ်တည်ရေး၊ စစ်မက်တွေကနေ ဝေးရာကို ထွက်ပြေးဖို့အတွက်ပဲ လုံခြုံရာနေရာပဲ ရှာနေရတဲ့အခါကြတော့ ဒီဟာတွေက တော်တော်လေး သူတို့စဉ်းစားမှုထဲမှာ နောက်ဘက်မှာ ရောက်နေမယ်လို့ ထင်ပါတယ်။ အခုလို မြို့ကြီးပြကြီးတွေမှာဆိုရင်တော့ နိုင်ငံရေးမှာ ဘယ်သူတက်မှာလဲ။ ဘယ်သူကို ရွေးချယ်မှာလဲ ဆိုတာမျိုးတွေကိုတော့ သူတို့ စိတ်ဝင်စားကောင်း၊ စိတ်ဝင်စားကြလိမ့်မယ်။ ဒါပေမဲ့ အခုကာလမှာတော့ ပွင့်ပွင့်လင်းလင်း ပြောရမယ်ဆိုရင်တော့ လူတဦးတယောက်ချင်းကို ရွေးချယ်မှုကိုလဲ ၂၀၂၀ မှာတော့ လူထုက နည်းနည်းလေး ပိုစိတ်ဝင်စားမယ်လို့ ထင်တယ်။ ဒါပေမဲ့ ကျမက လူထုကို အထင်သေးပြီး ပြောတာတော့ မဟုတ်ဘူး။ ဒါပေမဲ့ ကျမတို့လူထုမှာ တဦးချင်းတယောက်ချင်း ဒီပုဂ္ဂိုလ်က ဒီမြို့နယ်မှာ လာယှဉ်ပြိုင်မယ်။ ဒီကိုယ်စားလှယ်ရဲ့ သူ့ရဲ့ Biography ပဲဖြစ်ဖြစ်၊ သူ့ရဲ့ ဖြတ်သန်းမှုကိုပဲဖြစ်ဖြစ် သေချာလေ့လာပြီးမှ မဲပေးတဲ့ လူတွေကတော့ အရင်တုန်းက အတွေ့အကြုံက တော်တော်နည်းခဲ့တယ်။

ဘာလို့လဲဆိုတော့ ကျမ သင်တန်းတွေ ပေးတဲ့အခါမှာ အမြဲတန်းမေးဖြစ်တယ်။ တကယ်ပဲ ကိုယ့်မြို့နယ်မှာရှိတဲ့ လွှတ်တော်ကိုယ်စားလှယ် (၄) ယောက်။ အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်၊ တိုင်းဒေသကြီး (၂) ဦး၊ များသောအားဖြင့် (၄) ဦိး ရှိတယ်။ အဲဒီ (၄) ဦး နာမည်ကို သိတဲ့လူ ဘယ်သူရှိသလဲဆိုရင် ရန်ကုန်မြို့လို့ နေရာမျိုးမှာတောင် လေးဦး နာမည်ကိုသိတဲ့လူ တော်တော်ရှားပါတယ်။ ဒါတောင် ကျမတို့ CSO လိုမျိုး လောကထဲက အစစအရာရာ သူများအရေး၊ ကိုယ့်အရေး စိတ်ဝင်စားတဲ့ လူတွေတောင် သိမှု ရှားပါတယ်။ ဆိုတော့ အဲဒါမျိုးတွေကတော့ အခုအချိန်အထိ ရှိနေဆဲပါ။ ၂၀၂၀ အထိလဲ ဒီလိုတော့ရှိမယ်။ ဒါပေမဲ့ အဲဒီအထဲမှာမှ နိုင်ငံရေးကို စိတ်ဝင်စားပြီး စူးစူးစိုက်စိုက်နဲ့ အာရုံထားသူတွေလဲ ရှိပါတယ်။ ဒါပေမဲ့ အဲဒါက လူနည်းစုလို့ ပြောလို့ရတယ်။ သူတို့စိတ်ဝင်စားတာက ဘယ်ပါတီ တက်မလဲ။ သူတို့အတွက် အပြောင်းအလဲကောင်း ဘယ်သူလုပ်ပေးနိုင်မလဲ။ မီးမှန်၊ ရေမှန်၊ ကားလမ်းတွေကောင်းအောင်၊ ဆေးရုံတွေကောင်းအောင် ဘယ်သူလုပ်ပေးနိုင်မလဲ ပေါ်မှာပဲ သူတို့က မျှော်လင့်နေတယ်လို့ ကျမ ပြောလို့ရပါတယ်။

မေး ။ ။ အဲဒီတော့ အခုလို ပြောသလိုဆိုရင်တော့ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ရွေးကောက်ပွဲ အသိပညာပေးမှုပိုင်းမှာ မခင်လေးတို့လို Civil Society အဖွဲ့တွေ၊ လူထုအခြေပြုအဖွဲ့တွေရဲ့ ပံ့ပိုးမှု၊ ကူညီမှုတွေ၊ အသိပညာပေးမှုတွေက အများကြီးလိုအပ်ပါတယ်ဆိုတော့ အဲဒီလိုမျိုးတွေကို လုပ်ဖို့၊ ကိုဗစ်ကြောင့်မို့ လုပ်ဖို့ အခက်အခဲ ရှိနေတယ်ဆိုလို့ရှိရင်ကော ရွေးကောက်ပွဲပေါ်မှာ သက်ရောက်မှု ရှိနိုင်တယ်လို့ ပြောလို့ရပါသလားရှင့်။

