သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

မဲဆႏၵရွင္စာရင္း မွားယြင္းမႈမ်ား အတိုင္ပင္ခံေထာက္ျပ


ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္။ (ဓာတ္ပံု -Myanmar State Counsellor Office - ၾသဂုတ္ ၀၅၊ ၂၀၂၀)

[Zawgyi/Unicode]

လာမယ့္ ႏိုဝင္ဘာေ႐ြးေကာက္ပြဲမွာ မဲေပးခြင့္ရွိသူေတြ စာရင္းကို ျပည္ေထာင္စု ေ႐ြးေကာက္ပြဲ ေကာ္မရွင္က ထုတ္ျပန္ခဲ့ရာမွာ အခ်က္အလက္ လြဲမွားမႈေတြ ရွိေနတာကို ျပင္ဆင္ႏိုင္ေရး ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ အပါအဝင္ တာဝန္ရွိသူေတြ ဒီကေန႔ ေဆြးေႏြးခဲ့ၾကတဲ့အေၾကာင္းကို ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ မေမခက ေျပာျပေပးပါမယ္။

ႏိုဝင္ဘာ ၈ ရက္ေန႔ က်င္းပမယ့္ ေ႐ြးေကာက္ပြဲနဲ႔ ပတ္သက္လို႔ ႏိုင္ငံေတာ္ အတိုင္ပင္ခံပုဂၢိဳလ္က ေကာ္မရွင္အျပင္ အစိုးရတာဝန္ရွိသူေတြနဲ႔ပါ အြန္လိုင္းက ေဆြးေႏြးရာမွာ မဲေပးခြင့္ရွိသူ စာရင္းမွာ အမွားအယြင္းေတြ မ်ားေနတာကို အဓိကထား ေျပာဆိုခဲ့ၾကတာပါ။ မဲဆႏၵရွင္စာရင္းမွာ အမွားအယြင္းေတြ ေတြ႕ေနရတဲ့ သတင္းေတြ ထြက္ေပၚေနတဲ့အတြက္ အခ်ိန္မီျပင္ဆင္ႏိုင္ဖို႔ အေရးႀကီးတဲ့အေၾကာင္း ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က ေဆြးေႏြးပြဲမွာ ေျပာဆိုသြားပါတယ္။

ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္။ (ဓာတ္ပံု -Myanmar State Counsellor Office - ၾသဂုတ္ ၀၅၊ ၂၀၂၀)
ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္။ (ဓာတ္ပံု -Myanmar State Counsellor Office - ၾသဂုတ္ ၀၅၊ ၂၀၂၀)

"မဲေပးဖို႔ဆိုတာက မဲစာရင္းမွာပါဖို႔ လိုတယ္။ မဲစာရင္းေတြ မွားတဲ့ အေၾကာင္းမျပည့္စုံတဲ့ အေၾကာင္း သတင္းေတြ အမ်ားႀကီးထြက္ပါတယ္။ တတိုင္းျပည္လုံးပဲ ေတာ္ေတာ္ေလး မွားပါတယ္။ အေလးထားရမယ့္ကိစၥ တခုပါ။ ျပည္သူျပည္သားေတြရဲ႕ အခြင့္အေရးနဲ႔ တာဝန္အရေကာ ႏိုင္ငံသိကာအရေကာ က်မတို႔ ေ႐ြးေကာက္ပြဲကို ေအာင္ေအာင္ျမင္ျမင္နဲ႔ က်န္းမာေရးလုံလုံၿခဳံၿခဳံကို က်င္းပႏိုင္ေၾကာင္း ျပခ်င္တယ္။ အားလုံးပူးေပါင္းေဆာင္႐ြက္ၿပီး ျပည္သူေတြ ေက်နပ္ေအာင္ ယုံၾကည္ႏိုင္မယ့္ အေျခအေနတခု ဖန္တီးေပးႏိုင္ဖို႔ ေမွ်ာ္လင့္ပါတယ္။"

