သုံးရလွယ်ကူစေသည့် Link များ
logo-print
နောက်ဆုံးရသတင်း
၂၀၂၀ ရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်းလျှောက်လွှာ တင်အပြီး အပြန်တွင် တွေ့ရသည့် ဒေါ်အောင်ဆန်းစုကြည်။ (သြဂုတ် ၄၊ ၂၀၂၀)
[Zawgyi/Unicode]
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် နာမည်စာရင်းတင်သွင်းတဲ့ သန်လျင်ရှိတဲ့ ရွေးကောက်ပွဲကော်မရှင်ရုံးခွဲအနီးမှာ တွေ့ရတဲ့ မြင်ကွင်း။ (သြဂုတ် ၀၄၊ ၂၀၂၀)
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် နာမည်စာရင်းတင်သွင်းတဲ့ သန်လျင်ရှိတဲ့ ရွေးကောက်ပွဲကော်မရှင်ရုံးခွဲအနီးမှာ တွေ့ရတဲ့ မြင်ကွင်း။ (သြဂုတ် ၀၄၊ ၂၀၂၀)
တိုက်ရိုက် လင့်ခ်
[Unicode Version]
ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲလျှောက်လွှာ တင်သွင်း
ကိုယ်စားလှယ်လောင်းလျှောက်လွှာ တင်အပြီးအပြန်တွင် တွေ့ရသည့် ဒေါ်အောင်ဆန်းစုကြည်။ (သြဂုတ် ၄၊ ၂၀၂၀)
ကိုယ်စားလှယ်လောင်းလျှောက်လွှာ တင်အပြီးအပြန်တွင် တွေ့ရသည့် ဒေါ်အောင်ဆန်းစုကြည်။ (သြဂုတ် ၄၊ ၂၀၂၀)
၂၀၂၀ နိုဝင်ဘာ ၈ ရက်နေ့မှာ ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒီကနေ့အင်္ဂါနေ့မှာပဲ နာမည်စာရင်း တင်သွင်းလိုက်ပါတယ်။
ရွေးကောက်ပွဲလေ ျှာက်လွှာကို သန်လျင်မှာရှိတဲ့ ရန်ကုန်တိုင်းတောင်ပိုင်းခရိုင် ရွေးကောက်ပွဲကော်မရှင်ရုံးခွဲကို ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် လာပြီးတင်သွင်းခဲ့တာပါ။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာမှာပဲ ဆက်ပြီးယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၅ အထွေထွေရွေးကောက်ပွဲမှာတော့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက အမတ်နေရာအများစုမှာ အနိုင်ရခဲ့ပါတယ်။ ဒါပေမဲ့လည်း ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ ဥပဒေပါပြဌာန်းချက်တွေအရ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ သမ္မတရာထူး ဆက်ခံခွင့်မရှိတဲ့အတွက် နိုင်ငံခြားရေးဝန်ကြီးရာထူးအပြင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရာထူးမှာ တာဝန်ထမ်းဆောင်နေတာဖြစ်ပါတယ်။
ရိုဟင်ဂျာအရေး ကိုင်တွယ်မှုတွေ အထူးသဖြင့် ICJ နိုင်ငံတကာတရားရုံးမှာ ရိုဟင်ဂျာအရေး သွားရောက်ဖြေရှင်းခဲ့တာနဲ့ ပတ်သက်ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပေါ်ပြည်တွင်းမှာ လူထုထောက်ခံမှု ဆက်ရနေပေမဲ့ နိုင်ငံတကာမှာတော့ ထောက်ခံမှု ကျဆင်းလာပါတယ်။
မြန်မာနိုင်ငံတွင်း တိုင်းရင်းသားလူနည်းစုတွေအပေါ် လူ့အခွင့်အရေးဆက်ပြီး ကျူးလွန်နေတယ်ဆိုတဲ့ စွပ်စွဲချက်တွေကြောင့်လည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဦးဆောင်မှုနဲ့ ပတ်သက်လို့ ဝေဖန်ပြောဆိုမှုတွေ ကျယ်ကျယ်ပြန့်ပြန့် ပေါ်ပေါက်လာပါတယ်။
၂၀၁၇ ခုနှစ်က ရခိုင်ပြည်နယ်တွင်း မြန်မာလုံခြုံရေးတပ်ရဲ့ နယ်မြေရှင်းလင်းရေးဆောင်ရွက်ချက်တွေဟာ လူမျိုးစုရှင်းလင်းအတွက် ရည်ရွယ်လုပ်ကိုင်ခဲ့တာဆိုပြီး ကုလသမဂ္ဂက ပြောဆိုထားပါတယ်။ ရိုဟင်ဂျာဆိုတဲ့အသုံးအနှုန်းကို လက်မခံတဲ့ မြန်မာအစိုးရက တော့ကုလသမဂ္ဂရဲ့ပြောဆိုချက်ကို ငြင်းဆိုပြီး ARSA လက်နက်ကိုင်တွေကို တန်ပြန်နှိမ်နင်းတာသာဖြစ်တယ်လို့ ပြောဆိုထားပါတယ်။
XS
SM
MD
LG