ဖြေ ။ ။ ရပါတယ်။ အများကြီးသက်ရောက်မှု ရှိနိုင်ပါတယ်။ အထူးသဖြင့်တော့ ဖွံ့ဖြိုးမှုနောက်ကျတဲ့ နေရာမျိုးတွေမှာဆိုရင် ပိုပြီးတော့ သက်ရောက်မှု ရှိနိုင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျမတို့ အရင်တုန်းကဆိုရင် Voter Education ဆိုတာကို ပေးတယ်။ ဘယ်သူကို ပေးရမလဲ။ မှန်ကန်တဲ့ ရွေးချယ်မှုကို အမြင်ဖွင့်ပေးတာ အသာထား။ မဲပေးရင် ဘယ်လိုပေးရမလဲဆိုတဲ့ဟာတောင် မသိနေတဲ့ဟာ။ ဘယ်ပါတီတွေကတော့ ဘာတွေကို ကိုယ်စားပြုပြီးတော့ ဘယ်သူက ဦးဆောင်နေတယ်ဆိုတာကို မသိနေတာတွေ အများကြီးရှိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျမတို့ ကျေးလက်ဒေသတွေမှာဆိုရင် စာကောင်းကောင်းမွန်မွန် ဖတ်တတ်ချင်မှ ဖတ်တတ်မယ်။ နောက်တခုကတော့ တိုင်းရင်းသားဒေသတွေမှာဆိုရင် သူတို့က မြန်မာလို ကျမတို့ရဲ့ မဲပေးတဲ့ စာရွက်တွေမှာက မြန်မာလိုပဲ ရေးထားကြတယ်။ အဲဒီတော့ တိုင်းရင်းသားဒေသမှာ မြန်မာစာ မတတ်တဲ့လူတွေ အများကြီးရှိတယ်။ အဲဒီလို လူမျိုးတွေအတွက်ကော ကျမတို့ ဘယ်လိုမျိုး စဉ်းစားပေးမလဲဆိုတော့ ဒါက ကျမတို့လို အရပ်ဘက်အဖွဲ့အစည်းတွေအနေနဲ့ စိန်ခေါ်မှု ရှိတယ်။ Voter Education မဲဆန္ဒရှင် ပညာပေးအလုပ်တွေကို ကျယ်ကျယ်ပြန့်ပြန့် ၂၀၁၅ တုန်းကလဲ လုပ်ခဲ့ကြတယ်။ ဒါပေမဲ့ ကျမတို့ တနိုင်ငံလုံး အတိုင်းအတာနဲ့ လုပ်နိုင်ကြတာ မဟုတ်ဘူးပေါ့။ အခုကာလမှာ ကိုဗစ်နဲ့ တိုက်ဆိုင်ပြီးတော့ အစိုးရရဲ့ ကန့်သတ်ချက်တွေ၊ ရောဂါကူးစက်မှု များမှာစိုးလို့ စည်းကမ်းထိန်းချုပ်မှုတွေ များလာလို့ရှိရင်၊ ရှိနေဆဲဆိုရင် ဒါက အကန့်အသတ် ဖြစ်မယ်လို့ထင်တယ်။ အဲဒါအပြင် နောက်ထပ် ဘာဖြစ်နိုင်လဲဆိုရင် လူထုကြားထဲမှာ ကျမတို့က ရွေးကောက်ပွဲကို လူတွေ စိတ်ဝင်စားအောင်၊ မဲတွေထွက်ပေးလာအောင် ဘယ်သူကိုပေးပေး၊ သူတို့ရဲ့ ရွေးချယ်မှုက လွတ်လပ်တဲ့ ရွေးချယ်မှုဖြစ်တယ်။ သူတို့ကြိုက်တဲ့လူကိုပေး။ ဒါပေမဲ့ နိုင်ငံသားတယောက်အနေနဲ့ မဲပေးရမယ့် တာဝန်ဝတ္ထရား ရှိတယ်ဆိုတဲ့ဟာကိုတောင် ကျမတို့ အသိပညာပေး လုပ်ရမယ့်အလုပ်တွေက နည်းနည်းခက်ခဲမယ်လို့ ထင်တယ်။

မေး ။ ။ ကျေးဇူးတင်ပါတယ် မခင်လေးရှင့်။ အခုလိုမျိုး အချိန်ပေးပြီးတော့ ဖြေကြားတဲ့အတွက်။ Triangle Women အမျိုးသမီးအဖွဲ့ ဒါရိုက်တာ မခင်လေးကို မေးမြန်းခဲ့တာ ဖြစ်ပါတယ်။ ကျမ စုမြတ်မွန်ပါ။

XS
SM
MD
LG