ေ႐ြးေကာက္ပြဲအတြက္ မဲဆႏၵရွင္စာရင္းျပဳစုရာမွာ ျပည့္စုံဖို႔ ရည္႐ြယ္ၿပီး အိမ္ေထာင္စုစာရင္းကို အေျခမခံဘဲ စာရင္းေကာက္ယူရာက အခ်က္အလက္ လြဲမွားတဲ့အေျခအေနနဲ႔ ႀကဳံခဲ့ရတာလို႔လည္း ေဆြးေႏြးပြဲမွာ ပါဝင္ခဲ့ၾကတဲ့ အလုပ္သမား၊ လူဝင္မႈႀကီးၾကပ္ေရးနဲ႔ ျပည္သူ႔အင္အားဦးစီးဌာန ဝန္ႀကီးဦးသိန္းေဆြ၊ ျပည္ေထာင္စုေ႐ြးေကာက္ပြဲ ေကာ္မရွင္က ျပန္ၾကားေရးတာဝန္ခံ ဦးျမင့္ႏိုင္တို႔က ရွင္းလင္းခဲ့ၾကသလို အခ်ိန္မီ ျပင္ဆင္ဖို႔လည္း ေျပာဆိုခဲ့ၾကပါတယ္။ တခ်ိန္တည္းမွာပဲ မဲဆႏၵရွင္စာရင္း ထုတ္ျပန္ၿပီးေနာက္ အခ်က္အလက္ေတြ မွန္-မမွန္ လာေရာက္ၾကည့္ရႈ စစ္ေဆးသူေတြနဲ႔ မွားယြင္းတဲ့ အခ်က္အလက္ေတြကို ျပင္ဆင္ဖို႔ ေလွ်ာက္လႊာျဖည့္စြက္သူ ဦးေရဟာ အရင္ကထက္ ပိုမ်ားတဲ့အတြက္ ဒါဟာ ေ႐ြးေကာက္ပြဲလုပ္ငန္းစဥ္ကို စိတ္ဝင္စားမႈ တိုးလာတဲ့ လကၡဏာအျဖစ္ အေကာင္းျမင္ေၾကာင္းလည္း ေ႐ြးေကာက္ပြဲေကာ္မရွင္ ဦးျမင့္ႏိုင္ကေျပာဆိုခဲ့တာပါ။

"ခုေတာင္းဆိုထားတာေတြကို သက္ဆိုင္ရာ ေထြအုပ္ရယ္၊ လဝကရယ္ေပါင္းၿပီး အျမန္ဆုံးျဖည့္သြင္းသြားၿပီးရင္ ကိုယ္စားလွယ္ေလာင္းေတြကို သူတို႔ေ႐ြးခံမယ့္ ေနရာက မဲဆနရွင္ ေတြလိုအပ္တာကို ျပင္ဆင္ႏိုင္ဖို႔ အခုျပဳျပင္ဆင္ထားတဲ့ မဲစာရင္းေတြကို CD ေတြနဲ႔ ေပးဖို႔ရွိပါတယ္။ ဒီလိုလုပ္ႏိုင္ရင္ နီးစပ္သြားတဲ့ မဲစာရင္း ျဖစ္ႏိုင္တယ္။ ရာႏႈန္းအရကေတာ့ ေဖာင္းပြႏိုင္စရာ မရွိဘူးလို႔ေျပာႏိုင္တယ္။ က်ေနာ္တို႔ ေတြ႕ရွိခ်က္၊ က်ေနာ္တို႔က အားရပါတယ္။"

မဲဆႏၵရွင္စာရင္းက အမွားအယြင္းေတြကိုေတာ့ ေကာ္မရွင္နဲ႔အတူ လူဝင္မႈႀကီးၾကပ္ေရးနဲ႔ ျပည္သူ႔အင္အား ဦးစီးဌာန၊ အေထြေထြ အုပ္ခ်ဳပ္ေရးဦးစီးဌာနတို႔ ပူးေပါင္းၿပီး အျမန္ဆုံးျပင္ဆင္သြားမွာျဖစ္ေၾကာင္းလည္း ေျပာဆိုခဲ့ၾကတာပါ။ ႏိုင္ငံေရးေလ့လာသုံးသပ္သူ ေဒါက္တာရန္မ်ိဳးသိမ္းကေတာ့ ေ႐ြးေကာက္ပြဲက်င္းပဖို႔ ၃ လေလာက္သာ လိုေတာ့တာေၾကာင့္ အခ်ိန္မီ ျပင္ဆင္ႏိုင္ေအာင္ အရပ္ဘက္အဖြဲ႕အစည္းေတြနဲ႔လည္း ပူးေပါင္းေဆာင္႐ြက္ဖို႔ လိုတယ္လို႔ သုံးသပ္ပါတယ္။

"ေ႐ြးေကာက္ပြဲမွာ မဲ ဆႏၵရွင္ စာရင္းမွန္ဖို႔ လိုတယ္။ တႏိုင္ငံလုံးအတိုင္းအတာနဲ႔ ေထာက္ျပစရာေတြ႕တာက ေကာ္မရွင္စြမ္းေဆာင္ရည္ပိုင္းကို ေျပာရမယ္။ ၃ လေလာက္အလိုမွာ မဲစာရင္းမွန္ဖို႔ဆို ေ႐ြးေကာက္ပြဲကို ေစာင့္ၾကည့္ေလ့လာေနတဲ့ အရပ္ဘက္အဖြဲ႔ေတြနဲ႔ ပူးေပါင္းလုပ္ေဆာင္ဖို႔လိုအပ္တယ္။"

ကပ္ေရာဂါႀကဳံရခ်ိန္မွာ မဲေပးမယ့္သူေတြကို က်န္းမာေရးအတြက္ အကာအကြယ္ေပးႏိုင္မယ့္ အစီအစဥ္ေတြကိုလည္း ဒီကေန႔ ထည့္သြင္းေဆြးေႏြးခဲ့ၾကပါတယ္။

ေ႐ြးေကာက္ပြဲ ေကာ္မရွင္က ဇူလိုင္ ၂၅ ရက္ေန႔မွာ ထုတ္ျပန္ထားတဲ့ မဲဆႏၵရွင္စာရင္းေတြကိုေတာ့ လာမယ့္ ၾသဂုတ္လ ၇ ရက္အထိ ကပ္ထားမွာပါ။ ဒီအထဲက အခ်က္အလက္ အမွားအယြင္းေတြကို ျပင္ဆင္ျဖည့္စြက္ထားတဲ့ စာရင္းအသစ္ကိုေတာ့ ေ႐ြးေကာက္ပြဲ မက်င္းပခင္ တလေလာက္အလို ေအာက္တိုဘာလမွာ ထပ္မံထုတ္ျပန္သြားဖို႔လည္း ေကာ္မရွင္က စီစဥ္ထားပါတယ္။

ႏိုဝင္ဘာလ ေ႐ြးေကာက္ပြဲအတြက္ မဲေပးခြင့္ရွိသူ ၃၇ သန္းေက်ာ္ရွိမယ္လို႔ ေကာ္မရွင္က ခန႔္မွန္းထားၿပီး သန္းနဲ႔ခ်ီတဲ့ ျပည္ပေရာက္ ျမန္မာႏိုင္ငံသားေတြ မဲေပးႏိုင္မယ့္ အစီအစဥ္ေတြကိုလည္း တာဝန္ရွိသူေတြ ေၾကညာထားပါတယ္။ ဒါေပမဲ့လည္း ျပည္ပေရာက္ ျမန္မာႏိုင္ငံသားေတြ လက္ေတြ႕မွာ မဲေပးခြင့္ရဖို႔ အခက္အခဲရွိေနၿပီး အထူးသျဖင့္ ေ႐ႊ႕ေျပာင္းအလုပ္သမားေတြ မဲေပးႏိုင္ခြင့္ရဖို႔ မေရရာတဲ့အေျခအေနနဲ႔ ႀကဳံေနရတယ္လို႔လည္း အလုပ္သမားေရး လႈပ္ရွားသူေတြက ေျပာဆိုေနၾကပါတယ္ရွင္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

မဲဆန္ဒရှင်စာရင်း မှားယွင်းမှုများ အတိုင်ပင်ခံထောက်ပြ

လာမယ့် နိုဝင်ဘာရွေးကောက်ပွဲမှာ မဲပေးခွင့်ရှိသူတွေ စာရင်းကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ခဲ့ရာမှာ အချက်အလက် လွဲမှားမှုတွေ ရှိနေတာကို ပြင်ဆင်နိုင်ရေး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် တာဝန်ရှိသူတွေ ဒီကနေ့ ဆွေးနွေးခဲ့ကြတဲ့အကြောင်းကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မမေခက ပြောပြပေးပါမယ်။

ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္။ (ဓာတ္ပံု -Myanmar State Counsellor Office - ၾသဂုတ္ ၀၅၊ ၂၀၂၀)
ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္။ (ဓာတ္ပံု -Myanmar State Counsellor Office - ၾသဂုတ္ ၀၅၊ ၂၀၂၀)

နိုဝင်ဘာ ၈ ရက်နေ့ ကျင်းပမယ့် ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်က ကော်မရှင်အပြင် အစိုးရတာဝန်ရှိသူတွေနဲ့ပါ အွန်လိုင်းက ဆွေးနွေးရာမှာ မဲပေးခွင့်ရှိသူ စာရင်းမှာ အမှားအယွင်းတွေ များနေတာကို အဓိကထား ပြောဆိုခဲ့ကြတာပါ။ မဲဆန္ဒရှင်စာရင်းမှာ အမှားအယွင်းတွေ တွေ့နေရတဲ့ သတင်းတွေ ထွက်ပေါ်နေတဲ့အတွက် အချိန်မီပြင်ဆင်နိုင်ဖို့ အရေးကြီးတဲ့အကြောင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဆွေးနွေးပွဲမှာ ပြောဆိုသွားပါတယ်။

"မဲပေးဖို့ဆိုတာက မဲစာရင်းမှာပါဖို့ လိုတယ်။ မဲစာရင်းတွေ မှားတဲ့ အကြောင်းမပြည့်စုံတဲ့ အကြောင်း သတင်းတွေ အများကြီးထွက်ပါတယ်။ တတိုင်းပြည်လုံးပဲ တော်တော်လေး မှားပါတယ်။ အလေးထားရမယ့်ကိစ္စ တခုပါ။ ပြည်သူပြည်သားတွေရဲ့ အခွင့်အရေးနဲ့ တာဝန်အရကော နိုင်ငံသိကာအရကော ကျမတို့ ရွေးကောက်ပွဲကို အောင်အောင်မြင်မြင်နဲ့ ကျန်းမာရေးလုံလုံခြုံခြုံကို ကျင်းပနိုင်ကြောင်း ပြချင်တယ်။ အားလုံးပူးပေါင်းဆောင်ရွက်ပြီး ပြည်သူတွေ ကျေနပ်အောင် ယုံကြည်နိုင်မယ့် အခြေအနေတခု ဖန်တီးပေးနိုင်ဖို့ မျှော်လင့်ပါတယ်။"

ရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်းပြုစုရာမှာ ပြည့်စုံဖို့ ရည်ရွယ်ပြီး အိမ်ထောင်စုစာရင်းကို အခြေမခံဘဲ စာရင်းကောက်ယူရာက အချက်အလက် လွဲမှားတဲ့အခြေအနေနဲ့ ကြုံခဲ့ရတာလို့လည်း ဆွေးနွေးပွဲမှာ ပါဝင်ခဲ့ကြတဲ့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဦးစီးဌာန ဝန်ကြီးဦးသိန်းဆွေ၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ပြန်ကြားရေးတာဝန်ခံ ဦးမြင့်နိုင်တို့က ရှင်းလင်းခဲ့ကြသလို အချိန်မီ ပြင်ဆင်ဖို့လည်း ပြောဆိုခဲ့ကြပါတယ်။ တချိန်တည်းမှာပဲ မဲဆန္ဒရှင်စာရင်း ထုတ်ပြန်ပြီးနောက် အချက်အလက်တွေ မှန်-မမှန် လာရောက်ကြည့်ရှု စစ်ဆေးသူတွေနဲ့ မှားယွင်းတဲ့ အချက်အလက်တွေကို ပြင်ဆင်ဖို့ လျှောက်လွှာဖြည့်စွက်သူ ဦးရေဟာ အရင်ကထက် ပိုများတဲ့အတွက် ဒါဟာ ရွေးကောက်ပွဲလုပ်ငန်းစဉ်ကို စိတ်ဝင်စားမှု တိုးလာတဲ့ လက္ခဏာအဖြစ် အကောင်းမြင်ကြောင်းလည်း ရွေးကောက်ပွဲကော်မရှင် ဦးမြင့်နိုင်ကပြောဆိုခဲ့တာပါ။

"ခုတောင်းဆိုထားတာတွေကို သက်ဆိုင်ရာ ထွေအုပ်ရယ်၊ လဝကရယ်ပေါင်းပြီး အမြန်ဆုံးဖြည့်သွင်းသွားပြီးရင် ကိုယ်စားလှယ်လောင်းတွေကို သူတို့ရွေးခံမယ့် နေရာက မဲဆနရှင် တွေလိုအပ်တာကို ပြင်ဆင်နိုင်ဖို့ အခုပြုပြင်ဆင်ထားတဲ့ မဲစာရင်းတွေကို CD တွေနဲ့ ပေးဖို့ရှိပါတယ်။ ဒီလိုလုပ်နိုင်ရင် နီးစပ်သွားတဲ့ မဲစာရင်း ဖြစ်နိုင်တယ်။ ရာနှုန်းအရကတော့ ဖောင်းပွနိုင်စရာ မရှိဘူးလို့ပြောနိုင်တယ်။ ကျနော်တို့ တွေ့ရှိချက်၊ ကျနော်တို့က အားရပါတယ်။"

မဲဆန္ဒရှင်စာရင်းက အမှားအယွင်းတွေကိုတော့ ကော်မရှင်နဲ့အတူ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အား ဦးစီးဌာန၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနတို့ ပူးပေါင်းပြီး အမြန်ဆုံးပြင်ဆင်သွားမှာဖြစ်ကြောင်းလည်း ပြောဆိုခဲ့ကြတာပါ။ နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာရန်မျိုးသိမ်းကတော့ ရွေးကောက်ပွဲကျင်းပဖို့ ၃ လလောက်သာ လိုတော့တာကြောင့် အချိန်မီ ပြင်ဆင်နိုင်အောင် အရပ်ဘက်အဖွဲ့အစည်းတွေနဲ့လည်း ပူးပေါင်းဆောင်ရွက်ဖို့ လိုတယ်လို့ သုံးသပ်ပါတယ်။

"ရွေးကောက်ပွဲမှာ မဲ ဆန္ဒရှင် စာရင်းမှန်ဖို့ လိုတယ်။ တနိုင်ငံလုံးအတိုင်းအတာနဲ့ ထောက်ပြစရာတွေ့တာက ကော်မရှင်စွမ်းဆောင်ရည်ပိုင်းကို ပြောရမယ်။ ၃ လလောက်အလိုမှာ မဲစာရင်းမှန်ဖို့ဆို ရွေးကောက်ပွဲကို စောင့်ကြည့်လေ့လာနေတဲ့ အရပ်ဘက်အဖွဲ့တွေနဲ့ ပူးပေါင်းလုပ်ဆောင်ဖို့လိုအပ်တယ်။"

ကပ်ရောဂါကြုံရချိန်မှာ မဲပေးမယ့်သူတွေကို ကျန်းမာရေးအတွက် အကာအကွယ်ပေးနိုင်မယ့် အစီအစဉ်တွေကိုလည်း ဒီကနေ့ ထည့်သွင်းဆွေးနွေးခဲ့ကြပါတယ်။

ရွေးကောက်ပွဲ ကော်မရှင်က ဇူလိုင် ၂၅ ရက်နေ့မှာ ထုတ်ပြန်ထားတဲ့ မဲဆန္ဒရှင်စာရင်းတွေကိုတော့ လာမယ့် သြဂုတ်လ ၇ ရက်အထိ ကပ်ထားမှာပါ။ ဒီအထဲက အချက်အလက် အမှားအယွင်းတွေကို ပြင်ဆင်ဖြည့်စွက်ထားတဲ့ စာရင်းအသစ်ကိုတော့ ရွေးကောက်ပွဲ မကျင်းပခင် တလလောက်အလို အောက်တိုဘာလမှာ ထပ်မံထုတ်ပြန်သွားဖို့လည်း ကော်မရှင်က စီစဉ်ထားပါတယ်။

နိုဝင်ဘာလ ရွေးကောက်ပွဲအတွက် မဲပေးခွင့်ရှိသူ ၃၇ သန်းကျော်ရှိမယ်လို့ ကော်မရှင်က ခန့်မှန်းထားပြီး သန်းနဲ့ချီတဲ့ ပြည်ပရောက် မြန်မာနိုင်ငံသားတွေ မဲပေးနိုင်မယ့် အစီအစဉ်တွေကိုလည်း တာဝန်ရှိသူတွေ ကြေညာထားပါတယ်။ ဒါပေမဲ့လည်း ပြည်ပရောက် မြန်မာနိုင်ငံသားတွေ လက်တွေ့မှာ မဲပေးခွင့်ရဖို့ အခက်အခဲရှိနေပြီး အထူးသဖြင့် ရွှေ့ပြောင်းအလုပ်သမားတွေ မဲပေးနိုင်ခွင့်ရဖို့ မရေရာတဲ့အခြေအနေနဲ့ ကြုံနေရတယ်လို့လည်း အလုပ်သမားရေး လှုပ်ရှားသူတွေက ပြောဆိုနေကြပါတယ်ရှင်။

XS
SM
MD
LG